ရောက်တတ် ရောက်ရာ (၁)

nigimi77February 23, 20111min994

အထည်ချုပ်လောက မှာပေါ့ဗျာ။  သိတဲ့ အတိုင်းပဲ နိုင်ငံခြားသား Technician တွေကို ငှားရမ်း ခန် ့ထားကြတာပေါ့။  ကိုရီးယားတွေ ကို ဖယ်ပြီး ကြည့်မယ်ဆိုရင် အင်ဒိုနီးရှားတွေက ထိပ်ဆုံးက လိုက်ပြီး၊ ဒုတိယ တရုပ်၊ တတိယ ဖိလစ်ပင်န်းတွေ ဟာ မြန်မာပြည်မှာ နည်းပညာရှင်အမည်ခံပြီး အလုပ်ဖြစ်နေကြသဗျာ။ သူတို ့ကို ကျုပ်တို ့မြန်မာလူမျိုးတွေက ဆရာ လို ့ခေါ်ရတယ်။ အမျိုးသမီး ဆိုရင် ဆရာမပေါ့။ သူတို ့က မြန်မာပြည်ထက်စာရင် အထည်ချုပ်
လုပ်ငန်းတွေကို စောစီးစွာ ထိတွေ ့ခွင့်ရခဲ့ပြီး နည်းပညာ အမွေခံတာကို စောခဲ့တော့ သူတို ့ဆီမှာ ဘယ်လို Skill မျိုးရှိတယ်ဆိုတာ မသိပေမဲ ့ မြန်မာပြည်မှာ တော့ ဆရာတွေပေါ့ဗျာ။ ကြုံလို ့ပြောရရင် မြန်မာပြည်ရဲ  ့ အထည်ချုပ်လုပ်ငန်းဟာ ကာလအားဖြင့် အတိုင်းအတာ တခုထိ ရောက်လာခဲ့ပေမဲ့ အခု အချိန်အထိ မြန်မာ ဆရာ ဆိုတာမျိုးက ဘယ်နိုင်ငံမှာမှ မရှိသေးသလို မြန်မာပြည်မှာ ရှိတဲ ့မြန်မာများ(အထည်ချုပ်) ဟာလည်း အဆိုပါ
ဆရာတွေ မပါပဲ ကိုယ်တိုင် ဦးစီး လုပ်ကိုင်နိုင်တဲ့ အရည်အချင်း(သို ့) မိမိကိုယ်ကို ယုံကြည်မှု အားနည်းနေပါသေးတယ်။ ဒါကြောင့်လည်း အခုအချိန်အထိ နိုင်ငံခြားသားနည်းပညာရှင် ဆိုတာတွေရဲ  ့နေရာကို မြန်မာနိုင်ငံသား နည်းပညာရှင်တွေ ဆိုတာနဲ ့ အစားထိုးနိုင်ဖို ့ အလှမ်းဝေးနေပါသေးတယ်။ မြန်မာတွေပဲ လုပ်ကိုင်နေတဲ့ စက်ရုံတွေလဲ ရှိတာပဲလို ့ ကပ်သပ်ပြီး ပြောရင်တော့ ရနိုင်ပေမဲ ့ မြန်မာတွေပဲ အုပ်ချုပ်တဲ့ စက်ရုံတွေမှာ အဓိက အားနည်း
ချက်တွေက  (၁) တလွဲ မာနထားခြင်း (၂) မိမိလောက် ဘယ်သူမှ မတတ် ဟု ယူဆထားသောကြောင့် မိမိ မသိရှိသေးသော အကြောင်းအရာအား အခြားတယောက်မှ ပြောပြလျင် နဂိုထဲက သိထား သလို ပုံစံလုပ်ပြီး ဆန် ့ကျင်
ဖက် ပြောခြင်း (၃) မိမိထက် သူတပါး ပိုမိုတတ်မြောက်ပြီး နေရာလုသွားမည်ကို စိုးရိမ်သဖြင့် အမြဲတစေ ဆရာစား ဝှက်ဖဲ ထားခြင်း  (၄) အထက်အရာရှိအား အလွန်အမင်း မင်းကြီးကြိုက် ရွှေဘောတော်ကျ ပြောပြီး လက်အောက်
ငယ်သား အား မတရားဖိနှိုပ်ခြင်း (၅) မိမိအား အိမ်တိုင်ရာရောက် ပညာဝေမျှပေးနေခြင်းအား မသိခြင်း (သို ့) မယူတတ်ခြင်း (၆) တာဝန်ခံများ မိမိ နှင့် ပတ်သပ်ရာ ပတ်သပ်ကြောင်း ဆွေမျိုးများအား အရည်အချင်း မရှိပဲ ဆွဲသွင်း
ထားပြီး အရည်အချင်း ရှိသူများအား လုပ်ကွက် နှိမ်ထားခြင်း (၇) မိမိ၏ အလုပ် အပေါ် တာဝန်ယူတတ်မှု အသိစိတ်ဓါတ် မရှိခြင်း (၈) ပြသာနာ ဖြစ်ပေါ်လာလျင် မိမိသည် တာဝန်ခံဖြစ်နေသော်လည်း သူတို ့မှားတာ သူတို ့လုပ်
တာဟု  လက်အောက်ငယ်သားများအား လွှဲချတတ်ခြင်း (၉၅%)  (၈) မြန်မာ အချင်းချင်း အလွန်အမင်း မခန် ့လေးစား ဆက်ဆံတတ်သော်လည်း နိုင်ငံခြားသား ဆရာဆိုသည်များအား ဟုတ်သော်ရှိ မဟုတ်သော်ရှိ လိုအပ်
သည်ထက် ပိုပြီး မျက်နှာလို မျက်နှာရ ဆက်ဆံတတ်ခြင်း  စသည်ဖြင့် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သည်။

4 comments

  • bigcat

    February 23, 2011 at 5:18 am

    သက်ဆိုင်ရာ ဝက်ကြီးဌာနကနေ ခွဲတမ်းနဲ့ မြန်မာလူမျိုး တွဲဖက်ပညာရှင်တွေခန့်နိုင်အောင် ဥပဒေထုတ်နိုင်ရင် ကောင်းမယ်ထင်ပါတယ်။ ခက်တာက ဥပဒေဆိုတာ စာထဲမှာပဲရှိတဲ့နိုင်ငံမှာ ဘာပဲလုပ်လုပ် တကယ်လုပ်ရင် လမ်းချော်ထွက်ကုန်တာပါပဲ။ ဆွေမျိုးသားချင်းကောင်းစားရေး၊ အကျင့်ပျက်ချစားမှု၊ ကြီးနိုင်ငယ်ညှင်းစတာတွေအတွက်ပဲ လမ်းပေါက်ထွင်ပေးသလို ဖြစ်သွားဖို့များတာမို့ပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 23, 2011 at 5:27 am

    နိဂုံးအနေနှင့်
    အာဏာရှင်နှင့် ပေါင်းသင်းသော အရင်းရှင်လူတစ်စုကို
    တွန်းလှန်နိုင်သော အကြောင်းတရားများ
    မရှိနိုင်ခြင်းဟူသော
    အချက်ကလေးများလိုနေသလားလို ့
    ပြောကြည့်ဒါ။

  • KoNyeinChan

    February 23, 2011 at 5:54 am

    Post ပါ အချက်များစွာတို ့သည် မှန်လေစွ.. မှန်လေစွ..
    မိုက်ကယ်ဂျော်နီအောင်ပု@ ဒေါက်.ဒေါက်..ဒေါက်(ညအချိန် အိမ်တံခါးလာခေါက်သံ).. ညီလေးအောင်ပုရေ.. ကိုယ်တို ့ကိစ္စလေးတစ်ခုရှိလို ့စခန်းကို လ္ဘက်ရည်သောက်လိုက်ခဲ့ပါကွာ.. 😀

  • etone

    February 23, 2011 at 6:23 am

    နိုင်ငံခြားသား technician တွေ ဦးဆောင်မှာပေါ့ … ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံသူ အများစုက နိုင်ငံခြားသားတွေမို့ပါ ။ boss က လည်း ငလည်ပဲလေ … သူ့လူမျိုးသူထားမှာပေါ့ … ။ မြန်မာ နိုင်ငံသားတွေလည်း သူတို့လို နေရာ ရောက်နိုင်ပါတယ် … ။ ဒါပေမဲ့ .. လူမျိုးမတူတာကြောင့် တတန်းနိမ့် ဆက်ဆံခံရတကြောင့် technician ရာထူးမျိုးမရတာပါ .. ။ နေရာသာ မရတာပါ .. ဒိုးတူ ဘောင်ဘက် လုပ်ကိုင်နိုင်တဲ့ ၊ လုပ်ကိုင်နေကြတဲ့ တို့လူမျိုးတွေ အများကြီး ရှိပါတယ် …။

    P.s ဆရာကြီး ဒီရက်ပိုင်းအတွင်း အထည်ချုပ်လုပ်ငန်းကို အတော် သဘောတွေ့နေပုံရတယ် 😀

Leave a Reply