လမ်းကလေး(2)


ဒီပုံလေးကတော့ ပထမတင်ထားခဲ့တဲ့ ယာယီလမ်းကလေးကို အတည့်မြင်ရတဲ့ပုံလေးဖြစ်ပါတယ်။
အရှေ့မှာဘာတွေရှိမလဲလို့ သွားကြည့်ချင်စရာလေးပါဘဲ။

8 comments

  • ဆူး

    March 1, 2011 at 4:03 pm

    လယ်ကွင်းလေးတွေ စိမ်းလန်း စိုပြေ နေတာဘဲ။ ကောင်းတယ်.. ဆန်ရေ စပါး ပေါများပါစေ။

  • kopauk mandalay

    March 1, 2011 at 4:15 pm

    ဒီလမ်းလေးရဲ့အစကဧရာဝတီမြစ်နဲ့ယှဉ်ပြီးဖောက်ထားတဲ့ ကန်ပါတ်လမ်းဘက်မှာရှိပါတယ်။
    ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာရှိတာပါ။
    အနောက်ဘက်အဆုံးမှာတော့ စစ်ကိုင်းတောင်နဲ့တစ်ဆက်ထဲရှိတဲ့မင်းဝံတောင်တန်း။
    တောင်တန်းအောက်မှာမြစ်။
    မြစ်ရဲ့အရှေ့ဘက်မှာကတော့စိုက်ခင်းလေးတွေနဲ့အစောင့်တဲ့လေး။
    ဒီလမ်းကလေးကနေဆင်းသွားရင် ဧရာဝတီမြစ်ကမ်းနံဘေးကိုရောက်သွားတာပေါ့။

  • ဆူး

    March 1, 2011 at 4:18 pm

    လယ်ကွင်းလေးတွေ စိမ်းလန်း စိုပြေ နေတာဘဲ။ ကောင်းတယ်.. ဆန်ရေ စပါး ပေါများပါစေ။
    ကြီးပွား တိုးတက် ကြပါစေ။

  • unclegyi1974

    March 2, 2011 at 2:54 pm

    လမ်းဆုံးရင်ရွာတွေ့မတဲ့
    အခုတော့ရေပဲတွေ့မှာပါ
    ဒီလိုမြေနုကျွန်းတွေမှာစပါးမစိုက်ပါဖူး ဆူူး ရေ
    ရာသီပေါ်သီးနှံတွေစိုုက်တာများပါတယ်
    ဥပမာ မြေပဲလို

  • ဆူး

    March 2, 2011 at 3:00 pm

    လယ်ကွင်းတွေကတော့ စိမ်းစိုနေတာဘဲနော်.. ဆူးက မြရောင်ချယ် စပါးခင်းတွေ ထင်နေတာ။

  • etone

    March 3, 2011 at 8:45 am

    ကိုပေါက်ရေ လူလေးတွေက သေးသေးလေးပဲ မြင်ရတယ်နော် … အမြင့်ကနေ ရိုက်ထားတဲ့ ဓါတ်ပံ ုထင်ပါတယ် ။ ဘယ်ပေါ်ကနေ တက်ရိုက်တာလဲ ဟင် ။
    အဝေးကြီးကို လှမ်းမြင်ရတယ် … မြေပြန့် ရယ် ၊ တောင်တန်းရယ် .. ၊ မြစ်ကြီးရယ် … သုံးခုစလုံး တန်းမြင်ရတာ ကြည့်လို့ ကောင်းတယ် … ။ မိုးကောင်းကင်ကျယ်ကြီးကိုလည်း မြင်ရတယ် … ။

  • kopauk mandalay

    March 3, 2011 at 4:33 pm

    etone ရေ
    သိပ်အမြင့်ကြီးကတော့ မဟုတ်ပါဘူး။
    အပေါ်လမ်းမနေရာက ဟိုအရင်က တာရိုးလို့ခေါ်တဲ့ ဧရာဝတီမြစ်ရေတက်လာရင်ဒီဘက်လူနေရပ်ကွက်ကိုမရောက်အောင်ကာထားတဲ့မြေဘောင်အမြင့်ကြီးတွေပေါ့။
    အခုတော့ ကတ္တရာခင်းထားတဲ့ လမ်းမကြီးပေ့ါ။
    ခန့်မှန်းခြေ လမ်းမနဲ့အောက်က မြေလမ်း လေးငါးခြောက်ပေတော့ကွာမယ်ထင်ပါတယ်။
    ကောင်းကင်တောင်တန်းမြစ်ပြင်စိုက်ခင်း လမ်းကလေးတွေကို အားလုံးမြင်ရအောင် အမြင့်ဆုံးကမူလေးပေါ်ကတက်ပြီးရိုက်ထားတာပါ။
    လူကလေးတွေသေးတာကတော့ ကျနော့်ကင်မရာက သေးသေးလေးမို့ပါဗျာ။

    • etone

      March 4, 2011 at 2:36 am

      အော ဂလိုကိုး etone က ကိုပေါက် သစ်ပင်ပေါ်ထိ တက်ရိုက်တယ် အောက်မေ့လို့ ။ 😀 အားပေးပါတယ် … ပုံလေးတွေ ဆက်တင်ပါဦး ။

Leave a Reply