မြန်မာတိုင်းမ်ဂျာနယ်မှ Mr.Dunkley ၏နောက်ဆုံးရ သတင်း ၊ဓာတ်ပုံများ

နွယ်ပင်February 25, 20111min1064


တရားလို မခိုင်ဇာ

၂၄ရက်နေ့ မနက် ၉ းဝဝ အချိန်၌ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းမပေါ်ရှိ၊ ကမာရွတ်မြို့နယ် တရားရုံးသို့ ညှဉ်းပမ်းနှိပ်စက်မှု၊ မူးယစ်ဆေးဝါး ကိုင်ဆောင်သုံးစွဲမှု၊ နယ်စပ်ဖြတ်ကျော် (လဝက) အက်ဥပဒေများနဲ့ တရားစွဲဆိုခြင်းခံ ထားရတဲ့ ယခင်မြန်မာတိုင်းမ်ဂျာနယ်မှ (CEO)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Ross Dunkley အား စွဲချက်တင်အမှု စစ်ဆေးရန်အတွက် ရန်ကုန်၊ အင်းစိန်ထောင်ကြီးချုပ်မှ ရုံးထုတ်ခေါ်ဆောင်ခဲ့ပါသည်။ Mr.Ross Dunkley အား ရဲလုံခြုံရေး များမှ လက်ထိပ်ခတ် ခေါ်ဆောင် လာပြီးနောက် တရားရုံးထုတ် တရားခံများထားရှိရာ တရားရုံး အချုပ်ခန်းတွင်းသို့ ထည့်သွင်း ချုပ်နှောင်ထားခဲ့ပါသည်။ အဲ့ဒီ့နောက်နေ့လည် ၁၂း၁၅ မိနစ်အချိန်ခန့်တွင် Mr.Ross Dunkley ကိုအချုပ်ဆောင် မှ ထုတ်ယူခေါ်ဆောင်ပြီး ကမာရွတ်မြို့နယ် အထူးတရားရုံးခန်းတွင် မြို့နယ်တရားသူကြီး (အမည်မဖော်ပြ)မှ စတင်စစ်ဆေး မေးမြန်းပါသည်။

တရားသူကြီးမှ စစ်ဆေးနေစဉ်အတွင်း တရားရုံးခန်း အနီးအနားတွင် ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များ၊ မြန်မာတိုင်းမ်ဂျာနယ်မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု ကြားနာကြပါသည်။ သတင်းထောက်များနှင့် လာရောက် ကြည့်ရှု ကြားနာသူများအား တရားရုံးခန်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုသည့်အပြင် ဓါတ်ပုံကင်မရာ၊ အသံဖမ်းစက်၊ မိုဘိုင်းဖုန်းများ ကိုင်ဆောင်ဝင်ရောက် လာသူများအား ကြားနာ ကြည့်ရှုခွင့်မပြုခဲ့ပါ။ တရားခွင်ကို၂ နာရီခန့် ကြားနာစစ်ဆေးခဲ့တယ်လို့ သိရှိရပါသည်။

တရားလို ဖြစ်သော မခိုင်ဇာ(နေရပ်လိပ်စာအတိအကျမသိ) မှ တရားခွင်သို့ လာရောက် စစ်ဆေးခံခဲ့ပါတယ်။ ၎င်းတရားလိုဖြစ်သော မခိုင်ဇာ(နေရပ်လိပ်စာအတိအကျမသိ) တွင် လေးလခန့်ရှိသော ကိုယ်ဝန်ကို လွယ်ထားရပြီး၊ ၎င်းနှင့်အတူသူမ၏ အမျိုးသား ဖြစ်သူဟုဆိုသော လူငယ်တစ်ဦးပါ အတူပါရှိခဲ့ပါသည်။ တရားလို ၊ တရားခံ နှစ်ဦးနှစ်ဘက်အား မြို့နယ်တရားသူကြီးမှ အမှုကို ကြားနာစစ်ဆေးပြီးနောက် ယခင်မြန်မာတိုင်းဂျာနယ်မှ(CEO) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Ross Dunkley အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၅ / ၃၄၂ / ၃၅၄ / ၁၃(က) အရ စွဲချက် တင်လိုက်သည်ဟု သိရှိရပါသည်။ တရားသူကြီးမင်းမှ အမှုကို လက်ခံ စစ်ဆေးကြားနာ၊ စွဲချက်တင်ပြီးနောက် အမှုရုံးချိန်းကို ၂၀၁၁၊ မတ်လ(၃)ရက် နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရှိရပါသည်။ ထို့နောက် Mr.Ross Dunkley အားညနေ ၄ နာရီအချိန်ခန့်တွင် ရဲအချုပ်ကားဖြင့် ရန်ကုန်၊ အင်းစိန်ထောင်ကြီးချုပ်သို့ ပြန်လည် ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။

Posted by ဒီမိုဝေယံ

4 comments

  • bigcat

    February 25, 2011 at 3:48 am

    ကမော္ဘဒီးယားနဲ့ ဗီယက်နမ်မှာ ပတ်ရှုပ်ခဲ့တဲ့လူကြီး ကျုပ်တို့မြန်မာနဲ့တွေ့တော့ ခံရပြီမှတ်လား။ ယေး…ဒါမှဒို့မြန်မာကွ၊ မင်းလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်။

  • etone

    February 26, 2011 at 2:35 am

    ဖတ်တဲ့ လူများလိုက်တာ တစ်ထောင်တောင် ကျော်သွားတယ်ကွာ ။
    ကွန်ဂရက်ကျူလေးရှင်းပါ နွယ်ရေ ။

  • yannaingech

    February 26, 2011 at 2:47 pm

    လိုချင်လိုက်တာ…ကျန်ခဲ့တဲ့သူ့ဂျာနယ်တိုက်ကြီး…

  • unclegyi1974

    February 27, 2011 at 4:51 pm

    မလိုချင်ပါနဲ့လိုချင်သူကလိုချင်လို့မှလုပ်သွား
    ပြီပဲ ကြားကအဆစ်ပါနေအုန်းမယ်

Leave a Reply