macau, kun lam

ဆူးFebruary 21, 20111min1242

တချိန်က ပေါ်တူကီ လက်အောက်ခံ အဖြစ် သိမ်းပိုက်ခံရတဲ့ မကာအို ကျွန်းကလေးဟာ အခုတော့ တရုတ် နိုင်ငံ အပိုင် ဖြစ်နေပါပြီ။ မကာအို မှာတော့ အများသိတဲ့ အတိုင်း လောင်းကစားဝိုင်းနဲ့ မြို့ကလေး စည်ကားပြီး ရှင်သန်နေတာ ဖြစ်ပါတယ်။ ကစားဝိုင်း အကြီး အသေး မျိုးစုံ မြို့ အနေအထား သပ်ယပ်ပြီး နေချင်စရာ ကောင်းတဲ့ မြို့ကလေး ဖြစ်ပါတယ်။ ဒေသခံများ အဆိုကတော့ ဆူနာမီ လှိုင်းဖြစ်တုန်းကလည်း သူတို့ ကျွန်းဆီ မရောက်ဘူး သူတို့ ဆီမှာ ဘေးကင်းနေတယ်။ အဲဒါ သူတို့ ကိုးကွယ်တဲ့ ကွမ်လန် (မာကျော့ လို့လည်း ခေါ်တာ ကြားမိတယ်) က စောင့်ရှောက်တဲ့ အတွက် သူတို့ ဆီမှာ ရာသီဥတု ဘေးဆိုး ကပ်ဆိုးတွေက အစ မကျရောက်ဘဲ အဆင်ပြေပြေနဲ့ နေနိုင်တာ ဖြစ်တယ်လို့ ယုံကြည်ကြတယ်။ သမိုင်းကတော့ သေချာ မသိပေမဲ့ ရေလမ်းကြောင်း ထွက်မဲ့ သင်္ဘောသားတွေက ကွမ်လန် ကို သွားကန်တော့ ပြီး တိုင်တည်ကြတယ် ပြီးမှ ခရီးထွက်ကြတယ်။ သူတို့ အတွက် အဓိက အားထားရတဲ့ မယ်တော် ဖြစ်နေပါတယ်။

အဝေးက ကြည့်ရင် မြင်နိုင်ပါတယ်။ ရေလည်ခေါင်မှာ တည်ဆောင်ထားတာ ဖြစ်ပါတယ်။

အမြင့်ကတော့ ၆၅ပေ ရှိပါတယ်။ မကာအိုမှာ အကြီးဆုံး ဆင်းတု ဖြစ်ပါတယ်။

ထိုပန်းချီ ပုံစံကို နမူနာ ယူပြီး ထုလုပ်ထားတာ ဖြစ်ပါတယ်။
လှိုင်းလုံးတွေ က အစ မထနိုင်အောင် ကွမ်လန်က ကာကွယ်ပေးတယ် သဘောပေါ့ယူဆပါတယ်။




ည အချိန်ဆိုရင်တော့ မီးရောင်စုံတွေနဲ့ တော်တော် လှပါတယ်။


အနီးကပ် မျက်နှာပုံလေးပါ။

အဝေးက မြင်တဲ့ အတိုင်းပါဘဲ လျှောက်လမ်းကလေးကနေ သွားပြီး မတ်တပ်ရပ်နေတဲ့ အောက်မှာ ရှိတဲ့ အလုံးကြီးက အဆောင်အဦးလေးပါ။ အဲဒီ အထဲဝင်ပြီးတော့ ခဏ နားလို့ ရတယ်။ ဘာမှတော့ ထူးထူးခြားခြား မရှိဘူး။ လျှောက်လမ်း တံတားလေးပေါ်မှာဘဲ ဓါတ်ပုံ ရိုက်ကြတာ များတယ်။

2 comments

  • weiwei

    February 21, 2011 at 3:02 pm

    သူ့ဇာတ်လမ်းလေး သိရင် ရေးပေးပါအုန်း …

  • ဆူး

    February 21, 2011 at 3:06 pm

    သူ့ ဇတ်လမ်းက မေးတော့ မေးခဲ့တယ် မေ့သွားပြီး.. ဟီးဟီး..
    ဒီနေ့ မေးပြီး ခါစတုန်းက ရေးထားတဲ့ မှတ်စု စာအုပ် ပြန်ရှာတာ မတွေ့လို့.. အခု လတ်တလော ဦးနှောက်ထဲ ရှိတာ ချရေးပေးလိုက်တာ။

Leave a Reply