words and jpg files တွေကို pdf files ဖြစ်အောင်ဘယ်လိုပေါင်းပါလဲ

shwe niFebruary 23, 20111min1729

words and jpg files တွေကို pdf files ဖြစ်အောင်ဘယ်လိုပေါင်းပါလဲ သိချင်ပါတယ် ။ အယင်က files တွေ ကို right click ပြီး PDF file ပြောင်းလို့ရတာတော့မှတ်မိတယ် ။ခုကမရတော့လို့ ။ကူကြပါဦး .

9 comments

  • NoMore

    February 23, 2011 at 4:53 pm

    င်္File တွေကို right click နှိပ်ပြီ PDF ပြောင်းတာက software သက်သက်တင်မှရတာ အခု ခင်ဗျားစက်ထဲးမှာ အဲ့ဒီ software မထည့်ထားလို့ ပြောင်းလို့မရတာဖြစ်ပါတယ်
    PDF ပြောင်းတဲ့ software တစ်ခုတော့ရှိတယ် အောက်က link မှာ ယူပါ အဲ့ဒါကို copy ကူးပြီး address bar မှာ past လုပ်ပါ..
    http://www.proxynaungnaung.appspot.com/www.filefactory.com/file/b504c8a/n/

    အဲ့ဒီ link ကိုသွားပြီး ဆွဲနိုင်ပါတယ် လုပ်တဲ့နည်းတွေကော့ ကော အကုန်လုံး download file ထဲးမှာထည့်ထားပါတယ် ခင်ဗျား..

  • NoMore

    February 23, 2011 at 4:58 pm

    ကျေးဇူးပြုပြီး Link ပြင်ဆင်ပေးပါရန်
    အထက်တွင်ဖော်ပြခဲ့သော Link သည် donwnload မရပါသဖြင့်
    http://www.filefactory.com/file/b504c8a/n/
    တွင်ဆွဲလို့ရပါသည်

  • shwe

    February 23, 2011 at 5:20 pm

    NoMore ကိုကျေးဇူးတင်ပါတယ် ။ဒါပေမဲ့လုပ်ချင်တာက separate files တွေကို PDF တစ်ဖိုင် ထဲဖြစ်အောင် လုပ်ချင်တာပါ။ သိရင်ပြောပြပေးပါဦး NoMore ရေ။

  • winkhant

    February 23, 2011 at 7:08 pm

    လွယ်တယ် Adobe Indesign မှာ file ကို new ခေါ်လိုက် ကိုယ်လိုချင်တဲ့ပုံတွေကို place ချ။ ထည့်ချင်တဲ့ file တွေများရင် page များများခေါ်လိုက်ပေါ့။ ပြီးရင် export ပို့လိုက်။ save as type ဆိုတဲ့နေရာမှာ Adobe PDF ဆိုတာရွေးလိုက်။ ဒါဆိုရင် separate files တွေအကုန် pdf file တစ်ခုထဲမှာ အကုန်ဝင်နေမယ်။
    Microsoft Word မှာလဲ ဒီလိုပါပဲ page ထဲမှာ insert picture ကိုရွေးပြီး ကိုယ်ထည့်ချင်တဲ့ separate files တွေ ထည့်။ပြီးရင် print လုပ်လိုက်။ printer နေရာမှာ Adobe PDF ကိုရွေးပြီး print ရမှာပါ။ တစ်ခုတော့ရှိတယ်။ Adobe Acrobat ကိုတော့ install လုပ်ထားဖို့ လိုအပ်ပါတယ်

  • Shwe Tike Soe

    February 24, 2011 at 2:13 am

    Adobe Acrobat Professional 8 ကို Installation လုပ်ပြီး သုံးလို.ရပါတယ်..
    ဓာတ်ပုံတွေကို Select All လုပ်ပြီး Right click နဲ. combine adobe acrobat နဲ. ပေါင်းပြီး pdf file လုပ်လို.ရပါတယ်။
    Microsoft word file ကို pdf လုပ်ချင်ရင်တော့ bullzip printer ဆိုတာလေးနဲ.လဲသုံးလို.ရပါတယ် အဲဒါက ပုံမှန် Print လုပ်တဲံအတိုင်း Print လုပ်ရုံပါပဲ။ Pdf နဲ.ထွက်ပါတယ်။

  • မျက်မှန်

    February 24, 2011 at 2:38 am

    primo pdf ကို အသုံးပြုပြီး လွယ်လွယ်ကူကူ Convert လုပ်နိုင်ပါတယ်။ Freeware ဖြစ်ပါတယ်။
    အသုံးပြုပုံကတော့ ပီဒီအက်ဖ် အဖြစ် ထုတ်လိုတဲ့ ဖိုင်တွေကို Print လုပ်လိုက်ရုံပါပဲ။
    Printer နေရာမှာ Primo PDF ကို ရွေးပေးပြီး Print လုပ်လိုက်တာနဲ့ ဖိုင်များကို PDF အဖြစ် Convert လုပ်ပေးသွားမှာဖြစ် ပြီး မိမိ ရွေးချယ်ထားပေးတဲ့ Location (သို့) Folder ထဲရောက်သွားမှာဖြစ်ပါတယ်။
    PDF Pages တွေကို ခွဲတာ တွဲတာ လုပ်ချင်ရင်တော့ Foxit pdf editor ကို သုံးကြည့်ပါ။ နှစ်ခုလုံး အသုံးပြုရ အလွန်လွယ်ကူတဲ့ ဆော့ဝဲ များ ဖြစ်ပါတယ်။

    ဒါကတော့ သူတို့ရဲ့ လင့်ခ် ပါ။

    Primo PDF
    http://www.primopdf.com/index.aspx

    Foxit PDF Editor
    http://www.foxitsoftware.com/pdf/editor/

  • မျက်မှန်

    February 24, 2011 at 2:43 am

    Foxit Editor ထဲမှာ PDF ဖိုင်တွေကို ခွဲထုတ်ခြင်း၊ ရှေ့နောက် ပြန်လည် စီစဉ်ခြင်း စသဖြင့် အလိုရှိသလို လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။
    PDF ဖိုင်များကို တစ်စုတစ်စည်းထဲတွဲလို ရင် တွဲလိုတဲ့ ဖိုင်များကို အစဉ်အလိုက် Import လုပ်ပြီး သိမ်းထားလိုက်ရုံပဲဖြစ်ပါတယ်။
    PDF ဖိုင်များကို ခွဲလိုရင်တော့ ခွဲထုတ်လိုတဲ့စာမျက်နှာကို Export လုပ်လိုက်ရုံပါပဲ။
    အလွန် လွယ်ကူရိုးရှင်းတဲ့ Software မို့ အသုံးပြုကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

  • shwe

    February 24, 2011 at 6:54 am

    ှShwe Tike Soe နဲ့ မျက်မှန် ကိုကျေးဇူးတင်ပါတယ် Foxit Editor တော့ ရပြီ မသုံးတတ်သေးဘူး
    Adobe Acrobat Professional 8 ကမရသေးပါဘူး.တောင်းရတုန်းပဲ . အဲဒါက ကျမလုပ်ချင်တဲ့ file မတူတာတွေပါ combination တွေလုပ်လို့ရတယ်လို့ပြောပါတယ် .
    Thank again Guys

  • NoMore

    February 24, 2011 at 12:57 pm

    Solid PDF Creator Plus နဲ့လုပ်ရင်ပိုအဆင်ပြေတယ်..

Leave a Reply