ဦးတေဇ ကယ်ရန် ထိုင်းက ရဟတ်ယာဉ်ငှား

zaw mgFebruary 23, 20111min996

ဦးတေဇ ကယ်ရန် ထိုင်းက ရဟတ်ယာဉ်ငှား

Wednesday, 23 February 2011 15:15 
E-mail Print

ကချင်ပြည်နယ် ရေခဲတောင်ပေါ်တွင် ပိတ်မိနေသည့် ဦးတေဇကို ကယ်နိုင်ရန် ထိုင်းနိုင်ငံမှ ငှားရမ်းထားသည့် ရဟတ်ယာဉ်တစီး ချင်းမိုင်မြို့မှနေ၍ မန္တလေးမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ အမြင့်ပေ ၁၂၀၀ဝ အထိ ပျံသန်းနိုင်သည့် ရဟတ်ယာဉ် ဖြစ်သည်ဟု ဆိုသည်။ မြန်မာ့တပ်မတော် (လေ) ရှိ ရုရှားလုပ် ရဟတ်ယာဉ်များသည် အမြင့်ပေ ၁၀၀၀ဝ ခန့်သာ ပျံသန်းနိုင်သည်ဟု သိရသည်။ ကယ်ဆယ်ပြီးပါကလည်း ဦးတေဇနှင့် အဖွဲ့သည် ယနေ့ညနေတွင် ရန်ကုန်မြို့သို့ ရောက်ရှိနိုင်မည် မဟုတ်ဘဲ ပူတာအိုမြို့သို့သာ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း တပ်မတော် (လေ) အသိုင်းအဝိုင်းက ပြောသည်။

6 comments

  • kai

    February 23, 2011 at 10:32 am

    တခါက..တီဗီမှာ (ယူအက်စ်မှာ)တောင်တက်ရင်း.. ပြုတ်ကျတော့ .. ဒဏ်ရာရပြီး … မထနိုင်.. နောက်… လက်ထဲကဖုန်းနဲ့ .. အကူအညီလှမ်းတောင်းတယ်ပေါ့..။
    အဲဒါ… ချော့ပါတွေရော..ကယ်မဲ့သူတွေရော..အင်တိုက်အားတိုက်..သွားကယ်ထုတ်လာတာတွေ့ရတယ်..။

    နောက်တရက်၂ရက်နေတော့ … ရုံးမှာစကားစပ်ရင်…ပြောတော့.. အဲဒီပြုတ်ကျတဲ့သူက… ရုံးကလူရဲ့ မိတ်ဆွေဖြစ်နေတယ်..။
    အဲဒါ… သူကပြန်ပြောတာက.. အဲဒါ..
    ဒေါ်လှ သောင်းဂဏန်း အသာလေးပေးရတော့မယ်ဆိုသတဲ့..။ အာမခံမယူထားတေ့ာ အကုန်ကိုယ်က အိပ်စိုက်ပဲ..တဲ့..။

    ပြောချင်တာက..
    ဦးတေဇ ..ပိုက်ပိုက်ရှိတာပဲ..။ ငွေပေးမယ်ဆို ..ယူအက်စ်က .. ကယ်ဆယ်ရေးကပါ.. ကယ်ထုတ်ဖို့ အသင့်ရှိတယ်..လို့ပါ..။ ယိုးဒယားကလည်း .. ကယ်ပေးချင်တာမှ .. ဆပ်စလူးကို ထနေမှာပဲ..။

    အင်း..
    ငွေပေါ့လေ..။

    • bigcat

      February 24, 2011 at 1:58 am

      ဘယ်သူလဲဗျ။ သူ့ကိုdeportation လုပ်ရမယ် ဒါမှမဟုတ် citizenship ပြန်သိမ်းရမယ်…

  • ဆူး

    February 23, 2011 at 10:42 am

    ပိုက်ဆံ ဆိုတာ တော်တော် တန်ခိုးကြီးနေပါလား။

  • char too lan

    February 23, 2011 at 3:06 pm

    ကျေးဇူးတင်တယ်ဗျာ…. update လေးတင်ပေးတဲ့အတွက်လေ

  • unclegyi1974

    February 23, 2011 at 4:31 pm

    သားသားကိုမေတ္တာထားကြတယ်လာ့
    ပို့သတဲ့ရွှေမေတ္တာတွေကြောင့်ကျမ္မာစွာရှိကြောင်း
    ပါခင်ဗျာ့

  • nature

    April 7, 2011 at 2:38 pm

    မသေကောင်းမပျောက်ကောင်း၊ ငါချမ်းသာတယ် ငါလိုတာရရမယ် ငါလုပ်တိုင်း ဖြစ်ရမယ်လို့ တက်နေတဲ့မာန်တော့ ကျိုးပြီး တော်တော်လေးထိတ်လန့်ကြောက်ရွံ့သွားမယ်ထင်တယ်။

Leave a Reply