ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများ ဖြစ်သည်ဟုဆို

introApril 23, 20101min1107

ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် လက်ပစ်ဗုံးအမျိုးအစားဖြစ်သည်ဟု စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့သူ စစ်အင်ဂျင်နီယာ တပ်အရာရှိ တဦးက ပြောသည်။

စစ်မြေပြင်အင်ဂျင်နီယာတပ်၊ မှုခင်းရဲတို့ပါဝင်သော အဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့သော နေရာများကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဒေသမှူးနှင့် ရဲတိုင်းမှူးတို့က ကွပ်ကဲမှုပေးခဲ့သည်။  မဏ္ဍပ်ရှေ့ ရှုပ်ထွေးနေသော လူအုပ်အကြားသို့  လက်ပစ်ဗုံးသုံးလုံးကို ကိုက်အနည်းငယ်အကွာမှ ပစ်သွင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ပစ်ဗုံးစနက်တံ နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

“လူအုပ်ကြားထဲ ပစ်ထည့်လိုက်တာပါ။ Safety Pin နှစ်ခုကို ရှာတွေ့တယ်။ တွေ့တဲ့နေရာနှစ်ခုက ကိုက် ၂ဝ လောက်ခြားတယ်။” ဟု သူကပြောသည်။

ပေါက်ကွဲမှုတွင် ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုံးချို မှာ ပေါက်ကွဲမှုဖြစ်ပွားခါနီးအချိန်မှ X2O မဏ္ဍပ်အနီးရှိ လုံခြုံရေးတပ်ဖွဲ့များ စုဝေးရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုများကြောင့် ၉ ယောက်သေဆုံးခဲ့ပြီး ၁၇ဝ ယောက်အထိ ဒဏ်ရာရခဲ့ရသည်။ သို့သော် ဧပြီ (၁၈) တွင် ရန်ကုန်ဆေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ဗုံးလူနာ ၅ဝ ကျော်ပဲ ကျန်တော့ကာ အများစုမှာ ဦးနှောက်နှင့်အာရုံကြောကုသရေးဆောင်တွင်ဖြစ်သည်။

စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာရှိက- ” ဖြစ်တဲ့အချိန် မဏ္ဍပ်ရှေ့မှာ လူ ၃ဝဝ နဲ့ ၄ဝဝ ကြားလောက် ရှိနေခဲ့တယ်လို့ သိရတယ်။ ကားလမ်းပေါ်မှာ လူတွေကနေတဲ့ အချိန်မို့လို့ ချိန်ကိုက်ဗုံး မဖြစ်နိုင်ဘူးလို့ အစကတည်းက တွက်မိပါတယ်။ နောက်မဏ္ဍပ် စပွန်ဆာပေးထားတဲ့ စီးကရက်ဘူးတွေကို မဏ္ဍပ်ပေါ်က ကြဲချနေတယ်၊ အဲ့ဒီစီးကရက်ဘူးတွေကို အောက်ကလူတွေလဲ ပြန်ပစ်တာမျိုးတွေ ရှိနေခဲ့တယ်လို့ သိရတယ်။ စီးကရက်ဘူးတွေနဲ့ တခြားပစ္စည်းတွေနဲ့အတူတူ Grenade ကို ရောပြီး ပစ်ထည့်တာလို့ ခန့်မှန်းရပါတယ်။”ဟု ဆိုသည်။

အစိုးရအရာရှိများ ရောက်ရှိချိန် အချိန်ကိုက်ဖြစ်ပွားခြင်းဖြစ်၍ ယင်းတို့အား ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်မဖြစ်နိုင် မေးမြန်းခဲ့ရာတွင် အတိအကျပြောဆိုနိုင်ခြင်း မရှိကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သူ အဆိုပါအရာရှိကဆိုသည်။

Ref: internet

7 comments

  • mickylay

    April 23, 2010 at 7:22 am

    Intro ကဘယ်သူလဲတော့ မသိဘူး။ နာမည်တွေပါထည့်ရေးထားတော့ တိတိကျကျကို သတင်းရအောင် ယူထားပုံပဲနော်။

  • hnin

    April 23, 2010 at 8:39 am

    ဒီတခါအရမ်းသိနေသလိုပဲနော် 🙂

  • koko

    April 23, 2010 at 8:59 am

    ဒီထက် ပိုသိရရင် အဖြူအမည်းဲ ကွဲတာပေါ ့နော်….

  • nyein chan ko ko

    April 23, 2010 at 10:29 am

    အဖြူအမဲတင် မကဘူးစ်….ကာလာစုံကွဲသွားမယ်…..ဟဲဟဲ…Intro က အဝင်ကောင်းတော့ CHO: ကိုတော့ ကောင်းအောင်လုပ်ပေးရမှာပေါ့စ်…..:p

  • susunosuki

    April 24, 2010 at 10:31 am

    intro ကသိပ်သိတယ်လို့မအပြစ်မတင်စေချင်ဘူး
    သူကစာဖတ်သူတွေသိစေချင် လို့ ပြည်ပသတင်းဌာန ကသတင်းတွေကို ပြန်ပြီးတင်ပေးနေတာပါ

  • susunosuki

    April 24, 2010 at 10:46 am

    စစ်ဒေသမှုးကြီး အုံးချို
    မင်္ဂလာ ဒုံဆေးရုံမှာ ဒဏ်ရာ မသက်သာလို့
    စင်္ကာပူကိုတောင် လေယာဉ်နဲ့သယ်သွားရတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သတင်းကို
    သတင်းတစ်ချို့ ရေးတာတွေ့တယ်

  • sorcerer

    April 25, 2010 at 5:16 am

    ဘယ်သူပဲဖြစ် ဖြစ်
    ဘယ်သကိုမှမခံစားစေချင်ဘူး

Leave a Reply