professional beggar

စေနFebruary 25, 20111min1265


ရန်ကုန်က တောင်းရမ်းသူတဦး တဲ့
ဈေးဦးပေါက်သေးပုံ မပေါ်။

သူတောင်းစားက ယူနီဖောင်း မလို
သူ့ဖိနပ်က သူ့ထိုင်ခုံ
သူ့ဦးထုပ်က ငွေလက်ခံရာဌာန။

အခွန်ဆောင်/ရှောင်စရာ မလိုတာ သူ့ အားသာချက်
ရွှေ့ပြောင်း လုပ်ကိုင်နိုင်တာ အားသာချက်
သနားတတ်သူတို့နိုင်ငံမှာ လူဖြစ်တာကလည်း အားသာချက်။

ဂုဏ်သိက္ခာ နည်းလွန်းတာက သူ့ အားနည်းချက် ဖြစ်မယ်။

ဒါပေမယ့် ရုံးထိုင်သူတောင်းစားထက်တော့ ဂုဏ်သိက္ခာ ရှိမယ် ထင်ပါရဲ့။

5 comments

  • etone

    February 25, 2011 at 9:25 am

    တောင်းတာရော ဟုတ်ရဲ့လားဟယ် ။ မောလို့ ခဏများနားနေလားမှ မသိတာ ။ မူးမိုက်သွားလို့များ အဲ့ဒီနေရာလေးမှာ ခဏနားနေလားမသိဘူး ။ အောက်က ဦးထုတ်မဖြစ်နိုင်ဘူး လက်ကိုင်ပုဝါဖြစ်ရမယ် ..။ (လွင့်ကျနေသလားပဲ )
    အချိုရည်ဘူးလေးလည်း ထောင်ထားတယ် ။ လက်ကလည်း တစ်ဘက်က ဗိုက်ထဲထည့်ထားတယ်ဆိုတော့လေ… ရုတ်တရတ်ကျန်းမာရေး တစ်ခုခုဖောက်လို့များလား တွေးမိတယ် … ။ နေရောင်ကလည်း ခေါင်းပေါ်တည့်တည့်ရောက်ချိန် ဆိုတော့ အချိန်အားဖြင့် 11နာရီနဲ့ 1နာရီကြားရှိတဲ့အချိန် ရူးနေလို့လမ်းလည်ခေါင်ထိုင်တောင်းတာတော့ မဖြစ်နိုင်ဘူး မှတ်တယ် … (ထင်သလို ဝေဖန်ကြည့်တာပါ .. လွတ်လပ်စွာကွဲလွဲနိုင်ပါတယ်)။ နေပူထဲ ထိုင်တောင်းတယ်ဆိုတာလည်း စဉ်းစားစရာမို့ပါ… ။

  • ဒီနေရာမှာ ခုလို တောင်းရမ်းနေတဲ့ အဘိုးအိုတစ်ယောက်ကိုတွေ့ရင် ဘာများလုပ်ကြမလဲ မေးခွန်းထုတ်ကြည့်ချင်ပါတယ်…. သနားလို့ ငွေထည့်ပေးခဲ့မယ်ပဲ ဖြေကြမှာပါ
    အဲဒီအဘိုးအိုကို အလုပ်တစ်ခုခုရှာပေးမယ်.. အဘလုပ်မလားလို့မေးရင် သူဘာပြောမလဲ??
    ဒါမှမဟုတ် ဘိုးဘွားရိပ်သာတစ်ခုခုကို စောင့်ရှောက်ပို့ဆောင်ပေးလိုက်မယ်ဆိုရင်ရော??
    ဟိုတစ်နေ့က ဆူးတင်ထားတဲ့ အဖွားအိုကိုတော့ ပိုလေးစား အားကျမိတာအမှန်ပါပဲ

  • mG

    February 25, 2011 at 3:38 pm

    အဟိုး ဟိုး….အဲ့ဒါတော့..“ဟုတ်တယ်” ဗျို့…

  • unclegyi1974

    March 3, 2011 at 4:16 pm

    ဦးထုပ်ဟုတ်ပါတယ်အီးတုန်ရဲ့
    နေ့လည်ဘက်တောင်းတဲ့သူတောင်းစားတွေမှ
    တပုံကြီးပဲ ဒါမှသနားပြီးပိုက်ပိုက်ပိုရမှာလေ

Leave a Reply