ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးမိသားစု

bigbirdFebruary 21, 20111min13013

အန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဆိုရမ်ပြည်နယ်ရှိ လက်သမားဆရာတစ်ဦးသည် မိန်းမ ၃၉ယောက်

သားသမီး၉၄ယောက်နှင့် မြေး ၃၃ယောက်ရှိပြီး ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးမိသားစုဖြစ်နိုင်ဖွယ်

ရှိပါသည်။၊ချွေးမများပါပေါင်းလျှင် မိသားစုဝင်စုစုပေါင်း ၁၈၁ ယောက်ရှိပြီး အခန်းပေါင်း ၁၀ဝ ရှိသော

၄ ထပ်အိမ်ကြီးတွင်စုပေါင်းနေထိုင်ကြပါသည်။တစ်နပ်စာဟင်းလျှာအတွက် ကြက်အကောင်ရေ ၃၀၊အာလူးပေါင်ချိန် ၁၃၂ ပေါင်၊ဆန်ပေါင်ချိန်၂၂ဝ ပေါင် ထိချက်ပြုတ်ရပါသည်။

  အသက်၆ရနှစ်အရွယ် စီအိုနာ အမည်ရှိသော ထိုသူသည် မိမိအတွက်လှပသော အခန်းကြီးတစ်

ခန်းထားရှိပြီး ကျန်ရှိသော ၉၉ ခန်းမှာ မိန်းမနှင့်သားသမီးများအတွက် ထားရှိကာ မိန်းမဖြစ်သူများသည်

မိမိအခန်းဆီသို ့ အလှည့်ကျလာရောက်ကြရသည်ဟုဆိုပါသည်။

13 comments

  • bigbird

    February 21, 2011 at 2:02 pm

    ရွာထဲကိုဝင်လို ့မရတာ၂ရက်ကြာပြီး။ဘာဖြစ်တာလဲမတိဘူး။တခြားဝပ်ဆိုက်တွေအကုန်ဝင်လို ့ရတယ်။ဒီနေ ့မှဝင်လို ့မရရင် ဝင်းဒိုးအသစ်လဲတော့မလို ့။ဘာကြောင့်လဲဆိုတာသိတဲ့သူများရှိရင်ပြောကြပါအုံး။
    အဲ့ဒီလူ ကိုးကွယ်တဲ့ဘာသာက မိန်းမ အကန် ့သတ်မရှိယူလို ့ရတယ်တဲ့။
    သူ ့ဘုရားက သူ ့ကို အထူးစပယ်ရှယ် လွှတ်လာလို ့ယခုလိုကြီးမားတဲ့မိသားစုကိုပိုင်ဆိုင်ခွှင့်ရကြောင်း။သူ ့ကိုယ်သူဂုဏ်ယူကြောင်း၊ဆက်လက်ပီးမိသားစုကို တိုးချဲ ့သွားအုံးမယ်လို ့ဆိုပါတယ်။

  • ဆူး

    February 21, 2011 at 2:28 pm

    အန္ဒိယနိုင်ငံ ဆိုတော့ များသော အားဖြင့် ဟိန္ဒူ ဖြစ်နိုင်ပြီးတော့ ကြက်သား စားတဲ့ အတွက် သေချာတာ တခုကတော့ ဇတ်နိမ့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဇတ်နိမ့် အမျိုး အနွယ်က ပိုက်ဆံ ရှိတဲ့ လူတန်းစား မဟုတ်တဲ့ အတွက် မူဆလင် ဖြစ်မည်ဟု ယူဆသည်။

    အဲဒီ အဘိုးကြီး မိန်းမတွေ နာမည်အကုန် အလွတ်ရနိုင်ရင်တော့ သူ့ရဲ့ သားသမီးတွေ နာမည်တွေ အလွတ်ရနိုင်ပါ့မလား မြေးတွေ ဆိုရင်ကော.. နာမည်တွေတော့ သားသမီးတွေ ထဲမှာ မတူအောင် ပေးရမယ်။

  • bigbird

    February 21, 2011 at 2:33 pm

    အင်း..ဒါလဲဟုတ်တာပဲ။စိတ်ရှူပ်စရာကြီး။မိန်းမတစ်ယောက်ထဲတောင်မှထောင်ထဲရောက်နေသလိုပဲ..သူ ့လိုမျိုးဆိုရင်တော့စဉ်းတောင်မစဉ်းစားရဲဘူး။

  • smytu1996

    February 21, 2011 at 3:36 pm

    ဇတ်နိမ့် အမျိုး အနွယ်က ပိုက်ဆံ ရှိတဲ့ လူတန်းစား မဟုတ်တဲ့ အတွက် မူဆလင် ဖြစ်မည်ဟု ယူဆသည်။
    How can u tell like this…sure????

  • ဆူး

    February 21, 2011 at 4:07 pm

    ဇတ်နိမ့် အမျိုး အနွယ်တွေ လူချမ်းသာ မဖြစ်နိုင်အောင် ကို လုံဝ ဖိနိပ်ထားတာဘဲ။ လူချမ်းသာ အနေနဲ့ ရှိနိုင်ပါ့မလား ရှိမယ်ဆိုရင် တိုင်းတပါးမှာ ရောက်နေပြီး စီးပွားရှာနေလို့လား.. အိန္ဒိယ သွားကြည့်မယ် ဆိုရင်တော့ သိသာပါလိမ့်မည်။ ဇတ်နိမ့် ဇတ်မြင့် ခွဲခြားဆက်ဆံ မှုတွေ အများကြီး ရှိပါတယ်။

  • noob

    February 21, 2011 at 7:40 pm

    အောင်မလေး မိန်းမ 39 ယောက်ကြီးများတောင် အံရော အံရော ဘယ်လိုချစ်ရေး ဆိုလဲမသိဘူးနော် ဒီမှာ တယောက် ရဖိုတောင် အကြံတွေ ထုတ်လိုက်ရတာ (စိတ်ဓာတ်တောင်ကျတယ်) လက်သမားဆရာမိုလို ပဲ

  • kai

    February 21, 2011 at 10:47 pm

    ဆူးမမကောက်ချက်ကြီးက .. ကြောက်စရာ..။ 🙁
    သိသလောက်တေ့ာ … မီဇိုရမ်က ..ချင်းအများစုနေတဲ့ ပြည်နယ်ပါ..။ ခရစ်ယန်တွေများတယ်..။

  • white

    February 22, 2011 at 5:34 am

    ကျွန်တော့်အသိ မြန်မာပြည်က ကလေး (၁၀) ယောက် ဖခင်ကတော့ သူကလေးနာမည်တွေကို ကဗျာနဲ့ မှတ်ပါတယ်
    ထက် ဝေ အောင် မြင့် ကျော်
    မော် ထွန်း ဝင်း နွယ် အေး …
    လို့ထင်တာဘဲ သိပ်မမှတ်မိတော့ဘူး

  • etone

    February 22, 2011 at 6:33 am

    ဘယ်လို ဦးနှောက်မရှိတဲ့ အူကြောင်ကြောင် မိန်းမ သုံးဆယ့်ကိုးယောက်က သူ့မယားအဖြစ် နေနိုင်ကြတာလဲ ။ အံ့ဩတယ် … သူများတွေ တစ်ယောက်က နှစ်ယောက်ဖြစ်နေရင်တောင် သတ်ကြပုတ်ကြနဲ့ … အခုဟာက 39ယောက်တဲ့ .. ပေါက်ဖွားလာတဲ့ဟာတွေကိုလည်း တစ်စုတစည်းထဲ ထားသေးတယ်တဲ့လား … ။
    ကမာ္ဘအချမ်းသာ ဆုံး စာရင်းဝင်တွေတောင် သူ့လောက် မကမြင်းဘူး ။ မုန်းစရာကောင်းလိုက်တာ ။

  • shwepyithu

    February 22, 2011 at 6:49 am

    management ကောင်းတယ်နော်။ ဘယ်လိုများစည်းရုံးထားပါလိမ့်။ ချမ်းသာလို့ပဲ သူ့ဩဇာခံနေကြတာလား။ ကြောက်လို့လား။ သဘောထားကြီးကြတာလား။ တွေးရခက်ကြီး။

  • MaMa

    February 22, 2011 at 10:36 am

    ၂ရက်လောက် ရွာထဲဝင်မရတာနဲ့ ဖတ်စရာအကြွေးတွေ မနည်းရှင်းနေရတယ်။ သူတို့မိသားစုက ၁၈၁ယောက်နဲ့ ကမာ္ဘပေါ်မှာ အများဆုံးဆိုတော့ ကိုယ်တို့မိသားစုကလည်း သူ့ရဲ့ ၁၀%ရှိတယ်။ မြန်မာမှာ အများဆုံးလို့များ စံချိန်တင်လို့ရမလား မသိဘူး။ (ကြွားစရာမရှိ ကြံဖန်ကြွားလိုက်တာ။)

  • satsaw

    February 22, 2011 at 10:48 am

    တော် တော် လွန်တဲလူ…ရနိုင်တယ်ဘဲထာ ဒီလောက်မလုပ်သင်ဘူး
    ဒီလိုလူတွေရှိနေလို ကျွန်တော် ဒိုမိန်မ မရဒါ……………………

  • ဆူး

    February 23, 2011 at 1:50 pm

    အိန္ဒိယပြည်မှ မီဇိုရမ်ပြည်နယ်မှ ဇီအိုနာ(Ziona)ဆိုသူဟာ ဇနီးမယား(၃၉)ယောက်ရှိပါတယ်။
    မိသားစုဝင်ပေါင်း(၁၈၁)ယောက်ရှိပြီး အကုန်လုံးအာမခံမှုနဲ့ အေးအေးချမ်းချမ်း
    နေထိုင်ကြပါတယ်၊

    သူ့မှာဇနီး(၃၉)ယောက်၊ ကလေး (၉၄)ယောက်၊ ချွေးမ(၁၄)ယောက်နဲ့ မြေး(၃၃)ယောက်ရှိပြီး
    အိမ်အကြီးကြီးမှာ အတူတကွနေထိုင်ကြပါတယ်။
    ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော မိသားစုလို့ထင်ရပါတယ်။ သူတို့ရဲ့အိမ်ကြီးက လေးထပ်ဖြစ်ပြီး
    အခန်းပေါင်း(၁၀၀)ရှိကာ အိပ်ခန်းတွေမှာ မျှဝေပြီး အိပ်ကြရပါတယ်။

    မိသားစုဝင်တွေကို အကုန်လုံးလက်လှမ်းမှီပြီး တာဝန်ယူထားကာ အယူမသည်းပဲ
    အိမ်ထောင်ဆက်ဆက်ပြုမှုကို လက်ခံယုံကြည်သူ ဇီအိုနာ (၆၇)နှစ်ဖြစ်ပါတယ်။

    သူ့ကိုသူ ဘုရားရဲ့ထူးခြားတဲ့သားလို့ယူဆပြီး မိသားစုအများကြီးရှိတာကိ်ု ဂုဏ်ယူပါသတဲ့။
    ြဘြုရားက သူ့ကို လူတွေအများကြီးကို ထိန်းကျောင်းခိုင်းထားတာပါဋ္ဋဋ္ဋ လို့ဆိုပါတယ်။
    ြြ မိသားစုအများကြီးနဲ့ ဇနီး(၃၉)ဦးကို တာဝန်ယူထိန်းကျောင်းရတဲ့အတွက် သူဟာ
    အရမ်းကံကောင်းတဲ့သူဋ္ဋဋ္ဋ လို့လည်း ဆိုပါတယ်။

    ယောကျာင်္းလေးများအားလုံး လက်မှုပညာနဲ့ လက်သမားအလုပ်ကို လုပ်ကိုင်ကြပြီး
    အစိုးရဆီက အထောက်အပံ့ကို မလိုပါဘူးလို့ဆိုပါတယ်။
    ဒီအာဃဖခင်ဟာ တစ်ချိန်တုန်းက မိန်းမ(၁၀)ယောက်ကို တစ်နှစ်အတွင်းမှာယူခဲ့ပါသတဲ့။

    သူမိသားစုထဲမှာ ကိုယ်ပိုင်ကျောင်း၊ ကိုယ်ပိုင်ကစားကွင်း၊ လက်မှုပညာစက်ရုံ၊
    မွေးမြူရေးခြံနဲ့လယ်မြေတွေပိုင်ဆိုင်ပါတယ်။
    ဒါ့အပြင် ဟင်းသီးဟင်းရွက်စိုက်ခင်းဟာလည်း မိသားစုဝင်တွေအားလုံးကို ကျွေးမွေးနိုင်ပါသတဲ့။
    ထမင်းစားချိန်မှာ တပ်ရင်းတစ်ရင်းကို ကျွေးရသလိုပဲ မိသားစုဝင်တွေဟာ ထမင်းပွဲအတွက်
    အချိန်တွေ အများကြီးယူရပါတယ်။
    ထမင်းတစ်နပ်စာအတွက် ကြက်အကောင်(၃၀)၊ အားလူး(၁၃၂)ပေါင်၊ ဆန် (၂၂၀)ပေါင်၊
    ချက်ပြုတ်ရပြီး မီးဖိုဟာ တနေကုန်မီးမငြိမ်းပဲ ချက်ပြုတ်နေရပါတယ်။

    အကြီးဆုံးဇနီး ဇာသီရမ်ဂီ(zathiangi)၆၉-နှစ်ဟာ အိမ်ရဲ့ဝေယျာဝစ္စ အချက်အပြုတ်
    အလျှော်အဖွပ် ကိစ္စအဝဝကို တာဝန်ယူထားပြီး တောင်ခြေမှာ လျှော်ဖွပ်ဆေးကြောမှုတွေကို လက်နဲ့ပဲလုပ်ဆောင်ရပါတယ်။

    သူ့ကိုကာပါ(Kapa) အဖေလို့ အားလုံးကခေါ်ကြပြီး သူ့အသက်(၁၇)နှစ်မှာ
    ဇီအိုနာကိုလက်ထပ်ခဲ့ ပါတယ်။
    အယူသည်းမှုမရှိပဲ တစ်နေ့မှာ ဘူရားရဲ့အထောက်အမနဲ့ ကမ္ဘာကြီးကို ကြီးစိုးနိုင်သူလို့ လက်ခံယုံကြည်သူဖြစ်ပါတယ်။

    အဖိုး ချာလီယံချာနာ (Challian Chana) လက်ထပ်ကတည်းက မိန်းမအများကြီးထားရှိမှုကို
    လက်ဆင့်ကမ်းလာသူဖြစ်တယ်။
    ဒါပေမဲ့ သူကြီးလာတဲ့အခါမှာတော့ သူ့အဖေကိုကြည့်ပြီး လူတွေအများကြီးကို
    တာဝန်ယူဦးဆောင်ရတာဟာ ကြီးမားတဲ့တာဝန်ပါ။
    သူ့ဖခင်က ဇနီး(၇)ယောက်ရှိခဲ့တယ်။

    သူဟာ နောက်ဆုံးတစ်ယောက်ကို မနှစ်ကမှယူခဲ့တာဖြစ်ပြီး သူ့အချိန်တွေကို
    ဇနီး(၃၉)ယောက်ကြား မှာ ကုန်ဆုံးစေခဲ့ပါတယ်။

    သူရဲ့ခမ်းနားတဲ့အိပ်ခန်းထဲမှာ မိန်းမတွေအလှည့်ကျအိမ်စေပါတယ်။
    ကျန်တဲ့ (၉၉)ခန်းကတော့အခြားမိသားစုဝင်တွေအတွက်ပါ။
    သူ့ကုတင်က နှစ်ယောက်အိပ်ကုတင်ဖြစ်ပြီး ကြီးမားကာ ကျန်တဲ့
    မိသားစုဝင်တွေကတော့ တခြားအခန်းတွေမှာ အဆင်ပြေသလို အိပ်ရပါသတဲ့။

    သူနဲ့ကပ်လျက်အခန်းက မိန်းကလေးတွေအတွက်သတ်မှတ်ထားပြီး
    မယားသစ်တွေကိုလည်း နေထိုင်စေပါတယ်။
    မယားသစ်တွေကို သူ့အခန်းနားမှာရှိတဲ့ တခြားအခန်းတွေမှာနေထိုင်စေတဲ့
    ဇီအိုနာဟာ အိမ်ရှင်မဟောင်းတွေကိုတော့ ပထမထပ်မှာ နေစေပါသတဲ့။

    နေ့ဘက်ဆိုရင် မယား(၇)ယောက်၊ ဒါမှမဟုတ်(၈)ယောက်ဟာ သူ့အနားမှာအမြဲပဲ
    ရှိနေကြရပါတယ်။
    ြြ သူက အိမ်မှာအရေးကြီးဆုံးပုဂိုလ်တစ်ယောက်ဖြစ်တာကြောင့် သူ့ကိုပြုစုရတာဟာ
    ဘူရားကို ပူဇော်ရသလိုပဲ အရေးကြီးပါတယ်။ဋ္ဋဋ္ဋ လို့ လက်ထပ်တာ(၁၁)နှစ်ရှိပြီဖြစ်တဲ့
    ရင်ဂီမီ(Rinkimi) ၃၅ နှစ် က ဆိုပါတယ်။

    ြြ ကျမယောင်္ကျားဖြစ်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ဋ္ဋဋ္ဋ ဆိုပြီးဆက်လက်ပြောပြသွားပါတယ်။

    အိုင်ဇူယာလီ(Ngaihzuali) ၃၇-နှစ်ကတော့ သူ့ရဲ့ဆံပင်တွေကို ဆီးလိမ်းပေးဖို့တာဝန်ယူရပြီး
    ြြ ကျမလိမ်းပေးတာကိုပဲ သူသဘောကျတယ်ဋ္ဋဋ္ဋ လို့ ဆိုပါတယ်။

    သူက ဇီအိုနာနဲ့ လက်ထပ်တာ (၁၈)နှစ်ရှိပြီး သူ့ရဲ့အကြိုက်ဆုံးမိန်းမတွေထဲက
    တစ်ယောက်ဖြစ်ပါသတဲ့။ ဆက်လက်ပြီး (၁၆)နှစ်အရွယ် သားတယောက်ရဲ့မိခင်က
    ြပြထမဦးဆုံးကျမကို တွေ့တွေ့ချင်းပဲ သူသဘောကျသွားပြီးနောက် ကျမကိုစာပေးပြီး ချစ်ကြောင်း၊လက်ထပ်ချင်ကြောင်း ပြီးတော့ အိမ်ကိုလာပြီး မိဘများထံ လက်ထပ်ခွင့်
    တောင်းခံခဲ့တာပါဋ္ဋဋ္ဋ လို့ပြောပြပါတယ်။

    မယားတစ်ယောက်ဖြစ်တဲ့ ဟန်သန်ဂါဂီ(Huntharn Ghaki) ကတော့
    ြဇြနီးမယားတွေ အကုန်လုံး အဆင်ပြေပြေ ပြသနာမရှိပဲ နေထိုင်နိုင်ကြပါတယ်ဋ္ဋဋ္ဋ
    လို့ ဆိုပြီး၊
    အကြီးဆုံးမယားကတော့ြအြကြီးဆုံးဖြစ်လို့ စီမံခန့်ခွဲရေးကိုတာဝန်ယူရပြီး
    မိသားစုဝင်တွေကလေးစားကြည်ညိုမှုရှိကြပါတယ်။
    ယောင်္ကျားနဲ့မိသားစုတွေအားလုံးကို ကြည့်ရှုပြုစူရတဲ့အတွက် ဂုဏ်ယုပါတယ်။ဋ္ဋဋ္ဋ
    လို့ဆိုပြန်ပါတယ်။

    အကြီးဆုံးသား ပါလီယာနာ (Parliana) (၅၀) နှစ်က
    ြအြဖေက မိန်းမတွေအများကြီးယူတဲ့အတွက် ကျွန်တော်တို့ကို ကြည့်ရှုစောင့်ရှောက်နိုင်တယ်၊ ပြီးတော့ဇနီးမယားတွေဟာ သူဆင်းရဲတွေဖြစ်ပြီး တစ်ချို့ဟာ မိဘမဲ့တွေ ဖြစ်ကြပါတယ်၊
    အဖေ ဒီလိုလက်ထပ်တာဟာ လူမှုရေးသမိုင်းအနေနဲ့မှတ်ကျောက်တင်ခဲ့သလိုပါပဲ၊
    မိသားစုဝင်တွေမကပဲ သူဟာ အယူမသည်းတဲ့အဖွဲ့အစည်း (၄၀၀၀)ရဲ့
    ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။
    ကျွန်တော့အဖိုးဟာ ဒီအဖွဲ့အစည်းကိုစတင်တည်ထောင်ခဲ့ပြီး
    ကျွန်တော့်အဖေက ဒီအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းထားတာပါဋ္ဋဋ္ဋ
    လို့ပြောသွားပါတယ်။
    (Karen United မှ ဖေါ်ပြထားတာကို ဘာသာပြန်ဆိုထားပါတယ်)

    ဖော်ဝပ်မေးထဲမှာ တွေ့လို့.. မပါတဲ့ အချက်တွေလည်း ပါနေလို့.. ပြန်ကူးတင်ပေးလိုက်တယ်။

Leave a Reply