ညီမလေးတွေးဖို့ အတွေးလက်ဆောင်

naywoon niFebruary 25, 20111min17719

ညီမလေးရေ……… ညီမလေး ပြောတဲ့ ဆာဖာရီလား.. ဘာလား ။ အဲဒါဖွင့်ပွဲလုပ်တာ သိတာပေါ့။ ဒါပေမဲ့ အားမကျပါဘူး။ အားလည်းမပေးချင်ပါဘူး။ ခုလိုအချိန်မျိုးမှာ တို့ဆီမှာ ဒါကြီး(ဆာဖာရီ ဥယျာဉ်ကြီး)ရှိတယ်ဆိုပြီးတော့လည်း ဝမ်းလည်းမသာနိုင်ပါဘူး။ ဂုဏ်လည်းမယူချင်ဘူးလေ။ တစ်ကယ်တမ်း လိုအပ်နေတဲ့ အရာမှမဟုတ်တာ။ တစ်ကယ်တမ်းလိုအပ်နေတာက ခုထိ ကမ္ဘာမပြားသေးတဲ့ လူမွဲတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ လူငယ်လေးတွေအတွက် ခက်ရာခဲဆစ် သင်ကြားနေရတဲ့ နည်းပညာတွေ လွယ်လွယ်ကူကူ အခမဲ့/အခမဲ့နည်းပါး သင်နိုင်ခွင့်တွေ ။ ဒါတွေလိုအပ်နေချိန်မှာ…..။ ပြီးပြည့်စုံပြီးသား လက်တစ်ဆုတ်စာလောက်ရှိတဲ့ သူတွေ အပမ်းဖြေဖို့ ဥယျာဉ်တွေ မလိုချင် မလိုအပ်သေးဘူးလို့ထင်တယ်လေ။ တစ်ကယ်လို့များပေါ့လေ… ။ ခုညီမလေးပြောတဲ့ ဆာဖာရီ ဥယျာဉ်ကြီး လုပ်မဲ့အစား ကွန်ပြူတာ အခြေခံကို အထက်တန်းကျောင်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ ပြဌာန်းပြီး စနစ်တစ်ကျသင်ကြားလို့။ ကျွမ်းကျင်တဲ့ ကျောင်းသားတွေကို အောင်လက်မှတ်တွေထုတ်ပေးလို့ဆိုရင်……..။ ဒါကို ကြိုဆိုရမှာ။ ဒီလက်မှတ်ကိုင်ပြီး အပြင်မှာအလုပ်တန်းဝင်လို့ရပြီလေ။ ခုတော့ အပြင်မှာ ငွေလေးငါးသေားင်း ကုန်မှ သင်တန်းနား ကပ်လို့ရတာ။ ကျောင်းတွေမှာ အခမဲ့ သင်ပေးမယ်ဆိုရင်…….။ ဘယ်လောက်ကောင်းမလဲ။ ဒါညိမလေးတွေးဖို့ ဥပမာပြောပြတာပါ။ ခုတော့ ….အဲဒိဥယျာဉ်ကြီးက ကီလိုမီတာ 200လောက်ကျယ်တယ်ဆို။ တစ်စတုရမ်း ကီလိုမီတာကို လယ်ဧက 360 လောက်ရှိတယ်။ အဲဒိနေရာဟာ မြေလွတ်မြေရိုင်း ဟုတ်ပါလေစ။ မဟုတ်ခဲ့ရင်တော့ လုပ်ကိုင်စားသောက်နေတဲ့ လယ်သမားတွေ ယာသမားတွေ ရဲ့မျက်ရည်တွေနဲ့ တည်ဆောက်ထားတဲ့ ဥယျာဉ်ထဲမှာ ဘယ်သူကြည်နူးရဲသလဲ။ ပုဂံ ခောတ်က ကျိန်စာထက်ဆိုးသွားလိမ့်မယ်။ ဒီမြေဧက ပေါင်းများစွာမှာ လူဘယ်လောက်ရဲ့ ထမင်းအိုးတွေ ရိုက်ခွဲပစ်ခဲ့ပြီလဲ? တွေးကြည့်ရအောင်။
ညီမလေးတွေးဖို့ ချည်လုံးတစ်လုံးရဲ့ အစ လေးဆွဲထုတ်ပြတာပါ ။ ဆက်တွေးကြည့်ပေါ့ နော် ။

19 comments

  • ဆက်ပြီးတွေးကြည့်သောသကာလ………

    လယ်ဧကပေါင်း (၈၂၀၀၀)မှတစ်ဧက နှစ်စဉ်ပျမ်းမျှ စပါးအထွက်နှူန်း တင်း ၄ဝ = ၃၂၈၀၀၀ဝ တင်း နှစ်စဉ်ယုတ်လျော့မသွားပေဘူးလား? ပြည်သူပေါင်းမည်မျှ ဝလင်စွာ စားသောက်နိုင်အံ့သနည်း.. ပြည်သူများမျက်ရည်စက်တွေ အဘယ်မျှ ရင်းနှီးခဲ့ရသနည်း..

    နောက်တစ်မျိုး..

    စတုရန်းကီလိုမီတာ ၂၀ဝ ကျော်ကျယ်ဝန်းသော ဆာဖာရီဥယျာဉ်ကြီးရှိလာခြင်းကြောင့် မြန်မာပြည်သူအများ animal အမျိုးအနွယ်များနှင့်ရင်းနှီးခင်မင်စွာ ထိတွေ့ခွင့်ရလာခြင်း

    ဟောဗျာ…. ချည်လုံးက ချည်စလေးကိုဆွဲထုတ်နေရင်း ချည်ခင် ထုံးသွားပြန်ပါရော့လား
    😀

  • ဆူး

    February 25, 2011 at 1:47 pm

    အတွေးကောင်းပါတယ်။
    နေကောင်းပြီလား။
    ကျန်းမာရေး ဂရုစိုက်ပါ။
    ရွာသားတွေလည်း ကျန်းမာ ရွင်လန်းပါစေ။
    မျက်ရည်ကျနေမဲ့ သူတွေ ရှိမလား ဆိုတဲ့ အတွေးကတော့ တကယ် ဝင်သွားပြီ။

  • padonmar

    February 25, 2011 at 10:51 pm

    အဘနီကို ထောက်ခံပါတယ်၊

  • Shwe Tike Soe

    February 26, 2011 at 3:11 am

    ဟုတ်လိုက်လေ ကိုနေဝန်းနီရယ် သိပ်မှန်တာပေါ့ဗျာ..
    အခြေခံကျောင်းတွေမှာ ကွန်ပျူတာဘာသာရပ်ကို ထည့်သွင်းသင်ကြားပေးမယ်ဆိုရင်တော့ သိပ်ကောင်းပေါ့ဗျာ..
    ကွန်ပျူတာ ဆရာ။ဆရာမ မရှိရင် ပြောကြစမ်းပါ ကူညီသင်ကြားပေးမယ့်သူ အများကြီးပါ။
    ဟုတ်ဘူးလား…

  • antimoe

    February 26, 2011 at 3:38 am

    >နေပြည်တော် တည်ဆောက်မှု တရက် ကျပ်သန်းလေးထောင် ခန့်သုံး
    >“လွှတ်တော်ဆို တကယ့် ခမ်းခမ်းနားနား ဆောက်ထားတာ။ လွှတ်တော်မှာ သုံးတဲ့ ကျိုင်းဆိုတာတောင် ရွှေ ၆ ပိသာလောက်ရှိတယ်။ ကျန်တဲ့နေရာတွေကလည်း ရွှေအစစ်တို့၊ ကျောက်သံပတ္တမြားတွေနဲ့ အလှဆင် ထားတာတွေကော၊ မြန်မာမှုလက်ရာတွေဆိုလည်း တကယ့် ခမ်းခမ်းနားနားဆိုတော့ ကုန်တာပေါ့”ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာ တဦးက ပြောသည်။

    ၎င်းက ဆက်လက်၍“အစိုးရပိုင်းက နောက်အစိုးရကို အာဏာမလွှဲခင် အမြန်ပြီးစေချင်ပုံရတယ်။ နောက်အစိုးရ လက်ထက်မှာ ရသုံး မှန်းခြေတို့ ၊ ဘတ်ဂျက် စာရင်းတို့ တင်ပြရမယ်ဆိုတော့ အခုအချိန်မှာ ပိုက်ဆံ သုံးလို့ရသလောက် သုံးမယ်ဆိုတဲ့ သဘော လားမသိပါဘူး”ဟုလည်း ဆိုသည်။

    ထုတ်ပေးငွေများအနက် လွှတ်တော်တည်ဆောက်နေသော ACE ကုမ္ပဏီနှင့် အေဝမ်း ကုမ္ပဏီတို့က အများဆုံး ထုတ်ယူ ရနေကြောင်းလည်း အထက်ပါ စည်ပင်သာယာ အရာရှိက ပြောသည်။

    “ထုတ်တာကတော့ ACE က အများဆုံးပဲ။ လွှတ်တော်တို့ သမ္မ အိမ်တော်၊ ဒု သမ္မတ အိမ်တော်တွေက အချောကိုင်နေလို့ ပိုကုန်တယ်လို့ ပြောပါတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

    အဆိုပါ အသုံးစရိတ်များကို ရန်ကုန်နှင့် မြန်မာနိုင်ငံ တဝန်းရှိ နိုင်ငံပိုင် အဆောက်အအုံများ လေလံပစ်ရာမှ ရငွေများ၊ သဘာဝ ဓာတ်ငွေ့ ရောင်းရငွေများ၊ ကျောက်မျက်ရောင်းရငွေများမှ သုံးစွဲနေခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

    ဖြစ်နေတာလေးတွေပါ။ ဖြစ်သင့်တာလေးတွေ ဆက်ဆွေးနွေးကြပါဦး။

  • antimoe

    February 26, 2011 at 4:17 am

    သဂျီးလေသံနဲ့ပြောကြည့်တာ။

  • bigcat

    February 26, 2011 at 4:54 am

    မြန်မာပြည်တလွှား ပြည်သူတွေရဲ့ မျက်ရည်တွေ၊ ချွေးတွေ၊ သွေးတွေကတော့ စစ်အစိုးရတက်လာ ကထဲက မြစ်ချောင်းပေါက်နေခဲ့ပြီ။

  • nanmyat

    February 26, 2011 at 6:28 am

    ကွန်ပျူတာဆရာမတွေကိုလုပ်အားပေးခေါ်ရင
    ်နန်းမြတ်တို့သူငယ်ချင်းတွေကလည်းပညာဒါနလေးလုပ်ပေးချင်ပါတယ်။

    • bigcat

      February 26, 2011 at 6:48 am

      နန်းမြတ်လေးကို ကြောင်ကြီးကွန်ကလူတူပြာ သင်တန်းကျောင်းအုပ်ဆရာမကြီး အဖြစ်ခန့်လိုက်ပြီ။ လခက၁၅၀ဝ စရိတ်ငြိမ်း။ နန်းမြတ်ပင်ပန်းမှာစိုးလို့ သင်တန်းသားဦးရေကို တဦးပဲထားမယ်၊ သူ့နာမည်က ကိုကြောင်။ သဘောတူရင် သင်တန်းချက်ချင်းစကြစို့နော်။

      • nyimalay

        February 26, 2011 at 11:25 am

        ဦးကြောင်ကြီးနော် ပိစိကွေးဆီကလည်း 1500 တောင်းတယ် ပြီးတော့နန်းမြတ်ကိုပေးတယ်……….. ဘာသဘောလည်း ……….. ဘာသဘောလည်း…………. 😛

  • nanmyat

    February 26, 2011 at 7:18 am

    ကိုကြောင်ပေးတဲ့သင်တန်းကြေးကအရမ်းများတယ်။
    နည်းနည်းလျှော့ပေးမယ်၅၂၈ကျပ်ပဲပေးပါနော်။
    ဖြစ်တယ်မဟုတ်လား။

  • manawphyulay

    February 26, 2011 at 7:56 am

    ဒါက ညီမလေးတို့ တွေးရမှာမဟုတ်ပါဘူး။ ဘဘကြီးတို့ စဉ်းစားရမယ့်အရာတွေပါ ဘယ်နေရာတွေမှာ ဘာတွေလိုအပ်နေလဲ။ ဘယ်လိုလုပ်ပေးရင် အားလုံးအဆင်ပြေနိုင်မလဲဆိုတာ လူပိန်းတွေတောင် သိလောက်မယ်လို့ထင်ပါတယ်။ ပုစွန်ဥဏှောက်တွေတော့ ဘယ်လိုစဉ်းစားမိလို့ အကုန်အကျခံပြီး လုပ်လဲဆိုတာ ဘဘကြီးတို့ကော သိကြပါရဲ့လားရှင်…………………

  • bigcat

    February 27, 2011 at 3:37 am

    စိတ်မပူနဲ့တော့ ပေးဆေးကွိရေ.. နန်းလေးက ၅၂၈ပဲလိုချင်တယ်တဲ့။ ဒီတော့ဘင်္ဂလားပိုက်ဆံ ၅၂၈ပဲပေးလိုက်တော့မယ်။ ပေးဆေးကွိဆီကတောင်းထားတဲ့၁၅၀ဝလဲ ပေးစရာမလိုတော့ဖူးပေါ့။

  • naywoonni

    February 27, 2011 at 5:09 am

    ညီမလေးတို့ရေ…. သေချာစဉ်းစားကြပါကွယ်ရို့။ တောင်းတဲ့သူနဲ့ ပေးတဲ့သူ ယူတဲ့သူ ….. ဘာလိုသဘောနဲ့တောင်းပြီး ဘာလိုချင်လို့နြ်ပေးတယ်ဆိုတာကို သေသေချာချာ လေး စဉ်းစားကြပါနော်။ နောက်မှ ပြန်ပြင်နေရရင် မကောင်းဘူးနော်။

  • ချစ်စ/ဆ ရာ

    February 27, 2011 at 6:17 am

    ဦးနေဝန်းနီခင်ဗျား
    ဒါကတော့
    တိုင်းပြည်နိုင်ငံတစ်ခုကို တည်ဆောက်တယ်ဆိုတာက
    လိုအပ်တဲ ့ပြင်ဆင်မှုတွေအတွက်
    အချို ့ကတော့ ပေးဆပ်ရမှာသဘာဝပါခင်ဗျ
    မြို ့တော်ကိုရန်ကုန်မှာထားရင် နောင်မကြာခင်ကာလတွေမှာ
    သဘာဝဘေးအန္တရယ်တွေကြောင့် ပင်လယ်ရေတွေမြင့်တက်လာနိုင်ပါတယ်
    နောက်ပြီး တိုင်းပြည်ရဲ ့အချုပ်အခြာ အာဏာကို
    နိုင်ငံတော်အကြီးအကဲတွေရဲ ့
    ကြီးကျယ်တဲ့ဦးနှောက်အတွေးအခေါ်တွေနဲ ့ပြင်ဆင်လုပ်ဆောင်မှုမှာ
    ကျွန်တော်တို ့အနေနဲ ့
    နိုင်ငံတော်အကြီးအကဲတွေကိ်ု ဝေဖန်မဲ့အစား
    အထက်လူကြီးတွေညွှန်ကြားတာကို
    ပါဝင်ပူးပေါင်းလုပ်ဆောင်သင့်ပါသည် မဟုတ်ပါလားခင်ဗျ
    ကျွန်တော့်ရဲ ့အဆိုကို
    ဂေဇက်ရဲ ့
    ရွာသူကြီးလေးခိုင်နှင့်တစ်ကွသော ရွာသူရွာသားများ
    နှစ်ထောင်းအားရဂုဏ်ယူ ကြလိမ့်မယ်လို ့မျှော်လင့်မိပါကြောင်း။

    • antimoe

      February 27, 2011 at 3:44 pm

      ဒီအတိုင်းသာဆိုရင် ဂျပန်နိုင်ငံကြီး ခက်လှချည်ရဲ့။
      မြို့တော်ကို ဖူဂျီတောင်ထဲ ဝင်ဆောက်ရမယ်ထင်တယ်။

  • shwe

    February 27, 2011 at 7:33 am

    ကိုချစ်စရာက သရော်စာရေးတာလား၊??? တကယ်ကြီးလား

  • naywoonni

    February 28, 2011 at 10:41 am

    ကျွန်တော်က ဖြစ်သင့်တာနဲ့ ဖြစ်နေတာ တွေးကြည့်ခိုင်းတာပါ။ ဒီလိုမျိုး ပြောတာရေးတာ မဆလ အလွန်မှာလည်းရှိခဲ့ဖူးပါတယ်။ ဘယ်သူလဲတော့မမှတ်မိတော့ဘူး။ ဥယျာဉ်တည်တာကို ပြောတာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ အုန်းစိမ်း ငှက်ပျောစိမ်း သုံးတဲ့ တန်းကြေးကို တွက်ပြီး စာသင်ကျောင်းဆောင်းရင်ဘယ်လောက်ရမယ်။ ဆေးရုံဆောက်ရင် ဘယ်လောက်ရမယ်။ တံတားဆောက်ရင်ဘယ်လောက် ပေါ့လေ..။ နောက်ဆုံး ရှိသမျှလူအကုန် ထမင်း ခုနှစ်ရက်လောက်ကျွေးလို့ရဆိုပဲ။ ဒီတော့ ကျွန်တော်ပြောချင်တာက ဒီကိစ္စကို ပြောချင်တာထက် ညီမလေးတွေ သုံးသင့်တာထက် အဖြုန်းဘက်ရောက်နေတဲ့ ဟာလေးတွေပါထည့်ပြီး စဥိးစားတွေးဆ ကြဖို့ ရည်ရွယ်ပါတယ်။
    ဒီပို့စ်လေးက ကျွန်တော့ အတွေး သက်သက်လေးပါ။ ဒီအတိုင်းဖြစ်ရမယ်မဆိုလိုပါဘူး

Leave a Reply