အလုပ်ရှင်ကျင့်ဝတ် ၅-ပါး…….အလုပ်သမားကျင့်ဝတ် ၅-ပါး

zaw mgFebruary 23, 20111min1865

အလုပ်ရှင်ကျင့်ဝတ် ၅-ပါး

ဝစွာ ကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊ မချွတ် ငါးခုသာ။ (၁) မိမိအလုပ်သမားကို ဝလင်စွာ ကျွေးမွေးရခြင်း၊ (၂)သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေပြီး သင့်လျော်သောအချိန်၌ ခိုင်းစေရခြင်း၊ (၃) မကျန်းမမာသောအခါ၌ ရောဂါပျောက်အောင် ကုသပေးရခြင်း၊ (၄) ထူးဆန်းသော အစားအစာကို ရသောအခါ ဝေငှပေးကမ်းရခြင်း၊ (၅) ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက် စသောအခါတို့၌ အခိုင်း အစေ စာရင်းငှား ကျွဲနွားတို့ကို မခိုင်းစေဘဲ အနားပေးရခြင်း၊ အခွင့် လွှတ်ရခြင်း။

အလုပ်သမားကျင့်ဝတ် ၅-ပါး

အိပ်သော်နောက်ကျ၊ ထသော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

(၁) နောက်ကျမှ အိပ်ရခြင်း၊
(၂) အိပ်ရာမှ စောစောထရခြင်း၊
(၃) မိမိအရှင် ပေးကမ်းမှသာ ယူရခြင်း၊
(၄) မိမိအရှင်၏ လုပ်ငန်းများကို မခိုမကပ်ဘဲ စေတနာ ရှေ့ထား၍ စေ့စေ့စပ်စပ် ဆောင်ရွက်ရခြင်း၊
(၅) မိမိအရှင်၏ ဂုဏ်ကျေးဇူးကိုသာ ပြောဆိုရခြင်း။

5 comments

  • MaMa

    February 23, 2011 at 2:22 pm

    သားသမီးဝတ်၊ မိဘဝတ်တွေပဲ ကြားဖူးတယ်။ အလုပ်ရှင်ကျင့်ဝတ်၊ အလုပ်သမား ကျင့်ဝတ်တွေတော့ ခုမှပဲသိရတယ်။ အဲဒီလို သိချင်စရာလေးတွေ တင်ပေးတာ ကျေးဇူးပါ။ ကိုယ်က အလုပ်ရှင်ပဲဖြစ်ဖြစ်၊ အလုပ်သမားပဲဖြစ်ဖြစ် ဒီပို့စ် က အကျိုးပြုပါလိမ့်မယ်။

  • Sweethome

    February 24, 2011 at 3:58 am

    အခုလို Share တဲ့အတွက်ကျေးဇူးပါပဲ..

  • Sweethome

    February 24, 2011 at 4:04 am

    အခုလို Share ပေးလို့ကျေးဇူးတင်ပါတယ်…

  • bigcat

    February 24, 2011 at 4:04 am

    ကြောင်ကျင့်ဝတ်ငါးပါး
    ကြွက်ခုတ်၊ ဟင်းခိုး၊ ကြောင်မကြူ၊ စားပြီးအိပ်၊ ချေးပါသေးပေါက်။

  • ဆူး

    February 24, 2011 at 1:15 pm

    ကြောင် ကျင့်ဝတ် အရ အိမ် လာပြီး ချီးပါ သေးပေါက် အမှိုက်ပုံ ဖွ တာမျိုး မလုပ်ရင်ဘဲ ကျေနပ်ပါတယ်။ တခြားတော့ အပြစ်မတင်ပါဘူး။ ချီးပါ သေးပေါက် အမှိုက်ဖွ ရင် သန့်ရှင်းရေး လိုက်လုပ်ရတာ မောလို့.. ကြောင်ဆို စိတ်ကုန်ခဲ့တာ နှစ်ပေါင်း မနည်းဘူး။

Leave a Reply