၂၇၄၉ခုနှစ်သို့ကူးပြောင်းရောက်ရှိလာသည့် ပျော်ရွှင်သောကရင်နှစ်သစ်ကူးနေ့

DaveDecember 16, 20091min831

တိုင်းရင်းသားလူမျိူးစုပေါင်းများစွာပေါင်းစည်းနေထိုင်သည့် မြန်မာနိုင်ငံတွင်  လူဦးရေစုစုပေါင်း ၄ရသန်းရှိသည့်အနက် ကရင်တိုင်းရင်းသားများသည် ရရာခိုင်နှုန်းရှိကြသည်။ကရင်တိုင်းရင်းသားများသည် နှစ်စဉ် ပြာသို လဆန်း၁ရက်နေ့ရောက်တိုင်း နှစ်သစ်ကူးနေ့အခမ်းအနားကို ဒေသအလိုက် ဆင်ယင်ကျင်းပကြရာ မိသားစုဝင်များ၊ဆွေမျိုးသားချင်းများ ပျော်ရွှင်စွာ ဆုံစည်းကြသည့်အပြင် မိတ်ဆွေသူငယ်ချင်းများလည်း သိုက်သိုက်ဝန်းဝန်းနှင့် ပါဝင်ဆင်နွှဲလေ့ရှိကြသည်။၎င်းတို့အနက် အချို့ မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး အချို့ မှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ကရင်နှစ်သစ်ကူးနေ့တွင် ဘာသာတရားမတူညီသော်လည်း လူ မျိုးစုဝင်အုပ်စုတူညီသော ကရင်တိုင်းရင်းသားများသည် တစ်ဦးနှင့်တစ်ဦး ခွဲခြားဆက်ဆံခြင်းမရှိဘဲ တစ်သားတည်း ပျော်ရွှင်ချမ်းမြေ့  စွာဖြင့် နှစ်သစ်ကူးအခါသမယကို ကျော်လွန်ဖြတ်သန်းကြသည်။

ကရင်ပြည်နယ်တွင်သာမက အခြားဒေသရပ်ရွာများတွင် ပြန့်နှံ့ရောက်ရှိနေကြသော ကရင်တိုင်းရင်းသားများသည် ကရင်နှစ်သစ်ကူးနေ့ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျင်းပကြရာ  ရန်ကုန်မြို့ ရှိအင်းစိန်၊ သမိုင်း၊ခဝဲခြံနှင့်              မန ္တလေးမြို့ ရှိ မဟာမြတ်မုနိဘုရာကြီး၊မဟာဇေယျာဘုံရပ်ကွက်၊ကရင်နှစ်ခြင်းခရစ်ယန်ဝင်း စသည့် ကရင်ပြည်နယ်ပြင်ပတွင်လည်း အလားတူနှစ်သစ်ကူးအခမ်းအနား၊ပျော်ပွဲရွှင်ပွဲများကို အစဉ်အလာမပျက်ကျင်းပခဲ့ ကြသည်မှာ နှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သည်။

မန ္တလေးမြို့ တွင် ကရင်နှစ်သစ်ကူးနေ့ နံနက်အရုဏ်တက်ချိန်၌ ကရင်အလံကို လွှင့်တင်ပြီး ဗုဒ္ဓဘာသာရဟန်းတော်များကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းလေ့ရှိသည်။ထို့နောက် ဗုဒ္ဓဘာသာ သာသနာ ၂၅၀ဝ ပြည့် ဗိမာန်တော်ကြီးတွင် နှစ်သစ်ကူးနေ့အခမ်းအနားကို စတင်ကျင်းပသည်။ထို့နောက် မန ္တလေးဒေသခံ ခရစ်ယန်ဘာသာဝင်ကရင်တိုင်းရင်းသားများက အရှေ့  ပြင်၊မဟာဇေယျာဘုံရပ်ကွက်ရှိ ကရင်နှစ်ခြင်းခရစ်ယန် ဘုရားကျောင်းတွင် ဘာသာရေးဝတ်ပြုဆုတောင်းပွဲကျင်းပသည်။ကြွရောက်လာကြသော ကရင်မိတ်သင်္ဂဟများနှင့်ဧည့်ပရိသတ်များကို ကရင်ရိုးရာ ထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံကြသည်။နေ့လယ်ပိုင်းတွင် မျိုးဆက်သစ်ကရင်ကလေးငယ်များနှင့် လူငယ်များပါဝင်ဆင်နွှဲသည့် အားကစားပွဲ၊ပျော်ပွဲရွှင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ကြသည်။

ယခုနှစ် ကရင်နှစ်သစ်ကူးနေ့တွင် နှစ်စဉ်နှစ်တိုင်း လာရောက်ဖျော်ဖြေနိုင်ခြင်းမရှိသည့် ကရင်ရိုးရာဒုံးယိမ်းအဖွဲ့ ပါဝင်ဆင်နွှဲခဲ့သဖြင့် ပိုမိုထူးခြားကာ ပျော်စရာကောင်းသည်ဟု မန ္တလေးဒေသခံ ကရင်တိုင်းရင်းသား တစ်ဦးက ပြောကြားသည်။

One comment

  • cum min

    June 20, 2012 at 4:23 pm

    အော်
    ဂုဏ်ယူစွာကြိုဆိုပါတယ်

Leave a Reply