G-talk and Myanmar Teens

zoxnetApril 23, 20101min1166

G- talk Friend List တွင် လူဦးရေ များခြင်းသည်၊ မိမိအသိထဲတွင် ပညာများခြင်းထက် ပိုမို မွန်မြတ်သည်ဟု ယခုခေတ် လူငယ်တွေ ယုံကြည်နေကြသည် ထင်သည်။ နှစ်နဲ့ချီကာ ဂျီတော့ခ် သုံးရင်းဖြင့် တိုးတက်လာသော အသိပညာများ ရှိမရှိ သူတို့ မစိစစ်မိခဲ့ကြပေ။ ငါ့မှာ လူ ၁၀၀ဝ ကျော်ရှိတယ်၊ နင့်မှာ လူ ၇၀ဝ လောက်ပဲ ဟူ၍သာ အချင်းချင်း ဂုဏ်တု၊ ဂုဏ်ပြိုင် လုပ်နေကြပေသည်။ တော်တော် အတုယူစရာ၊ အားကျစရာ ကောင်းသည်ဟု သူတို့ထင်နေကြပါသည်။ အင်တာနက် ကွန်ယက်တွင် ရယူစရာ အသိပညာများ အနှိုင်းအဆမရှိ ရှိပါသည်။ ကွန်ယက်ကို အကျိုးရှိစွာ သုံးသူများအားလုံး သိနှင့်ပြီးသားပင် ဖြစ်ပါသည်။ သို့ပေမင့် ထိုအရာများကို သူတို့ လစ်လျူရှု ထားကြပါသည်။ အရေမရ၊ အဖတ်မရ တွေနှင့်သာ အချိန်ကုန်နေပါသည်။ ငွေတွေ ဖြုန်းတီးနေကြပါသည်။ ပိုက်ဆံမရှာတတ်သေးသော အရွယ်မှစကာ၊ လူကြီးလူကောင်း ဂိုက်ဖမ်းထားသူများလည်း ပါဝင်ကြပါသည်။ နားကြားပြင်းကပ်စရာ၊ ဆောင့်ကန်ချင်စရာ စကားလုံးများနှင့် ပြစ်ချွဲပြစ်နှစ်စွာ ဂျီတော့ခ် နှင့် ဗွီဇီအို ရှေ့တွင် လူငယ်၊ လူကြီးများ ပြောဆိုဆက်ဆံ နေကြပါသည်။ ထိုအချိန်များတွင် သူတို့တွေအတွက် ဘာရလိုက်သည်ကို သူတို့ပင် သိကြပါသည်။ ထိုမှစကာ အနောက်နိုင်ငံများတွင် ဖြစ်ပွားနေသော Sexual Attack သည်လည်း ကျွန်ုပ်တို့ထံသို့ တဖြေးဖြေး ချဉ်းကပ်လာနေပါသည်။ ထို ဂျီတော့ခ်ချည်း သက်သက်အား နှစ်ရှည်လများ အသုံးပြုနေသူများအား တန်းစီခိုင်းက ကွန်ပျူတာ သို့မဟုတ် အိုင်တီနှင့် ပတ်သက်သော အသေးအဖွဲ ပညာရပ်လေး တစ်ခုအား မေးကြည့်မည် ဆိုပါက မည်သူတစ်ဦးတစ်ယောက်မှ ဖြေကြားနိုင်မည် မဟုတ်ကြောင်း ကျွန်တော် ရဲရဲကြီး ပြောရဲပါသည်။ USB မထိုးတတ်၊ Shutdown မချတတ်သော ထိုသူများသည် ဂျီတော့ခ်မှပင် လင်မယား ဖြစ်ကာ အလွန်နိမ့်ကျသော ဘဝများကို တည်ထောင်နေကျပါသည် ခင်ဗျား။

6 comments

  • kopauk mandalay

    April 23, 2010 at 3:30 pm

    ညီလေးရေ
    ညီလေးပြောတာ သိပ်မှန်ပါတယ်
    ကျနော်နဲ.ခံစားချက်ချင်းတူတယ်။
    ဒါကြောင်. ချက်တင်ချစ်သူဆိုတဲ.ကဗျာလေးရေးပြီးတင်ဘူးတယ် ။
    ဒါပေမဲ. မိတ်ဆွေကောင်းလေးတွေနဲ. အကြံဉာဏ်ဖလှယ်လို.လဲရနိုင်တယ်ဆိုတာကိုလည်း ပစ်ပယ်လို.မရပါညီရေ။

  • Garuda

    April 24, 2010 at 7:52 am

    thats a good article. thats what is happening in Myanmar. how can a country with that kind of ppl be developed.

  • susunosuki

    April 24, 2010 at 10:24 am

    မှန်ပါတယ်
    ဒါလိုမသိတဲ့သူတွေကို သိတဲ့သူတွေက ပြောပြပေးရင်
    သူတို့ရသင့်ရ ထိုက်တဲ့သုတ ကိုရမှာပါ

  • မန်း ရိပ်

    August 23, 2010 at 1:44 pm

    မှန်တယ်ဗျာ
    သိပ်ကိုမှန်တယ်
    တွေးကြည့်မယ်ဆိုရင် ရင်လေးစရာပဲနော်

  • Pyaung Gye

    August 23, 2010 at 6:47 pm

    သိပ်ပြီးမှန်မနေကြနဲ့အုံး
    မကြသေးခင်က ဒါမျိုးတင်လိုက်လို့
    ပက်ပက်စက်စက် အပြောခံလိုက်ရတာတွေ့လိုက်ရတယ်

  • leohero

    October 10, 2010 at 10:43 am

    မြန်မာပြည် အင်တာနတ်ဆိုင်ကိုဝင်ကြည့် သုံးနေတဲ့လူရဲ့ ၉၉ရာခိုင်နှုန်းက ချက်တင်ပဲ …. ဒီလိုချည်းပဲဆို နောက်ကျရင် ရွှေနိုင်ငံတော်ကြီးဘယ်လိုလုပ်မှာလည်း ……

Leave a Reply