တကိုယ်ရည်သုံးရေငုတ်လှေ Personal Sub

sub.marine
ရေငုတ်လှေသင်္ဘော

အဏ္ဏဝါချစ်သူများ ကြိုတင်ပြင်ဆင်မှုသိပ်မလိုဘဲ Ego Compact Semi Submarineနဲ့ ရေအောက် ပင်လယ်ကို အချိန်မရွေး စူးစမ်းလေ့လာနိုင်ကြပါပြီ။ Semi Submarine လို့ခေါ်ရတာကတော့ ရေထဲကို လုံးလုံးလျားလျား ငုတ်လျှိုးမသွားဘဲ လှေနှစ်စင်းအလယ်မှာ ထွင်းဖောက်မြင်ရတဲ့ ရေလုံမှန်ခန်းတခု ချိတ်ဆွဲထားခြင်းကြောင့်ပါ။
ဒီရေငုတ်လှေကလေးနဲ့ Avatar sequel ရုပ်ရှင်အတွက် ရေနက်ပိုင်းရိုက်ချက်တွေ ရိုက်လို့တော့ မရပါဘူး၊ ဒါပေမဲ့ ရင်သပ်ရှုမောဖွယ် ပင်လယ်ရေအောက်ရှုခင်းတွေ ခံစားဖို့တော့ သင့်တော်လှပါတယ်။ Skuba diving လိုရေအောက်ထဲကို ရေငုတ်ဝတ်စုံအပြည့်၊ အောက်ဆီဂျင်ဗူးလွယ်ပြီး သွားခြင်းထက် Snorkling လို ပေါ့ပေါ့ပါးပါး အသက်ရှုပိုက်လေးစွပ်ပြီး ရေတိမ်ပိုင်းငုတ်တာနဲ့ ပိုနီးစပ်ပါတယ်။
အပန်းဖြေခရီးအတွက် လှေကလေး ရေအောက်ထဲသွားတဲ့ အမြန်နှုန်းကို ပြောမထားဘဲ တပ်ထားတဲ့ ဘက်ထရီတွေက ပုံမှန်နှုန်းနဲ့ရှစ်နာရီ၊ အမြင့်ဆုံးအရှိန်နဲ့ဆို လေးနာရီကြာခံတယ်လို့သာ ပြောပါတယ်။ တောင်ကိုရီးယားကုမ္မဏီRaonhaje ဆောက်တာဖြစ်ပြီး လှေအုပ်လိုက်ရော တစီးချင်းစီပါ ခရီးသွားအပန်းဖြေ ဟိုတယ်များ၊ ပုဂ္ဂလိကပိုင်ရှင်များ၊ ရွက်လှေပိုင်ရှင်များကို ရောင်းချသွားပါမယ်။ လှေအသွင်အပြင်ကိုလည်း ဝယ်သူစိတ်ကြိုက် ပြင်ဆင်တည်ဆောက်ပေးနိုင်ပါတယ်။
စိတ်လှုပ်ရှားဖွယ် ရေအောက်ပတ်ဝန်းကျင်ကို ခံစားနိုင်တဲ့ အပန်းဖြေခရီးစဉ်များ အထူးသဖြင့် သန ္တာ ကျာက်တန်းများရှိတဲ့ ပင်လယ်အပန်းဖြေစခန်းတွေအတွက် လုံခြုံစိတ်ချစွာနဲ့ အပန်းဖြေခရီးသွား ရေငုတ်လှေများဟာ အလွန်ရေပန်းစားမယ်လို့ ထင်ပါတယ်။ ထူးဆန်းအံ့ဩဖွယ် ရေအောက်မြင်ကွင်းကို ရေမကူးတတ်တဲ့သူများတောင် ခံစားနိုင်ကြတော့မှာပါ။ (ပိုက်ဆံရှိဖို့တော့ လိုသပေါ့လေ၊ စကားချပ်)

Personal sub could be easiest, safest yet

By Charlie White, Mashable.com
February 22, 2011 8:38 a.m. EST | Filed under: Innovation

http://www.cnn.com/2011/TECH/innovation/02/22/personal.submarine.mashable/index.html?hpt=C2
(Mashable.com) — Hop into this Ego Compact Semi Submarine, and without any extensive training you can be on your way to exploring the deep blue sea in no time.
Why is this called a semi-submarine? The entire boat is not submerged, but it’s more like a pontoon boat with a transparent waterproof compartment hanging from its middle.
That means James Cameron is not going to be using one of these subs for that deep-water shoot for his Avatar sequel, but it’s still suitable for giving you an eye-popping view of the undersea world. Think of it as more akin to snorkeling than scuba diving.
Photos: Raonhaje’s Ego Compact Semi Submarine
The little boat cruises along at a leisurely sightseeing pace that’s unspecified by its maker, which will only say that its batteries will last eight hours at cruising speed or four hours at top speed.
It’s built by South Korean company Raonhaje, which plans to sell fleets of these Ego Semi-Submarines to resorts, and single units to individuals and yacht owners. The company offers to build custom moorings for the craft, as well as hoists for yachts.
We’re thinking super-safe leisure subs like these would be a huge hit at a resort, especially seaside marinas near coral reefs, with their colorful and bustling underwater wildlife. Just think, even people who can’t swim can enjoy the spectacular view.
See the original article at Mashable.com.

7 comments

  • ဆူး

    February 23, 2011 at 2:20 pm

    ၁ယောက် စီး မဟုတ်ဘဲ ၂ယောက် စီး ဆိုရင် ကောင်းမယ်နော်။
    အပန်းဖြေ ခရီးထွက်တဲ့ လူတွေ ရေငုတ် သင်္ဘောလေး စီးပြီး လိုက်ကြည့်တာ မဆိုးဘူး။

  • weiwei

    February 23, 2011 at 2:31 pm

    အလယ်က မှန်လုံအိမ်လေး တစ်ခုစာပဲ မြှုပ်တာဆိုတော့ ဘာမှ သိပ်မထူးဘူးလို့ ထင်တာပဲ …

    • bigcat

      February 24, 2011 at 2:45 am

      ရေပေါ်ဗြူးနဲ့ ရေအောက်ဗြူး တူးမလားဗျ။ မယုံရင် လှေပေါ်ကနေ ရေအောက်ကို ခါးကိုင်းခေါင်းထိုးပြီး ကြည့်ကြည့်ပါလား။ 😀

      • weiwei

        February 24, 2011 at 2:57 am

        ဗျူးကို အဓိက ပြောချင်လို့ မဟုတ်ပါဘူးကိုကြောင်ရယ် … ကျွန်မဆိုလိုချင်တာက နည်းပညာပါ …

  • MaMa

    February 23, 2011 at 3:45 pm

    သဘောကျတယ်။ ရေငုပ်သဘောင်္က ရေအနက်ကြီးကို ငုပ်တာဆိုတော့ ကြောက်စရာကြီး။ ဗန္စ္ဒုလသွေးနဲ့ စီးရဲပါဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 23, 2011 at 3:52 pm

    သန္တာကျောက်တန်းကြည့်ဘို ့လောက်တော့ တော်တော်အဆင်ပြေနိုင်တယ်
    ရေအောင်ကြမ်းပြင်အနက်ကြီးကိုတော့ မှန်ဘီလူးတွေနဲ ့ကြည့်ရမယ်ထင်တယ်
    သူ ့စက်စွမ်းအားလောက်ကတော့
    အောင်ပု
    ချောင်းထဲမှာ ဖင်ဘူးထောင်း ထောင်ပြီး ငါးဖမ်းသလောက်ဘဲရှိမယ်
    ပြောလို ့သာပြောတာ
    သူ ့လှေက အပေါ်ပိုင်းမှာ ပေါလောပေါ်နေတာ
    မှန်ခန်းထဲမှာ အချစ်ကလေးနဲ ့နှစ်ယောက်တည်း
    ဂလုဂလု……
    ဘူမှမြင်မှာမဟုတ်ဘူး
    လှုင်းပုတ်တော့လည်း လှေကလှုပ်
    နောက်ပြီး
    လှေကလည်းလှုပ် 🙂 🙂 🙂

    • bigcat

      February 24, 2011 at 4:27 am

      ဟားဟားဟား။ ကိုအောင်ပုနဲ့ကျနော် ဒီနေရာမှာ စိတ်ကူးခြင်းတူတယ်။ ဒါပေမဲ့ မန်းလေးကိုပေါက်လို ကင်မရာသမားတွေတော့ သတိထားရမဗျို့။ တော်ကြာနေ အင်တာနက်မှာ ဒီရုပ်ကြီးမြင်ဖူးတယ် ဖြစ်နေမှဖြင့်.. 😳

Leave a Reply