မိုက်ကယ်ဂျော်နီအောင်ပုသို ့ပေးစာ

ခ်စ္စ/ဆရာFebruary 24, 20114min10412

မိုက်ကယ်ဂျော်နီအောင်ပု
https://myanmargazette.net/41689/creative-writing/my-dear-diary
ဒီပို ့စ်ထဲမှာရှိတဲ့ ကော်မန် ့တွေအရ အောင်ပုရေ တစ်ချို ့ကော်မန် ့တွေက
ပျံတော်မူ မင်းဘကြီးကိုထိခိုက်နေတဲ့အတွက်
အမျိုးဂုဏ်ကို ထိန်းသိမ်းဘို ့မင်းမှာတာဝန်ရှိတယ်လို ့မင်း မယူဆနိုင်ဘူးလား
ပြဿနာက
သတ္တဝါရဲ ့သဘောအရ
တစ်ခုသောနာမ်မှာ တစ်ခုသောနာမ်ကဝင်ပူးခြင်းဟာ
ရုပ်တစ်ခုမှာ နာမ်နှစ်ခု ကိန်းတာကို မေးခွန်းထုတ်တဲ့မင်းအတွက်
ဆိုတော့ကာ
ဆိုတော့ကာ
အောင်ပုရေ
မင်းဘကြီး ဖုတ်ထုတ်တာကို မင်းဘယ်လို သဘောမြင်လဲ
အိုက်ဒါကြီးက မင်းဖွက်ဖဲလုပ်ထားတယ်လေကွာ
လက်ရှိလူရဲ ့နာမ်အသက်က သေသွားပြီ
ကျန်တဲ့ခန္ဓာကိုယ်ကို အဲ့သည် ဖုတ်ဆိုတဲ့ကောင်ရဲ ့နာမ်က ဝင်ပူးပြီးနေတယ်
တစ်ခါတစ်လေ ပြောကြသေးတယ်
ဝင်ပူးနေတာက တစ်ဖုတ်တည်းတောင်မဟုတ်ဘူး
လေးငါးခြောက်ဖုတ် တောင်လို ့ပြောကြတယ်ကွာ
လေးငါးခြောက်ဖုတ်ကတော့ များပါတယ် အောင်ပုရယ်
လက်ရှိသေသွားပြီဆိုတဲ့ လူမှာ ဖုတ်တစ်ဖုတ်ဝင်နေတာကို
မင်းဘကြီးရဲ ့ဂုဏ်သိက္ခာကို ထိမ်းသိမ်းတဲ့အနေနဲ ့
အဘိဓမ္မာသဘောအရ
နာမ်သေသွားတယ် ရုပ်မသေဘူး ဒီလိုလား
သေသွားတဲ့နာမ်ရဲ ့ကြွင်းသော ခန္ဓာကို တစ်ခြားနာမ်က ဆက်လက်စောင့်ရှောက်ပြီးနေလို ့ရတယ် ဒီလိုလား
ဆက်ဆက်ဖြေကြားရှင်းလင်းပေးပါ။
ချစ်စရာအလွန်ကောင်းသောကြောင့် ချစ်စရာ
အချစ်တို ့၏ အကြီးအကဲ ချစ်ဆရာ

12 comments

  • bigcat

    February 24, 2011 at 4:36 am

    ချစ်စရာကို
    အပြစ်မရှာ
    မေတ္တာနဲ့မေးပါရစေ..
    ကိုပုမှာ
    နှစ်မျိုးအမြင်
    မမူးခင်နဲ့မူးစဉ်..
    ဘယ်သင်းကို
    အလိုရှိတယ်
    သိရစေလား..

  • photwenty

    February 24, 2011 at 5:22 am

    ဟိုလေ
    post နဲ. အောက်ကပုံတွေနဲ.ကဘယ်လိုပါတ်သက်လဲဟင်

  • ဆူး

    February 24, 2011 at 9:42 am

    အဲဒီ လို ပုလင်းမျိုးတွေ ကမော္ဘဒီးယားက ရေကန်ကြီးထဲမှာ နေဝင်ချိန် သွားကြည့်တဲ့ ဇရပ်မှာ အားကြီးဘဲ ဘာတွေ မှန်းတော့ မသိဘူး ရောင်းနေတာ ဈေးကတော့ ပြန်လန်နေတာဘဲ။ ပုလင်းထဲကို လှလှပပ ဘယ်လို ထည့်လဲ မသိဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 24, 2011 at 11:13 am

    လိင်တူချစ်သူများကို ပိုမို အသိအမှတ်ပြုလာဟု ဆို
    လိင်တူချစ်သူများ၏ အခွင့်အရေးများကို လူထု အသိုင်းအဝိုင်းများက ယခင်ကထက်ပို၍ လက်ခံလာကြပြီး၊ အသိအမှတ် ပြုလာကြကြောင်း တက်ကြွလှုပ်ရှား သူများက ပြောဆိုလိုက်သည်။
    ထိုင်း၊ မြန်မာ တက်ကြွလှုပ်ရှားသူများက လိင်တူချစ်သူများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယမန်နေ့က ပြုလုပ်သည့် ငြိမ်းချမ်းရေး လမ်းလျှောက် ချီတက်ပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
    အဆိုပါ ချီတက်ပွဲသို့ တက်ကြွလှုပ်ရှားသူများ အပါအဝင်၊ လိင်တူချစ်သူ ၂၅ဝ ခန့် ပါဝင် ချီတက်ခဲ့သည်။ ချင်းမိုင် ညဈေးမှ စတင်ချီတက်ကြပြီး ဗုဒ္ဓဆထန် ဘုန်းကြီးကျောင်းတွင် အဆုံးသတ်သည်။ အခမ်းအနားအစီအစဉ်များကို ဘုန်းကြီးကျောင်း အတွင်းရှိ ခန်းမ၌ပင် ကျင်းပပြီး ချင်းမိုင် ဒုတိယမြို့တော်ဝန်က အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ လိင်တူ ချစ်သူများက ရိုးရာအကများဖြင့် ဖျော်ဖြေခြင်း၊ ငြိမ်းချမ်းရေး အထိမ်းအမှတ် တံဆိပ်ကို ဖယောင်းတိုင်မီးများဖြင့် ထွန်းညှိ ပုံဖော်ခြင်းစသည့် အစီအစဉ်များ ပါဝင်ခဲ့သည်။
    လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) (HREIB) ၏ ဒါရိုက်တာလည်းဖြစ်ပြီး လိင်တူချစ်သူတဦးလည်းဖြစ်သည့် ဦးအောင်မျိုးမင်းက လိင်တူချစ်သူများသည် လူထုအသိုင်းအဝိုင်းအတွက် ပြဿနာမဟုတ်ကြောင်း၊ လူထုအသိုင်းအဝိုင်း၏ အစိတ်အပိုင်းတခုသာဖြစ်ကြောင်း အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ဦးအောင်မျိုးမင်းက လိင်တူချစ်သူများအရေးကို လှုပ်ရှားနေရသည်မှာ ပြည်ပ အဖွဲ့အစည်းများအကြား၌ပင် အခက်အခဲရှိသည်ဟု ပြောသည်။
    ဦးအောင်မျိုးမင်းက “လိင်တူချစ်သူများအရေးကို ဆောင်ရွက်နေရတာဟာ လှုပ်ရှားမှုတွေထဲမှာ လှုပ်ရှားမှုတွေကို လုပ်နေရတယ်လို့ ပြောလို့ ရပါတယ်။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာတောင်မှ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို လုပ်တယ် ဆိုရင် အကုန်လုံးနီးပါးက တမျိုးမြင်ကြတယ်။ အဲဒါကြောင့်မို့ လှုပ်ရှားမှုတွေထဲက လှုပ်ရှားမှု (struggle within struggle) ကို လုပ်နေရတာပါလို့ ပြောဆို ရခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
    ထိုင်းနိုင်ငံအခြေစိုက် လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့ Mplus project ကို ဦးဆောင်သူတဦးဖြစ်သူ Mr. Pongthorn Chanlearn က ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ချင်းမိုင်မြို့၌ လိင်တူချစ်သူများ လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် ရှပ်နီများက ချင်းမိုင်ဒေသ၏ ဂုဏ်သိက္ခာနှင့် ရိုးရာကို ဖျက်ဆီးသည်ဟုဆိုကာ ၎င်းတို့ကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
    “ဒေသရဲ့ ထုံးတမ်းအစဉ်အလာနဲ့ ရိုးရာကို ကျနော်တို့ အလေးထားပါတယ်၊ လေးလည်း လေးစားပါတယ်။ ကျနော်တို့ရဲ့ အခွင့်အရေး အတွက် သော်လည်းကောင်း၊ ကျနော်တို့အပေါ် ခွဲခြားဆက်ဆံမှုတွေကို ပပျောက်ဖို့သော်လည်းကောင်း ကျနော်တို့ ကြိုးစားကြတာပါ” ဟု Mr. Pongthorn Chanlearn က ဧရာဝတီသို့ ပြောသည်။
    ရှပ်နီများ၏ တိုက်ခိုက်မှုကြောင့် ပြင်ပဒဏ်ရာ မရခဲ့သော်လည်း ၎င်းတို့၏ စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်း၊ သို့သော် ချင်းမိုင် ဒေသခံများသည် အကြမ်းဖက်သည့် စရိုက်များ မဟုတ်ကြသည့်အတွက် ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။ Mplus project ၏ မှတ်တမ်းများအရ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မှတ်ပုံတင်ထားသည့် လိင်တူချစ်သူများ ၃ သောင်း ဝန်းကျင်ခန့် ရှိသည်ဟု သိရသည်။
    လိင်တူချစ်သူများ အခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်သည့် ကရင်တိုင်းရင်းသား အဆိုတော် ယူရီက လိင်တူချစ်သူများသည်လည်း လူသားထဲမှ လူသားများဖြစ်သဖြင့် ၎င်းတို့ကို လူသားကဲ့သို့သာ ဆက်ဆံစေလိုကြောင်း ပြောဆိုသည်။ “အခုလို ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတွေဟာ ပတ်ဝန်းကျင်က လူတွေတင် မဟုတ်ပါဘူး၊ တခြားလူတွေကိုလည်း လိင်တူချစ်သူတွေကို ငြိမ်းချမ်းစွာ ဆက်ဆံကြဖို ့ အသိပေးနှိုးဆော်တာမျိုး ဖြစ်တာကြောင့် ကောင်းပါ တယ်။ ဒါတင်မက လိင်တူချစ်သူတွေလည်း တခြားလူတွေလိုပဲ ငြိမ်းချမ်းရေးကို လိုလားပါတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်” ဟု ယူရီက ဧရာဝတီသို့ ပြော သည်။ မြန်မာနိုင်ငံတွင် လိင်တူချစ်သူများကို ယခင်နှစ်များထက်စာလျှင် နေရာပေးလာပြီဖြစ်သဖြင့် ထင်သာမြင်သာ ပိုမိုရှိလာသည်ဟု ဆိုနိုင်သော်လည်း ၎င်းတို့ကို ရယ်စရာ၊ မောစရာ အနေအထားများတွင်သာ အသုံးပြုခြင်း၊ နေရာပေးခြင်းမျိုးသာဖြစ်သည်ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
    လိင်တူချင်းလက်ထပ်ခွင့်ပြုပြီးနောက် အာဂျင်တီးနား Gay တို့ အောင်ပွဲခံလှည့်လည်
    နိုဝင်ဘာ (၆)ရက်နေ့က အာဂျင်တီးနား နိုင်ငံတွင် Gay များ စုရုံးအင်အားပြ ချီတက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ လိင်တူချင်း လက်ထပ်ခွင့်ကို ပထမဆုံး တရားဝင် ခွင့်ပြုခဲ့သည့် နိုင်ငံအဖြစ် အာဂျင်တီးနားက မှတ်တမ်းရေးထိုးခဲ့ပြီးနောက် ယင်းအတွက် ထောင်နှင့်ချီသော Gay များက အောင်ပွဲခံ စီတန်းလှည့်လည်ကြခြင်းဖြစ်သည်။ ရောင်စုံခြယ်သထားသူ Gayများစွာတို့သည် ယခုချီတက်မှုတွင် စုရုံးပါဝင်ခဲ့ကြပြီး လိင်ပြောင်းလဲ ခွဲစိတ်ထားသူများအတွက် အခွင့်အရေးများကို တောင်းဆိုသွား နိုင် ရန် ရည်ရွယ်ထားးကြောင်းလည်း ပြောဆိုသွားသည်။
    အာဂျင်တီးနား Gay၊ Lesbianများနှင့် လိင်ပြောင်းလဲထားသူများ အဖွဲ့ချုပ်မှ ဥက္ကဌဖြစ်သူ အန်စတာ ဘန်ပေါ်လိုက ဇူလိုင်(၂၁)ရက်နေ့ ဥပဒေကို အတည်ပြုခဲ့ပြီးနောက်ပိုင်း လိင်တူချင်း လက်ထပ်သည့် စုံတွဲပေါင်း (၅၀၀)ကျော် ရှိလာပြီဟု ပြောကြားခဲ့သည်။ ဗျူနိုအေးရီးစ်ရှိ Gayနှင့် Lesbianချိန်ဘာ တည်ထောင်သူ ပက်ဘလိုဒီလူကာက ဥပဒေကြောင့် နိုင်ငံ၏ ခရီးသွား လုပ်ငန်းအပေါ် အထောက် အကူ ပြုခဲ့ပြီး ဥပဒေ ပြဌာန်းချိန်နောက်ပိုင်း အာဂျင်တီးနားသို့ လာရောက်လည်ပတ်သူ Gayကမာ္ဘလှည့်ခရီးသည် တစ်သိန်းကျော် တိုးပွားလာကြောင်း ပြောဆိုသွားသည်။ “ကျွန်တော်တု့ိဆိုရင်လည်း Gayအခွင့်အရေး အပြည့်အဝရှိတဲ့ နိုင်ငံမျိုးကိုပဲ ပိုသွားချင်တာပေါ့”ဟု ဒီလူကာကဆိုသည်။ အစိုးရက အတည်ပြု ပြဌာန်းပေးလိုက်သော ဥပဒေကို အာဂျင်တီးနား၏ ဩဇာကြီးမားသော ရိုမန်ကက်သလစ် ဘုရားကျောင်းကမူ အစဉ်တစိုက် ကန့်ကွက်နေ ဆဲဖြစ်သည်။ နိုဝင်ဘာ (၆)ရက်နေ့ စီတန်းလှည့်လည်မှုကို ဗျူနိုအေးရီးစ်တွင် ပြုလုပ်ခဲ့ပြီး လိင်တူ ဆက်ဆံသူများအတွက် အခွင့်အရေး အပြည့်အဝ ရရန် သံပြိုင်အော်ဟစ်ကာ Gayများစုရုံးချီတက်ခဲ့ကြောင်း သိရှိရသည်။

  • char too lan

    February 24, 2011 at 2:18 pm

    သာဓု သာဓု သာဓု…………..ပါဘုရား……….. 😀 😛

  • hello! everybody

    February 24, 2011 at 3:08 pm

    ချစ်စရာကလည်းယောက်ကျားအားကောင်းတဲ့အရက်ပုလင်းတွေကိုပြတယ်၊အောင်ပုကလည်းလိင်တူချစ်သူတွေအကြောင်းကိုရေးတယ်၊ရွာထဲတော့ဘာတွေဖြစ်ကုန်ပြီမသိဘူး

  • unclegyi1974

    February 24, 2011 at 4:03 pm

    ရောင်းသူဝယ်သူအသံတူဖို့အရေးကြီးပါတယ်ဗျာ

  • တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား

    March 1, 2011 at 8:05 am

    ဒလောက်တရားသဘောတွေသိခြင်ရင်
    တရားနဲ ့ပတ်သက်တဲ့နေရာတွေသွားပါ
    ဒီနေရာမှာဘယ်သူမှ တရားအကြောင်းမပြောဘူး
    စီးပွားရေးလုမုရေးနိုင်ငါရေးပြောပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 1, 2011 at 12:52 pm

    ရဲဘော် မင်းကင်းသွားစောင့်လို ့ရပြီ
    ငါဘယ်သူလဲသိတယ်ဟုတ်လား
    #@%^&*(+~$

  • naywoonni

    March 2, 2011 at 6:29 am

    မီးကင်းစောင့်ရမှာလား ရောအောင်ပု……….။။။

    မတ်လတစ်ရက် ၊မန္တလေးမြို ့ ရှိ နာမည်ကျော် သိပ္ပံလမ်း နှင့် ၆၃လမ်းအတွင်းဘက်တွင် မြန်မာစံတော်ချိန် နေ့လည်၁၂နာရီအချိန်ခန် ့က တည်းက မီးစတင်လောင်ကျွမ်းနေကြောင်း FNG မန္တလေးသတင်းထောက်မှ
    သတင်း ပေးပို့ သည်။
    မီးစတင်လောင်ကျွမ်းရာနေရာသည် နအဖစစ်ဗိုလ်ချုပ်အများစုပိုင်ဆိုင် သည့် သိပ္ပံလမ်း၏နောက်ဖက် ၆၃လမ်းအတွင်းတွင် စတင်လောက်ကျွမ်းပြီး မီးသတ်ကားအစီး ၂ဝခန့်ချက်ခြင်းရောက်ရှိလာကာ ညှိမ်း သတ် ခဲ့ ကြောင်းသိရသည်။
    ထိုရပ်ကွက်နေထိုင်သူအများစုမှာ စစ်အစိုးရနှင့် အကျိုးတူစီးပွားရေးလုပ်ကိုင်နေသော ပြည်ကြီးသားမြန်နိုင်ငံသားစီစစ်ရေးကဒ်ကိုင်ဆောင်ထားသော တရုပ်လူမျိုးများနှင် စီးပွားရေးသမား “၀” တိုင်းရင်းသားလူချမ်းသာများ အများစုနေထိုင်သောရပ်ကွက်ဖြစ်သည်။

    ထိုလောင်ကျွမ်းမှုကြောင့် တိုက်၂လုံးဆုံးရှုံးခဲ့ရပြီး မဟာအောင်မြေ မြို့နယ်ရှိ သိပ္ပံလမ်းနှင့်နီး
    ကပ်နေခြင်း၊တရုပ်သူဌေးများအများစုနေထိုင်သော ရပ်ကွက်ဖြစ်ခြင်းတို့ကြောင့်
    မီးသားကားများစွာ ချက်ခြင်းလာရောက်ငြိမ်းသတ်သောကြောင့် ယ္ခုလို ဆုံးရှုံးမှုနည်းခြင်းဖြစ်ကြောင်း
    မန္တလေး ဒေသခံတဦးကပြောသည်။

    မန္တလေး မြို ့တွင် ပြီးခဲ့သည့် ဇန်နဝါလ က အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်း မှုး ဗိုလ်မှုးချုပ် ရဲအောင်
    ၏ နန်းတွင်း ရှိ နေအိမ် မီးလောင် ခဲ့ရာ မီးသတ်ကား များ ချက်ခြင်း လာရောက် ညှိမ်းသတ် ခဲ့သည်။

    ၂၀၀၈ ခုနှစ် က မန္တလေးတွင် ရတနာ ပုံ ဈေး မီးလောင် မှု ကြောင့် သိန်းထောင် ပေါင်း များစွာ
    ဆုံး ရှုုံးခဲ့သည်။

    ယခု မီးလောင် သည့် နေရာတွင် ညဘက် တွင် တရုတ် ပြည်အလား ထင်မှတ်မှား စရာ တရုတ် စား
    သောက်ဆိုင်များ ၊ ယူနန် အသား ကင်ဆိုင် နှင့် ဟော့ ပေါ့ဆိုင် များ ဖွင့် လှစ် ထား ရှိ ပြီး အနှိပ်ခန်း
    ကာရာ အိုကေ နှင့် ညကလပ် များ လည်း ရှိသည်။

    မီးလောင် မှု ဖြစ်ပွားခဲ့သည့် နေရာ ကို လုံခြုံရေး တင်းကျပ် စွာ ချထား ပြီး အရပ်သား များ နှင့် ဒေသခံ
    အချို ့ကို ပင် ပေး မဝင် ဟု Freedom News Group မှ သတင်း ရရှိသည်။

    http://multiplygroups.multiply.com/reviews/item/69

  • တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား

    March 2, 2011 at 10:41 am

    မိုက်ကယ်ငပုဆိုတာပေါကြောင်ကြောင်လူဘဲခင်ဗျားနိုင်ငံတော်လူကြီးတစ်ယောက်ရဲ ့ပုံကိုသုံးစွဲတာမသင့်တော်ပါဘူး တတ်နိုင်မယ်ဆိုရင် စကားကိုဒီမီုကရေစီကျကျပြောပါဒါဆွေးနွေးခန်းတွေပါမီးလောင်တာကလည်းသက်ဆိုင်ရာမီးသတ်တာဝန်ခံတွေရဲ ့အလုပ်ပါ ကျုပ်နဲ ့ဘာမှမဆိုင်ပါဘူးတတ်နိုင်သလောက်ခင်ဗျားတို့ပြောတဲ့ဒီမိုကရေစီစနစ်အတိုင်းမျှမျှတတပြောပါ

Leave a Reply