ချစ်သူဖြစ်သူအားလက်ထပ်ခွင့်တောင်းရန် မိုင်ပေါင်းများစွာ ဆက်ဘီးနင်း၍ချစ်သက်သေပြ

bigbirdFebruary 26, 20111min12212

ထိုင်းနိုင်ငံတောင်ပိုင်း လရောင်းမြို ့တွင်နေထိုင်သော ပီတိဖွန်း အမည်ရှိ အင်ဂျင်နီယာလူငယ်
တစ်ဦးသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို ့တွင်နေထိုင်သော ဆရာဝန်မဖြစ်သူ ချစ်သူမိန်းကလေး
ထံသို ့ လက်ထပ်ခွင့်တောင်းရန်အတွက် ကီလိုမီတာ ၁၀၀ဝ နီးပါးခန် ့ရှိသောခရီးကို စက်ဘီးနင်း၍
ချစ်သက်သေပြရန်အတွက်သွားရာ ထိုင်းနိုင်ငံမြောက်ပိုင်းအစဖြစ်သော ချိုင်နာ့မြို ့အဝင်နားတွင်
မတော်တဆ စက်ဘီးမှောက်ပြီး ဆေးရုံသို ့ပို ့ဆောင်လိုက်ရပါသည်။ သို ့သော်ထိုလူငယ်မှာ
ဇွဲမလျှော့ပဲ သက်သာသည်နှင့်တပြိုင်နက် ဆက်လက်၍ ခရီးဆက်အုံးမည်ဟုဆိုပါသည်။

12 comments

  • ဆူး

    February 26, 2011 at 3:11 pm

    အချစ်ကြီးပုံများ.. စိတ်ပျက်စရာတောင် ကောင်းတယ်။
    ဇွဲကတော့ တော်တော် ကောင်းရှာတယ်။ မသေသေးတော့ နောက်မဆုတ်သေးဘူးတဲ့။

  • bigbird

    February 26, 2011 at 3:19 pm

    အန်တီဆူးက မချစ်ဖူးသေးဘူးနဲ ့တူတယ်။ha ..ha.

  • ဆူး

    February 26, 2011 at 3:29 pm

    မချစ်ဘူးဘူးလို့ အဘယ်သူ ပြော သနည်း….
    ဟီးဟီး..

  • intro

    February 26, 2011 at 3:43 pm

    ကိုယ့်အလှည့်ကျရင် ဒါမျိုး လုပ်ပြပါ ဆိုပြီး ပူဆာရင်တော့ ပြသနာပဲ…

  • shweminthar

    February 26, 2011 at 11:23 pm

    ဒီကောင် စိတ်ပျက်စရာ ကောင်းလောက်အောင် ကို ဇွဲ ကောင်းနေပါလား။

  • shwe

    February 27, 2011 at 7:40 am

    ထိုင်းထဲမှာ လက်ကြောတင်းဇွဲကောင်း တဲ့ လူတွေ.ဘူးတာပေါ့ ။ ခက်တာက ချီးကျုးစရာမကောင်းတဲ့နေရာ ဖြစ်နေတယ်

  • kai

    February 27, 2011 at 10:04 am

    ပုံပြင်တခု ပြောပြမယ်..။ အချိန်မရှိလို ့တိုတိုပေါ့ကွယ်..။ နားထောင်ကြနော..။

    ရွာတရွာမှာ .. သူကြီးသမီး ကွမ်းတောင်ကိုင်လုံမကို ကြိုက်တဲ့ ရုပ်ဆိုးဆိုးကာလသားတယောက်ရှိသတဲ့..။ သူက မိခင်မုဆိုးမကြီးပဲရှိပြီး လယ်ပိုင်ယာပိုင်လည်း မရှိဘူးတဲ့..။ ဆင်းရဲတယ်ပေါ့နော်..။
    အဲဒါ ရုပ်ကဆိုးပြီး ဆင်းရဲတာမို ့ဘယ်လိုမှ ကွမ်းတောင်ကိုင်လုံမဆီကပ်လို့ တောင် မရနိုင်ဘူးဖြစ်နေတာပေါ့။ လုံမပျိုဆီက အချစ်ရဖို့ဆိုတာတော့ ပိုလို့သာ အဝေးကြီးပေါ့..။

    ဒီတော့ အဲဒီကာလသားက ဘာလုပ်သလဲဆိုရင်..။
    မနက် ဝေလီဝေလင်းမှာ မျက်နှာကို ပုဆိုးကလေးခြုံ..။ လယ်ထွန်သွားတဲ့ ရွာသားတွေလာချိန်စောင့်ပြီး ..အဲဒီလုံမပျိုအိမ်နားက ခြံစည်းရိုးနားကပ်နေလိုက်။ ခြံထဲကနေ သုတ်သုတ်နဲ့ လစ်ထွက်လိုက် လုပ်သတဲ့..။
    တခါတခါဆိုများ .. အဲဒီသူကြီးခြေတံရှည်အိမ်တိုင်ကိုတောင် ဖက်ပြီး လူလာတာစောင့်ရင်း ခဏနေတယ်.. ပြီးမှ အသာလေး လူမမြင်အောင် လစ်ထွက်တတ်သတဲ့..။

    တလလောက်ပဲကြာပါတယ်…။ သူကြီးက အဲဒီ ကာလသားအမေ မုဆိုးမကြီးကိုခေါ်ပြီး .. သမီးကွမ်းတောင်ကိုင်နဲ့ အဲဒီကာလသားနဲ့ပေးစားဖို့ ပြောသတဲ့..

    ပုံပြင်လေးကတော့ ဒါပါပဲ..။ 🙂

  • ဆူး

    February 27, 2011 at 11:19 am

    သဂျီး ပုံပြင်က သူများ သမီးပျိုကို အကျင့်ယုတ်တာဘဲ။
    ပေါက်ကရ ပြောတော့မယ်။

  • intro

    February 27, 2011 at 1:46 pm

    အဲ့သည့် သူကြီးက ၂လုံးပြူး မရှိတဲ့ သူကြီး ဖြစ်မယ်နဲ့ တူတယ်နော်…

  • ဆူး

    February 27, 2011 at 3:38 pm

    ဒီရွာက သဂျီးကတော့ ၂လုံးပြူး တင် မကာဘူး ၆လုံးပြူး နဲ့ တိုပီတို ဒုံးပျံ နူးကလီးယားတောင် ရှိတယ်။ ပန်တာကွန် ဆိုတာ သဂျီး လက်အောက်က ဌာနခွဲလေ သိတယ်ဟုတ်.. ဘာမှ မလုပ်ချင်လို့ ငြိမ်နေတာ… ဟွင်း… 😉

  • Gong Zhu

    March 7, 2011 at 4:09 pm

    မမဆူး နဲ့ မမအီးတုံးကို ရော အဲ့လိုမျိုးလူကိုတွေ့ရင် သနားပြီး ချစ်မိမှာလား ….

  • MaMa

    March 8, 2011 at 12:26 am

    Gong Zhu ကြည့်ရတာ စိတ်မခိုင်တော့ဘူးထင်တယ်။ ပုံပြင်ထဲက သူကြီးက သူ့သမီးနဲ့ ပေးစားလိုက်ပေမယ့် ရွာထဲကသူကြီးက သူ့သမီးကို ကြံရပါ့မလားဆိုပြီး နှစ်လုံးပြူးနဲ့ လိုက်နေမှ ဟုတ်ပေ့ ဖြစ်နေအုံးမယ်။

Leave a Reply