ဖလားဝါးနယူး ဂျာနယ် Vol7 , အတွဲ 4 ပါ စာသားအချို့

etoneFebruary 23, 20111min966

ဖေဖော်ဝါရီ လဆန်းပိုင်းတုန်းက ဖလားဝါးနယူး ဂျာနယ်ဖတ်ပါတယ် … စိတ်ထဲ သိပ်ဘဝင်မကျတာနဲ့ ဓါတ်ပုံလေးရိုက်ပြီး ပို့စ်တင်လိုက်တယ်…..။ မီးလောင်တဲ့ အကြောင်းလေးပါ .. ။ မီးစလောင်တဲ့ အချိန်က 11နာရီ 45 ပါတဲ့ … မီးသတ်ကားနဲ့ မီးသတ်ကလူရောက်လာပြီး ကူညီငြိမ်းသတ်တာ 11နာရီ50မှာပါတဲ့… အဲ… မီးငြိမ်းတဲ့ အချိန်လည်း ကျရော .. 11နာရီ 47မိနစ်ပါတဲ့.. ။ ဒါဆို မီးသတ်မလာခင်ကတည်းက မီးငြိမ်းသွားခဲ့တာလား …။ အချိန်တွေပဲ မှားရေးမိတာလား စဉ်းစားစရာဖြစ်နေလို့ .. ရွာသူရွာသားတွေရော ဘယ်လိုထင်လဲ ဆွေးနွေးကြပါဦး ။ အပေါ်မှာ ပုံတွေပါပါတယ်.. ဂျာနယ်ကရေးထားတာကို ဓါတ်ပုံရိုက်လာတာပါ … ။ မြင်ရလား မသိဘူးနော် … ။

6 comments

  • etone

    February 23, 2011 at 9:39 am

    ဟယ်တော့ .. ပုံတွေက ဘာဖြစ်နေတာလဲ မသိဘူး စိတ်လေတယ် .. ။
    နောက်ပြီး … စာတွေက လည်း ပိစိလေးတွေဖြစ်နေတယ် … ။

  • ယောလေး

    February 23, 2011 at 9:48 am

    မီးက မီးသတ်ကားမလာခင် ရပ်ကွက်ကလူတွေသတ်လို့အရင်သေတာဖြစ်မှာပေါ့…ဟီးးဟီးး
    ပြီးမှ မီးသတ်နာမည်ခံလိုက်တာ…ဟားဟားး
    ဇာတက ဝတ္ထုထဲကလိုလေ…

  • kai

    February 23, 2011 at 9:50 am

    စာပြန်ပြင်ပေးလိုက်ပါတယ်ကွယ်..။

    မီးစလောင်တာက ..၄၅မိနစ် ..ငြိမ်းသွားတာက ..၄ရ မိနစ်ကတော့ သိပ်မဟုတ်ဖူးထင်တယ်..။ ၂မိနစ်ပဲလောင်တဲ့ သဘောဖြစ်နေတာမို ့… အဲဒီမီးငြိမ်းချိန် မှားသွားတာနေမှာပါ..။

    မှားတဲ့အခါလည်း မှားပေမပေါ့..။

    • etone

      February 23, 2011 at 10:04 am

      မီးငြိမ်းတာ ၂မိနစ်ဆိုတာလည်း ဖြစ်နိုင်ပါတယ် .. ဘာလို့လဲဆိုတော့ လောင်သွားတာ မီးဖိုချောင်က ကြောင်အိမ်တစ်လုံးထဲမို့ပါ… ။ မီး အသေးစားလား ၊ အကြီးလားမသိပဲ သွားတဲ့လူနဲ့ မီးသတ်ကားက ပိုများများနေသလားလို့ ဘဝင်မကျတာနဲ့ ဆော်လိုက်တာ ။

  • cobra

    February 23, 2011 at 10:04 am

    ဘယ်သူမှားတာလဲ….
    ဂျာနယ်ကမှားတာလား
    မီးလောင်တာကမှားတာလား

  • naywoonni

    February 23, 2011 at 12:20 pm

    ပြောချင်ပါဘူး မီးလောင်တာကိုလှမ်းမြင်နေရတဲ့ နေရာရောက်ကာမှ ပျက်တဲ့ မီးသတ်ကားလည်းရှိသေးတယ်။ လောင်တာက ကွင်းပြင်ထဲမှာမို့သာပေါ့ နို့မို့ဆို အားလုံး ပြာချပြီးသား ဟိုတစ်လောက နေပြည်တော် ဓါတ်ဆီ ဆိုင်မှာလောင်တုန်းကပြောပါတယ်။

Leave a Reply