ဒူးရင်းသီး

ဆူးFebruary 26, 20111min13317



ဒူးရင်းသီး ဆိုတာကိုတော့ မြင်တာနဲ့ သိမှာပါ။
ကြိုက်နှစ်သက်သူများ အဖို့တော့ အနံအရသာ ဆွဲဆောင်မှု ရှိပေမဲ့ မကြိုက်တဲ့ သူများ အဖို့တော့ အရမ်းကို ဒုက္ခပေးတယ် လို့ ခံစားစေရတဲ့ အသီးဖြစ်ပါတယ်။

ရာသီဥတု ပူတဲ့ အချိန်မှာ ပေါပေါများများ တွေ့ရပြီးတော့ ရာသီဥတုက ပူပူ အသီးရဲ့ သဘာဝ ပူပူနဲ့ စားပြီးတာနဲ့ သိသိသာသာ အပူတွေ ကန်တတ်ပါတယ်။

ဒူးရင်းသီး အသားကို စားရင် ချိုပြီး အီစိမ့်သွားတဲ့ သဘောရှိသလို အစာအိမ်မကောင်းသူများ အသဲရောဂါ သွေးတိုးရောဂါ ရှိသူများ ဒူးရင်းသီး စားရန် မသင့်တော်ပါဘူး အစာကြေရန် ခက်ခဲခြင်း ဝမ်းတွင်း အပူရှိန် မြင့်တက်စေခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

ဒူးရင်းသီး အစိ ကို ပြုတ်စားရင်တော့ သံကျတယ် ပြောကြပါတယ်။ သံထိုးလို့ ခဏခဏ ဗိုက်အောင့်တတ်တဲ့ ကလေးတွေကို ဒူးရင်းသီး အစိ ပြုတ်ကျွေးလိုက်ရင် သိသိသာသာ ဗိုက်အောင့်တဲ့ ဝေဒနာ သက်သာ သွားတာ သတိထားမိပါတယ်။

ဒူးရင်းသီး အစိ နဲ့ ပတ်သတ်လို့ ညောင်ပင်လေးဈေး အနောက်ဘက် အမှိုက်ပုံမှာ လူတွေ ဖွနေတာတွေ မြင်တွေ့နေရတယ်။ သူတို့ ဘာရှာနေလဲ အပေါ်က လှမ်းကြည့်တော့ ဒူးရင်းသီး အစိ လိုက်ကောက်နေတာ ဖြစ်ပါတယ်။ ထမင်း အစား အစိတွေ ပြုတ်စားပြီး ဝမ်းရေး ကို ဆက်လက် ရှင်သန်နေတာ ဖြစ်နေတာ သိခဲ့ရပါတယ်။

17 comments

  • weiwei

    February 26, 2011 at 4:43 pm

    ဒူးရင်းသီးကိုတော့ အရမ်းကြိုက်တယ် … ဒူးရင်းသီး စားပြီးရင် မင်းကွတ်သီးစားလိုက်ရင်တော့ အပူကန်တာ သက်သာသွားတယ်လို့ ပြောကြတာပဲ …

  • ဆူး

    February 26, 2011 at 4:53 pm

    ပြောတာ ကြားဘူးတယ်။
    ဒူးရင်းသီး ငယ်ငယ်က ဆို အရမ်းကြိုက်တယ် အခုတော့ မစားဖြစ်တော့ပါဘူး။
    စားရတာ အရမ်းပူတယ်လို့ ခံစားရတယ်။
    ဒူးရင်းသီး ပေါ်ချိန်ဆို သရက်သီးကလည်း ပေါနေပြီလေ.. အပူစာတွေ ကြီးဘဲ လိမ့်စားသလို ဖြစ်နေတော့ မစားဖြစ်ဘူး။
    ဒူးရင်းသီး အပူမကန်အောင် ဒူးရင်းသီး အခွံထံကို ရေကျင်းသောက်ရင် အပူ မကန်နိုင်ဘူးလို့ ပြောတာ ကြားဘူးတယ်။ ဟုတ်မဟုတ်တော့ စမ်းကြည့်ပေါ့။ ပြောတဲ့ လူကတော့ ဓါတ်သဘော နဲ့ ကတ်ကင်းရိုက်တဲ့ သဘောမျိုး ပြောတာဆိုတော့.. စွမ်းမစွမ်း စမ်းကြည့်မှဘဲ သိတယ်။

  • bigcat

    February 26, 2011 at 7:02 pm

    ထိုင်းကလာတဲ့ ဒူးရင်းသီးတွေ တရုတ်မားကက်တွေမှာရတယ်။ တပေါင်ကို တဒေါ်လာခွဲလောက် ရှိတယ်နဲ့တူတယ်။ ခပ်ရွယ်ရွယ်တလုံးဆို လေးငါးပေါင်အသာလေးရှိလို့ ခုနှစ်ဒေါ်လာအောက်တော့ ပေးရမယ်။ အစိနွှင်ပြီးသား ရေခဲထားတဲ့ ဒူးရင်းသီး ၆မွှာလောက်ပါတဲ့ ရယ်ဒီမိတ်ပလပ်စတစ်ဗူးနဲ့လည်း လာတယ်။ တဗူးကိုခြောက်ဒေါ်လာလောက်ရှိတယ်။ ထိုင်းဒူးရင်းတွေက အနံ့မထွက်ဘူး။ ဒညင်းသီးလည်း အဲဒီလိုပဲ အနံ့သတ်ထားတယ်။ ဒါနဲ့ ဒူးရင်းရော ဒညင်းသီးရောပါ သူတို့အသံထွက်နဲ့ ဗမာအသံထွက် တော်တော်ဆင်တယ်။
    ဒူရင်းသီးစားပြီး အပူမကန်ချင်ရင် ဝက်သားသုံးထပ်သားအဝစားပြီး အုန်းနို့ရွှေရင်အေးနဲ့ အစာပိတ်။ အဲဒါမှ အပူမထွက်သေးရင် ဒန်ပေါက်နှစ်ပွဲလောက်ထပ်ဝှိုက်လိုက်။

    • intro

      February 27, 2011 at 2:48 pm

      ဒါဆို ထွက်ရောလား? (အသက်)

  • bigbird

    February 27, 2011 at 12:53 pm

    အကောင်းမကြိုက်တက်တယ်ပဲပြောပြော .ဒူးရင်းသီးတော့လုံးဝမကြိုက်ပါ။
    ဈေးကလည်းကြီးသေး…

  • ဆူး

    February 27, 2011 at 3:33 pm

    ဒူးရင်းသီး သိပ်မစားနိုင်တော့ပါဘူး။ ပူလွန်းလို့ မခံနိုင်ဘူး။ အရမ်းသိသာတယ် စားပြီး မကြာဘူး မိတ်တွေ ပေါက်တာဘဲ။

  • unclegyi1974

    February 27, 2011 at 4:36 pm

    ဒူးရင်းသီးဆိုလို့ဖတ်လိုက်ပါတယ်
    ရေးသူဆူးဆိုတော့ကာရံကိုညီနေတာပါပဲ
    ကျွန်တော်လည်းဒူးရင်းသီးသိပ်ကြိုက်

  • antimoe

    February 27, 2011 at 4:42 pm

    ကိုယ်ကကြိုက်တဲ့သူဆိုတော့ သူများကိုလည်း ကြိုက်စေချင်တယ်။
    အတ္တ…အတ္တ။
    ပထမဆုံးစားခဲ့ရတဲ့ အရသာပေါ်မူတည်ပြီး ဆုံးဖြတ်တယ်လို့ထင်တယ်။
    ကောင်းမကောင်းအရင်စားကြည့်၊ ပြီးမှ ချစ်တဲ့သူကိုကျွေး။

  • naywoonni

    February 28, 2011 at 11:31 am

    အဲဒါဆို အန်တီမိုးရေ … အန်တီမိုး အရင်စားကြည့်ပြီးရင်တော့ ကျန်တာလေး ကျွေးဦး ဗျီု့။ ဈေးကြီးလို့ ဝယ်မစားနိုင်ဘူး 😛

    • antimoe

      March 1, 2011 at 11:00 am

      ရန်ကုန်လာရင် ကျွေးပါ့မယ်။
      ဘာတွေဘယ်လောက်ကောင်းကောင်း မြန်မာ့ဒူးရင်းသီးကအကောင်းဆုံးပါ။

      • ဆူး

        March 1, 2011 at 1:44 pm

        ဆူးလည်း မြန်မာ ဒူးရင်းသီး ကို ပိုကြိုက်တယ် ထိုင်း ဒူးရင်းသီးက အသားထူပြီး အစိသေးပေမဲ့ မြန်မာ ဒူးရင်းသီး အသားပါးပါး အစိကြီးကြီးတွေက ကောင်းရင် ပိုစားကောင်းတယ်။ အချိုနဲ့ အခါး ၂မျိုးရှိတယ် ဘယ်ဟာ ပိုကြိုက်လဲ။

  • thuyamon

    February 28, 2011 at 5:18 pm

    ဒူးရင်းသီးတစ်လုံးစားပြီးရင် မင်းဂွတ်သီးတစ်လုံးစားလိုက် ကျန်းမာရေးအကာအကွယ်ပေးတယ်…ကွက်တိပဲ

  • Ah T

    March 2, 2011 at 4:36 pm

    ကျွန်တော်ကဒူးရင်းသီးအနံ့ကိုမခံနိုင်တာဗျာ….။သူငယ်ချင်းတွေကစားကောင်းတယ်ပြောလို့ခဏခဏစားကြည့်သေးတယ်ဗျာ…စားလို့ကိုမဝင်ဘူး….။ အနံ့ရတာနဲ့တင်ကြောက်သွားပြီဗျ….။ အင်း…ဒီလိုလည်းကောင်းတာပဲလေ…။ မုန့်ဖိုးကုန်သက်သာတာပေါ့…။ဈေးကကြီးတာနဲ့ဆိုတော့ကွက်တိပဲဗျာ…။

  • kai

    March 3, 2011 at 12:46 am

    ဒူးရင်းသီးက မြန်မာပြည်က အစ မဟုတ်ဖူးတဲ့..။ မလေးရှားကနေ မြန်မာတွေရတာနေမယ်..။
    အဲဒါကြောင့် နာမယ်ကလည်း မြန်မာနာမယ် မဆန်ပဲနေတာ…။

    ကျမ်းမာရေးအတွက်ကောင်းတာတွေရှိတာမို ့..အောက်မှာတင်ပေးထားပါတယ်.။
    ဗီတာမင် B, C, E နဲ့သံဓါတ် ပေါပေါများများပါတယ်။ ကိုလက်စရောကျစေတယ်။ သွေးသန့်စေတယ် ဆိုတာပဲ..။

    The exotic durian is native to Brunei, Indonesia and Malaysia. While there are 30 known species of Durio exist only nine of them have been identified as producing edible fruits. Durian tree starts bearing fruits after four or five years after plantation. The tree grows up to 50 meters in height depending on the species.

    Health Benefits:

    * Durian is extremely nutritious because it is rich in vitamin B, C and E and with high iron content. Eating durian is alleged to restore the health of ailing humans and animals.
    * A preparation from its roots and leaves is prescribed by traditional doctors for fevers and jaundice.
    * Decoctions of the leaves and fruits are applied to swellings and skin diseases.
    * Durian fruit helps lower cholesterol.
    * Durian is a strong blood cleanser.
    * The ash of the burned rind is taken after childbirth.
    * Durian contains high levels of the amino acid tryptophan, known to alleviate anxiety, depression, and insomnia, and create feelings of happiness, by raising levels of serotonin in the brain
    * Durian contains high level of soft protein which makes it a good muscle builder.
    * Durian has a reputation as a powerful aphrodisiac.
    * Durian is recommended as a good source of raw fats.

  • ဆူး

    March 3, 2011 at 8:06 am

    ဆူး ကတော့ ဒူးရင်းသီး စားပြီးရင် ရင်ပြည့်တယ်။
    ဒူးရင်းသီး စားပြီး အသည်းသမား ဆေးရုံ ရောက်သွားတာတော့ မြင်ဘူးတယ်။

  • Gong Zhu

    March 7, 2011 at 4:07 pm

    ခုတောင် စားချင်လာပြီ မနေ့တည်းက စားချင်နေတာနော် … 🙁

  • Yin Nyine Nway

    March 7, 2011 at 4:37 pm

    အနံ့တော့မကြိုက်ဘူး
    အခွံက အနံ့ပျင်းတော့ ကြမ်းပိုးရှိတဲ့ အိမ်တွေ ကြမ်းပိုးပျောက်တယ်တော့ ကြားဖူးတယ်
    တိတော့ တိဝူး…

Leave a Reply