People power, Libyan has spoken စစ်အာဏာရှင်ကိုထကြွတော်လှန်ကြ

timothyFebruary 23, 20111min460

Colonel Qaddafi (ဂဒါဖီ) တယောက်ကြောက်ချီးပန်းပြီး တောင်စင်ရေမရပေါက်တပ်ကရကြိမ်းဝါးမိန့်ကြားတာတွေ ဗိုလ်သန်းရွှေတယောက်၊ကြည့်လိုက်ရဲ့လား။

ဂဒါဖီက ရာဇဝတ်အိုးဒုတ်နဲ့ထိုးဆိုသလို၊ လူမိုက်များမိုက်ပြီဆိုတော့အရူးတယောက်လို၊လူအစုလိုက်အပြုံလိုက်သတ်နေပါတယ်။ သူအခုလူအစုလိုက်အပြုံလိုက်သတ်ဖြတ်ဘို့အမိန့်ပေးတာကို တိုင်းပြည်ရဲ့ရုပ်မြင်သံကြားကနေပြီးကမ္ဘာသိကြေငြာနေပါတယ်။

ဘယ်လောက်မိုက်တွင်းနက်သလဲဆိုရင် ခုံရုံးကိုတက်ပြီးကိုယ့်လည်ပင်းကိုကြိုးကွင်းစွပ်နေတယ်ဆိုတာလဲ၊ ရူးသွပ်နေတော့မမြင်နိုင်ဘူး။

ဗိုလ်သန်းရွှေဒါတွေကိုခေါင်းအေးအေးထားပြီးမြင်စမ်းပါ။

လူထုကခင်ဗျားရဲ့ မတရားဖိနှိပ်မှုကိုမနှေးနဲ့အမြန် တော်လှန်ကြလိမ့်မယ်ဆိုတာလဲခင်ဗျားအသိဘဲ.

ဂဒါဖီလို ခင်ဗျားထက်အများကြီးမိုက်ရူးမိုက်ကန်းတဲ့ကောင ်ခုသွေးရူးသွေးတမ်းနဲ့ရှောက်အော်နေရပြီမဟုတ်လား။

လူထုအင်အားကိုတရုပ်၊ကုလား၊ရုရှား ၊န်ုင်ငံတို့လိုအာဏာရှင် ထောက်ခံစုဆောင်းရေးအဖွဲ့အစည်းများ တောင်ထောက်ခံလက်ခံရတာကို၊ ဗမာပြည်သူပြည်သားအားလုံးသတိချပ်စေချင်ပါတယ်။

အီရန်နိုင်ငံလို လူထုဆန့်ကျင်ရေးကိုစစ်ပုလိပ်တျားနဲ့ဖြိုခွင်းသူကတောင်၊ ဂဒါ်ဖီးရဲ့စစ်လက်နက်အကြီးစားများသုံးပြီးသတ်ဖြတ်တာကိုရှုံ့ချနေပြီ။

လူထုတော်လှန်ရေးအင်အားသည်သာပဓါန၊ အမေစုရဲ့ခေါင်းဆောင်မှုတခုထဲနဲ့လူထုတော်လှန်ရေးအင်အားမပါရင်၊ဘယ်သူဘယ်အာဏာရှင်မှမလေးစားဘူး။

အမေစုကပြောထားတာမှတ်မိတယ်မဟုတ်လား။

လွတ်လပ်ရေးရချင်ရင်လူတိုင်းဝင်ပါပြီးတိုက်ယူရမယ်၊ဝိုင်းလုပ်မှရနိုင်မယ်။

ငါလုပ်လဲသေနပ်တွေနဲ့ပြစ်၊ထောင်ကျတာဘဲအဖတ်တင်တယ်။ငါ့စီးပွါးရေးလဲလစ်ဟင်းတယ်။အဲဒီလိုတကိုယ်ကောင်းဆံနေမယ်၊

အမေစုတို့လဲငါတို့အတွက်ဘာမှမလုပ်ပေးနိုင်ဘူး။ အခုတော့လူမှုရေးယောင်ယောင်၊လူမှုရေးကွန်ယက်လိုလို၊ နိုင်ငံခြားကခေါင်းဆောင်တွေနဲ့၊ ဖုံးပြောလိုက်ဘဲတပ်နိုင်တော့တယ်။ အဲဒီလိုခေါင်းဆောင်မပေးနိုင်လို့ငါတို့မလွတ်လပ်တာ၊ အစရှိသဖြင့်ကိုယ်ကတော့ဘေးထွက်ထိုင်၊ ဘာမှလဲမလုပ်ဘဲအချောင်ခိုတွလြဲလဲနေလိုက်သေး၊ ခေါင်းတောင်တွေကိုလဲအပြစ်တင်လိုက်နဲ့၊အဲဒီမကောင်းတဲ့တဘို့ထဲစိတ်မျိုး၊ စည်းလုံးညီညွတ်ချင်းအင်အားကိုပစ်ပါယ်ပြီးအရာရာခေါင်းဆောင်ကောင်းမှ ငါတို့ကောင်းရာရောက်နိုင်မယ်လို့ခေါင်းဆောင်ကိုဘဲအားကိုးပြီး၊ ဘာမှမလုပ်မပြုတ်လုပ်နေသူတွေရှိနေသရွေ့ ဘယ်တော့မှလွတ်လပ်ရေးမရဘူးမှတ်ပါ။

တူနီးရှားနဲ့အီဂျစ်မှာလူထုအုံကြွမှုဖြစ်တာ ဘာခေါင်းဆောင်မှမရှိဘူးဆိုတာ၊ လူထုတော်လှန်ရေးအင်အားတခုတည်းသာ၊

အာဏာရှင်များကိုဖြုတ်ချနိုင်တဲ့၊နျူကလီရာလက်နက်ထက်အဆပေါင်းမရေမတွက်အောင်အစွမ်းထက်တဲ့၊

ဒီလူထုအုံကြွမှုဒီလှိုင်းရဲ့အဖိုးမဖြတ်နိုင်တဲ့တန်ဖိုးကို နားလည်ပြီမဟုတ်လား။

အာဏာရှင်ကိုဖြုတ်ချဘို့ခေါင်းဆောင်တဦးမလိုပါဘူး။ ၂ဦးလဲမလိုဘူး။ခေါင်းဆောင်မလိုဘူးဆိုတာဘဲမှတ်ပါ။

လူထုကိုနှစ်ပေါင်းများစွာဖိနှိပ်အုပ်စိုးမှုကြောင့် စီးပွါးရေးလူမှုရေးနလံမထူနိုင်တဲံ့ဘဝကိုပြည်သူလူထုကြီးချောင်ပိတ်ရောက်ရှိကြတာကစတဲ့၊

လူမှုတော်လှန်ရေးအုံကြွမှုကြီးပါဘဲ။ဒီနေရာမှာဗမာပြည်နဲ့တူတဲ့အချက်ကိုသတိပြုပါ။

လူထုကိုအာဏာရှင်ကစစ်ပုလိပ်များ၊လက်နက်င်ယ်များသုံးပြီးရက်ရက်စက်စက်ဖြိုခွင်းတော့တာပါဘဲ။

ဒဲဒီမှာတင်လူထုရဲံ့ဒေါသကိုထိုးဆွလိုက်သလိုပါဘဲ။

စစ်ပုလိပ်တွေကိုရရာအုတ်ခဲ၊ဒုတ်၊ဒါဒဝါးချွန်များနဲ့သူသေကိုသေလူလူချင်းပြန်ဆော်တော့တာပါဘဲ။

လူထုရဲ့ဒေါသအိုးပေါက်ကွဲတာ ၊ပြန်ချလာတာတွေသိလာတော့ လုံခြုံရေးစစ်ပုလိပ်များလဲအတော်လန့်သွားတာပေါ့။

ဒါကိုသိတဲ့ဒေါသထွက်နေတဲ့ပြည်သူလူထုကြီးက အသေအပြောက်များလာတာကတကြောင်း၊ အာဏာရှင်လက်ပါးစေများ ကြောက်လန့်လာတာကိုမြင်လာတာကတကြောင်းတို့ကြောင့် အာဏာရှင်အပေါ်တသက်လုံးကကြောက်ခဲ့တဲ့ ကြောက်စိတ်တွေပြောက်ချင်းမလှပြောက်လာတယ်။

ဒါဟာ တော်လှန်ရေးအောင်မြင်ဘို့မြေကြီးလက်ခတ်မလွဲဖြစ်စေမဲ့ အဓိကလိုအပ်ချက်ကိုလူထုကြီးရလိုက်တာဘဲ။

အာဏာရှင်အရုပ်ကိုကြိုးစင်တင်တဲ့အရုပ်လုပ်တယ်။

ဓါတ်ပုံကိုမီးရှို့၊ဗိမ္မာန်ကိုမီးရှို့၊အစိုးရရုံး၊ပါတီထာနချုပ်များကိုမီးရှိုးလုပ်ပြီးအာဏာရှင်က်ုမကြောက်မရွံ့စိမ်ခေါ်လာနိုင်ကြတယ်။

လူထုအင်အားကိုယုံကြည်ကိုးစားလာပြီး စည်းလုံးညီညွတ်ခြင်းရဲ့အင်အားအကြောင်း ကောင်းအောင်ကြီးသိလာကြတယ်။

လူထုအင်အားရဲ့စွမ်းပကားထက် မျက်မှုတန်ခိုးအာဏိသင်ကိုမျက်ဝါးထင်ထင်တွေ့ကြရပါပြီ။

စစ်အရာရှိကြီးများ၊အစိုးရအရာရှိကြီးများ၊သံအမတ်ကြီးများ အစုလိုက်အပြုံလိုက်အာဏာရှင်ကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်ပြီး၊

လူထုဘက်တော်သားများအဖြစ်တရားဝင်ကူးပြောင်းလာကြတာပါဘဲ။

အဲဒီမှာလူထုကတခုသတိထားရပါမယ်။

ရပ်ရွာလုံခြုံရေးအတွက်ရွာသူရွာသားများ ကိုယ်တိုင်တာဝန်ယူပြီးကင်းစောင့်ကြပါ။ လူထုကြီးကအာဏာရှင်ရဲ့လက်ပါးစေများ လူထုကြားထဲရောဝင်ပြီးအဖျက်လုပ်ငန်းများပြုလုပ်ခြင်း၊

ငြိမ်ချမ်းစွာဆန္ဒပြနေသောပြည်သူလူထုထဲအထိကရုဏ်းဆူပူမှုများ၊အဖျက်လုပ်ငန်းများလုပ်တာကိုသတိဝရိယထားပြီးစောင့်ဖမ်းကြပ်။ ဆန္ဒပြသူထဲကလုံချုံရေးတာဝန်ယူနိုင်သူများကိုအသီးသီးတာဝန်ပေးနိုငိပါတယ်။

ညဘက်ရောက်ရင်လဲသပိတ်စခန်းထဲကလုံးဝမခွါဘဲအလှဲ့ကြကင်းစောင့်တာဝန်ယူကြပါ။မိမိရဲ့စီးဝိုင်းထဲရန်သူအဝင်မခံရပါစေနဲ့။

စည်ကမ်းသေဝပ်ညီညွတ်မှုအပြည့်ရှိသောစစ်တပ်ကိုရန်သူများကရိုသေလေးစားကြသလိုဘဲ၊

စည်းတမ်ထိမ်းသိမ်းညီညွတ်တဲ့လူထုတော်လှန်ရေးကြီးဟာလဲကမ္ဘာတဝှမ်းနံမည်ကောင်းများရပြီး

အတိုင်းတိုင်းအပြည်ပြည်ကလေးစားမှုကိုထိုက်ထိုက်တန်တန်ရမှာအမှန်ပါဘဲ။

ဒါ့ကြောင့်လဲနောက်ဆုံးမှာစစ်တပ်ကယုံကြည်လေးစားထိုက်တဲ့ပြည်သူလူထုကြီးကိုအကာအကွယ်ပေးရင်း၊

အာဏာရှင်မှာအာဏာလက်လွတ်ထွက်ညေပးကြရတာပါဘဲ။

တရုပ်အစိုးရကနောက်ဆုံးအလေးသာလာပြီးအတိုင်းတိုင်းအပြည်ပြည်ရဲ့လေးစားမှုကိုရရှိလာတဲ့လူထုကြီးကိုအသိအမှတ်မပြုလို့ကိုမရတဲ့

အခြေအနေရောက်လာပါ့မယ်။

လူအသေအပျောက်များလာချင်း၊မိမိရဲ့တိုင်းသူပြည်သားများကိုလက်နက်ကြီးများနဲ့မဆန့်ရင်ကာပြစ်သတ်ခြင်း၊

ဦးတည်ရာမဲ့အဓိပ္ပါယ်မဲ့ချောင်ပိတ်မိလာသော အာဏာရှင်ရဲ့နောက်ဆုံးသတ်ဖြတ်ပြစ်သတ်မဲ့မိန့်ခွန်းစကားများဟာ၊

အာဏာရှင်ကိုအရှင်လတ်လတ်မြေမြိုစေမဲ့အတိပ်ဆိုးနမိတ်ဆိုးများဘဲဖြစ်ပါတယ်။

မိမိရဲ့စွမ်းပကား၊စည်းလုံးညီညွတ်ခြင်းရဲ့လူထုအင်အားကိုနားလည်မှတ်သားကြပါ။

Libya တော်လှန်ရေးကိုအလေးထားပြီးအတုယူစရာကောင်းတွေကိုစောင့်ကြည့်ကြပါ။

ဗမာပြည်ရဲ့အခြေအနေနဲ့ထပ်တူဆင်တူဖြစ်ပါတယ်။

၈၈အရေးတော်ပုံတုံးကစစ်ရုံးရှေ့မှာဒေါသထွက်နေတဲ့ လူအုပ်ကိုအဲဒီတုံးကခေါင်းဆောင်များကဝင်မတားဘဲအဲဒီရုံးကိုဝင်မီးရှို့ရမှာပါ။

လူတွေသတ်နေတဲ့နေဝင်းရဲ့ စစ်ခွေးများကိုပြုံးပြီးကြည့်နေရင်သဘာဝမကြပါဘူး။

ကိုယ့်ကိုစစ်ခွေးများကပိုကိုက်သလိုတူညီသောတုန့်ပြန်မှုနိရာမအရ ဒေါသထောင်းထောင်းထပြီးပြန်လှန်တိုက်ခိုက်ခြင်းဟာ၊

တရားသောဒေါသ ၊တရားသောပြန်လည်တိုက်ခိုက်ခြင်းအင်မတန်သဘာဝကြတဲ့မှန်ကန်တဲ့လုပ်ရပ်ပါဘဲ။

အာဏာရှင်သန်းရွှေကိုလူထုအားနဲ့ မောင်းထုပ်ဘို့ပြည်သူလူထုတရပ်လုံးကိုအားတက်သရောလှုံ့ဆော်လိုက်ရပြန်ပါတယ်။