မြစ်ကမ်းနံဘေးကလမ်းကလေး


ဒီပုံလေးကတော့ တံတားဦးလေယာဉ်ကွင်းကို သွားဘို့ဧရာဝတီမြစ်နဲ့ယှဉ်ပြီးဖောက်ထားတဲ့လမ်းမ ကနေ ဧရာဝတီမြစ်ဘက်ကိုဆင်းတဲ့လမ်းလေးပေါ့။
“ဧရာထွန်း”လို့အမည်ရတဲ့လူနေတိုက်ခန်းတွေရှေ့မှာရှိနေတဲ့ယာယီလမ်းလေးပါ။
ဧရာဝတီမြစ်ရေကြီးချိန်မှာတော့ ဒီနေရာက ရေပြင်ကျယ်ကြီးပါဘဲ။
အခုလို ဆောင်းရာသီတို့ နွေရာသီတို့မှာဆိုရင် စိုက်ခင်းလေးတွေရှိမယ်။
တံငါတဲလေးတွေရှိမယ်။
ဧရာဝတီမြစ်ရဲ့သောင်စပ်နဲ့မြစ်ကမ်းနံဘေးကို ရောက်အောင်သွားနိုင်တဲ့ယာယီလမ်းကလေးပါ။
ကျွန်တော်တို့ လူ့ဘဝကြီးမှာလဲအခုလို ယာယီလမ်းလေတွေ ဘယ်နှစ်ခုလောက်များရှိနေမလဲဆိုတဲ့မေးခွန်းလေးက ရင်ထဲကိုရောက်လာပါတယ်။
သာယာလှပတဲ့ရူ့ခင်းလေးမို့ မျှဝေပေးလိုက်ပါတယ်။(26-2-2011)နေ့ကမှတ်တမ်းတင်ထားပါတယ်.။

5 comments

  • ဆူး

    March 1, 2011 at 4:15 pm

    လမ်းမပေါ်မှာ ထမီတွေ ဖြန့်လှမ်းထားတယ်။
    အများကြီးဘဲ… သူခိုး ခိုးခံရမှာ မကြောက်ဘူးလား မသိဘူးနော်။

  • kopauk mandalay

    March 1, 2011 at 4:20 pm

    ခိုးရဲခိုးကြည့်ပါ့လား
    ိအိမ်ထဲကနေ လောက်လေးဂွနဲ့လှမ်းထုမယ်
    ခွေးတွေထွက်လိုက်လာမှာပေါ့။

  • ဆူး

    March 1, 2011 at 4:39 pm

    အဲလို ဆိုတော့လည်း သူတို့ ဘဝလေးက လုံခြုံ သလိုဘဲနော်။ သူခိုးဘေး မကြောက်ရဘူးပေါ့။ ကောင်းပါ၏ ကောင်းပါ၏

  • kai

    March 2, 2011 at 11:07 am

    ဒီပုံက သမိုင်းဝင်သွားလောက်တယ်..။
    တကယ်ပြောတာ..။
    ပရင့်ထုတ်ပြီး ..ရုံးကလူတွေစဉ်းစားခိုင်းတာ..၅ယောက်မှာ … တယောက်မှအဖြေမှန်မထွက်လာဖူး..။ 🙂

  • kopauk mandalay

    March 2, 2011 at 11:45 am

    ဒါဆိုကျနော်တင်ပြပုံမရှင်းလို့ဖြစ်မယ်ထင်တယ်။
    သူ့အဆက် လမ်းကလေး(2)ကိုဆက်ကြည့်ခိုင်းရင် တော့အဖြေပေါ်မယ်ထင်တယ်နော်။

Leave a Reply