စာမေးပွဲနဲ့ အင်တာနက်

ယောလေးFebruary 21, 20111min1055

မနေ့က ဘိတ်က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူစိတ်ညစ်လို့တဲ့..ဘာလို့စိတ်ညစ်တာလဲမေးတော့ သူက အင်တာနက်ဆိုင်ဖွင့်ထားတာတဲ့
အဲ့ဒါ ဆယ်တန်းစာမေးပွဲနီးလို့ဆိုပြီးအင်တာနက်ဆိုင်တွေ ပိတ်ခိုင်းတယ်တဲ့…မင်းတို့ရန်ကုန်မှာရော ပိတ်ခိုင်းလားမေးတော့ ကျတော်တို့ ရန်ကုန်မှာတော့ မပိတ်ခိုင်းပါဘူး နှစ်တိုင်း ဖွင့်နေကြတာချည်းပဲလို့ပြောလို်က်တယ်… ဒီနှစ်လဲ ပိတ်ခိုင်းတာမတွေ့မိသေးပါဘူး…ဘိတ်မှာတော့ ပိတ်ခိုင်းတယ်တဲ့…
ရယက လူကြီးတွေက စာတွေပို့ပြီးပိတ်ခိုင်းတာပြောတယ်…သူတို့ကတော့ အခုခိုးဖွင့်နေတယ်တဲ့…နာမည်ကြီးတဲ့ဆိုင်တွေကတော့ မဖွင့်ရဘူးပြောတယ်….
တစ်ကယ်တော့ အင်တာနက်နဲ့ ဆယ်တန်းစာမေးပွဲနဲ့တော့ ဘာမှ မဆိုင်ပါဘူးဗျာ။စီးပွားရေးလုပ်နေတဲ့လူတွေ စီးပွားပျက်သလို သုံးရမယ့်လူတွေလဲ
အဆက်အသွယ်တွေ ပြတ်တာပေါ့… ကျတော်လဲ မနေ့ကကမှ ကြားဖူးတော့တယ် စာမေးပွဲရှိလို့ အင်တာနက်ဆိုင်တွေ ပိတ်ရမယ်ဆိုတာ…..
ဒါနဲ့ ရွာထဲမှာ ရှိတဲ့ လူတွေရေ..ကျန်တဲ့ မြို့တွေမှာရော ပိတ်ခိုင်းတာ ရှိကြသေးလားဗျို့…

5 comments

  • ဆူး

    February 21, 2011 at 5:01 pm

    အင်တာနက် ဆိုင်မှာ ၁ဝတန်း ကလေးတွေဘဲ သုံးတယ် ထင်လို့ ဖြစ်လိမ့်မယ်။
    ပိတ်ခိုင်းတဲ့ ရယက ဆိုတာတွေက အင်တာနက်ဆိုတာ ဘာမှန်း သေချာ မသိလို့ဘဲ ဖြစ်ရမယ်။ အင်တာနက်ဆိုတာ အရွယ်စုံ သုံးနိင်ပြီး စီးပွားရေးကြီးပွားရေး လုပ်ငန်းတွေလည်း အင်တာနက်နဲ့ ချိတ်ဆက် လုပ်နေရတယ် ဆိုတာ သေချာ နားမလည် ကြဘူး ထင်တယ်။

  • eros

    February 22, 2011 at 2:02 am

    ဒီမိုး၊ ဒီလေတွေနဲ့ ကတော့

  • yuyu

    February 22, 2011 at 2:16 am

    ဟုတ်တယ်အင်တာနက်ဆိုတာအရွယ်စုံသုံးနေကြပြီ အခုလိုခေတ်ထဲမှာ ရယက လူကြီးလုပ်ပြီး အမြင်မကျယ်သေးတာတော့ အံ့ဩစရာပဲနော် ဒါကြောင့်လဲ ရပ်ကွက်ဥက္ကဠကိုဘွဲ့ရမှ ဇနီးကလည်းဘွဲ့ရပညာတတ်မှ ဆိုတဲ့ပညက်ချက်တွေနဲ့ရွေးချယ်နေတာနော်

  • shwepyithu

    February 22, 2011 at 6:19 am

    ွှဲအဲဒီလို ပိတ်ခိုင်းတာတော့မသိဘူး ဒါပေမဲ့ မနေ့က ကုမုဒြာ ဂျာနယ်ထဲမှာတော့ ဒီဇင်ဘာလောက်ကစပြီး အင်တာနက်ဆိုင်တချို့ (ရန်ကုန်) က ဆယ်တန်းကျောင်းသား မဝင်ရ ဆိုပြီး စာကပ်တာတွေ လုပ်လာကြောင်းသိရပါတယ် ။ ဆိုင်ကို ဆယ်တန်းကျောင်းသားတွေလာရင် ကျောင်းက ဆရာမတွေ မိဘတွေက ဆိုင်အထိလာခေါ်တာတို့ ဆူတာတို့ နဲ့ တခါတခါ ဆိုင်ကိုတောင် ရန်ရှာချင်လို့ စိတ်ရှုပ်ရတာနဲ့ ရှင်းအောင် စာကပ်ထားလိုက်တာလို့ ဖတ်လိုက်မိတယ်။ ယောမင်းသားရဲ့ သူငယ်ချင်းဆိုင်မှာလဲ အဲလိုလုပ်လို့ရလားမသိဘူးနော်။ သူများက စိတ်ရှုပ်ရလို့ ကပ်တာနေပေမဲ့ ကိုယ်က ဆိုင်မပိတ်ရအောင်လေ။

  • လင်းငယ်

    February 22, 2011 at 5:31 pm

    ပြီးခဲ့တဲ့ လေးလ ငါးလလောက်က မြန်မာနိုင်ငံမှာ DoS ( Denial of Service ) တိုက်ခိုက်မူကြောင့်ဆိုပြီး စီးပွားရေးဆုံးရှုံးမူ သန်းနှစ်ဆယ်လောက် ရှိတယ် ဆိုပြီး သတင်းစာတွေ ပေါ်မှာ အကျယ်တဝင့် ရေးထားကြတယ်။ ဒါဆိုရင် အင်တာနက် မသုံးရဘူးလို့ ဘာကြောင့် ပြောနေကြတာလဲ။ ပုံမှန် အင်တာနက် သုံးသူတစ်ယောက်က တစ်နေ့မှာ အင်တာနက် တစ်ခါ မသုံးရဘူးဆိုရင် မနေတတ် မထိုင်တတ် ဖြစ်တတ်ကြပါတယ်။ ယဉ်ယဉ်ကျေးကျေး ပြောရရင် ဆေးစွဲနေသလိုပေါ့။ ဒါကြောင့် အင်တာနက်က သူတို့အတွက်သာ ဖြစ်ရမယ်ဆိုတဲ့ သဘောမျိုးလားမှ မသိတာ။

Leave a Reply