Everland safari at south korea

ဆူးFebruary 24, 20111min44713








ဝက်ဝံ လည်လေးတွေပုံ ဖြစ်ပါတယ်။
ကားလာရင် ကားဆရာက (ကုန်းရှီဖားချိုင်.. ကုန်းရှီဖားချိုင်).. အဲလို အော်တာနဲ့ လက်ကလေးတွေ စုပြီး လက်အုပ်ချီ သလို လုပ်ပြပါတယ်။ သူတို့ လက်ကလေးစုပြီး လက်အုပ်ချီသလို လုပ်မှ အစာပြစ်ကျွှေးတော့ ကြည့်တဲ့ လူ အတွက် သဘောကျစေတာ အမှန်ဘဲ။

ဆာဖာရီ ဆိုတာ တိရိစာ္ဆန်တွေကို သဘာဝ အတိုင်း ထားပြီး လွတ်လပ်စွာ နေစေတာ ဖြစ်ပါတယ်။
မျိုးနွယ်စု တခုနဲ့ တခု ကိုက်ဖြတ်တာတွေ မဖြစ်အောင်တော့ မသွားစေချင်တဲ့ နေရာတွေကို သံကြိုးကာပြီး လျှပ်စစ် လွတ်ပေးထားတာ ဖြစ်မယ် ထင်တယ်။ ဘယ် အကောင်မှ နယ် ကျော်လို့ မရဘူး။
သဘာဝ နေထိုင်ပုံကို အရှိအတိုင်း မြင်ရတဲ့ သဘောဖြစ်ပါတယ်။

13 comments

  • unclegyi1974

    February 24, 2011 at 3:48 pm

    ကျွန်တော်တို့နေပြည်တော်မှာလည်းလုပ်နေပါပြီ
    ဆူးရဲ့
    မကြာမှီလာမည်မျှော်

  • ဆူး

    February 24, 2011 at 3:56 pm

    နေပြည်တော် မရောက်ဘူးသူများ ကြည့်လို့ ရအောင် တင်ပေးချင်တာ.. ဆူးလည်း နေပြည်တော် ဆာဖာရီ ကို မရောက်ဘူးသေးဘူး။ ရောက်ဖူးတဲ့ နေရာကို တင်ပေးတာ.. အသိ ဖလှယ်တဲ့ သဘောမျိုးပေါ့။

  • etone

    February 25, 2011 at 1:50 am

    မသွားဘူး မမြင်ဖူးတာတွေ တင်ပေးတာ ကျေးဇူးပါနော် ။

  • bigcat

    February 25, 2011 at 3:42 am

    ဆူးရေ
    ကုန်းရှီဖားချိုင်..

    • weiwei

      February 25, 2011 at 4:24 am

      恭喜发财!
      红包拿来!

    • ဆူး

      February 25, 2011 at 5:45 am

      ဆူး ကို ပြောရမှာ မဟုတ်ဘူးလေ.. အဲဒီက ဝက်ဝံတွေ ကို ပြောရမှာ.. သူတို့ လက်အုပ်လေးတွေ ချီလို့.. ပြန်ပြီး အစာတောင်းလိမ့်မယ်။

  • bigcat

    February 25, 2011 at 6:04 am

    ဆူးကို ကုသိုလ်ရအောင်ပေါ့ကွယ်။ ပြောနေကြာတယ် ကဲ လက်အုပ်ချီ.. လိုက်ဆို.. အဟံဘန္တေ

  • ဆူး

    February 25, 2011 at 1:32 pm

    မခေါ်တော့ဘူး ဦးကြောင်ကြီးကို.. ဘာမှန်းလည်း မသိဘူး။ 🙁

  • Gong Zhu

    March 7, 2011 at 4:24 pm

    အဲ့ဒီ တရုတ်ကျားဖြူကြီးကို ချစ်တယ် … ချစ်စရာကြီးနော် … ချောလည်းချောတယ်နော် … 😡

  • တညင်သား

    March 7, 2011 at 4:45 pm

    အန်တီ ဆူး ရေ အဲဒီအကောင်တွေရော ဂင်ချီစားလားဟင် ကုန်းရှီဖားချိုင် က ကိုရီးယားလို ဘာပြောတာလဲဗျ .

  • ဆူး

    March 7, 2011 at 5:04 pm

    ကုန်းရှီဖားချိုင် ဘဲ အော်တာလေ.. ကိုရီးယားလို မကြားမိဘူး။
    ကုန်ရှီဖားချိုင် ဆိုတာ တရုတ်လို.. ကြီးပွားတိုးတက်ပါစေလို့ အတိုသာ မှတ်ထားလိုက်ပါ။

  • char too lan

    March 8, 2011 at 9:41 am

    ကျားဖြူတွေကိုတော့ အရမ်းသဘောကျတယ်ဗျာ……… 😀

Leave a Reply