Ruins of St. Paul’s, Macau

ဆူးFebruary 21, 20111min913


မကာအို ရောက်ရင်တော့ အထင်ကရ နေရာ တခု ဖြစ်ပြီး ကမာ္ဘ အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရတဲ့ နေရာ ကို သွားရောက် လေ့လာကြမှာ ဖြစ်ပါတယ်။
ခရိယာန် ဘုရားရှိခိုးကျောင်းက ၁၆၀၂ မှ ၁၆၃ရ အထိ ကြာအောင် ဆောက်လုပ်ခဲ့ရပြီးတော့ ၁၈၃၅ မှာတော့ အမွေးတိုင် ပူဇော်ရာကနေ မီးလောင်ပြီး မီးသင့်ခံခဲ့ရပါတယ်။

မီးလောင်မှု ဖြစ်ပြီးနောက် သိသိချင်း မီးငြိမ်းသတ်ပေမဲ့ မီးလောင်မှု ကြီးမားတဲ့ အတွက် အရှေ့မျက်နှာစာဘဲ ကျန်ခဲ့ပါတယ်။ အားလုံး ကုန်သွားပါတယ်။ အခု မြင်ရတဲ့ ပုံထဲက အတိုင်း ဘဲ ကျန်ရှိခဲ့ပါတယ်။

မကာအို ရောက်ရင်တော့ အမှတ်အသားဖြစ်တဲ့ ထိုနေရာကို ဓါတ်ပုံရိုက်ရန် အတွက် သွားကြပါတယ်။ ပေါ်တူကီတွေက မကာအို ကို နှစ်ပေါင်း ၄၅ဝ လောက် သိမ်းပိုက်ထားတာ လို့ သိရပါတယ်။ ထိုဘုရားရှိခိုးကျောင်းကလည်း ပေါ်တူကီ လက်ရာ ဖြစ်ပြီး ရှေးဟောင်း အမွေအနှစ်အဖြစ် ဂုဏ်ယူစွာ ထားရှိပါတယ်။

3 comments

  • bigcat

    February 22, 2011 at 4:44 am

    ချာ့ချ်ကျောင်းစောင့်နတ်က တော်တော်တန်ခိုးကြီးတယ်ဗျို့..

  • april

    February 23, 2011 at 12:27 pm

    အဲဒီ နေရာက အရမ်းစည်တဲ့နေရာလေ.. မကာအိုရောက်ရင် အဲဒီနေရာကို လူတို်င်းသွားကြတယ်.. ညဘက်ဆိုလည်း လေတဖြူးဖြူးနဲ့ အရမ်းနေလို့ကောင်းတယ်..:)

  • ဆူး

    February 23, 2011 at 1:39 pm

    ညတော့ မရောက်ခဲ့ဘူး နေ့ဘက် သွားခဲ့တာ လူတွေ တော်တော် စည်ကားတယ် အဲဒီမှာ လူတွေ လည်း များတယ် မြို့အနေအထားနဲ့ လမ်းပုံစံတွေက သပ်ယပ်ပြီး တော်တော် ကြည့်လို့ကောင်းတယ်။

Leave a Reply