မွန်မြတ်သောအလှု ဒါနလှုဒါန်းလိုလျှင်……………….

nyimalayFebruary 23, 20111min13311

ဆင်းရဲတယ်ဆိုတဲ့နေရာမှာ ထမင်းစားဖို့မပြောနဲ့ ထမင်းရည်ကိုနပ်မှန်အောင်မသောက်နိုင်လောက်အောင်ဆင်းရဲတဲ့သူတွေရှိတယ်ဆိုရင် မယုံတဲ့သူရှိနိုင်မလား။ တစ်နေ့က ပိစိကွေး Taxi ငှားစီးတယ် ခရီးကလည်းနည်းနည်းဝေးတော့ ကားဆရာနဲ့ အလာပသလာပ စကားပြောတယ်ပေါ့နော်။ လှည်းတန်းမီးပွိုင့်မှာ ပိုက်ဆံတောင်းတဲ့ကလေးတစ်ယောက်က ပိုက်ဆံလာတောင်းတယ်။ ပိစိကွေးက ပိုက်ဆံပေးမယ်လုပ်တော့ ကားဆရာဦးလေးကြီးကပြောတယ် မပေးနဲ့သမီးတဲ့ ကလေးတွေ အကျင့်ပျက်တယ်တဲ့။ အဲ့ဒီကနေစပြီး ဒီကနေ့ခောတ်မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းအကြောင်းတွေ ပြောဖြစ်ကြတယ်ပေါ့နော်။ ပိစိကွေးမကြားဘူးတာတွေလည်းကြားခဲ့ရတယ် ပိစိကွေးလေ လုံးဝစိတ်မကောင်းဘူး။ မျက်ရည်တောင်ကျမိတယ်။ ကားဆရာဦးလေးကြီးပြောပြတာက ဟိုတလောက လှိုင်သာယာကို ခရီးသည်တစ်ယောက်လိုက်ပို့တာ လမ်းဘေးမှာ ရေသန့်ဘူးထဲမှာ အရည်ဖြူဖြူလေးတွေထည့်ရောင်းနေတာတွေ့တော့ ဦးလေးက ထန်းရည်ရောင်းတယ်ထင်ပြီးဆင်းဝယ်တာ ရောင်းနေတဲ့ ကလေးမလေးကပြောတယ် ဦးလေး ဒီဘက်ကိုရောက်ဘူးဘူး နဲ့တူတယ် ဒါက ထမင်းရည်ရောင်းတာတဲ့ အဲ့ဒီတော့ ဦးလေးတော်တော်ကိုအံဩသွားတယ်တဲ့ ဒါနဲ့ ဦးလေးကထပ်ပြီးမေးကြည့်တာပေါ့ တစ်ဘူးဘယ်လောက်လည်းဆိုတော့ 100 တဲ့ အဲ့ဒီ100 ကိုတောင် တစ်ဝက် 50 ဖိုး ဝယ် တဲ့ သူ ကလည်းရှိသေးတယ်တဲ့။ အဲ့ဒီဦးလေးပြောတော့ ပိစိကွေးလေ စိတ်ထဲမှာလုံးဝကိုမကောင်းတော့ဘူး။ တစ်နေ့လုံးကိုတကယ်စိတ်မကောင်းဖြစ်ရတယ်။ ပိစိကွေးရဲ့အားနည်းချက်က သူများကိုအရမ်းသနားတတ်တယ်။ ပိစိကွေး ဆီပိုက်ဆံလာတောင်းရင် တောင်းတဲ့သူတိုင်းရတယ်။ ကိုယ့်ကိုယ်ကို ဂုဏ်ဖော်ပြီးပြောတာမဟုတ်ပါဘူး။ ပိစိကွေး ရဲ့ခံယူချက်က ကိုယ့်မှာ လက်ထဲမှာ ပိုက်ဆံပြတ်သွားရင်တောင် တောင်းစရာ အဖေ အမေ မောင်လေး အဒေါ် ဦးလေးတွေ ရှိသေးတယ်။ နောက်ဆုံးဘယ်သူမှမပေးရင်တောင် သူငယ်ချင်းတွေဆီက ခဏယူလို့ရတယ် သူတို့မှာ ဘယ်ကသွားတောင်းမလဲပေါ့နော်။ ပိစိကွေး လက်ထဲမှာ ဘယ်လောက်ပဲကျန်ကျန်ပေးတယ် ပေးတယ်ဆိုတဲ့ထဲမှာကလည်း ကလေးတွေဆိုရင်တော့ တော်ယုံမပေးပါဘူး။ အသက်ကြီးတဲ့ အမေကြီးတွေ အဘကြီးတွေ တကယ်ကို ခြေလက်တွေမကောင်းတဲ့သူတွေ အလုပ်လုပ်ဖို့အစဉ်မပြေတဲ့သူတွေကိုသာပေးတာပါ။ တချက်ပေါ့နော် လူတွေကိုသိစေချင်လို့ ဒီပိုစ့်လေးကိုတင်လိုက်တာပါ။ ဥပမာ မွေးနေ့တွေဘာတွေ မိဘမဲ့ဂေဟာတွေဘာတွေသွားလှုခဲ့ကြရင် မရှိတဲ့နေရာ တကယ့်ကိုရှားပါးပြီး အခုလိုမျိုးဖြစ်နေတဲ့နေရာတွေကိုပါသွားလှုပေးရင်ဘယ်လောက်များသူတို့တွေပျော်ရွင်လိုက်ကြမလဲပေါ့နော်။ နောက်ဆုံး မိဘမဲ့ ဂေဟာကမှ လှုမဲ့သူမရှိရင်တောင်မှ အချိန်တန်ရင်စားရမယ်ထင်တာပဲ။ ဒီလိုမိသားစုမျိုးတွေကို အလှုအတန်းတွေလုပ်စေချင်ပါတယ်။ ကုသိုလ်လည်းတော်တော်ရမှာလေ ဟုတ်တယ်မလား။

သူကြီးအပါအဝင်ရွာသူရွာသားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။ 🙂

11 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 23, 2011 at 5:32 am

    အဲ့သည်ထမင်းရည်ရောင်းတဲ့အကြောင်းလေးတွေကို
    ဓာတ်ပုံလေးတွေနဲ ့တင်ပေးနိုင်ရင်
    အရမ်းကောင်းမယ်
    တစ်ခုတော့ရှိသေးတယ်
    ဟို
    ဟန်တစ်လုံးပန်တစ်လုံးနဲ ့
    နေပြည်တော်ကကောင်တွေသိရင်
    သိက္ခာကျတယ်ဆိုပြီး
    အရေးယူမှုတွေလည်းသတိထားကြဦး

  • nyimalay

    February 23, 2011 at 5:44 am

    ပိစိကွေးက ကိုယ်တိုင်တွေ့မြင်ရတာဆိုရင်တော့ ဓာတ်ပုံရိုက်ခဲ့မှာပေါ့ အဘပုရဲ့ …… အခုဟာက Taxi ကားဆရာဦးလေးကြီးပြောပြသွားတာ………..

  • bigcat

    February 23, 2011 at 5:46 am

    ပိချိကေးဆီက ကိုကြောင် ၁၅၀ဝတောင်းချင်တယ်။ ပိချိဘဲနာကိုတော့ နစ်နာကြေး ၅၂၈လောက် ပေးလိုက်ပေါ့။ တောင်းတာမှမရရင် ကိုကြောင်ခင်မျာ သေရပါတော့မယ်၊ သနားပါအုံး။ 🙁

  • nyimalay

    February 23, 2011 at 5:54 am

    အင်း………. သနားပါအုံးဆိုတော့…..စဉ်းစားပေးရမှာပေါ့ …… စဉ်းစားပေးမယ်နော်….. 😛
    သူ့ကိုအရင် နစ်နာကြေး 528 ပေးမယ် နင်ကြေနပ်လားပေါ့ အရင်မေးလိုက်အုံးမယ်လေ…….. အို……….. သူကြေနပ်တာမကြေနပ်တာ အရေးမကြီးပါဘူး ဟုတ်တယ်မဟုတ်လား 🙂 😉 😀

  • researcher

    February 23, 2011 at 6:15 am

    အဲဒီ ထမင်းရည်တွေကို ဘာလုပ်တာလဲ အသေအချာ စုံစမ်းကြည့်ကြပါဦး၊ တချို့မြို့နယ်တွေမှာ အထူးသဖြင့် ရန်ကုန်မြို့ အစွန်အဖျားမြို့နယ်က နေရာအချို့မှာ မီးသွေးအကြေတွေကို ထမင်းရည်နဲ့ ရောနယ်ပြီး အတောင့်လေးတွေလုပ်၊ နေလှမ်းပြီး မီးသွေးတောင့် လုပ်ရောင်းတာ၊ တွေ့ဖူးပါတယ်။ ထမင်းရည်ကို ကော်သဘောမျိုးအသုံးချကြတာပါ။ လှိုင်သာယာတို့ ၊ ဒဂုံမြို့သစ်တို့၊ ရွှေပြည်သာတို့ရဲ့ အချို့နေရာတွေ မှာ တွေ့ဖူးပါတယ်။ နောက်ပြီး အဲဒီမြို့နယ်တွေမှာပဲ ဝက်မွေးတဲ့သူတွေက ဝက်စာအတွက် ထမင်းရည်လိုက်ရှာပြီး တောင်းကြပါတယ်။ ဝက်စာအတွက်တော့ ထမင်းရည်တစ်ဗူး ၁၀ဝ ရာက တွက်ချေမကိုက်ဘူး။ ဒါကြောင့် ပလပ်စတစ်ဗူးနဲ့ထည့်ရောင်းတဲ့ ထမင်းရည်ကို လူတွေသောက်တာလား၊ ဘာအတွက်အသုံးပြုကြတာလဲ အသေအချာ စုံစမ်းကြည့်တာကောင်းပါတယ်။ ရေသန့်ဗူးနဲ့ တဗူး ၁၀ဝ ဆိုတော့ မတန်ဘူးပေါ့၊ တကယ်စားစရာမရှိဘူး ဆိုရင် နို့ဆီဗူးတစ်လုံးကို ၁၀ဝ လောက်ပဲ ပေးရတဲ့ ဆန်မျိုးကို ဝယ်ပြီး ဆန်ပြုတ်ပြုတ်သောက်ရင်တောင် အများကြီးရတယ်။ ထင်းဖိုးတော့ထပ်ကုန်တာပေါ့၊ ထမင်းရည် ဝယ် သောက်တာနဲ့ ဆန်ပြုတ်ပြုတ်သောက်တာ ဘယ်ဟာတွက်ချေကိုက်သလဲ၊ ထမင်းမစားနိုင်လို့ ထမင်းရည်ဝယ်သောက်ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒီအကြောင်းကို BBC ကလားမသိဘူး၊ တခါလွှင့်ဘူးသေးတယ်။ တကယ်ပဲ ထမင်းရည် ဝယ်သောက်နေရတယ် ဆိုရင်တော့ ချက်ပြုတ်စားသောက်ဖို့ရာ အိုးတောင်မရှိတဲ့ လူတန်းစားအလွှာတစ်ရပ်ရဲ့ဖြစ်ရပ်တွေပဲဖြစ်မှာပါ။ သနားတာ၊ မသနားတာကတော့ လူတဦးချင်းစီရဲ့ ခံစားမှုပါ။ တချို့ကိစ္စတွေက ခေတ်၊ စနစ်ကိုချည်းပဲလွှဲချလို့မရပါဘူး၊ မိမိကိုယ်သာကိုးကွယ်ရာ ဆိုသလိုပဲ ကိုယ် ကိုယ်တိုင် ရဲ့ ကံ၊ ဉာဏ်၊ ဝိရိယ ကြိုးပန်းအားထုတ်မှု ဘာတစ်ခုမှ မပါပဲ ပြည့်စုံခြင်းတွေ ဖြစ်မလာနိုင်ပါဘူး။

  • etone

    February 23, 2011 at 8:22 am

    အီးတုံး လှိုင်သာယာ တစ်ခွင် သွားနေတာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ထမင်းရေ သောက်ရလောက်အောင် အထိ ဖြစ်နေတဲ့ မိသားစုတော့ မတွေ့ဖူးပါဘူး … ။ အကြွေးတွေ ထူနေတဲ့ မိသားစုတွေတော့ရှိတာပေါ့.. လခမထုတ်ခင် ချေးငှားရတာ ၊ ပြ ီးတော့ ပြန်ဆပ် .. နောက်ထပ်ယူနဲ့ သံသယာလည်တာတော့ တွေ့ဖူးတယ်… ။
    Taxi သမားပြောသလိုရှိလည်း ရှိနိုင်တယ် … ။ မရှိလည်း မရှိနိုင်ဘူးနော် … ။ ကိုယ်တိုင်မမြင်ခဲ့ဖူးလို့ပြောတာာပါ ….. ။

  • naywoonni

    February 23, 2011 at 1:09 pm

    ဘာပဲဖြစ်ဖြစ်လေ ဘယ်သူမပြုမိမိမှုပါပဲ။ ကံမရှိ ဉာဏ်ရှိတိုင်းမွဲနေတာတွေရှိသလို ဉာဏ်မရှိ လို့ ကံရှိတိုင်းမွဲနေတဲ့သူတွေ တစ်ပုံကြီးပဲ။ ကိုယ်တွေသာ အင်တာနက်ဆိုင်မှာ မင်ဘာ နာရီငါးဆယ်ထည့်လိုက် တစ်ရာထည့်လိုက်နဲ့ လူတစ်ချို့ဆို ပိုက်ဆံလေး ငါးဆယ် တစ်ရာကို တွက်နေကြရတာ..။ သေချာအောင် စူးစမ်းပြီး ထပ်တင်ပေးနိုင်ရင်ကောင်းမယ်

  • MaMa

    February 23, 2011 at 2:42 pm

    Resecrcher ကို ထောက်ခံပါတယ်။ အဲဒါ သဘာဝကျတယ်။ Like or Dislike လုပ်လို့မရလို့ မန့်လိုက်တာ။

  • weiwei

    February 23, 2011 at 2:43 pm

    ပိစိကွေးပေးတဲ့ ခေါင်းစဉ်က နဲနဲတော့ လွဲနေတယ် …
    ရှေးလူကြီးတွေပြောဖူးတဲ့ စကားပုံတစ်ခုကို သတိရမိတယ် ..
    ဆင်းရဲသားတစ်အိမ်ထောင်ကို သူဌေး ၁ဝ အိမ်ထောင် ထောက်ပံ့လို့တောင် မလောက်နိုင်ဘူးတဲ့ ….

  • intro

    February 24, 2011 at 9:38 am

    အတော်ပဲ…. သုံးစရာ ပြတ်သွားရင် ပိစိကွေး ဆီမှာ ပိုက်ဆံ ချေးရမယ်… ဟဲဟဲ

  • bigbird

    February 24, 2011 at 1:57 pm

    ဘာပဲဖြစ်ဖြစ် သနားတက်တဲ့စိတ်လေးကိုတော့ ချီးကျူးပါတယ်။

Leave a Reply