” ကပ်ဖား” နောက်ဆက်တွဲ (၃)

မိတ်ဆွေအတော်များများသိထားကြပြီးမည်ဖြစ်ပါသည်၊၊ ဇတ်လိုက်ကြီး၏နာမည်မှာ
ကပ်ဖား (ခေါ်) လူလိမ် (ခေါ်) လူယုတ်မာ (ခေါ်) ထွန်းသန့်ကျော် (ခေါ်)ကျော်ကျော် ဖြစ်ပါသည်ရှင့်၊
ယ္ခု ကျော်ကျော်၏ဒုက္ခပေးမှုကြောင့်သံတွဲမြို့သူမြို့သား ၃၀၀၀၀(သုံးသောင်း) ခန့်
ကြီးစွာသောစိတ်ဆင်းရဲမှုများစွာခံစားနေကြရပါသည်ရှင့်၊ ယ္ခုအသစ်ရောက်ရှိပြီးဖြစ်
သော ခရိုင်လ.ဝ.က မှုးဥးီကိုကိုမောင်သည် ၎င်းကျော်ကျော်နှင့်မိတ်ဆွေဖွဲ့၍ ခရီး
သွားလာခွင့်(ဗီစာ) အတွက်လာဘ်ငွေ များစွာတောင်းခံယူကာ လူအများဒုက္ခရောက်
အောင်ပြုလုပ်လျှက်ရှိနေပါသည်ရှင့်၊ ယ္ခင်၁၅၀၀၀/၂၀၀၀ဝ ပေးပြီးသွားလာနေကြသူ
များအားသွားလာခွင့်ပိတ်ပင်၍ ၄၀၀၀၀/၅၀၀၀ဝ ကျပ် ပေးမှသာဗီစာ ထုတ်ပေးနေ
ပါသဖြင့်လယ်ယာလုပ်ငန်းများလုပ်ကိုင်နေကြရပါသော ဆင်းရဲသားပြည်သူအချို့မှာ
နာမကျန်းဖြစ်ပါက ငွေမတတ်နိုင်ပါသောကြောင့် အသက်ပင်အသေခံရမည့်အခြေနေ
ဆိုးများဖြစ်ပေါ်နေပါသည်ရှင့်၊ ၎င်းကျော်ကျော်ဆိုသူကလည်း ယ္ခုရဲချုပ်ကြီးအသစ်မှာ ရင်းနှီးခင်မင်သောမိတ်
ဆွေဖြစ်ကြောင်း သံတွဲမြို့အာဏာပိုင်များမှာလည်းသူပြောသလိုဖြစ်ကြောင်း၊ လက်ရှိ
ပါတီတွင်လည်း ခေါင်းဆောင်ဖြစ်မည်သေချာကြောင်း၊ စစ်တွေမှပါတီလူကြီးများကို
လာဘ်ငွေများစွာလာဘ်ထိုးခဲ့ကြောင်း၊ လက်ရှိ မ.ထ.သ ဥက္ကဋ္ဌရာထူးကိုလည်းဆက်
လက်ရယူမည်ဖြစ်ကြောင်း ကြွားဝါ၍ လ.ဝ.က မှုး ကို ကပ်ဖားလုပ်ပြီး ရရှိလာသော
တန်စိုးလာဘ်ငွေများကိုခွဲဝေယူလျှက်ရှိနေပါသည်ရှင့်၊ ယ္ခင်ကတိုင်ကြားခဲ့သော်လည်း အထက်မှအရေးယူစစ်ဆေးခြင်းမပြုလုပ်သေးသဖြင့်
နားမလည်နိုင်ဖြစ်ရပါသည်ရှင့်၊ လ.ဝ.က မှုးဦးကိုကိုမောင်ကလည်း ကျော်ကျော် ၏
အားကိုးဖြင့် ဗီစာ မပေးသည့်ပြင် မင်းတို့ကို ဖမ်းချုပ်ထောင်ချ၍ရကြောင်း ခြိမ်းခြောက်
ပြောဆိုလျှက်ရှိနေပါသည်ရှင့်၊ မြို့မှာအာဏာပိုင်များမှာလည်းကျော်ကျော်အားကြောက်
ရွံ့နေကြပါသဖြင့် စစ်ဆေးရန်တုတ်တုတ်မျှမလှုပ်ရဲကြောင်းသိရပါသည်ရှင့်၊
မရှက်မကြောက်ဝန်ခံရသော် ကျွန်မသည်လည်း ၎င်းလူယုတ်မာ ၏ သွေးဆောင်ဖျက်ဆီးခြင်းခံရသော မိန်းကလေးများထဲမှတစ်ယောက်ဖြစ်ပါသည်ရှင့်၊
online မိတ်ဆွေများ သက်ဆိုင်ရာသတင်းဋ္ဌာနများသို့ ဆက်လက်ဖြန့်ဝေ ပေးကြ
ပါရန် အသနားခံအကူအညီတောင်းခံအပ်ပါတယ်ရှင့် ။

9 comments

  • i love this

    February 22, 2011 at 10:36 am

    ဟာဗျာ ဒီကောင်ဗျာ အရင်သတင်းဖတ်လိုက်ရပါတယ် လူမှဟုတ်ရဲ့လား
    မြို့က အကောင်ကြီးတွေ ဘာလုပ်နေကြတာလဲ
    စိတ်ဆိုးတယ်ဗျာ အဲဒီကောင်ကို ဘာကြောင့်ဒီလောက်ထိ စောင့်ကြည့်နေကြတာတုန်း
    အဲဒီကောင်ဓါတ်ပုံရရင်တင်ပေးဗျာ ဒီဘက်ရောက်လာခဲ့ရင် တောက် တွေ့ချင်စမ်းတယ်
    အားမငယ်ပါနဲ့ညီမလေးရေ သူ့အလှည့်ကျ သိရပေမပေါ့
    ကဲ ရွာသားတို့ရေ ထပ်ဆင့်အကူညီတောင်းပါတယ်ခင်ဗျာ သတင်းလေးဖြန့်ဝေပေးကြပါလို့

  • Gipsy

    February 22, 2011 at 10:48 am

    ကျုပ်တို့မွေးရပ်မြေကမဆွေးမြေ့ဘဲ ရှင်သန်နေတဲ့ ဟိုမသာကောင် ထွန်းသန့်ကျော်မိတ်ဆိုးကြီးပါလား…….
    ဖုံးသတင်းမရတာလဲကြာပီမို့..ဒီကိစ္စပြီးပြီထင်ထားတာ..ဒီကောင်တော်တော်လွန်လာပါပေါ့လား……..
    ရွာသားတို့ရေ..ဆက်သွယ်လို့ရတဲ့ သတင်းဋ္ဌာန အားလုံးထည့်ပေးကြရအောင်လားခင်ဗျာ…..
    ဒီအမျိုးယုတ်ကို..တနေရာရောက်အောင် ပို့လိုက်ကြရအောင်……………………………………….။
    ညီမငယ်လေးလဲ အားတင်းထားပါ ..ရတဲ့သတင်းလဲတင်ပေးပါနော်……အားလုံးကူညီကြမှာပါ

  • zippo

    February 22, 2011 at 11:01 am

    မှတ်မိပီဗျို့ … မှတ်ပုံတင်အတုကိုင်တာရယ် .. ပါတီလူကြီးဖြစ်တာရယ် .. အာဏာပိုင်တွေကိုဖားယားပီး။….
    အောက်ခြေလူတန်စားတွေကို ဖမ်းချုပ်ထောင်ချ တဲ့ အကောင်မဟုတ်လား … အံ့ဩတယ်…ငါတို့ဘက်မှာဆိုရင်…
    ကြည့်ကောင်းပီပေါ့….တဘက်ကမ်းထွက်ပြေးချိန်တောင်ရချင်မှရလိုက်မှာ…..
    ကူညီပါ့မယ်..
    သူကြီးခင်ဗျား————— ဟောဒီကမိန်းကလေးရဲ့ဒုတ်ခက တတ်နိုင်တဲ့ဘက်က ကူညီပေးပါနော်—————။

    • etone

      February 23, 2011 at 9:44 am

      သူကြီးရေ ဇစ်ပိုပြောနေတယ် … စောင်မကြည့်ရူပါတဲ့ .. ။

  • 45male.Magwe.

    February 23, 2011 at 8:50 am

    ကျေးဇူးပါ ကူညီပေးတဲ့ကျေးဇူးဘယ်တော့မှမမေ့ပါနော် ၊ ရှင်တို့ကိုယ်တွေ့မကြုံဘူးကြလို့ပါ ၊ ဘယ်ကလူကြီးလာ
    လာ အတင်းဆွေမျိုးစပ်တော့တာပါဘဲရှင် ကပ်ပီးဖားမယ် အတင်းမိတ်ဆက်မယ၊် ထင်ပါတယ် သေပီးရင်တောင်
    ဖားကပ်ဖြစ်မဲ့လူမျိုးပါ၊ အဲဒီလူယုတ်မာရဲ့ဓါတ်ပုံကိုလဲ နောက်တစ်ခေါက်တင်ပေးပါ့မယ်ရှင့်၊

  • i love this

    February 23, 2011 at 5:51 pm

    အေးဗျာ ဆက်စပ်မှုရှာပီးမေးကြည့်မိပါတယ်၊ တစ်မြို့လုံးကိုဒုက္ခပေးတဲ့သူတဲ့ဗျာ
    လူတွေကိုလဲစိတ်ဆိုးသလိုခံစားမိတယ်၊ အများနဲ့တစ်ယောက် ထိုင်ပီးကြည့်နေကြတယ်လေ
    တံတွေးနဲ့ထွေးမယ်ဆိုရင်တောင် သေနိုင်လောက်ပါတယ်၊ ဘာကြောင့်ခေါင်းကြီးတွေငုုံ့ပီးခံနေကြတာလဲဗျာ၊
    ဒီလိုသာလုပ်နေမဲ့အတူ တံတွေးနဲ့သာဝိုင်းထွေးကြပါတော့၊
    (ဂရုဏာဒေါသအတွက် အမှားပါလျှင်ခွင့်လွှတ်ပေးကြပါ)

  • Gipsy

    February 25, 2011 at 11:06 am

    အား..ဟုတ်ကဲ့ဗျ… …သံတွဲမှာ မ.ထ.သ ဥက္ကဋ္ဌ တစ်ယောက်သက်တမ်း၂ နှစ် သာလျှင်လုပ်ခွင့်ရှိကြောင်း ကြားသိရပါတယ်ခင်ဗျ…. ဒါပေမဲ့ ခုဇတ်မိုက်ကြီး ကျော်ကျော် ကတော့ အဖွဲ့ဝင်များကို အတင်းစည်းရုံး ခြောက်လှန့် သွေးဆောင် အောင်ပွဲခံ သိမ်းပိုက်သွားကြောင်းပါ.. သူကတော့ ယ္ခု ဆို လျှင် ၃နှစ်ဆက်တိုက် ီရာထူးရယူနိုင်သူဖြစ်ပါတယ်…ပိုဆိုးတာက မြို့အာဏာပိုင်များလည်း ဝင်ရောက်စွက်ဖက်ခြင်းလဲမတွေ့ရဘူူးခင်ဗျ… အဲဒီလူကြီးတွေကို ကပ်ဖားယပ်ဖား ၊ လာဘ်ငွေထိုးမှု.. လုပ်ပြီးဖြစ်ကြောင်းသေချာသလောက်ပါ…. သူ့အပြောက…… ဘယ်ကောင်မှ ငါ့ ကိုမစစ်ရဲဘူူး ၊ စစ်တဲ့သူကိုပါတီဋ္ဌာနချုပ်ကိုလမ်းကြောင်းခင်း၊ဇတ်လမ်းဆင်တိုင်မယ် တဲ့…
    ဒီလူကလဲအတိုင်အတော တကယ်ထူတဲ့သူမို့ မြို့သားတွေလဲ ကြောက်လဲကြောက်၊ ရွံ လဲ ရွံ ဖြစ်နေ ကြောင်းလဲသိရပါတယ်ခင်ဗျ …. ဒါပေမဲ့ သတင်းကောင်းတစ်ခု ကြားရပါတယ် ..မြို့သူ မြို့သား နယ်သူ နယ်သားများစုပေါင်းပြီး ရဲအောင်လံကားဂိတ်ကို သပိတ်မှောက်ကြတော့မဲ့သတင်းဖြစ်ကြောင်းပါခင်ဗျ…
    လူကိုမြင်ဘူးချင်တယ်ဗျာ…တစ်ယောက်ယောက် ကပ်ဖားလူယုတ်မာ ကြီးရဲ့ ဓါတ်ပုံ တင်ပေးပါ အမြန်လုပ်ကြပါဗျာ.. မြို့မှာလဲ ရဲ ကအစ ဋ္ဌာနပိုင်းဆိုင်ရာ လူကြီးအားလုံးကို သူ့ ခါးပိုက် ထဲထည့်ထား လေ တော့ ဘာမှကိုလုပ်မရ ဖြစ်နေကြပုံပါ …..တော်တော်ခက်နေပါပြီရွာသားတို့ရေ………။

  • Mee2

    March 17, 2011 at 9:46 am

    အော်ဒီကော့်ကိုရှင်းမယ့်လူမပေါ်သေးဘူးလား။ညီမတို့တော့အော့နှလုံးနာလွန်းလို့။ဒီလိုကုလားဒိန်တွေကြောင့်တော့ခက်သားနော်

  • Mee2

    March 17, 2011 at 9:49 am

    အာဏာရူးတွေ၊ငွေရူးတွေမိုးကောင်းတုန်းရွာထားပါ။တနေ့သချိူင်းသွားဖို့တွင်းတူးထားနော

Leave a Reply