ကျောက်ကွင်းကျေးရွာ စာကြည့်တိုက် ကလေး အောင်အောင်မြင်မြင်ဖြစ်မြောက်စေဖို့ …

may aye ooFebruary 22, 20111min430

မှတ်စု (၉)
by May Aye Oo on Tuesday, February 8, 2011 at 9:18am
ကျောက်ကွင်းကျေးရွာ စာကြည့်တိုက် ကလေး အောင်အောင်မြင်မြင်ဖြစ်မြောက်စေဖို့ …

ကျောက်ကွင်းရွာ .. ဆိုတာကိုတော့ ကြားဖူး.. ဖတ်ဖူးခဲ့တာ.. ကြာပါပြီ..
တိုက်တိုက်ဆိုင်ဆိုင် .. အဲဒီရွာကလေးမှာ.. ကျမတို့ရဲ့ ယဉ်ကျေးလိမ္မာ သင်တန်းလေး ဖွင့်ပေးဖြစ်ခဲ့တာ.. ဝမ်းသာရသလို.. ကျေးရွာလေးရဲ့ နွမ်းပါး ပုံနဲ့ ဆရာတော်ရဲ့ ကျိုးပမ်းလုပ်ဆောင်ချက်တွေကို တွေ့ရတော့လဲ.. ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတယ် ..

ကျောက်ကွင်း ဆရာတော်ရဲ့ ဘွဲ့ က ဦးသီလာစာရပါ..။ သက်တော် ၄၅ နှစ်ရှိပါပြီ..။ ကျောက်ကွင်းဇာတိ မဟုတ်ပါဘူး..။ မန္တလေး မှာ .. စာသင်ခဲ့တာပါ..။ သာသနာမှာ သမိုင်းဝင်ခဲ့တဲ့ ရွာကလေးမို့ သာသနာ့ သံယောဇဉ်နဲ့ လာကြည့်ရင်း.. ကျောက်ကွင်းရွာလေးမှာ နှစ် ၅ဝ လုံးလုံး သံဃာတော် လည်းမရှိ၊ ဘုန်းကြီးကျောင်း လဲမရှိ နဲ့ မို့ ဒီရွာလေးမှာ ကျောင်းထိုင် ရင်း ဒီရွာလေးရဲ့ အကျိုးစီးပွားကိုဆောင်ရွက်မယ်.. ဆိုတဲ့ စေတနာနဲ့ ရွာလမ်းရဲ့ အဆုံး ပဲခူးရိုးမ အစပ် ကလေးမှာ.. ဝါးတဲလေးထိုးပြီးနေခဲ့တာ.. ပါ..။
“ မြို့မှာနေရင်.. လဘ်လာဘ ပေါများမယ်ဆိုတာ.. သိတာပေါ့ ဒကာမကြီးရေ.. ဒါပေမဲ့ ဒီရွာကလေးကို.. သမိုင်းမတင်ခဲ့ကြပေမဲ့၊ သမိုင်းဝင်ခဲ့တဲ့ရွာကလေးဘဲ လို့ လာကြည့်ရင်း.. ကျေးရွာလေးမှာ.. သံဃာတော် မရှိခဲ့တာ.. အနှစ် ၅ဝ ကျော်ပြီဆိုတာကို.. ရွာက ဗုဒ္ဓဘာသာဝင်တွေက ပြောပြကြလို့ ဂရုဏာလဲဖြစ်မိတယ်.. သာသနာအတွက်လဲ.. ဆောင်ရွက်ပေးချင်တယ်..။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ခေါင်တာကြောင့် အစစ အရာရာ နောက်ကျကျန်ခဲ့ပြီး.. ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အဖက်ဖက် က ဆင်းရဲကြရှာတဲ့ သူတွေ အတွက် ငါ အလုပ်လုပ်မယ်.. ဆိုတဲ့စေတနာနဲ့ နေခဲ့တာပါ.။. ကျောင်းဆောက်ဖို့ မြေ ကလေးကို.. ကိုယ့် ဖာသာကိုယ် ရှင်းပြီး.. ဝါးကျောင်းကလေးဆောက်ပြီး စ, နေခဲ့တာ..။ နွေဆိုရင် ဖုန်တထောင်းထောင်းထပြီး .. မိုးတွင်းမှာ.. လမ်းလျှောက် မရအောင် ချောတဲ့မြေမျိုးပါ..။ ဒုက္ခရောက်ခဲ့၊ ပင်ပန်းဆင်းရဲ ခဲ့ရတာတွေ တော့ စာမဖွဲ့တော့ပါဘူး ဒကာမကြီးရေ..။ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်စေတနာနဲ့ကိုယ် ရွေးချယ်ခဲ့တဲ့လမ်းမို့.. ကျေနပ်ပါတယ်..။“
“အခုဆိုရင် ၁၁ နှစ်ရှိပြီပေါ့ ဒကာမကြီးရေ.. တတ်နိုင်သမျှ.. သာသနာ့ အရေး၊ ကလေးများရဲ့ ပညာရေး..၊ ရပ်ရွာအရေးတွေ အားလုံးကို.. ဆောင်ရွက်ပေးခဲ့တာ.. အောင်မြင် သလောက်လဲ.. အောင်မြင်ပါရဲ့ .. ။ ဒီဒေသ မှာက ငွေရှားတော့ တစ်ချို့ လုပ်ငန်းတွေကို လုပ်ရမယ်.. လုပ်သင့်တယ်မှန်း သိပေတဲ့ မလုပ်နိုင် ခဲ့ဘူး.. ဥပမာ.. ကျေးရွာ စာကြည့်တိုက် လိုမျိုးပေါ့.. အခုလို ဒကာမကြီး နဲ့ ဆက်သွယ်မိပြီး.. ယဉ်ကျေးလိမ္မာ သင်တန်း၊ အင်္ဂလိပ်စာ သင်တန်း နဲ့ အခမဲ့ဆေးခန်းလေး.. ဖွင့်ဖြစ်သွားတာ.. ဝမ်းသာလွန်းလို့ မျက်ရည်များ တောင် လည်ပါတယ်..။ ဘုန်းကြီးလဲ.. နွေရာသီတွေမှာ.. ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပေးပါတယ်.. ဒါပေမဲ့ ဒီ ကျောက်ကွင်းရွာ ထဲက ကလေးတွေဘဲပေါ့..။ အခုတော့ ဒကာမကြီးတို့ နဲ့ သင်တန်းဖွင့်တော့ ဘေး ပတ်ဝန်းကျင် ရွာတွေက ကလေးတွေပါ.. လာတက်ကြတာ.. အားရလိုက်တာ.. ဒကာမကြီးရယ်.. “
“ ဒကာမကြီးတို့ သင်တန်းပြီးလို့ ပြန်သွားကြပေမဲ့ ကလေးတွေက ဘုန်းကြီးကျောင်းကို နေ့တိုင်း လာကြ တယ်… ကျောင်းဝင်းထဲမှာ .. ဆော့လဲဆော့ကြတယ်.. ဒကာမကြီးတို့ သင်ထားတဲ့ သီချင်းတွေ၊ ကဗျာတွေ ဆိုကြ၊ ကစားကြ၊ ပြီးတော့ ကျောင်းဝင်းနဲ့ ကျောင်းထဲမှာ တံမြက်စည်းတွေ လှဲကြ၊ နဲ့ .. အို.. ကြည်နူးစရာပါ ဒကာမကြီးရယ်.. “
“အခုတော့ ဒကာမကြီး နဲ့ တကွ အလှူရှင်တွေ စုပေါင်းပြီး .. စာကြည့်တိုက်ကလေး လုပ်ပေးမယ် ဆိုတော့ လည်း .. ဘုန်းကြီးမှာ ဝမ်းသာရတယ်.. ဒီရွာက ကလေးတွေ၊ လူငယ်တွေ၊ လူကြီးတွေ.. ပညာ ဗဟုသုတ တွေ တိုးပွားရတော့မယ်.. လို့ ဝမ်းသာမိတယ်..။ ဒီရွာလေးကို ဗဟိုပြုပြီး ဘေးပတ်ဝန်းကျင်ရွာလေးတွေပါ.. ဗဟုသုတ ရ.. ရအောင်လို့ တခြားရွာတွေကိုလဲ.. အပတ်စဉ် .. စာအုပ်ငှားစံနစ်ကလေးနဲ့ ငှားပေးမယ်..။ အခုတော့ ဒကာမကြီးရေ.. ဘုန်းကြီး လဲ.. နကို ကတည်းက ဒီရွာမှာ .. အစစ ဦးဆောင်ဦးရွက် ပြုလုပ်ပေး နေရတာရယ်.. ပတ်ဝန်းကျင် ကျေးရွာတွေ ရဲ့ သာသနာရေး ကိစ္စတွေရယ်နဲ့ မို့ အားတယ်ဆိုတာ မရှိပါဘူး.. အခုတော့.. စိတ်ထဲမှာ.. လုပ်ချင်တာလေးတွေ.. မျှော်လင့်ချက်လေးတွေ.. တဖြည်းဖြည်း ဖြစ်လာပြီး..နေ့ မအား ညမအား အလုပ်လုပ်နေရတာပေမဲ့ .. ပျော်ပြီး.. ကြည်နူးနေမိတယ်.. ဒကာမကြီးရေ.. အခုလဲ.. ကျောင်းပေါ်မှာ.. ဒကာမကြီးတို့ ပို့ထားတဲ့ စာအုပ်တွေကို စာရင်းလုပ်နေတာ.. ဘယ်.. မပြီးသေးပါဘူး..။ စာအုပ်တွေက ပီနန်အိတ်နဲ့ ရ အိတ်တောင်ဆိုတော့ တော်တော်လေးကို အဆင်ပြေနေပါပြီ..။ ကလေးတွေကလဲ.. ကျောင်းကပြန်လာတယ်ဆို.. လွယ်အိတ်ပစ်ချပြီး.. ဘုန်းကြီးကျောင်းပြေးလာကြတာဘဲ.. ရွှေသွေး..တို့ တွတ်ပီတို့ စတဲ့ ကာတွန်းတွေ ကို.. ၃၊ ၄ ယောက် တစ်ဝိုင်း.. လက်ညှိုးလေးတွေ နဲ့ ထောက်ပြီး ဗမာ လို ဖတ်လိုက်.. အချင်းချင်း .. ချင်းလို ပြန်ပြောလိုက် နဲ့ ဟုတ်နေရော.. ဒကာမကြီး ရေ..၊ (ဆရာတော်က ဖုန်းထဲမှာ အဲလိုပြောတော့ .. ကျမဖြင့် ကြည်နူးပြီး စာဖတ်နေတဲ့ ကလေးတွေကို မျက်လုံးထဲ မြင်ယောင်မိပြီး.. အပြေးလေးတောင်.. သွားကြည့်ချင် မိပါတယ်.. ။) ဘုန်းကြီးတို့ ယဉ်ကျေးလိမ္မာ သင်တန်း ဖွင့်တာ.. ဘုန်းကြီးရဲ့ ကျောင်းက သေးတော့ နေရာ မဆန့်လို့ ကလေးတွေ လျော့ပစ်ရတာ.. စိတ်မကောင်း လို့.. နောင် သင်တန်းတွေမှာ.. ပို လက်ခံနိုင်အောင်.. ကျောင်းလေးကို.. အနောက်ဖက် နဲနဲ ချဲ့အုံးမယ်.. “

ကျမတို့ဖွင့်ပေးခဲ့တဲ့ ယဉ်ကျေးလိမ္မာ သင်တန်းကာလမှာ .. ကလေးတွေကို ထမင်းကျွေးဖို့ ကို.. အဆောက် အဦး မရှိလို့မို့ ကျောင်းဝင်းကွက်လပ်ထဲမှာ.. ယာယီ မဏ္ဍပ်ကလေးထိုးပြီး ဖျာကြမ်းတွေခင်းပြီး.. (ဒါတောင် ဖျာကြမ်းက မလုံလောက်) ကလေးတွေကို ထမင်းကျွေးရတာ..

ဆရာတော်က နှစ်စဉ်.. လူကြီး တရားစခန်းလဲ.. ၂ကြိမ်ပြုလုပ်ပေးမြဲ၊ ဝါဆို၊ ကထိန် တွေမှာ ..လဲ ပတ်ဝန်းကျင်ရွာက သံဃာတော်တွေပင့်ပြီး .. ကျင်းပမြဲ၊ ယဉ်ကျေးလိမ္မာ သင်တန်း လဲ နှစ်စဉ် လုပ်ပေးနေကျ၊ ရွာက လူငယ်တွေကိုလည်း ပုညကာရီ၊ ဝိသာခါ စတဲ့ အဖွဲ့လေးတွေ ဖွဲ့ပေးထားပြီး၊ ဝတ်ရွတ်အသင်း၊ တစ်ဆုပ်ဆန်လှူအသင်း စသဖြင့် လုပ်ပေးနေတာမို့ ၊ ကလေးများ (တစ်ခြားရွာကနေ လာတက်တဲ့ အခါ) ၊ ယောဂီများအတွက်.. နေစရာ၊ အိပ်စရာ နေရာထိုင်ခင်း မလောက်ငှတာမို့..၊ ဆွမ်းစားဆောင်လေး တစ်ဆောင် ဆောက်ဖို့ ရည်စူးပါတယ်..။ ဆွမ်းစားဆောင် လို့ ဆိုပေမဲ့ အဲဒီအဆောင်မှာဘဲ.. ကလေးများ၊ ယောဂီများ ထမင်းစားဆောင်၊ အိပ်ဆောင်..၊ တည်းခိုဆောင်.. စသဖြင့် ဘက်စုံ သုံးရမှာပါ..။ အခုဖွင့်မဲ့ စာကြည့်တိုက်လေးအတွက်လည်း.. အခန်းတစ်ခန်း ကန့်ပြီး.. စာကြည့်တိုက်သီးသန့်လေး လုပ်ဘို့ ရည်ရွယ်ပါတယ်.. ။

နွေးထွေးမေတ္တာ၊ စေတနာများနဲ့ အလှူရှင်များ၊ သူငယ်ချင်းများတို့ရေ…
ဆွမ်းစားဆောင်၊ ထမင်းစားဆောင်၊ တည်းခိုဆောင်၊ နဲ့ စာကြည့်တိုက်ကလေးအတွက်.. သဒ္ဒါတတ်အား.. နည်းများမဆို.. လှူချင်ပါတယ်ဆိုရင်.. သာဓု.. သာဓု.. သာဓု .. ပါလို့ .. ကြည်ကြည်နူးနူး ဖိတ်ခေါ် လိုက်ပါရစေ… နော် …

ပွင့်သော ပန်းကလေးများတိုင်း လန်းဆန်းနိုင်ဖို့ .. အခွင့်အရေးတွေ.. ရရှိနိုင်ကြပါစေ ….။
ပန်းပျိုးလက်များ .. ကျန်းမာ၊ ချမ်းသာ၊ လန်းဖြာ ကြပါစေ…….. ။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး
2000GROUP
e-mail address : 2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE!
I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.
IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.

http://www.facebook.com/profile.php?id=1128815099#!/note.php?note_id=150408465016215