ဆော်ဒီက ကျောက်တုံး လေထဲ သူ့လိုလို မြင့်တက်

etoneFebruary 24, 20112min2139
ဝက်ဖ်ဆိုက်တစ်ခုကို တွေ့လို့ ဝင်ကြည့်တာ ဒီသတင်းလေး တစ်ပုဒ်ဖတ်ခဲ့ရပါတယ် … ။ အမြီးအမောက်တည့်အောင် ဘာသာမပြန်တတ်ပေမဲ့ … နည်းနည်းလေး နားလည်အောင် ဘာသာပြန်ပေးထားတာပါ .. ။

အံ့ဩဖွယ် ကောင်းသော ကျောက်တုံးကြီး
SAUDI ARAB နိုင်ငံရဲ့ Al-Hassa regionဒေသမှာ ရှိတဲ့ ရွာတစ်ရွာမှာ အလွန်ကြီးမားတဲ့ ထူးဆန်း အံ့ဩဖွယ်ရာ ကျောက်တုံးကြီးတစ်တုံးရှိနေခဲ့ပါတယ်…. ။ ၁၉၈၉ ခုနှစ်လောက်ကတည်းက ဒီထူးဆန်းတဲ့ ကျောက်တုံးကြီး ရှိခဲ့တာပါ ။ ဘယ်လို ထူးဆန်းတဲ့ ကျောက်တုံးမျိးလဲဆိုတော့……ကျောက်တုံးက သာမန်ကျောက်တုံးပါပဲ … မြေပြင်ကနေ ၁၁ စင်တီမီတာ ကြွတတ်ပြီး လေထဲမှာ နာရီဝက်ခန့် အကြာ တည်နေတဲ့ ကျောက်တုံး မို့ပါပဲ … ။ ဒီလိုဖြစ်စဉ်ဟာလည်း တစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်ပြီး ဧပြီလထဲမှာ ဖြစ်တာပါ ။
ဒေသခံတွေကတော့ ကျောက်တုံးကြီး ဒီလိုဖြစ်တာဟာ အထဲမ ှာ တစ်စုံတစ်ယောက် (တမလွန်ဘဝအနေဖြင့်) တည်ရှိနေတယ်လို့ ယုံကြည်နေကြပါတယ် … ။ သောင်းကျန်းသူတစ်ယောက်ဟာ ဒီကျောက်တုံးကြီးအနောက်မှာ ပုံးအောင်းနေစဉ်  ပစ်သတ် ခံခဲ့ရတဲ့အတွက် ထိုလူရဲ့ ဝိဉာန်ကျောက်တုံးထဲမှာ ပုံးအောင်းနေတယ်လို့လည်း ယုံကြည်နေကြပုံပါပဲ ။ ကျောက်တုံးကြီးက သွေးစိမ်းရှင်ရှင် ထွက်တာ ပုံထဲမှာ မြင်ရမှာပါ … ။ မြေပြင်ပေါ်ကနေ မြင့်တက်တဲ့ အချိန်မှာ ပိုပြီး သွေးတွေပိုလည်းထွက်ပါတယ် … ။ ပတ်ဝန်းကျင်အနီးနား နေထိုင်သူများက သွေးတွေစွန်းထင်းနေမှူကို အကြိမ်ကြိမ် သုတ်ပေးခဲ့ပါသော်လည်း ပြန်လည်သွေးထွက်ပါတယ်တဲ့ … ။ ထူးဆန်း အံ့ဖွယ်ပါလားနော် .. ။
မူရင်းရေးထားတဲ့  ဆိုက်ကတော့ အောက်မှာပါ .. ။
Surprising Rock
A huge rock in a village of Al-Hassa region, SAUDI ARABIA raises 11 cms from the ground level once in a year during the month of April and stays elevated for about 30 minutes !!!They say that 17 years ago, one terrorist was shot dead behind this rock as he was hidden there. This encounter happened in the month of April 1989. You can see the fresh blood stains on the rock. Most surprisingly, when the rock raises from the ground, these stains become darker, fresher and wet. Local residents tried to wipe off the stains several times, but after some time it appears again on the rock automatically……
isn’t it astounding ?

www.binscorner.com/pages/…/surprisingrockinsaudiarabia.html
——————
အံ့အားသင့်နေတုံး ၊ တစ်ခုခုဆို သံသယစိတ် သိပ်များတဲ့ ကျမအဖို့ … ပုံထဲမှာပါတာ ကျောက်တုံးကြီး သက်သက်သာဖြစ်နေတယ်ဆိုတာ သတိထားမိပါတယ် ..။ ကျောက်တုံး က တနှစ်မှာ တစ်လ ၊ တစ်လမှာ တစ်ကြိမ် ၊  တစ်ကြိမ်မှာတောင် မိနစ်သုံးဆယ်လောက် မြင့်တတ်တာကို … ကြုံထောင့် ကြုံခဲ အဖြစ်ပျက်ကို စောင့်ကြည့်လေလာသူတွေ ရှိရမှာပါ… ။ မသိလို့ မလာတာလား…မဖြစ်နိုင်ပါဘူး ..။ ဒါဆိုဝေးလို့လား … ။  ဘေးပတ်ဝန်းကျင်ကလည်း လူနေအိမ်တွေနဲ့ မဝေးပါဘူး … ။ သတင်းကြားကြားခြင်း လမ်းလျှောက်ပြီး လာလျှင်တောင် ဒီမိနစ်သုံးဆယ်အတွင်း ကျောက်တုံး နားကို ရောက်နိုင်ပါတယ် … ။ အခုပုံမှာ ဝိုင်းအုံကြည့်တဲ့လူတွေ မပါဘူးဖြစ်နေပါတယ်… ။ ဒါကလည်း သံသယဖြစ်စရာပါ .. ။ နောက်ပြီး ကျောက်တုံးကြီးရဲ့ အရိပ်ပါ .. ။ အရိပ်က ရှိသင့်တဲ့ အနေထားထက် ပို သေးနေသလို ထင်ရပါတယ်..မြေပြန့်မဟုတ်ပေမဲ့ တကယ့် ပေါ်ရမဲ့ အရိပ် အနေထားက ပုံထဲကထက်တော့ ကြီးမှာပါ … ။ ဖြတ်ထားတဲ့ ဆောက်ဖြတ်နေရာလေးတွေကလည်း ညီညာနေသလိုထင်ရပါတယ် .. ။ နောက်တစ်ခုက သွေးထွက်တဲ့ နေရာမှာ ညာဘက် အောက်ကို စီးကျတဲ့ အပိုင်းက သွေး စီးကြောင်းက တစ်ဆက်ထဲမဟုတ်ပဲ ပြတ်ပြီးမှ အောက်ကျတော့ ပြန်ပေါ်နေပါတယ် … ။ ဒီလို အချက်တွေ ကြည့်ပြီး မယုံကြည်ရဘူး ထင်တာနဲ့ ဝက်ဘ်ဆိုက်ထဲဝင်ပြီး ရှာကြည့်တော့မှ တွေ့ပါတယ်… ။ Hoax ပုံပါပဲ … ။
http://www.hoax-slayer.com/floating-rock.shtml မှာ မဟုတ်ကြောင်းရှင်းထားပေးပါတယ်… ။ ကဲ ပြုပြင်ပြောင်းလဲ ထားတဲ့ ပုံပါတဲ့ … ။
Brief Analysis
The image has been digitally altered to make it appear that the rock is floating. The large rock is actually supported by several other smaller rock “legs” that elevate it above the ground. These supports have been digitally removed using a program such as Adobe Photoshop so that the rock in the altered image appears to be floating.
(ပုံတစ်ပုံတင်ဖို့ ကြိုးစားရတာ မလွယ်ပါလားနော် … ။ ဒါတောင် ဖိုင်ဆိုဒ်သေးထားသေးတယ် … ကိုးနဝင်းကြေတယ် ထင်ပါ့ ကိုးခါတင်မှ တက်သွားတယ် .. ဟူး မောတယ် )

9 comments

  • search123

    February 24, 2011 at 8:46 am

    “တစ်ခါတစ်လေ … ဆွမ်းကပ်ဖိတ်လျှင် အိမ်လိုက်သွားရပြီး ရရှိသော လှူဖွယ် ဝထ္ထုတို့ကို လမ်းက စောင့်က အကြွေးချေးသော လူမိုက်များလည်း ရှိပါတယ်တဲ့ … ။”
    so surprise !

  • ဆူး

    February 24, 2011 at 9:33 am

    ရဟန်း သံဃာ ဆွမ်းခံ ကြွတဲ့ အချိန်မှာ ဖိနပ်မစီးရပါဘူး။
    နေပူတဲ့ အခါ လမ်းကပူပူနဲ့ ဂဲများတဲ့ လမ်းဆို တော်တော် ဒုက္ခများပါတယ်။
    လူတွေလည်း အလှူခံ ရှိလို့ ကုသိုလ်ရတယ် ဆိုတာ နားမလည်ပါလား။ စိတ်တောင် မကောင်းဘူး။ ကိုရီးယား ကား ကြည့်ပြီး ရုတ်တရက် သေသွားကြည့် ရုပ်ရှင် စွဲတဲ့ စိတ်နဲ့ ပဟာသ ငရဲကို တည့်တည့် ရောက်သွားမယ်။

  • etone

    February 25, 2011 at 5:28 am

    ကိုခိုင်ရေ .. လုပ်ပါဦး ဒီမှာ … ဆွမ်းကပ်တဲ့ဟာနဲ့ ဘယ်လိုဖြစ်သွားတာတုံး
    ပို့စ်က ရောကုန်ပြီ … ဟင့် 🙁

  • ဟုတ်ကဲ့… ကျွန်တော်လဲ စိတ်ဝင်စားလို့ ဝင်ဖတ်ရင်း ဘယ်အကြောင်းရောက်သွားမှန်းမသိ အူလည်လည်ဖြစ်သွားရာကနေ etone ပြောတာကို ဖတ်လိုက်မှ ရှင်းသွားပါတယ်
    ဝင်ဆွေးနွေးချင်ပေမယ့် ကိုယ်မနားလည် မတတ်ကျွမ်းတဲ့ ဘာသာရေးအကြောင်းဖြစ်နေတော့ ဒီလိုလေးပဲ ဖတ်လိုက်ပါတယ်

  • bigcat

    February 25, 2011 at 6:10 am

    အဲဒါကျောက်တုံးမဟုတ်ဘူး။ အာကာသကနေကျလာတဲ့ ဥက္ကာခဲကြီး မြေကြီးနဲ့မထိခင် ဓါတ်ပုံရိုက်ထားတာ။ အီးတုံးဘဲ ဆလာဝံလည်း ကမာ္ဘပျက်ရင် ဘာမှမတတ်နိုင်ဘူး။ ကိုကြောင်ကြီးမှာတော့ လွတ်နည်းရှိတယ်။ အီးတုံးလေးသိအောင်ပြောတာပါ။ ကျန်တာတော့ အီးတုံးသဘော….

    • etone

      March 1, 2011 at 10:21 am

      ဘာလွတ်နည်းတွေလဲ .. ။
      သတ်သတ်လွတ်စားနည်းရယ် …
      ထမင်းလွတ် အလှူမှာသွား စားနည်းရယ် … ။
      အလုပ်ရှုပ်လွတ် ရုံးပြေးနည်းရယ် … ။
      အကြွေးရှင်လိုက်လု့ိ လွတ်အောင်ပြေးနည်းရယ် … အပြင် ..ဘာကျန်သေးလဲ ။ 😀

  • kai

    February 25, 2011 at 8:16 am

    တော်သေးတာပေါ့…။ အာရွှီးHoax – ဖြစ်ကြောင်း တခါတည်း ပြောလိုက်လို့..

    တော်ကြာ…မြတ်စွာဘုရားရှင်၏ တန်ခိုးတော်ကြောင့် ဘာညာတွေဆိုပြီး … အီးမေးလ်ဖေဝပ်ထဲ ရောက်လာဦးမယ်..။ 🙂

  • nigimi77

    February 25, 2011 at 9:58 am

    ဝုတ်ပ ဝုတ်ပ။ အဲဒါ ဘိုးမင်းခေါင် တန်ခိုးကြောင့်…။ ဟီးဟီး…။

  • etone

    February 26, 2011 at 3:09 am

    ဒုက္ခပါပဲ … အီးတုံးရေးထားတဲ့ ပို့စ်က ဘယ်လိုဖြစ်သွားတာလဲ

Leave a Reply