ခွေးသား

ဆူးFebruary 25, 20113min32547

ကိုရီးယားက ခွေးသား လုပ်စားတဲ့ အကြောင်း ကြားဖူးပေမဲ့ မမြင်ဘူးသေးတော့ ရှာဖွေရင်း တွေ့ခဲ့တာတွေ မျှဝေလိုက်မယ်နော်။ သနားစရာ ခွေးသတ္တဝါတွေ ကို ကြည့်ပြီး ကရုဏာပွားကြပါအုန်း။


သားသတ်ရုံကို သွားနေကြတဲ့ ခွေးတွေ


ဈေးမှာ ခွေးသားရောင်းနေတာ ဖြစ်ပါတယ်။


ခွေးသား စွပ်ပြုတ်


ခွေးသား ရောင်းဖို့ ပြင်နေတဲ့ ပုံ ဖြစ်ပါတယ်။


ခွေး အရောင်းအဝယ် နေရာ ဖြစ်ပါတယ်။ ကြည့်ပြီး ဝယ်ပြီး အထက်က အတိုင်း ဟင်းအိုးထဲ ရောက်မှာပါ။
ခွေးတွေကတော့ သူတို့ သေမင်းက ဘယ်သူ ဖြစ်မလဲ စောင့်နေကြပါတယ်။


ခွေးသား နဲ့ ချက်ထားတဲ့ ဟင်းရည်


စားမဲ့ အကောင်တွေ ဆိုတော့ ဒီလိုဘဲ နဲ့ တူတယ် ကျပ်နေအောင် ထည့်ထားတာ သနားစရာပါဘဲ။


ကင်ပြီးသား မီးခိုးတွေ နဲ့ အရေခွံ စုပ်ဖို့ အတွက် ရေနဲ့ ဆေးချနေတာ ဖြစ်ပါတယ်။


ခွေး အသေးသားတွေ ပေါင်လုံးတွေ


ဝက်အူချောင်း ဆိုင်တွေမှာ မြင်နေကျ မြင်ကွင်းအတိုင်းဘဲ ခွေးအူချောင်းတွေ ရောင်းနေကြတယ်။


အချိန်နဲ့ ဝယ်စားကြတာ ထင်တာဘဲ။


ဆိုင်ပေါ်တွေမှာ စားဖို့ လုပ်ထားတော့လည်း ဘာမှ အမြင် မထူးခြားတော့ပါဘူး။ စားစရာ လို ဖြစ်သွားတာပါဘဲ။

47 comments

  • bigbird

    February 25, 2011 at 2:32 pm

    ဘဝဆက်တိုင်းကိုးရီးယားမှာ လူသွားမဖြစ်ပါရစေနဲ ့

  • ဆူး

    February 25, 2011 at 2:42 pm

    က ကြီးမတွေ ချောတာကတော့ ငမ်းပြီးတော့ ကိုရီးယား မှာ လူမဖြစ်ချင်တော့ဘူးပေါ့ ဟုတ်လား။

  • Oo Oo

    February 25, 2011 at 2:50 pm

    ကိုရီးယားကာတွေကိုကြိုက်တတ်..ကိုရီးယားမင်းသားမင်းသမီးတွေကိုကြိုက်တတ်တဲ့
    ဒို့မြန်ပြည်ကလူတွေလည်း..အားကျပြီး
    ခွေးသားလိုက်စားကြရင်တော့ …ခက်ရချည်ရဲ့ @^@

  • weiwei

    February 25, 2011 at 3:03 pm

    တရုတ်တွေလဲ ခွေးသားစားပါတယ် … သိပ်အေးတဲ့ရာသီမှာ ခွေးသားစားလေ့ရှိကြတယ် … အထူးဟင်းလျာအနေနဲ့ ဈေးကြီးတယ် … သူတို့ကိုမေးကြည့်တော့ ဘာမှမထူးဆန်းသလိုပါပဲ … ဘာမှလဲ မခံစားကြရဘူး … 🙁

  • ဆူး

    February 25, 2011 at 3:07 pm

    ခွေးဆိုတာ ကို အိမ်မှာ မွေးတာဘဲ မြင်တာများတော့ သံယောဇဉ် ဖြစ်နေလို့ သနားပိုတာ ဖြစ်မယ် ထင်တာဘဲ။
    ဝက် ကို မြင်ရင် စားစရာလို့ မြင်ကြတာနဲ့ သိပ်တော့ မကွာဘူး ထင်တယ်။

  • kopauk mandalay

    February 25, 2011 at 4:05 pm

    သူ့အရပ်နဲ့သူဇာတ်ကတော့ ဟုတ်နေမှာပါဘဲ။
    ခွေးသားက ပူတယ်လို့ပြောတယ်။
    ဒီတော့အေးတဲ့အရပ်ကလူတွေကတော့ စားကြမှာပါ။
    ကျနော်တို့ဆီမှာတော့ အိမ်မွေးတိရိစ္ဆာန်လိုဖြစ်နေတော့ သံယောဇဉ်တွေ
    ဖြစ်နေတော့ မစားရက်ဘူးပေါ့။
    မြင်သားကြားသားဆိုရင်တော့ မစားချင်တာ အမှန်ပါဘဲ။

  • nigimi77

    February 26, 2011 at 3:37 am

    ချင်းတွေ ခွေးသားစားတယ်။ ကရင်တွေလဲ ခွေးသားစားတယ်။ ဗမာတွေလဲ ခွေးသားစားတယ်။ ကျုပ်လဲ ခွေးသား
    စားဖူးတယ်။ စားလို ့ကောင်းတယ်။ အနံ ့ပြင်းတယ်။ ပူတယ်။ အားအင်ပြည့်ဖြိုးသလို ခံစားရတယ်။ နေမကောင်းရင် ခွေးသားစားတယ်။ ခွေးချစ်တယ်။ ဒါပေမဲ ့ မျောက်သားစားချင်ရင် မျောက်မျက်နှာ မကြည့်နဲ ့လို ့ပြောတယ်။ ခွေးချစ်တော့ ခွေးသေကောင် မျက်နှာ မကြည့်ဘူး ။ သနားတာထက် ရွံ ့တယ် (ရွံတာမဟုတ်) ။
    I am the legend ဇာတ်ကားထဲက ခွေး ဇွမ်ဘေ(Zombie) တွေနဲ ့တူတယ်။ ခွေးသားစားတဲ့ လူဆို ခွေးက သိတယ် အနားမကပ်ဘူးဆိုတာမျိုးပြောတယ်။ မမှန်ဘူး။ ကျုပ်ခွေးမွေးထားခဲ့တယ်။ ခွေးသားစားပြီး ပြန်လာလည်း ပါးရက် နားရက်ပဲ။ ဒါပေမဲ့ အမြင်အားဖြင့် ပြောရရင် ခွေးဟာ စားတဲ့အထဲမှာ မပါဝင်သင့်ဘူး။
    သူတို ့ဟာ လူနဲ ့ အယဉ်ပါးဆုံး သစ္စာအရှိဆုံး သတ္တဝါတွေ။ တခြားရွေးချယ် စရာ အသားတွေ အများကြီးရှိပါတယ်။ ဥပမာ လူသား လိုမျိုးပေါ့။ ကျူပ် လူသား အားကြီးကြိုက်တယ်။ ဟီးးးဟီးးးး။

    • snake

      March 5, 2011 at 2:00 pm

      စောက်ရူးကလဲတမျိုး

  • bigcat

    February 26, 2011 at 4:44 am

    ကြောင်တွေကိုကိုက်တဲ့ခွေးတွေ မှတ်ပလား။ ကြောင်တွေကိုနှိပ်စက်တတ်တဲ့ လူတွေလည်းကြည့်ထားကြ။

    • bigcat

      March 5, 2011 at 5:52 pm

      ကယ်ကြပါအုံးဗျို့၊ ဒစ်ကြိုက်သူများကြောင့် (dis like) အထက်ကကျုပ်ရဲ့ကွန်းမန့် အဖွက်ခံထားရပါတယ်။ ရွာထဲက ကြောင်ပုံတွေတင်ထားတဲ့ မင်န်ဘာများ၊ ကြောင်ချစ်သူများကို ကူညီကြဖို့ မေတ္တာရပ်ပါတယ်။

      • ဆူး

        March 6, 2011 at 2:58 pm

        (လိုက်) လုပ်ပေးချင်ပါတယ်။ ဒီကလူတွေက အိုင်ပီတူကြတော့ တယောက်က တခုခု လုပ်ထားရင်နောက် လူတွေ မရတော့ဘူး။ လိုင်းတခုကို ဘယ်နှစ်ယောက် သုံးကြသလဲတောင် မပြောတတ်တော့ပါဘူး။
        Like Dislike ဆိုတာ မျှတတဲ့ စိတ်ကိုဖော်ပြနိုင်တဲ့အရာ မဟုတ်ပါဘူး။

  • kai

    February 26, 2011 at 5:47 am

    မြန်မာပြည်က … ခွေးလေခွေးလွင့်အရမ်းများတာ..
    အဲဒီအကောင်တွေ ..ခွေးသားလုပ်ပစ်ဖို့ကောင်းတယ်..။

    ဆိုတော့..
    ကိုရီးယားကို ခွေးသားခြောက်..ခွေးသားကျပ်တိုက်..ခွေးသားအူချောင်း..စတာတွေ… လုပ်ပြီးပို့ပေါ့..။
    ရတဲ့ငွေနဲ့… မြန်မာတွေမစားဖူးတဲ့ အစားအစာတွေ အင်ပို ့ပြန်လုပ်ပေါ့ကွယ်…။
    မြန်မာလူမျိုုးဆိုတာ … အစားအသောက်တော်တော်ချို ့တဲ့တာ..။ ဒီလိုခေတ်မှာ ..ကမ္ဘာကြီးမှာ ..စိတ်ဝင်စားဖွယ်အရသာရှိတဲ့ အသား။ငါး၊အသီအနှံတွေ..အရမ်းများနေတာ..။
    အဲဒီ..မစားဖူးတာတွေချည်း..ရွေးအင်ပို့လုပ်ပေါ့..။ 🙂

    • ဆူး

      February 26, 2011 at 12:34 pm

      သဂျီး နဲ့ တွေ့မှ ဒီက ခွေးတွေ ကပ်ဆိုက်ကုန်တော့ မှာဘဲ။

      • kai

        February 26, 2011 at 11:24 pm

        ကျုပ်က တိရိစ္ဆာန်တွေ ချစ်ပါတယ်..။
        မြန်မာပြည်မှာ နေတုံး ခွေးလည်း မွေးဖူးတာပဲ..။ ဒါပေမဲ့ ထုံးစံအတိုင်း တာဝန်မယူမွေးနည်းပေါ့..။
        ဆိုလိုတာက… ကိုယ့်ခွေးက သူများအိမ်က..ပစ္စည်းအလစ်သုတ်သုတ်..။ ဖျက်စီးစီး..။ လူကိုကိုက်လာလာ.. ကိုယ်နဲ့ဘာမှမဆိုင်..။
        အဲ..ခွေးကို ..သူများက ရိုက်ရင်..။ ချစ်လို့ ပွတ်သပ်ကျီစယ်ကြရင်တော့ ..ဤခွေးသည်… မိမိ၏ခွေး… ကိုယ့်ခွေးပေါ့..။
        အဲဒါမျိုုး..။
        ပြီးတော့…
        ခွေးရူးရောဂါဖြစ်လည်း ..ကိုယ်နဲ့ဆိုင်တယ်..မထင်မိပါဘူး..။
        ခွေးလည်း..ခွေးကုသိုလ်ကံကြောင့်.. ဝဋ်ခံရတယ်ပဲမှတ်ပါတယ်.. 🙂
        ကာကွယ်ဆေးလည်း ထိုးပေးမှာမဟုတ်ဖူး..။
        မြန်မာ့နည်း မြန်မာ့ဟန်နဲ့.. ဒီလို…. အဲဒီလို..

        ပြောချင်တာက..
        မြန်မာပြည်က ..ခွေးချစ်သူ…ခွေးပိုင်ရှင်ဆိုသူတွေက… ကိုယ်တိုင်တာဝန်ယူမှုမရှိတဲ့ခွေးတွေ အကုန်.. ခွေးသားစားတဲ့ နိုင်ငံတွေဆီ… အိပ်စ်ပို ့လုပ်ပစ်ဖို့ကောင်းတယ်..လို့..။
        ရတဲ့ငွေနဲ့.. ခွေးအာမခံဌာနထောင်ပေးပြီး .. ခွေးဘဝမြှင့်တင်ရေးလုပ်ပေးပေါ့..။
        ဒါမျိုုုးကမှ.. လက်တွေ့ကျကျ… ခွေးတွေချစ်ရာရောက်မှာ…

        ဒန်တန်တန်… 🙂

  • nanmyat

    February 26, 2011 at 6:30 am

    အရမ်းရက်စက်တဲ့သူတွေပဲနော်။

    • etone

      March 5, 2011 at 4:08 am

      ညမ်းညက်လေး ပျောက်နေတာ ကြာဘီနော် ။

      • zippo

        March 8, 2011 at 8:07 am

        ဟုတ်ပဗျာ ညမ်းညတ်လေး ပျောက်နေတာ ကြာပါပေါ့လား…။
        ခွေးချစ်တတ်သူမို့ ပုံတွေကြည့်ရတာ.အော်ဂလီဆန်လာတယ်..။
        ညမ်းညတ်ရေ ကြည့်နဲ့နော်…။

  • naywoonni

    February 26, 2011 at 1:18 pm

    ခွေးသားစားရင် ငှက်ဖျားပျောက်တယ်တဲ့ 😛

    • windtalker

      November 19, 2011 at 12:49 pm

      အိမ်း…အခုမှ တရားခံ မိတယ် ။
      သူရို ့မြို ့က ခွေးတွေ ပျောက်ကုန်တဲ ့တရားခံ က ဘယ်သူလဲ ဟေ့
      🙂

  • kltatdo

    February 26, 2011 at 1:32 pm

    ကိုးရီးယား တွေ တောင်နဲ့မြောက် စစ်ဖြစ်ပြီး အကုန်သေပါစေ…။
    ခွေးသားစားသူတွေ……..ဒုက္ခ လှလှတွေ့ကြပါစေ………။
    တော်တော်ကျက်သရေ ယုတ်တဲ့ ကောင်တွေ…………။
    နောက်ဘဝ…….ခွေးဖြစ်မယ့်ကောင်တွေ……………..။
    ဝဋ်……ဆိုတာ……..ဒီဘဝ မှာတင်……လိုက်မှာ……..။

  • KoNyeinChan

    February 26, 2011 at 1:48 pm

    ကိုယ်တွေ ဗမာအယူအဆနဲ ့ကြည့်ရင်တော့ ခွေးသား မစားသင့်ဘူးတဲ့၊ လူတွေ “ပညတ်”ထားတာပါ။ ခွေးဆိုရင် နိမ့်ကျတယ်၊ ယုတ်ညံ့တယ်၊ မကောင်းတဲ့ နိမိတ်အနေနဲ ့ရှေးပဝေသဏီကတည်းက ဆိုထားကြတာ။ “ဝက်” ဆိုရင်ကော ဘာကြောင့်အရမ်းကြိုက်ကြတာလဲ??? ခွေးနဲ ့ဝက် အများစု မစင်စားကြတာချင်းအတူတူ၊ ပြောရရင် ခွေးက အနေအထိုင် ဝက် ထက်ပိုသန် ့သေးတယ် ဆိုရမယ်။ ကိုယ်တွေ မွေးစ ကတည်းက လူကြီးတွေ သင်ကြားထားတာက ခွေးဟာ ယုတ်ညံ့တဲ့တိရစ္ဆာန်၊ မွတ်စလင်ဘာသာမှာ ဆိုရင်လည်း ဝက် ဟာ ယုတ်ညံ့တဲ့တိရစ္ဆာန်။ ခွေးသားစားတဲ့လူတွေကို အမြင်တမျိုးနဲ ့ကိုယ်တွေတွေးသလို ဝက်သားစားလို ့မရတဲ့ မွတ်စလင်ဘာသာဝင်တွေအနေနဲ ့ရော ဝက်သားစားတဲ့ကိုယ်တွေကို အဲ့ဒီလိုတွေးမှာဘဲ။ အထက်မှာရေးခဲ့တဲ့အတိုင်း ဒါတွေဟာ လူတွေလုပ်ထားတဲ့ “ပညတ်ချက်” သက်သက်ပါ။ တိရစ္ဆာန်တွေအားလုံးအပေါ်မှာ သနားမေတ္တာထားတာတော့ကောင်းပါတယ်၊ ခွေးသားစားတဲ့သူတွေအပေါ်တော့ အမြင်တမျိုးနဲ ့မမြင်စေချင်ပါဘူး (ကျွန်တော်ခွေးသားမစားဘူးပါ၊ ဝက်သားအရမ်းကြိုက်ပါတယ်၊ မွတ်စလင်ဘာသာဝင်လည်းမဟုတ်ပါ) ကျွန်တော့အမြင်ကို ပြောခြင်းဖြစ်ပါတယ်၊ ဘယ်သူ ့ကိုမှအတိုက်အခံဆိုခြင်းမဟုတ်ပါ။ ဒေါ်ဆူးရေ.. နောက်ကို ဝက်အကြောင်းထပ်ရေးစေချင်ပါတယ် 😀
    အသိ ဗီယက်နမ်နိုင်ငံသားတွေပြောတာကတေ့ာသူတို ့နိုင်ငံမှာ ခွေးသားအရမ်းစားကြတယ်၊ ဈေးလည်းကြီးတယ်တဲ့

  • ဆူး

    February 26, 2011 at 2:47 pm

    စိတ်ကူးရတာလေးတွေ ရှာဖွေပြီးတော့ ပိုစ်တင်ပေးပါတယ်။ အားပေးတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။

  • intro

    February 26, 2011 at 3:48 pm

    ပုံတွေကြည့်တာနဲ့တင် စားဖို့နေနေသာသာ အသည်းယားတယ်ဗျာ…

  • shweminthar

    February 26, 2011 at 4:01 pm

    ခွေးသားက ဆေးဘက်ဝင်တယ်လို့ လဲ ပြောကြတယ်

    • ဆူး

      March 8, 2011 at 1:03 pm

      ငှက်ဖျား အတွက် ကောင်းတယ်လို့ ပြောတာ ကြားဖူးတယ်။

  • naywoonni

    February 27, 2011 at 5:20 am

    တစ်လောက စည်ပင်သာယာက အဆိပ်ချပြီး သတ်လိုက်တဲ့ ခွေးလေခွေးလွင့်တွေကို နှမြောလိုက်တာ။ အားလုံးဖမ်းပြီး ကိုရီးယားကို အိတ်စ်ပို့လုပ်လိုက်ရမှာ …။

  • winkyawaung

    February 28, 2011 at 3:58 pm

    ခွေတွေကုန်ရင် လူတွေချင်းစားကြတော့မှာလား…။

  • ဆူး

    March 1, 2011 at 1:50 pm

    ကိုရီးယား က သိသလောက်တော့ စစ်ဖြစ်တာတွေကော ရာသီဥတု အနေအထားအရ အေးလွန်းနေတာကော ဖြစ်နေတဲ့ အတွက် သူတို့ဆီမှာ အစားအစာ ရှားပါးပါတယ်။
    အသီးအနှံဆိုလည်း စိုက်လို့ရတဲ့ အချိန်အခါက ၁နှစ်မှာ ၄လ ၅လ ထက်မပိုဘူး။ ဒါကြောင့် ရှိတဲ့ အရွက်လေးတွေ ၁နှစ်ပတ်လုံး စားနိုင်အောင် ဆိုပြီး ကင်ချီ (ချဉ်ဖတ်) လုပ်ကြတဲ့ အလေ့အထ ဖြစ်လာတယ်လို့ ပြောတာ ကြားဘူးတယ်။

  • male

    March 4, 2011 at 5:22 pm

    လူတွေပါးစပ် က သင်းဂျိုင်းကုန်း ပါပဲ.. တွေ့ကရာ အကုန်ထည့်နေကြတာပဲ …. တိရစာ္ဆန်လေးတွေကတော့လူတွေပြုသမျှ နုကြရပါတယ်..သနားစရာကောင်းလိုက်တာ…ပြန်ခုခံနိုင်စွမ်းမရှိတော့ လူတွေနှိပ်စက်သမျှ ခံပေဦးတော့ပေါ့ ..ဝဋ်ကျွေးရှိသရွေ့ပါပဲ

  • etone

    March 5, 2011 at 3:26 am

    ဒီလောက်လူတွေနဲ့ အတူနေလို့ရတဲ့ ခွေးတွေကို မစာမနာ သတ်ပစ်ရက်တာလဲနော် …။ ခွေးတွေက သစ္စာရှိတယ်လို့ ကြားဖူးတာပဲ ။
    ခွေးတော့ မမွေးဖူးပေမဲ့ အနီးနားက ခွေးတွေက ို ညနေတိုင်း ထမင်းဆိုင်က မှာမှာပြီး ထမင်းကျွေးနေကြဆိုတော့ သံယောဇဉ်ဖြစ်နေပြီ ။ ခရီးထွက်တဲ့ ရက်တွေဆို ထမင်းလပေးမှာသလို မှာထားခဲ့ပြီး ခွေးကျွေးခိုင်းထားတယ်… ။ ပြန်လာမှ ပိုက်ဆံပြန်ရှင်းပေးရတယ် … ။ (ထမင်းဆိုင်က တကယ် ကျွေးမကျွေးတော့ ကိုယ်မမြင်ရတော့ မသိဘူးပေါ့… ။ )

  • လင်းငယ်

    March 5, 2011 at 10:43 am

    ငယ်ငယ်ကတော့ ခွေးသား စားဖူးတယ်။ ဒါပေမယ့် မကြိုက်ဘူး။ အန်ချင်လာတယ်။ လူဆိုတာမျိုးက ကိုယ့်အသားက လွဲလို့ စားတတ်ကြပါတယ်။ ထူးထူးဆန်းဆန်း အသားတွေကို စားဖို့ စိတ်အားထက်သန်နေတဲ့ လူတွေကလည်း ရှိနေတော့ ဆိုးတာပေါ။
    ခွေးသား စားတာနဲ့ ပက်သက်လို့ ချင်းတွေ ခွေးသား စားသားနဲ့ ပက်သက်ပြီး ပြောပြချင်ပါတယ်။ ဘာလဲဆိုတော့ ချင်းတွေက ခွေးကို ဝယ်ပြီး သတ်မစားသေးပါဘူး။ ဝမ်းနူတ်ဆေး ကျွေးပါသေးတယ်။ အရင်က အစာဟောင်းများကို သန့်စင်တဲ့ သဘောပေါ့နော်။ ပြီးရင် အရင်ဆုံး သန့်သန့်ရှင်းရှင်း ဖြစ်အောင် မွေးပါသေးတယ်။ စားကောင်းတဲ့ အစာတွေကို သေသေချာချာ ကျွေးတယ်။ ပြီးတော့မှ သတ်ကြတယ်လို့ နီးစပ်တဲ့ သူတွေ ပြောသံကို ကြားဖူးပါတယ်။ ဒါက အသေအချာ မှန်ကန်တယ်လို့ ကျွန်တော် မပြောပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်မှ မမြင်ဘူးတယ်။ ဒါကြောင့် ဒီဝေဖန်ချက်နဲ့ ပက်သက်ပြီး ဝေဖန်လို့ ရပါတယ်။
    Ps: အထက်မှာ ရေးထားတဲ့ ကို Bigcat ရေ.. comment ကို ဖွက်ပြီး ရေးထားတာ မကောင်းပါဘူး။ ဒါက ကျွန်တော့် အမြင်ပြောတာနော်။ ဘာလို့လဲဆိုတော့ ဒီရွာထဲမှာ စာလာရေးတဲ့ သူတွေ၊ စာဖတ်တဲ့ လူတွေ၊ ဝေဖန်နေတဲ့ လူတွေ အတွက် နည်းနည်းတော့ အနှောက်အယှက် ဖြစ်မယ် ထင်တယ်။ ကိုယ်က မဖတ်စေချင်ရင် Comment မှာ မရေးပါနဲ့လား။ သူ့ပို့စ်နဲ့ ပက်သက်ပြီး ပြောချင်ရင် သီးသန့်ပဲ ပြောလိုက်ပါ။ ကိုယ်မှ အဲဒီလို လုပ်ချင်တယ် ဆိုရင် ကိုယ် ရေးတဲ့ ပို့စ်မှာ Visual အစား Html နဲ့ ရေးပါလားလို့။ ဘာလို့လဲဆိုတော့ ပို့စ်တွေမှာ HTML, CSS တို့နဲ့ ရေးတာက နည်းပညာ သမားတစ်ယောက်နဲ့ ပိုပီသပါတယ်။ ဘာမှ မဟုတ်တဲံ comment မှာ ရေးတာထက်စာရင် ပိုပြီး ဝင့်ထည်ဖို့ ကောင်းပါတယ်။ ဒါက ကျွန်တော် အမြင် ပြောတာပါ။ မှန်တယ် မှားတယ် ဆိုတာက ဒီရွာထဲက လူတွေ သိမှာပါ။
    ဆောရီးပဲ မဆူးရေ… မဆူးရဲ့ ပို့စ်မှာ ဒီလို ဝင်ပြီး ရေးတာက အမြင် မတော်လို့ပါ။ သူများ ဝေဖန်ထားတာကို ဖတ်ပြီး ဘာလို့ ပြောရမလဲဆိုတာ တွေးမိလို့ အဲဒီလို့ comment ကို ကလစ်တစချက် နှိပ်ပြီး ဖွင့်ကြည့်တာက နည်းနည်း မသိကအောင့်နိုင်လို့ပါ။

    • ဆူး

      March 5, 2011 at 1:40 pm

      ကိုလင်းငယ်
      ဒီဆိုက်မှာ Like Dislike ဆိုတာ ရှိတယ်။
      Dislike ကို ၄ခါ လုပ်ထားတာ ခံရရင် အဲဒီလိုဘဲ ကွန်မန်းတွေ လိပ်သွားတတ်ပါတယ်။

  • sususan

    March 5, 2011 at 10:46 am

    စားဖို့မပြောနဲ့ ကြည့်တာနဲ့တင်သနားတယ်..

  • ဆူး

    March 6, 2011 at 3:47 pm

    ခွေးသား

    Reading Counts: 1103, February 25, 2011 in Creative Writing, Photography by ဆူး Edit this entry

    စာဖတ်တဲ့ အရည် အတွက် ထောင့်တစ်ရာ ကျော်နေပါပကောလား။

  • nigimi77

    March 6, 2011 at 7:29 pm

    စကားမစပ်။ ကျွန်တော် မန်းခဲ့တဲ့ ဘယ် post မဆို တနေ ့ကို အခေါက်သုံးဆယ်ထက် မနဲ ပြန်ဝင်ကြည့်ပါတယ်။ ဂျပိုး (ကြမ်းပိုး)ဟာ နံမှန်းသိလျက်နဲ ့
    ပြန်နမ်းကြည့်တာ လူ ့သဘာဝမို ့။ ယခု အချိန်အထိ ပျမ်းမျှခြင်းတွက်ကြည့်ရင်…
    လူတစ်ယောက် ၁ဝ ကြိမ်နဲ ့တွက်ပါမယ်။
    1103 / 10 = 110.3 ယောက် ရှိပါတယ်။ ပြန်ဝင်မကြည့်နိုင်တဲ့ ဆိုင်ထိုင် ဆရာများကို 80% ထည့်တွက်ပေးပါမယ်။ 110.3 + 80% = 551.5 ယောက်ရှိပါတယ်။

    ပြောချင်တာက…မဆူးရေ။ ကိုယ်ကကျူး ကိုယ့်ဒူးတောင်ယုံရတာမဟုတ်ဘူး။

    ကျုပ် ဝါသနာက တားမရလို ့ပါ။

    လူဆိုတာ အနှောင့်အယှက်ရှိမှ တိုးတက်မှာမို ့ ခင်ဗျားကို နှောင့်ယှက်ပါရစေလို ့
    ယဉ်ကျေးစွာ တောင်းဆိုပါတယ်။

  • bigcat

    March 6, 2011 at 9:12 pm

    အဟတ် အဟတ်။ ကိုနိဂိမိရေ ကျုပ်ဆီမှာ ဆူး အိမ်လိပ်စာရှိတယ်။ လိုချင်ရင်ပြော။

  • Gong Zhu

    March 7, 2011 at 4:32 pm

    ငါ့ခွေးလေးတွေ သနားပါတယ် … အဲ့လိုပဲ ကြက်တွေ ဘဲတွေကိုလည်း စက်ဘီးမှာ ဇောက်ထိုးလေးချိတ်ပြီး ခေါ်ခေါ်သွားတာ သနားပါတယ်နော် … သူတို့လည်းကြောက်နေမှာပဲနော် … အဲ့ဒါတွေ့ပြီးတည်းက သမီး သတ်သတ်လွတ်ပဲစားတော့တယ် … သနားလို့ …. !_!

  • ဆူး

    March 7, 2011 at 4:36 pm

    ကုန်းကျိုလေး.. သတ်သတ်လွတ်စားပြီ ဆိုရင် ကြောင်ဂိုဏ်းဝင်လို့ ရပြီ။

    • bigcat

      March 8, 2011 at 2:11 am

      သတ်သက်လွတ် ဆက်မစားတော့ဘူးဗျို့။ အသားပြန်စားတာ တပတ်ရှိသွားပြီ။ အဲဒီအကြောင်းပို့စ်ရေးမလို့ ဖီလင်မလာသေးလို့ ခဏဆိုင်းထားတာ။

      • kai

        March 8, 2011 at 8:59 am

        သာဓုဗျာ..သာဓု…။
        ဒေဝဒတ်ဂိုဏ်းက အပြီးထွက်လိုက်ပါလို့… ပြောချင်တာပါပဲ..။ 🙂

      • ဆူး

        March 8, 2011 at 1:07 pm

        ဦးကြောင်ကြီး အသားစားတော့ စားကောင်းလား။ မစားတာကြာ သွားရင် ညှီတယ်လို့ ခံစားရတတ်တယ်။ အသားမစားတာ ကြာရင် ဈေးထဲ သွားရင်တောင် အသားနံ ငါးနံတွေက အရမ်းနံတယ် အန်ချင်စရာကြီးလို့ ခံစားရတယ်။ စားတော့လည်း ပုံမှန် အတိုင်းဘဲ အနံ က အနံလို့ဘဲ ဘာမှ မထူးခြားတော့ဘူး။

  • ဆူး

    March 8, 2011 at 1:14 pm

    သဂျီးကလည်း သာဓု ခေါ်တာလည်း ၂ခါတည်း ပါလား
    ၃ခါ ခေါ်ရင် သဂျီးအိမ်က ခွေးတွေ ပါသွားမှာ စိုးလို့လား ဟီးဟီး။

  • ပေါက်ဖော်

    November 19, 2011 at 11:38 am

    အောမီးတောဖော..
    စားဘူး..စားဘူး…………..စားဘူး..

  • cobra

    November 19, 2011 at 1:08 pm

    ကျွန်တော်ကတော့ကြည်မိပီး
    သွားတောင်အန်ရတယ်ဗျာ…..
    ထွီ…..
    ရွံလိုက်တာဗျာ….။

  • ကြောင်လတ်

    November 19, 2011 at 1:13 pm

    ကြောင်ကို ကိုက်တဲ့ခွေးသား ကြောင်လတ်ကတော့ စားမှာပဲ
    ခွေးနက်သားကိုအရက်နဲ့မြည်းရင်ပန်းနာရင်ကြပ်ကောင်းတယ်တဲ့။

  • memeseku

    December 12, 2011 at 9:43 am

    ခွေး..ကြောင်… .ကြက်….ဝက်… ..နွား …..ဆိတ်…..ငါး……အားလုံးဟာလူတွေကသံယောဇဉ်ရှိမယ်ဆို အားလုံးဟာလူနဲ. ယဉ်ပါးပြီးချစ်စရာသဘာဝလက်ဆောင်တွေပါ။ မဖြစ်လို.စားနေရတာ(နေ.တိုင်း)ဖြစ်ပေမယ်. သနားကျင်နာကြရင်ကောင်းမှာပါ…။ မရက်စက်ကြပါနဲ….။ ကျွန်တော်လဲအသားစားပါတယ်…..။

  • memeseku

    December 12, 2011 at 9:45 am

    မစားပြန်ရင်လဲနေ.စဉ်တိုးပွားလာမဲ.အချိုးနဲ.ဆိုလူတွေဒုက္ခရောက်မှာမလွဲပါပဲ…။

Leave a Reply