မပြန်ချင်သေးတဲလမင်း


မနက်ခင်းတစ်ရက် မြူမူန်မူန် အရုဏ်ဦးနေကလဲထွက်ခါနီးအချိန်
အနောက်ဖက်ကိုလှည့်ကြည့်မိတဲ့အခါမှာ သစ်ပင်တွေရဲ့ အကြားမှာ
ပြန်ချိန်ရောက်တာတောင် မပြန်နိုင်ဘဲသံယောဇဉ်တွေကြီးနေတဲ့ လမင်းကို ဝိုးတဝါးတွေ့လိုက်ရပါတယ်။
သိပ်မထင်ရှားပေမယ့် မြင်သာပါတယ်။

6 comments

  • MaMa

    February 24, 2011 at 2:28 am

    ကိုပေါက်လက်ဆောင် အမြင်ဒေါင့်စောင်းစောင်းလေးတွေကို webshot မှာ တင်ကြည့်ပါလား။ Photo resolution တော့ နားမလည်ဘူး။ view လေးတွေကို ကြိုက်လို့။

  • weiwei

    February 24, 2011 at 2:31 am

    ကိုပေါက်အမြင်နဲ့ အတွေးတွေက ကဗျာတော်တော်ဆန်တယ် … အားပေးနေပါတယ် ..

  • kopauk mandalay

    February 24, 2011 at 4:08 pm

    webshot ဘယ်လိုတယ်ရတယ်ဆိုတာလေးကို ကူညီပေးပါလား

  • kai

    February 24, 2011 at 11:18 pm

    ကျုပ်တို့လို အီကွေတာနဲ့ဝေးတဲ့ဒေသတွေမှာတော့.. နေမင်းနဲ့လမင်း ကောင်းကင်မှာတွဲတွေ့ရတာ မထူးဆန်းဘူး..။ 🙂
    မြန်မာပြည်တွင်းက ရိုက်ထားတဲ့ဓါတ်ပုံတွေ ငွေယားလေးရအောင်..ရောင်းပေးလို့ရတဲ့ နည်းလမ်းတော့ စဉ်းစားနေတာပဲ..။

    ရရင်.. ဓါတ်ပုံတွေ ရိုက်တင်ကြပေါ့နော..။

  • MaMa

    February 25, 2011 at 12:45 am

    http://www.webshots.com မှာ member ဝင်ပြီးရင် ကိုယ့်ပုံတွေတင်လို့ရပါတယ်။ free screen saver တွေလည်း အများကြီးရနိုင်တယ်။ တကမာ္ဘလုံးကပုံတွေ တင်ထားတာ လှတာတွေ အများကြီးပဲ။

  • kopauk mandalay

    February 25, 2011 at 2:00 am

    ကျေးဇူးပါ မမရေ…………
    ကျွန်တော်က အင်တာနက်ကို စာရေးရုံလောက်သာ အသုံးပြုတတ်လို့ပါခင်ဗျာ။
    ကျွန်တော့် ဓါတ်ပုံတွေတင်ကြည့်ပါအုံးမယ်။
    (မြန်မာပြည်တွင်းက ရိုက်ထားတဲ့ဓါတ်ပုံတွေ ငွေယားလေးရအောင်..ရောင်းပေးလို့ရတဲ့ နည်းလမ်းတော့ စဉ်းစားနေတာပဲ..။)
    ကိုခိုင်ရေ
    မန်းလေးဂေဇက်မှာတင်ထားတဲ့ပုံတွေကို ကိုခိုင်က ကူးပြိး ပြပွဲလုပ်ပြီးလေလံတင်လိုက်ပါလား။
    ကိုခိုင်တို့ ရွာသူကြီး အဖွဲ့ က တစ်ဝက် မူရင်းဓါတ်ပုံရှင်တစ်ဝက်ပေါ့။
    မကောင်းဘူးလားဗျာ

Leave a Reply