သူမှားသလား ကိုယ်မှားသလား

တနေ.က ကျွန်တော် Shopping သွားပြီး တွေ.ကြုံခဲ့ရတဲ့ အဖြစ်လေးပါ…

အဲဒီ Center က ကျွန်တော ်အိမ်နဲ.နီးတော့ အမြဲတမ်းသွားနေကျပါ။ အိမ်မှာအသုံးလိုတဲ့ အသုံးအဆောင်တွေလဲ အမြဲဝယ်နေကျ အဲဒီနေ.က ဖြစ်ချင်တော့ အိမ်မှာ ရေချိုးဆပ်ပြာ ကုန်နေလို. ဝယ်မယ်ဆိုပြီး သွားတယ် ကျွန်တော် အမြဲသုံးတဲ့ ဆပ်ပြာဘူးကိုတွေ.တော့ ယုံယုံကြည်ကြည်ပဲ ဘာမှမကြည့်ပဲ ယူလိုက်တယ်.. အဲနောက်ပြီး  GoldRost ကော်ဖီမစ် က ကံစမ်းမဲရှိတယ်ဆိုလို. အရင်သောက်နေကျ Rich ကို မဝယ်ပဲ လောဘတက်ပြီး GoldRost ကိုဝယ်တယ် အဲဒါလဲ ဘာမှမကြည့်ပဲ ယူလိုက်ပြန်ရော..

အိမ်လဲပြန်ရောက်ရော စတွေ.ပါလေရောဗျာ… ရေချိုးဆပ်ပြာက အရင်သုံးနေကျ ဘူးနဲ. တစ်ပုံစံတည်း စာတောင် တစ်လုံးမလွဲဘူး ဒါပေမယ့် အနံကတော့ မတူဘူး ပြီးတော့ Expire Date မပါဘူး..(အတုလို.ထင်တာပဲ) ကော်ဖီမစ် ထုပ်က လည်း ကံစမ်းမဲပါတဲ. ဟာမဟုတ်ပဲ အရင်လက်ဟောင်းကြီး ဖြစ်နေပါရောဗျာ။

အဲဒါ Center ကြီးကို အထင်ကြီးပြီး ဘာမှမစစ်ပဲ ဝယ်မိတဲ့ကျွန်တော်က မှားလား အဲဒီ Center ကြီးကပဲမှားလား

သုံးသပ်ပေးကြပါအုံးဗျာ…

စာဖတ်သူများ ဘယ် Shopping Center မှာ ဈေးဝယ်ဝယ် သေသေချာချာ စစ်ဆေးဝယ်ယူသင့်တယ်ဆိုတာ လေးကို တင်ပြလိုက်ရပါတယ်ဗျာ။



11 comments

  • nigimi77

    February 22, 2011 at 2:46 am

    ခင်ဗျား အမှားဗျ။ ကာဘော်လစ်နဲ ့ ဆု ကော်ဖီမှုံ ့ကို ဝယ်သုံး။ ဟီးဟီး။

  • char too lan

    February 22, 2011 at 3:10 am

    မိုးမိုးကပြောတယ် ငါမှားလား မင်းမှန်လားတဲ့
    လင်းလင်းကတော့ ငါ့ဘက်ကမှားတာပါ တဲ့ဗျာ
    ဂျီလတ်ပြောတော့ နှစ်ယောက်စလုံးမှားခဲ့တယ်တဲ့
    အောင်လကတော့ ငါမှားတာရှိရင် တောင်းပန်ပါတယ်….တဲ့
    ကျေအေးလိုက်ပါဒေါ့ဂျာ….. 😀

  • KoNyeinChan

    February 22, 2011 at 4:37 am

    ကိုယ့်ဆရာကလည်း ဆပ်ပြာတောင် Expire Date စစ်ကြည့်တယ်ဆိုတော့ စားဖို ့တော့ မဟုတ်တန်ကောင်းပါဘူး 😀
    စာတစ်လုံးမှ မလွဲပေမယ့် အရောင်ကွဲရင်လည်း အနံ ့ကွဲတတ်ပါတယ်
    ကော်ဖီမစ် မှာ ဘာကံစမ်းမဲမှ မပါတာ မပေါက်ဘူးလို ့မှတ်လိုက်ပေါ့ 😛

  • Shwe Tike Soe

    February 22, 2011 at 4:53 am

    အော်အော ဟုတ်ကဲ့ မှတ်ထားပါတယ် အဟင့်
    တစ်ခုတော့ရှိတယ်ဗျ ရေချိုးဆပ်ပြာမှာ Expire ဒါမှမဟုတ် အတုတွေသုံးရင် အသားအရေကို ထိခိုက်နိုင်တယ်လေ..
    အရောင်လဲကွဲဘူးဗျ…

  • KoNyeinChan

    February 22, 2011 at 5:10 am

    ဒါဆိုရင် ကော်ဖီမစ်က ကံစမ်းမဲ မပေါက်ဘူး
    ဆပ်ပြာက အတုပေါက်တာ

  • နွယ်ပင်

    February 22, 2011 at 6:49 am

    ကော်ဖီမစ်က လက်သစ်0ယ်လဲ ကံစမ်းပေါက်မှာကို မဟုတ်ဘူး နွယ်ပင်ဆို အထုပ်ကြီးနှစ်ထုပ် ရှိနေပြီ
    (100 ) တောင်မပေါက်ဘူး 🙂

  • draungkyawkyawoo

    February 22, 2011 at 9:05 am

    ဆပ်ပြာကတော့ expire နဲ့ အနံ့မရှိတောလျှင်ပဲ တော်တော်ကြာပြီလို့ ကောက်ချက်ချလို့ ရတယ်… ။ အတုတော့မဟုတ်ဘူးပေါ့… အစစ် ကြာတော့ကြာပြီး ရောင်းမကုန်တဲ့လက်ကျန်ဖြစ်ရမယ် … ။
    ဂိုးရိုစ်ကတော့ သိတဲ့အတိုင်းပဲ စာလုံးတွေ စပ်နေရတာနဲ့ တစ်လုံးတွေ့လိုက် .. အိတ်ခွံပျောက်လိုက်နဲ့ပဲ .. သေချာ ရေရာလည်း မပေါက်ဖူးပါဘူး ။

  • etone

    February 22, 2011 at 9:18 am

    coffeemix တွေထဲမှာ အုန်းခွံတွေရောတယ်ဆိုလား ။ ဆပ်ပြာတွေထဲ ဝက်ဆီထည့်တယ်ဆိုလား ကြားဖူးလိုက်သလိုပဲ … တကယ်ဟုတ်မဟုတ်တော့ မသိဘူး ။

  • Shwe Tike Soe

    February 22, 2011 at 9:24 am

    ဟာဗျာ..
    ဒီကသုံးရမယ့် သူတောင် ဘယ်လိုသုံးရမှန်းမသိတော့ပါဘူး။ မအိတုန်ရယ်..

    ကဲ ရွာသူရွာသားတွေထဲက GoldRost သောက်တဲ့သူတွေ စုပြီး ဆုငွေ ယူကြရအောင် နော်..
    ကိုယ်ရှိတဲ့ နံပါတ်လေးတွေ ပြောကြဗျာနော..

  • ဆူး

    February 23, 2011 at 1:58 pm

    ဂိုးရိုစ် တော့ မသောက်ဘူး ပရိမီယာ စူဇူကီး ကားပေးမယ် ကြော်ညာတုန်းက လောဘတကြီးနဲ့ ကော်ဖီအထုပ်လိုက် ဝယ်သောက်တာ အများကြီးဘဲ တယောက်တည်း သောက်တာ ၃ဝ ဝင် အထုတ် ၆ထုတ်လောက် ဝယ်ပြီး ကတ်တွေ စုထားတာ ဘာမှလည်း မပေါက်ဘူး။
    နောက်မှ မပေါက်တော့မှ ပြန်ဖြေပါတ်။
    နံပါတ်က ၆လုံး အရှေ့မှာ အက္ခရာပါသေးတယ် ဆိုတော့.. ဖြစ်နိုင်ချေ တွက်မယ် ဆိုရင် ကတ် အခုရေ ၁ဝသိန်း ကျော် ထက်မက များတဲ့ အထဲမှာ ၁ခု ဖြစ်ဖို့ မလွယ်ဘူးလေ ဆိုပြီး ဟင်းချလိုက်တယ်။
    မနေ့ကဘဲ.. စိန်ဂေဟာ တရုတ်တန်းမှာ ခေါက်ဆွဲ ဝယ်စားတာ ပန်းဂျုံခေါက်ဆွဲ ၈၈ဝ ကပ်ထားတယ် တခါမှ မစားဘူးတော့ စားကြည့်မယ် ဆိုပြီး စိတ်ကူးနဲ့ ဝယ်လာတာ အိမ်ရောက်မှ အမှတ်တမဲ့ ယုံယုံကြည်ကြည် ထည့်ခဲ့မိတာ ကြည့်လိုက်တော့ ရက်က ၂ရက်တောင် လွန်နေပြီ။ အိမ်က အမှိုက်ပုံထဲ ထည့်လိုက်ရတယ်။ အမေကတော့ ဆူတယ် စာတတ်ရဲ့သားနဲ့ မျက်စိ ကောင်းရဲ့သားနဲ့ ဆူတာပေါ့။ ယုံမိတာ အမှားဘဲ။ တတ်နိုင်ဘူး ငြိမ်ခံနေယုံဘဲ။

  • ကော်ဖီမစ်မှာ အုန်းခွံရောမရောတော့ မသိပါဘူး။ Goldroast ကော်ဖီမစ်ကို ထုတ်တဲ့ MDG. group ဆိုတဲ့ ကုမ်ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ အောင်မော်သိန်းကတော့ တစ်နှစ်ကို သိန်း၄၀၀ဝ ဝင်တယ်ကြားတယ်။ Goldroast ကော်ဖီမစ်က ထန်းလျက်စော်နံတယ်ဗျ။ MDG ကထုတ်တာ calsome ကွေကာရယ်၊ Ben Cafe ရယ်၊ နောက်ရှိသေးတယ်။
    အောင်မော်သိန်းဆိုတာက ဟို- City FM 8 မှာ ဆုတက်ပေးတဲ့လူ။ အဲဒီ သာပေါင်းတွေအကြောင်း ကျွန်တော် ကောင်းကောင်းသိတယ်။

Leave a Reply