liger (lion + tiger)

ဆူးFebruary 24, 20111min14211

ခြင်္သေ့ နဲ့ ကျားကို စပ်ပေးထားပြီး ပေါက်လာတဲ့ အကောင်တွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် မျိုးမစစ်ကောင်တွေ မျိုးပျက်တွေ ပြောရမလားဘဲ ကြည့်လို့လည်း မလှဘူး တော်တော် ရုပ်ဆိုးတယ်။ ကျား အရောင် လို တောက်ပမှု မရှိ ခြင်္သေ့လို မာန်ဟုန် အရှိန်မျိုး ရှိတဲ့ လည်ဆံမွေးလည်း မရှိ ရှိတဲ့ အကောင်ကလည်း မခန့်ဘူး။ မြင်ဘူးတယ် ရှိအောင် တင်ပေးလိုက်ပါတယ်။



အမေ ကျားမကြီးကတော့ ချစ်ရှာတယ် သူ့ကလေး မျိုးမစစ်ကလေးကို လျှာနဲ့ လျက်ပြီး သန်းတွေ သန့်အောင် လုပ်ပေးနေတယ်။

11 comments

  • PEACEMAKER

    February 25, 2011 at 5:12 am

    ခြင်္သေ့ နဲ့ ကျားကို စပ်ပေးထားပြီး ပေါက်လာတဲ့ အကောင်တွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် မျိုးမစစ်ကောင်တွေ မျိုးပျက်တွေ ပြောရမလားဘဲ ကြည့်လို့လည်း မလှဘူး တော်တော် ရုပ်ဆိုးတယ်။

    စားရေးသူရေးတဲ့ စာသားကိုဖတ်ပြီး စာရေးသူစိတ်ကိုလည်း နည်းနည်းတော့ ဖတ်လို့ရသွားပါတယ်။ လူမျိုးမတူတဲ့ မိဘတွေကမွေးလာတဲ့ ကလေးတွေကိုလည်း ခြင်္သေ့နဲ့ကျားအစပ်လေးတွေကို မြင်တဲ့အမြင်မျိုး စာရေးသူမြင်မလားလို့ သိချင်ပါတယ်

  • ဆူး

    February 25, 2011 at 5:40 am

    လူကို လူလို့ဘဲ မြင်တယ်။
    လူနဲ့ မျောက် စပ်ရင်တော့ မျိုးမစစ်တွေလို့ ပြောမှာဘဲ။

  • Diana

    February 25, 2011 at 11:20 am

    အများသူငါဖတ်တဲ့ စာပေဆိုတော့လည်း ရုံးသုံးစကားနဲ ့ Formally ရေးနိုင်တော့ ပိုကောင်းတာပေါ့လေ…ဥပမာ-မျိုးမစစ်ဆိုတဲ့ စကားထက်ပိုပြီးနားဝင်ချိုတာလေးရေးနိုင်တော့ကောင်းတာပေါ့…

  • weiwei

    February 25, 2011 at 12:49 pm

    လှတော့မလှဘူး … တစ်ခုခုလိုနေသလိုမျိုးဖြစ်နေတယ်နော် …

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 25, 2011 at 1:52 pm

    ဟိုးးးးးးးးးးးး
    အပေါ်ဆုံးက လေ
    ကိုကြောင်ဂျီးနဲ ့မရှင်းမရှင်းလားတိဝူး 🙂 🙂 🙂

  • kopauk mandalay

    February 25, 2011 at 4:41 pm

    ဥပမာ-မျိုးမစစ်ဆိုတဲ့ စကားထက်ပိုပြီးနားဝင်ချိုတာလေးရေးနိုင်တော့ကောင်းတာပေါ့…
    သိ်ပ်ဟုတ်တာပေါ့ဗျာ
    ဇာတ်ပျက်နေတဲ့ တိရိစ္တာန်လို့ပြောရင် နားဝင်ချိုမလားဘဲ။
    လောကမှာ အကောင်းဆုံးကတော့ ကျားကကျားလိုနေခွေးကခွေးလိုနေ
    လူက လူလိုနေ တာအမှန်ကန်ဆုံးပါဘဲ။

  • kyawmonkhant

    February 26, 2011 at 1:46 am

    က ပြား (hybrid) လို့ရေးရင် ပိုကောင်းမယ်ထင်တယ်။

  • cobra

    February 26, 2011 at 9:08 am

    စိတ်ပျက်ဖို့ကောင်းတယ်
    ရုပ်ကဘာရုပ်ပေါက်နေလဲမသိဘူး
    လည်ဆံမွှေးမပါတော့ဟာသဖြစ်နေတယ်..။

  • antimoe

    February 27, 2011 at 4:46 pm

    လည်ဆံမွှေးမပါတာ….
    အမများလား????!!!

  • PEACEMAKER

    February 28, 2011 at 10:10 am

    ကိုယ့်သဘောမပါပဲ မျိုးစပ်ခံရတဲ့ Ligerလေးတွေမှာ အပြစ်မရှိပါဘူး။ တိရစာန်ချစ်တဲ့သူမို့လို့လားတော့ မသိဘူး ရုပ်ဆိုးနေတာလေးတွေကိုက ချစ်စရာကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တစ်ချို့ အကောင်လေးတွေကျ အတော်လှသား။ လှလွန်းလို့တောင် နာမည်ကြီးဘရမ်းတွေမှာတောင် အဖော်ပြခံရတယ်။

  • etone

    March 1, 2011 at 10:01 am

    တိရိစာ္ဆန် မျိုး စပ်တာက တော်သေးတယ် … ၊ လူတွေ မျိုးစပ်ရင် ပို ဆိုးမယ် ။

Leave a Reply