မနေ့က ဘိတ်က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူစိတ်ညစ်လို့တဲ့..ဘာလို့စိတ်ညစ်တာလဲမေးတော့ သူက အင်တာနက်ဆိုင်ဖွင့်ထားတာတဲ့
အဲ့ဒါ ဆယ်တန်းစာမေးပွဲနီးလို့ဆိုပြီးအင်တာနက်ဆိုင်တွေ ပိတ်ခိုင်းတယ်တဲ့…မင်းတို့ရန်ကုန်မှာရော ပိတ်ခိုင်းလားမေးတော့ ကျတော်တို့ ရန်ကုန်မှာတော့ မပိတ်ခိုင်းပါဘူး နှစ်တိုင်း ဖွင့်နေကြတာချည်းပဲလို့ပြောလိုက်တယ်… ဒီနှစ်လဲ ပိတ်ခိုင်းတာမတွေ့မိသေးပါဘူး…ဘိတ်မှာတော့ ပိတ်ခိုင်းတယ်တဲ့…
ရယက လူကြီးတွေက စာတွေပို့ပြီးပိတ်ခိုင်းတာပြောတယ်…သူတို့ကတော့ အခုခိုးဖွင့်နေတယ်တဲ့…နာမည်ကြီးတဲ့ဆိုင်တွေကတော့ မဖွင့်ရဘူးပြောတယ်….
တစ်ကယ်တော့ အင်တာနက်နဲ့ ဆယ်တန်းစာမေးပွဲနဲ့တော့ ဘာမှ မဆိုင်ပါဘူးဗျာ။စီးပွားရေးလုပ်နေတဲ့လူတွေ စီးပွားပျက်သလို သုံးရမယ့်လူတွေလဲ
အဆက်အသွယ်တွေ ပြတ်တာပေါ့… ကျတော်လဲ မနေ့ကကမှ ကြားဖူးတော့တယ် စာမေးပွဲရှိလို့ အင်တာနက်ဆိုင်တွေ ပိတ်ရမယ်ဆိုတာ…..
ဒါနဲ့ ရွာထဲမှာ ရှိတဲ့ လူတွေရေ..ကျန်တဲ့ မြို့တွေမှာရော ပိတ်ခိုင်းတာ ရှိကြသေးလားဗျို့…

About ယောလေး

ယော မင်းသား has written 3 post in this Website..