ဘ၀ဆိုတာ လောကကြီးမှာ ပျော်ရွင်မှုတွေ ၀မ်းနည်းမှုတွေ ကြေကွဲမှုတွေ အားငယ်မှုတွေ တက်ကြွမှုတွေ နဲ့ ပြည့်နေတယ်လို့ လူတွေကပြောကြတယ်……… ငါ့ဘ၀မှာကတော့ဘာလို့များ ၀မ်းနည်းမှုတွေ ကြေကွဲမှုတွေ အားငယ်မှုတွေ နဲ့ပဲပြည့်နေရတာလည်း ကံကောင်းခြင်းဆိုတာတွေက ငါ့အတွက်မရှိတော့ဘူးလား……….. ဘ၀မှာသိတတ်ပါပြီဆိုကတည်းက ကြေကွဲမှု ၀မ်းနည်းမှု နာကျင်မှု တွေနဲ့ပဲကြီးပြင်းလာရတဲ့ ငါကအရင်ဘ၀ကဘယ်သူတွေကိုများဘာလုပ်မိခဲ့လို့လည်းဆိုတာ သိချင်လိုက်တာ………… လောကကြီးမှာ လူတွေဟာ ဘာလို့ ကိုယ်ချင်းစာတရားနည်းပါးကြရတာလည်း……….. လူတိုင်းမှာ ကိုယ်ချင်းစာမှုဆိုတာသာရှိမယ်ဆိုရင် ဘယ်သူမှ စိတ်ညစ်စရာမလိုတော့ဘူးဆိုတာကို လူသားတိုင်းနားလည်ရင်ဘယ်လောက်ကောင်းမလဲနော်……. အမှန်တရားဆိုတဲ့ အရာက လူတွေရဲ့ပါးစပ်ဖျားမှာသာရှိတာပါ………. တကယ်တမ်းဆိုရင် အဲ့ဒီလို အမှန်တရား အမှန်တရားလို့အော်နေတဲ့သူတွေ ကိုယ်တိုင်ကိုယ်က မတရားလုပ်ချင်နေကြတယ်ဆိုတာ ကိုလူတိုင်းကသိနေရဲ့သားနဲ့ဘာလို့  ခံစားရတဲ့သူတွေဘက်ကနေရပ်တည်မပေးနိုင်ကြရတာလည်း………. စဉ်းစားမိပါတယ် ခုခောတ် လောကကြီးမှာ မတရားလုပ်တဲ့သူတွေ အတွက်ပဲ နေရာရှိတာလားဆိုတာကို………. ၀ဋ်ဆိုတာလည်တတ်တယ်တဲ့ ငယ်ငယ်က လူကြီးတွေကဆုံးမတယ်…………. အဲ့ဒီဝဋ်ဆိုတာက ဘယ်တော့ဘယ်အချိန်မှာ လည်တာလည်း လည်မှာလည်း………. ဘ၀တွေမှာ ကြေကွဲဝမ်းနည်းမှုတွေ ကြောင့် လူသားတွေမျက်ရည်တွေကျကြရတယ်…………. မျက်ရည်တွေ ဟာ ငိုစရာမရှိရလောက်အောင် ကို ခြောက်သွေ့နေတဲ့သူတွေလည်းမရှိနိုင်ဘူးလို့ဘယ်သူပြောနိုင်မလဲ…………….. လောကကြီးကမတရားဘူး…………….. မတရားလုပ်တဲ့သူတွေအကုန်လုံးကိုမုန်းတယ်…………. မုန်းတယ်…………

About nyimalay

nyimalay has written 61 post in this Website..