မလောနဲ့လေ

မောင်ဆန်းFebruary 21, 20111min1229

ကျွန်တော်တို့ဘဝတွေမှာ နေ့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ ပြီးခါနီးကျရင် မြန်မြန်လုပ်ပေးစမ်းပါ မပြီးသေးဘူးလားနဲ့ လောတတ်သူတွေနဲ့ ကြုံရတတ်တယ် ဒီနေ့လဲတစ်ခါကြုံလိုက်ရလို့ ကြားခဲ့ဘူးတဲ့ပုံပြင်လေးတစ်ခုကို သွားသတိယမိတယ် တစ်ခါတုန်းက ကမာ္ဘမြေက လူအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ (အဖွဲ့တစ်ခုရဲ့အသင်းဝင်ဖြစ်လို့) တစ်ခြားဂြိုလ်တစ်ခုကို သွားလေ့လာခွင့်ရတယ် အဲဒီဂြိုလ်ကိုရောက်တော့ ဂြိုလ်တာဝန်ရှိသူတွေက သူတို့ဂြိုလ်ရဲ့ခမ်းနားကြီးကျယ်ပုံ စက်ရုံတွေ ထုတ်ကုန်တွေကို လိုက်ရှင်းပြတယ် ဒါကတော့ ကျွန်တော်တို့ဆီက သိပ္ပံပညာရှင်တွေ အထူးတီထွင်ထားတဲ့ ပစ္စည်းတွေ၊ စက်ရုံတွေ၊ အမြန်လမ်းမကြီးတွေ ဆိုပြီးတော့ပေါ့ လူသားနှစ်ဦးလုံးကလည်း ဘာရေအားလျှပ်စစ်စက်ရုံ ဘာကျောက်မီးသွေးစက်ရုံ ဘာကြက်ဆူပင်မှမတွေ့ဘဲ မီးတွေထိန်ထိန်လင်းနေတာတွေ တွေ့တော့ တအံ့တဩနဲ့ပေါ့ နောက်ဆုံး စက်ရုံတစ်ခုကိုရောက်လာတော့ တာဝန်ရှိသူက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ သူတို့စက်ရုံအကြောင်းကို ရှင်းပြတယ် ဒါကတော့ ကျွန်တော်တို့ဂြိုလ်ကြီးတစ်ခုလုံးအတွက် အရမ်းအရေးကြီးတဲ့ စက်ရုံကြီးပါ ဒီဂြိုလ်အတွက်လိုအပ်တဲ့ သိပ္ပံပညာရှင်တွေ လုပ်သားတွေ အားလုံးကို ုဒီစက်ရုံကဘဲ ထုတ်လုပ်ပေးပါတယ် ဂြိုလ်သားစွမ်းအင်အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်း ဒီစက်ရုံမှာပဲ လေ့ကျင့်ပေးပါတယ် တာဝန်ရှိသူကြီး ဂုဏ်ယူရလောက်အောင်လည်း စက်ရုံကကြီးမား စက်တွေကများ စက်ရုပ်လုပ်သားတွေကလည်း နေ့မအား ညမနား အလုပ်လုပ် နေကြတာတွေ့နေရတယ် ရှင်းပြတာတွေလဲပြီးရော စက်ရုံမှူးကြီးက သူသိချင်တာတစ်ခုကို ပြန်မေးတယ် မင်းတို့ ကမာ္ဘမြေမှာရော မင်းလိုလူသားတွေကို ဒီလိုစက်ရုံမျိုးနဲ့ရော ထုတ်လုပ်နိုင်ရဲ့လားဆိုပြီး အထင်သေးတဲ့ပုံစံနဲ့ မေးလိုက်တယ် လူအမျိုးသားက ပြန်ရှင်းပြတယ် ငါတို့ဆီမှာ လူတစ်ယောက်ရဘို့အတွက် ဘာစက်ရုံမှမလိုဘူး လူအမျိုးသားတစ်ယောက်နဲ့ လူအမျိုးသမီးတစ်ယောက်ရှိရင် နောက်ထပ်လူသားတစ်ယောက်ဖြစ်လာရော ဂြိုလ်သားတွေအားလုံး မယုံကြည်တဲ့မျက်နှာတွေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ် မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ် ငြင်းကြရင်းနဲ့ လက်တွေ့ လူဖြစ်အောင်လုပ်ပြမယ်ရမယ်ဆိုတာနဲ့ အမျိုးသားကလည်း မခံချင်ဖြစ်ပြီး လက်တွေ့လုပ်ပြမယ်ဖြစ်ရော ဒီသတင်းကြားတာနဲ့ ဂြိုလ်သားအားလုံး ဘာစက်ကိရိယာမှမပါဘဲ လူသားတစ်ယောက်ဖြစ်အောင်လုပ်ပြမဲ့ ခန်းမကြီးဆီကို စိတ်ဝင်တစားနဲ့ရောက်လာကြတယ် …. ဂြိုလ်သားအားလုံးရဲ့အလည်က စင်မြင့်ထက်မှာတော့ လူသားနှစ်ဦး လူသားနှစ်ဦးရဲ့လှုပ်ရှားမူက ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့လေး စလှုပ်ရှားလာတယ် သူတို့ရဲ့ကိုယ်မှာရှိတဲ့ အဝတ်တွေကို တစ်ခုချင်း ချွတ်ချလိုက်တယ် ဂြိုလ်သားတွေအားလုံးကလည်း ဘယ်အချိန် လူသားနောက်တစ်ယောက် ဖြစ်လာမလဲဆိုပြီး မျက်တောင်မခတ်ကြည့်နေကြတယ် တချို့ကလည်းပိုသေချာအောင် အနီးကပ်လာကြည့်ကြတယ် လူသားနှစ်ဦးကလည်း လှုပ်ရှားမူကမြန်လာလိုက် နှေးလာလိုက် အသက်ရှူသံတွေမြန်လာလိုက်နဲ့ ဖြစ်နေရာကနေ တစ်ချိန်မှာ လှုပ်ရှားမူတွေမြန်လာပြီး နောက်ဆုံးမှာငြိမ်ကြသွားတယ် ဘာလှုပ်ရှားမှုမှမရှိတော့ဘူး ဂြိုလ်သားတွေကလည်း သူတို့လှုပ်ရှားမူကို ကြည့်ရင်းကနေ မျှော်လင့်တကြီးနဲ့ ဖြစ်လာမဲ့လူလေးကိုကြည့်ဘို့ အားလုံးက စိတ်လှုပ်ရှားစွားနဲ့ မတ်တပ်ရပ်လိုက်ကြတယ် အချိန်တော်တော်ကြာတဲ့အထိ လှုပ်ရှားမှုကိုမတွေ့ နောက်ထပ်လူသားတစ်ယောက်ကို မတွေ့သေးတာနဲ့ စိတ်မရှည်နိုင်တဲ့ဂြိုလ်သားတစ်ဦးက မင်းတို့လုပ်တဲ့လူက ဘယ်မှာလဲဆိုတော့ အမျိုးသားက ငါတို့လုပ်တဲ့လူက အခုချက်ချင်းမဖြစ်ဘူး နောက် (၉)လ လောက်နေမှ ဖြစ်လာမှာလို့လဲဆိုရော ဂြိုလ်သားအားလုံးရဲ့ ဟာ ဆိုတဲ့အသံကြီးက တပြိုင်တည်းထွက်လာတယ် အဲဒါနဲ့စောစောကဂြိုလ်သားကဘဲ ဒီတခါတော့ဒေါသထွက်တဲ့လေသံနဲ့ မင်းကွာ နောက် ၉ လ ကြာမှ လူဖြစ်မှကို ပြီးခါနီးမှ လောနေရသေးတယ် တဲ့…… အဲဒါကြောင့်အားလုံးကိုမေတ္တာရပ်ခံချင်တာ သိပ်မလောကြပါနဲ့ခင်ဗျာ ဖြေးဖြေးမှန်မှန်လေးဘဲကောင်းပါတယ်

9 comments

  • etone

    February 21, 2011 at 7:41 am

    ကလေးမွေးတဲ့ အလုပ်နဲ့ တခြား အလုပ်နဲ့တော့ ဘယ်တူပါ့မလဲ … ။
    ပါးစပ်ပေါက်တွေက ကိုးလမပြောနဲ့ ကိုးနာရီတောင် ဘာမှမဝါးပဲ အငြိမ်မနေနိုင်လို့ အလုပ်တွေလည်း မြန်မြန်မြန်မြန် လုပ်နေရတာပေါ့.. ။

  • KoNyeinChan

    February 21, 2011 at 8:24 am

    ဟိုးအရင် အငြိမ့်လူရွှင်တော်တော်ရဲ ့ ပြက်လုံးအတိုင်းဘဲ စေ့စေ့တွေးပြီး ပြုံးဖြစ်သွားတယ် 😀 ။ ဒေါ်အိတုံ ကတော့ မပေါက်သေးဘူးပြောရမယ်၊ နောက်တစ်ခေါက်လောက်ပြန်ဖတ်ကြည့်လိုက်ပါဦး။

  • KoNyeinChan

    February 21, 2011 at 8:28 am

    “အငြိမ့် လူရွှင်တော်တွေလို ့” ကျေးဇူးပြု၍ ပြင်ဖတ်ပေးပါ

  • kai

    February 21, 2011 at 8:57 am

    ယူအက်စ်မှာတော့ .. ဘယ်ယောက်ျားမှမပါပဲ.. လူမိန်းမတယောက်ထဲက ..လူ၈ယောက်ကို မွေးပြလိုက်တယ်..။
    ဆိုတော့ .. မမျိုးဥထဲ… စပန်းထိုးသွင်းတဲ့ကိစ္စမို ့.. ပြီးခါနီးလည်း လောပုံမရပါဘူး..။
    အေးဆေးပါပဲ..။ 🙂

    Nadya Denise Doud-Suleman (Arabic: نادية دنيس داود سليمان كويتيريز) (born Natalie Denise Suleman; July 11, 1975),[1] known as Octomom in the media, is an American woman who came to international attention when she gave birth to octuplets in January 2009.[2][3] The Suleman octuplets are only the second full set of octuplets to be born alive in the United States and, one week after their birth, surpassed the previous worldwide survival rate for a complete set of octuplets set by the Chukwu octuplets in 1998. The circumstances of their high order multiple birth have led to controversy in the field of assisted reproductive technology as well as an investigation by the Medical Board of California of the fertility specialist involved.[4] Public reaction turned negative when it was discovered that the single mother already had six other young children and was unemployed and on public assistance programs. She conceived the octuplets and her six older children via in vitro fertilisation (IVF).[5]

  • KoNyeinChan

    February 21, 2011 at 9:32 am

    ကိုက်ိုင်းပြောပုံအရဆိုရင် ဥစားကြက် ဖောက်သလိုပေါ့?
    ကြားဖူးတယ်အဲ့ဒီအကြောင်းနဲ ့နောက်ဆက်တွဲ ဘာသာခေါင်းဆောင်တွေတားမြစ်တဲ့အကြောင်း။
    သဘာဝအတိုင်းဘဲကောင်းပါတယ်ဗျာ.. နည်းပညာတွေဆန်းသစ်လာတာ အကောင်းဖက်ရော အဆိုးဖက်ရော တိုးတက်လာတာအမှန်ဘဲ..

  • ယောလေး

    February 21, 2011 at 4:29 pm

    မလောနဲ့ ဆိုပေမယ့် တစ်ကယ်အရေးကြုံလာပြီဆို မသိစိတ်က လောတယ်ဗျ..မရဘူးးးအဟီးးး

  • noob

    February 21, 2011 at 7:51 pm

    သားသားက လော တာမဟုတ်ဖူးဗျ သူအယိုယို ဖစ်သွားတာ (ရှက်လိုက်တာနော်)

  • bigcat

    February 22, 2011 at 4:14 am

    အဲဒါမျိုးက ထိန်းလေပိုမြန်လေဗျ… ;D

  • 123

    February 22, 2011 at 9:56 am

    ပြုံးရတယ် (တွေးမိတိုင်း)။ ခဏခဏလည်း ပြန်တွေးမိနေပါတယ် 😛

Leave a Reply