ထွန်းထွန်းရဲ့ ဖျော်ဖြေမှုစတိုင်

ထွန်းထွန်းရဲ့ ဖျော်ဖြေမှုစတိုင်

ထွန်းထွန်းနဲ့ မိုးကုတ်ပေါက်ပေါက်မှ မော်ဒယ်များ

ထွန်းထွန်းနဲ့ မိုးကုတ်ပေါက်ပေါက်မှ မော်ဒယ်များ

KOSE - Nice to meet you party at Mandalay Sedona (12-13-09 )

KOSE – Nice to meet you party at Mandalay Sedona (12-13-09 )

မန္တလေးမှာလည်း ဖက်ရှင်ရေစီးနဲ့အတူ ဖျော်ဖြေမှုပုံစံတွေပြောင်းလဲလာပါတယ်။ ယဉ်ကျေးလှပါတယ်ဆိုတဲ့ မန္တလေးမှာ ကာရာအိုကေဆိုင်တွေ၊ စင်တင်တေးဂီတဆိုင်တွေ ၂၀၀၉ ခုနှစ်မှာ ပိုများလာပါတယ်။ မန္တလေးရဲ့ အရှေ့ပြင်နဲ့တောင်ပြင်မှာ ပိုပြီး များပြားတာကိုတွေ့မြင်နိုင်ပါတယ်။ ညခင်းအချိန်မှာ စည်ကားနေတယ်။ ရန်ကုန်မှာ စင်တင်တွေမလုပ်ရတော့ဘူးဆိုလို့ မန္တလေးကို လုပ်ငန်းပြောင်းလာကြတယ်လို့လဲ ဆိုကြတယ်။ မကြာခင်ကမှ မန္တလေးအထင်ကရဟိုတယ်ကြီးတွေမှာ တရားဝင်ဖွင့်ထားတဲ့ Night Club တွေကို ပိတ်ခံထိထားတယ်။ အနှိပ်ခန်းဆိုတာလည်း ပေါမှပေါလို့ ပြောရမလိုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မန္တလေးဖက်ရှင်ရေစီးကြောင်း၊ ဖျော်ဖြေမှုပုံစံတွေပြောင်းလာတာတော့ အမှန်ပဲ။  ဒီဇင်ဘာလ ၁၃ ရက်နေ့က မန္တလေးဆီဒိုးနားဟိုတယ်မှာ KOSE အလှကုန်က လုပ်တဲ့ Nice to Meet You ပါတီပွဲလေးတစ်ခုကျင်းပပြုလုပ်တယ်။ ဈေးရောင်းပွဲနဲ့အတူ နာမည်ကျော်အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကို ၀င်ခွင့်အခမဲ့ဖြစ်တယ်။ ပွဲလေးကတော့ တော်တော်လှပါတယ်။ ထွန်းထွန်း Example၊ သဇင်၊ ယုန်လေး၊ ဂျောက်ဂျက်၊ အေသင်ချိုဆွေတို့ရဲ့ ဖျော်ဖြေမှုတွေ၊ ဒါရိုက်တာညိုမင်းလွင်ရဲ့ AREAX Entertainment ရဲ့ တင်ဆက်မှုတွေ၊ မိုးကုတ်ပေါက်ပေါက်ရဲ့ မော်ဒယ်လေးတွေရဲ့ သရုပ်ပြမှုတွေက စိတ်ဝင်စားစရာ ပါပဲ။ သူတို့ရဲ့ ဖျော်ဖြေမှုတွေကို စာနဲ့ ပြန်ရေးပြချင်ပေမယ့် ဘယ်လိုပုံဖော်ရေးရမှန်းမသိလို့ ဓာတ်ပုံလေးတွေနဲ့ပဲ မျှဝေလိုက်ပါတယ်။ မန္တလေး .. တော်တော်ကြီး တိုးတက်နေပါလား …..

About မောင်မန္တလေး

Mg Mandalay has written 15 post in this Website..

Freelance Photographer