ဦးတေဇ ရဟတ်ယာဉ် ရေခဲတောင်ပေါ် ကျွံကျ

zaw mgFebruary 23, 20111min1076

စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ် သည် ကချင်ပြည်နယ် အနောက်မြောက်ပိုင်း ဖုန်ကန်ရာဇီ  ရေခဲတောင်တွင် ဆင်းသက်ရာ ရေခဲပြင်အတွင်းသို့ ကျွံကျသွားကြောင်း  အင်တာနက်သတင်းများအရသိရသည်။

၂၂ ၊၂ ၊၂၀၁၁ ရက်နေ့နံနက် ပိုင်းတွင်  ဦးတေဇ အပါအဝင် ထူးကုမ္ပဏီမှ ဝန်ထမ်း ၆ ဦးသည် ပူတာအိုမြို့မှ ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ယူရိုကော့တာ (Eurocopter) အမျိုးအစား  ရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း၊ ထို့နောက် ဆင်းသက်ရာ ရဟတ်ယာဉ် တဖက်ခြမ်းသည် ရေခဲပြင် အတွင်း၌ နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း၊ မည်သူမျှ ထိခိုက်ဒဏ်ရာ ရခြင်းမရှိကြောင်း တပ်မတော် (လေ) အသိုင်းအဝိုင်းက ပြောကြားချက်အား ကိုးကား ၍အင်တာနက်သတင်းများမျက်နှာများတွင်ဖေါ်ပြကြသည်။

ထို့အပြင် ယင်းရဟတ်ယာဉ်သည် ဦးတေဇ၏ ကိုယ်ပိုင် ရဟတ်ယာဉ်ဖြစ်ပြီး အမြင့်ပေ ၁၂၀၀ဝ ခန့်အထိ ပျံသန်းနိုင်ကြောင်း ခရီးစဉ် ရည်ရွယ်ချက်မှာ လာမည့် မတ်လတွင် ရေခဲတောင်တက်ရန် အတွက် ကောင်းကင်မှနေ၍ လမ်းကြောင်းရှာရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖုန်ကန်ရာဇီ ဒေသတွင် ဖုန်ကန်၊ ဖန်ဂရန်၊ ဖုန်ရင်၊ မဒွယ် စသည့် ရေခဲတောင်များ အပြင် ဖုန်ကန်ရာဇီ ဘေးမဲ့တောလည်း ရှိသည်။

ယခုအခါ  ဦးတေဇ အပါအဝင် ဝန်ထမ်း ၆ ဦးကို မိထီ္တလာမြို့တွင် အခြေစိုက်သည့် တပ်မတော်(လေ)မှ ရဟတ်ယာဉ်ဖြင့် သွားရောက် ခေါ်ယူနေပြီ ဖြစ်ကြောင်း၊ မနက်ဖြန်နံနက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း တပ်မတော်(လေ) အသိုင်းအဝိုင်းက ဆိုသည်။0

မြန်မာနိုင်ငံ၌ ကိုယ်ပိုင်အသေးစား ရဟတ်ယာဉ်များသည် ဦးတေဇနှင့် ဒေဝူး၊ တိုတယ် စသည့် ရေနံကုမ္ပဏီများတွင်သာရှိသည်ဟု သိရသည်။

6 comments

  • sayargyi

    February 23, 2011 at 5:07 am

    ကျွတ်..ကျွတ်..ကျွတ်…….

  • char too lan

    February 23, 2011 at 5:22 am

    ဟွန်းးး ဘာမှဖစ်ဘူးပေါ့ 🙁

  • နွယ်ပင်

    February 23, 2011 at 5:56 am

    ဪ …ကဲ …ကုသိုလ်ကံကောင်းပုံများ ကယ်မယ့်သူကအသင့်
    ဒဏ်ရာလေးဘာလေးတောင် မရဘူးလားဟင် 😛

  • phantom

    February 23, 2011 at 8:59 am

    ဝမ်းနည်းခြင်း အထိမ်းအမှတ်လုပ်ရမယ် ( ဘာမှမဖြစ်လို့ 😛 )

  • intro

    February 23, 2011 at 12:23 pm

    ထူး က လုပ်ချလိုက်ရင်တော့ ထူးထူးခြားခြားတွေ ချည်းပဲ၊ အကုန်လုံး ကျပ်တည်းနေတဲ့အချိန်မှာ သူက ကမြင်းကြော ထဖို့တောင် ကြံနေသေးတယ်၊ အင်းလေ… ပိုက်ဆံတွေ ထားစရာ မရှိတော့ဘူး ထင်ပ

Leave a Reply