“သိပါသလားခင်ဗျာ၊ သိပါတယ်ဆိုရင် ဆောင်ရွက်ရန် ရှိပါသလားခင်ဗျာ၊ ဘယ်တော့လောက်များ ဆောင်ရွက်ပါမလဲခင်ဗျာ၊ သိချင်ပါတယ်ခင်ဗျာ၊”

maungmoenyoFebruary 27, 20111min15812

ရုတ်တရက်ကြည့်လိုက်ရင် အပြင်လူတယောက်က ရုံးတရုံးမှာသိချင်တာရှိလို့ မရဲတရဲနဲ့မေးနဲ့တဲ့ မေးခွန်းလို့ထင်စရာရှိပါတယ်။

မဟုတ်ရေးချမဟုတ်ကြောင်းပါခင်ဗျား။ မနေ့ကပြည်ထောင်စုလွှတ်တော် ခေတ္တမရပ်နားခင် နာယကကြီး ဗိုလ်ချုပ်ခင်အောင်မြင့်က တက်ရောက်လာကြတဲ့ အမတ်မင်းများကို မှကြားလိုက်တဲ့ “ရာဇသံ” ပါခင်ဗျား။ နောက်လမ်ှစတင်တော့မဲ့ဥပဒေကြမ်းကိစ္စ၊ မေးခွန်းကိစ္စတွေနဲ့ပါတ်သက်ပြီးအမတ်မင်းများလိုက်နာရမဲ့၊ မေးရမဲ့မေးခွန်းနဲ့ပါတ်သက်ပြီးစည်းကမ်းတွေပါ။ ဆိုလိုတာက၊ ဥပဒေကြမ်းတွေ။အစိုးရအဖွဲ့ရဲ့လုပ်ငန်းတွေနဲ့ပါသက်ပြီးမေးခွန်းမေးချင်ရင်ဒီလိုဘဲမေးရမယ်လို့ပညတ်လိုက်တာပါ။ အမတ်တွေက ဟိူဟာကဟိုလိုလုပ်ပေးပါ၊ ဒီဟာကဒီလိုလုပ်ပေးပါ၊ ဒါတော့ပြောင်းပေးပါ၊ ဒါတော့ဖျက်ပစ်ပါဆိုပြီးလုပ်ခွင့်တောင်းဆိုခွင့်မရှိပါဘူးလို့ပညတ်လိုက်တာပါဘဲ။ တိုတိုပြောရရင်တော့ – မေးချင်ရင်မေး၊ ဒါပေမဲ့ ဖြေတာကိုဘဲလက်ခံဘို့ပါဘဲ။ စောဒကမတက်ပါနဲ့လို့ဆိုလိုက်တာပါဘဲ။ အမတ်မင်းများကိုကြည့်ရတဲ့ မြင်ကွင်းကလည်း စိတ်မချမ်းသာစရာပါ။ ရွေးကောက်ပွဲနဲ့ လွှတ်တော်မတိုင်ခင်က ကြုံးဝါးခဲ့တဲ့ (အတိုက်အခံအမတ်များရဲ့) လေသံ ကပျော့လာကြရုံမက လေလံတောင်မဟနိုင်တော့ပါဘူး။ တခြားမကြည်ပါနဲ့။ သမ္မတ အရွေးခံထားရတဲ့ ဗိုလ်သိန်းစိန်ကိုယ်တိုင်တောင် စက်ရုပ်လိုလှုပ်ရှားနေရတဲ့ဘဝပါ။ နောက်လ(မတ်လ) ထဲ့မှာ လွှတ်တော်ကော်မီတီများဖွဲ့စည်းတာတို့ နဲ့ ဥပဒေကြမ်းများတင်သွင်းကြတော့မှာဖြစ်ပါတယ်။ ဒီအစီအစဉ်များကို အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေက သီးခြားကျင်းပမှာဖြစ်ပြီး၊ အဲ့ဒီ အစည်းအသေးတွေမှာမိမိတို့ဆိုင်ရာပိုင်ရာ ဥပဒေကြမ်းများ။ ကော်မတီများ ကိုဖွဲ့ကြမှာဖြစ်ပါတယ်။ အားလုံးနားလည်းပြီးကြတဲ့အတိုင်းဘဲ၊ အတိုက်အခံတွေတင်မဲ့ (အရင်ကကြွေးကျော်ခဲ့တဲ့ လေသံလေးတွေအတိုင်း) တင်သမျှဥပဒေတွေ၊ တင်ဘို့နေနေသာသာ၊ တင်သွင်းဆွေးနွေးခွင့်ရဘို့တောင်အတော်ကြီး (အတော်ကြီး) ခက်နေပါလိမ့်မယ်။ ကြည့်ပါ။ လွှတ်တော်စတင်ခါစရက်တွေက NDF အမတ် ဒေါက်တာမြတ်ဉာဏစိုး၊ ပြည်နယ်ကအမတ်တယောက် တို့တင်သမျှ (အစိုးရအဖွဲ့ ဦးရေသတ်မှတ်ချက်စသည်ဖြင့်တို့ထင်ပါတယ်) (၈၅%) ကြံ့/ဖွံ့ ကြီးစိုးတဲ့ လွှတ်တော်က “ဟင့်အင်း” လုပ်ခြင်းခံလိုက်ရတာ တိုင်းသိပြည်သိ၊ နိုင်ငံတကာသိပါ။

အမှန်ပြောရရင်တင်မဲ့ဥပဒေကြမ်းအပါအဝင်၊ အစိုးရအဖွဲ့၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ကော်မရှင် နဲ့ ပြည်နယ် နဲ့တိုင်းဒေသကြီး လွှတ်တော်များရဲ့ ဝန်ကြီးချုပ်များ၊ ကျန်ရာထူးကြီးတွေကို၊ ကြံ့ဖွံ့ပါတီ ကစီးဝါးရိုက်ပြီးသားပါ။ ကျန်အမတ်တွေကတော့၊ ကြံ့ဖွံ့အမတ်များ ကပြောပြသလောက်သာသိကြရတဲ့ဘဝ (တနည်းဆိုရရင်) အရိုးအရင်းစားရတဲ့ ဘဝရောက်မှန်းမသိရောက်နေကြပါတယ်။ (၁၀) မိနစ်ကြာကျင်းပတဲ့ လွှတ်တော်မှာ အမည်စာရင်းတင်းသွင်းပြီး၊ ကန့်ကွက်စရာရှိရင် ကြိုးကြောင်းအပြည့်အစုံနဲ့ လွှတ်တော်ရုံးကိုတင်လို့ဆိုတာမို့၊ အမတ်မင်းများဘာကန်ု့ကွက်ရမှန်းမသိ၊ ဘာအကြောင်းပြရမသိအကြပ်ရိုက်နေချိန်မှာ နောက်တနေ့ကူးပြီး၊ ဘာကန်ု့ကွက်ချက်မှမရလို့၊ အတည်ပြုလိုက်ပါတယ်ဆိုပြီး မျက်လှည့်ပြခြင်းကိုသိသိကြီးနဲ့ ခံနေကြရပါတယ်။ အတိုက်အခံအချို့ဆီကထွက်လာတဲ့လေသံတွေကြည့်ပါ။ လွှတ်တော်ထဲ့မှာကန့်ကွက်ဖို့ ဘယ်သူကမှတုပ်တုပ်မလှုပ်တော့၊ ကိုယ်လလဲနေသာသလိုနေလိုက်တဲ့ဘဝရောက်နေပါတယ်တဲ့။ ဘယ်ဘက်ကကြည့်ကြည့် အဖက်ဖက်မှာရစရာမရှိအောင်ခေတ်နောက်ကျ (အာဆီယံနိုင်ငံတွေကြားထဲမှာတောင်) တိုင်းပြည်မှာပြည်သူတွေအတွက်လုပ်ပေးစရာတွေတလှေကြီးရှိချိန်၊ နိုင်ငံထူထောင်ရေးအတွက် စီးပွားရေး၊လူမှုရေး ကိစ္စတွေနေ့မီးညမီးနဲ့ လုပ်ဘို့လိုချိန်မှာ လွှတ်တော်အစည်းဝေးကိုနေ့စဉ် (၁၅)မိနစ်လောက်ဘဲလုပ်တယ်ဆိုကတည်းက စစ်အစိုးရရဲ့ ပြောင်မြောက်တဲ့ စေတနာကို အံ့ဩခြင်းမကအံ့ဩမိပါတယ်။ ပြည်တွင်းမှာလူတွေ က (၁၅) မိနစ်လွှတ်တောိလို့ ပြောင်လှောင်ခေါ်ဝေါ်နေကြသလို၊ ပြည်ပမှာလဲနားမလည်နိုင်စရာကိစ္စကြီးဖြစ်မှန်းမသိဖြစ်နေရပါပြီ။

ဒါပေမဲ့ အမတ်မင်းများအားလုံးအတွက်ဝမ်းသာစရာကတော့ လွှတ်တော်တက်စရိတ် တယောက်ကို (၆) သိန်းစီလောက်ပွ (အဲယောင်လို့) ရလိုက်ကြတယ်လို့ဆိုပါတယ်။ ကြံ့ဖွံ့အမတ်ဘီလျံနာ ဒေါက်တာခင်ရွှေ က ကြယ်(၅)ပွင့်ဟော်တယ်မှာ တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲတွေမှာမိန်းမောရင်း စိတ်ကူးယဉ်လို့သိပ်ကောင်းတဲ့အချိန်တွေဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အသစ်စက်စက်ရွေးချယ်လိုက်တဲ့ အစိုးရ နဲ့ အမတ်မင်းများရဲ့ဂုဏ်သိက္ခာတွေအစတည်းကမရှိရတဲ့ကြားထဲ၊  နိုင်ငံတကာအသိုင်းအဝိုင်းအလည်မှာ တရှိန်ထိုးကျဆင်းနေတယ်ဆိုတာ ထင်းထင်းကြီးပေါ်လာပါပြီ။ တာထွက်ကတည်းက နာမည်ပျက်ကရှိနေပြီဆိုတာသိသာနေပြီဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာစံနှုန်းနဲ့ ဘဲကြည့်ကြည့် ဒေသတွင်းစံနှုန်းနဲ့ ဘဲ ကြည့်ကြည့်၊ နောက်ဆုံးကုန်ကုန်ပြောရရင်၊ ပြည်တွင်းစံနှုန်းနဲ့ဘဲကြည့်ကြည့်၊ ဒီမိုကရေစီရေးအနှစ်သာရနဲ့ ပြည့်တဲ့ အချက်ရယ်လို့ တစက်ကလေးတောင်မတွေ့ရတဲ့၊ ဖြစ်ရပ်တွေကြောင့်အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုက ပြောင်ပြောင်တင်းတင်းဘဲ ဆိုလိုက်ကြပါတယ် – “စီးပွားရေးပိတ်ဆို့အရေးယူမှု”ဆက်လက်ဆောင်ရွက်မဲ့အကြောင်းပါဘဲ။ ဒီမျှော်လင့်ချက်နဲ့ လုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ မှော်မှန်းချက်အဆောက်အအုံကြီးဟာလဲ သဲထဲရေသွန်ဖြစ်သွားပုံရပါတယ်။ ပြည်တွင်းအစိုးရအာဘော်သတင်းစာတွေကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ပ အတိုုက်အခံတွေကို ပြစ်တင်ဝေဖန်ခြင်းတွေ ပြန်လုပ်လာကြပေမဲ့။ ဒီကိစ္စက အဲ့ဒီအတိုက်အခံတွေရဲ့စနက်ကြောင့် အနောက်အုပ်စုတွေက စီးပွားရေးပိတ်ဆို့မှုလုပ်တာမဟုတ်ကြောင်းကို စစ်အစိုးရကကောင်းကောင်းကြီးသိပါတယ်။ ဆောင်းပါးတွေရြ့အစမှာ ဒီစီးပွားရေးပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံကိုဘယ်လိုမှမထိခိုက်စေကြောင်းရေးသားထားပေမဲ့ဆောင်းပါးအပိတ်တွေမှာလူထုကိုတိုက်ရိုက် ထိခိုက်ကြောင်းး အဖွင့်နဲ့အပိတ်မညီတဲ့ အရေးအသားတွေတွေ့လာရပါတယ်။ သေခြာတာကတော့ စစ်ဗိုလ်ချုပ်များရဲ့စီးပွားရေးကိုအဓိကကျောထောက်နောက်ခံပြုတဲ့၊ စီးပွားရေးလုပ်ငန်းရှင်တစုရဲ့ အရှိုက်ကိုတိုက်ရိုက်ထိသွားတာတော့အမှန်ပါဘဲ။ စစ်အစိုးရရဲ့မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့၊ ဒီမိုကရေစီလမ်းပြမြေပုံအမည်ခံ စစ်အာဏာရှင်စနစ်တရားဝင်ရပ်တည်ခွင့်ရရေးဟာ သဲထဲရေသွန်သလိုဖြစ်သွားပါတယ်။

စစ်အစိုးရအနေနဲ့ကတော့၊ လျှောက်မိတဲ့လမ်းမှာနောက်ကိုပြန်လှည့်ကြည့်ဘို့တော့မမြင်သလောက်ပါဘဲ။ ဘဝသေနေကြပြီးဖြစ်တဲ့အသစ်ဂျပ်ဂျွတ်အမတ်မင်းများ နဲ့ ဆက်လက်သွားမဲ့ မြန်မာနိုင်ငံပြည်သူတွေရဲ့ရှေ့ရေးဟာ ရင်လေးစရာဖြစ်နေသလို၊ နက်မှောင်လွန်းတဲ့ DARK AGE ကိုဝင်နေပြီဖြစ်ကြောင်းမောင်မိုးညိုကမြင်မိကြောင်းပါခင်ဗျား။

12 comments

  • bigcat

    February 27, 2011 at 5:31 am

    NDF အမတ် ဒေါက်တာမြတ်ဉာဏစိုး ဆိုသူက လွှတ်တော်တွင်း အခွင့်အရေးတွေကြောင့် မြန်မာ့နိုင်ငံရေးအခြေအနေ အကောင်းဖက်ကို ပြောင်းနေပြီလို့ ဇွတ်ပြောနေဆဲပါ။

    http://freedomnewsgroup.com/ မှာတော့ Just Do It ဖေ့ဘွတ် စာမျက်နှာ တွင် RFA အင်တာဗျူးဉ် အီဂျစ်လို အဖြစ်မခံနိုင်ဟု ပြောခဲ့သည့်
    ဒေါက်တာမြတ်ဉာဏစိုးကို ချီးထုပ်ဖြင့် ပေါက်ရန် စီစဉ်နေမှုကို တိုက်ရိုက်ကြည့်ရှု နိုင်သည်။
    မြို ့တော်ဝန် အောင်သိန်းလင်း အိမ်နဲ ့ စာပေစီစစ်ရေး ရုံး ကို ချီးထုပ် နဲ ့ပေါက်ခဲ့တဲ့ ကိုဘပု က
    Freedom News Group ကို ဒီလို ပြောပါတယ်။ သူကြုံရင် လဲသူပေါက်မယ်တဲ့။တခြားလူ ကြုံရင်
    လဲ ကြုံတဲ့ လူ ပေါက် နိုင်ပါတယ် ၊ Franchise ပေးထားတယ်လို ့ပြောပါတယ်။

  • ချစ်စ/ဆ ရာ

    February 27, 2011 at 6:10 am

    အပေါ်က ပို ့စ်နဲ ့ အောက်ကကော်မန် ့ဟာဆိုရင်ဖြင့်
    ယနေ ့ နိုင်ငံတော်ကို
    ခေတ်မှီဖွံ ့ဖြိုးတိုးတက်ဘို ့ပထမအစခြေလှမ်းတွေဖြစ်တဲ့
    ဒီမိုကရေစီနည်းကျ ဖွဲ ့စည်းထားတဲ့အစိုးရသစ်ရဲ ့လမ်းစဉ်တွေကို
    အဖျက်အမှောင့်ပြုနေတယ်လို ့ထင်မှတ်ရပါတယ်ခင်ဗျ
    ဘာဖြစ်လို ့လဲဆိုတော့
    ယနေ ့မြန်မာနိုင်ငံရဲ ့အခြေအနေတွေဟာ သူများနိုင်ငံတွေနဲ ့မတူပါဘူးခင်ဗျ
    ဒါကြောင့် လွှတ်တော်အမတ်တိုင်းလိုခြင်တာတွေကို ဖြည့်စွက်ပေးလို ့မဖြစ်နိုင်ပါဘူးခင်ဗျ
    တဖြည်းဖြည်းသွားရမှာပါခင်ဗျ
    ကျွန်တော်တို ့ဗမာလူမျိုးတွေဟာ တိုင်းပြည်ရဲ ့ကိစ္စအဝဝကို
    စီမံဆောင်ရွက်နိုင်ကြစေဘို ့
    လာတော့မယ့်အစိုးရရဲ ့လမ်းညွှန်မှုတွေကို
    တက်တက်ကြွကြွ ပါဝင်ထမ်းရွက်ကြဘို ့ တိုက်တွန်းနှိုးဆော်လိုက်ရပါတော့တယ်ခင်ဗျား။

  • kai

    February 27, 2011 at 9:11 am

    အောက်ကစာတွေဟာ ..စာရေးသူ (ဦး)ထွန်းအောင်ကျော်ရဲ့အာဘော်တွေပါပဲ..။
    အီးမေးလ်ကရလို ့.. လေ့လာနိုင်ရန်အတွက် တင်ပေးခြင်းဖြစ်ပါကြောင်း..။
    ================
    ရွေးကောက်ပွဲလွန်ကာ ပေါ်ပေါက်လာမည့် သိန်းစိန် အစိုးရ

    ရွေးကောက်ပွဲလွန် ကာလတွင် NLD မှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာသည့် အပေါ် ထိပ်တိုက် ရင်ဆိုင်ရေးထက် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းစဉ်ကိုချမှတ်ပြီး တစိုက်မတ်မတ်ပြောလာခဲ့သည်။
    တဖက်မှလည်း ရွေးကောက်ပွဲကို တရားမျှတမှု ရှိလိမ့်မည်၊ မိမိတို့ ကျိုးစားလျှင် အနိုင်ရ ရှိနိုင်သည်ဟူသည့် မျှော်လင့်ချက်တို့ ဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ကြသည့် ပါတီများနှင့် တသီး ပုဂ္ဂလများသည် ၎င်းတို့ မျှော်လင့် သလို ဖြစ်မလာဘဲ ဗြောင်လိမ်၊ဗြောင်မဲခိုး သည့်လုပ်ရပ်များကို မျက်ဝါးထင်ထင် တွေ ့မြင်ရသည့်အခါရွေးကောက်ပွဲကို ထောက် ခံမိသည်ကို နောင်တရကြပြီး NLD နှင့် ပူးပေါင်းလိုကြောင်း ပြောကြားခဲ့ကြသလို မသန် ့ ရှင်းသည့် ရွေးကောက်ပွဲ ကိုလည်း အသိအမှတ် မပြုကြောင်း ကြေငြာခဲ့ကြသည်။
    တဖက်မှလည်း တတိယ အုပ်စု ဆိုသည့် အမည်ဖြင့် ရွေးကောက်ပွဲပေါ်ထင် ညစ်ပတ်မှုများကို လစ်လျှူရှုပြီး မြန်မာ နို်င်ငံကို စီးပွါးရေး ပိတ်ဆို့ ထားမှုကို ရုတ်သိမ်းရန် လိုအပ်ကြောင်း ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် အဝေးရောက် ပညာတတ်အမည်ခံတို့က တစိုက်စိုက်မတ်မတ် ပစ်မှတ်တစ်ခုအဖြစ် တောင်းဆိုပြီး ဒေါ်အောင်ဆန်း စုကြည်ကို ဘေးကြပ်နံကြပ် ဖြစ်လာစေရန် ဖိအားပေးပြီး ချောင်ပိတ်ရန် ကြိုးစား လာကြသည်။
    ဒေါ်အောင်ဆန်းစုကြည်ကလည်း စိးပွါးရေး ပိတ်ဆို့ ထားမှုနှင့် ပတ်သက်၍ စစ်အစိုးရနှင့် ဆွေးနွေး အဖြေရှာလိုကြောင်း ကမ်းလှမ်းခဲ့သော်လည်း ဗိုလ်သန်းရွှေတို့က တစုံတရာတုန် ့ ပြန်မှု မပြုဘဲ လစ်လျှူရှု ခဲ့သည်။ NLD ပါတီကို တရားမဝင် ကြေငြာခြင်းမှ ပယ်ဖျက်ရန် ဥပဒေ ကြောင်းအရ ဗဟိုတရားရုံးချုပ်သို့ ဦးတည် လျှောက်ထားခဲ့သော်လည်း စစ်အစိုးရ၏ ဗဟိုတရားရုံးရုပ်သေးအဖွဲ့မှပယ်ချခဲ့ပြန်သည်။

    ထိုအခါ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းအရ NLD ဖက်မှ အစစ အရာရာသဘောထားကြီးပြီးလျှင် တွေ ့ဆုံ ဆွေးနွေး ရင်ကြားစေ့ရေးကို လိုလား
    သဖြင့် အလှော့ပေး သည်းညည်းခံမှုကို ဗိုလ်သန်းရွှေ တို့က ဒင်းတို့ငါတို့ကို ဘာမှ မလုပ်နိုင်ပါဘူးဟုတင်းမာမြဲတင်းမာနေသည်။

    အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းသည် တဖက်သတ် အလျှော့ပေးရေး မဟုတ် ဆိုသည်ကို သဘောပေါက်စေရန် NLD မှ စီးပွါးရေး ပိတ်ဆို့ထားမှုသည် ဆက်လက် တည်ရှိရန် လိုအပ်သည်။ စစ်အစိုးရဘက်မှ အပြုသဘောဆောင်သည့် ပြောင်းလဲမှု တစုံတရာ မရှိဘဲလွှတ်မပေးသင့်ကြောင်းမကြာမီကထုတ်ပြန်ကြေငြာခဲ့သည်။
    ကျွန်ုပ် အနေနှင့် NLD သည် လမ်းမှန်အပေါ်သို့ ပြန်လည်ရောက်ရှိလာသည်ဟု မြင်သည်။ အမျိုးသားရင်ကြားစေ့ရေးသည် NLD မှ တဘက်သတ် နအဖ အုပ်စု လုပ်သမျှ ခေါင်းငုံ့ခံ ၍ မြှောလိုက်ခြင်း မဟုတ်။ အမျိုးသားရင်ကြားစေ့ရေး သည် NLD ဖက်မှ လျော့သလို နအဖ ဘက်မှလည်း လျော့ချညှိနှိုင်း ဆက်ဆံလာရေးပင် ဖြစ်သည်။ ထို့ကြောင့် နအဖ ဘက်မှ ငါ့မြင်း၊ ငါစိုင်း စစ်ကိုင်း ရောက်ရောက် လုပ်နေသမျှ NLD အနေဖြင့် ပြည်သူအားကိုယူ၍ ဖိအားပေးဖို့လိုပေသည်။

    ဒေါ်အောင်ဆန်းစုကြည်မရှိခင်နှင့် ရှစ်လေးလုံး အရေး အခင်း မဖြစ်ခင်ကပင် မြန်မာ နိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသော နိုင်ငံဘဝ ၊ပညာတတ်များ ထွန်းကားပေါက် ပွါးရာ ပွဲလည်တင့်သည့် နို်င်ငံတစ်ခု ဘဝမှ စစ်အာဏာရှင်များ၏ ကိုယ်မကျွမ်းကျင်သည့် တိုင်းပြည်၏ စီးပွါးရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ တို့ကို လက်ဝါးကြီးအုပ်၍လွဲမှားစွာ ၎င်းတို့ ကုိုယ်ကျိုးစီးပွါးအတွက် အုပ်ချုပ်ခဲ့၍ မြန်မာ နိုင်ငံသည် ကမ္ဘာ့ လူမွဲ စာရင်းဝင် နိုင်ငံ တနိုင်ငံ ဖြစ်လာခဲ့ရသည်မှာ ၁၉၈ရ ခုနှစ် မှ စတင်၍ ဖြစ်သည်။ ထို့ကြောင့် မြန်မာ နိုင်ငံ လူမွဲ နို်င်ငံ ဖြစ်နေသည်မှာ စီးပွါးရေး ပိတ်ဆို့မှု မရှိခင်တင်ကတည်းက ဖြစ်ကြောင်း အများသိဘို့လိုသည်။ စီးပွါးရေးဖွင့်လာသည်ဆို သော ယနေ ့ စီးပွါးရေး စနစ်သည် စစ်အုပ်စုများ လက်ဝါးကြီးအုပ် ဝေစားမျှစားစီးပွါးရေးစနစ်ဖြစ်သည်။

    ပြည်သူ အတွက်စီးပွါးရေး ဖွင့်ထားသည် မဟုတ်။ ၎င်းတို့ အတွက် တိုင်းပြည် သယံဇာတ များကို ဗြောင်ခိုးခွင့် ရရန်ဖွင့်ထားသည့် စီးပွါးရေး စနစ်ဖြစ်သည်။
    ဗိုလ်သန်းရွှေတွင် သဘာဝဓါတ်ငွေ ့ရောင်းရငွေ နှစ်စဉ် ၄ ဘီလီယံ (ဒေါ်လာသန်း- ၄- ထောင်) သည်မြန်မာ ပြည်သူများ၏ ကျန်းမာရေး ပညးရေး စီးပွါးရေးတို့ကိုကောင်းကောင်း မြှင့်တင်ပေး နိုင်သည့် ဝင်ငွေ ဖြစ်သည်။ ၎င်းငွေများ ဘယ်ရောက် ကုန်သနည်း???။

    ယူသင့်သည့် သင်ခန်းစာများ
    ၁၉၉ဝ ရွေးကောက်ပွဲပြီးနောက် နဝတ၊ နအဖ တို့က ရေငုံ နှုတ်ပိတ် NLD ရွေးကောက်ပွဲ အနို်င်ရမှုကို ရွေးကောက်ပွဲ ကျင်းပပေးသည့် နဝတမှချီးကြူး ဂုဏ်ပြုမှုအလျှင်း မရှိဘဲ ၊ဗိုလ်ချုပ်စောမောင်က `“ကျုပ်တို့ ရွေးကောက်ပွဲကို သန် ့သန် ့ရှင်းရှင်း လုပ်ပေးခဲ့တာပဲ” ဟုသာပြောခဲ့ပြီး သူပြောခဲ့သည့် မိန် ့ခွန်းအရ `“ဘယ်သူနိုင်နိုင်၊ နိုင်တဲ့ သူကို အာဏာလွှဲပေးပြီး စစ်တန်းလျားသို့ ပြန်မယ်” ဆိုသည့် စကားကိုမေ့ချင်ယောင်ဆောင်၍ အခြေခံဥပဒေ မရှိသောကြောင့် အာဏာ လွှဲပြောင်း မပေး နိုင်သေးကြောင်း ပြောဆိုလာ ခဲ့သည်။ ထိုအခြေအနေတွင် လူထုကြီးကလွန်စွာတက်ကြွနေသည်။ NLD ဘာလုပ်လုပ် နောက်က အသေခံ၍ လိုက်မည့် သဘော ဖြစ်သည်။ သို့ရာတွင် ပြည်သူ လူထု မျှော်လင့် သလို NLD ပါတီသည် အရှိန်တက်နေသည့် ပြည်သူ ့ဆန္ဒကို ဆုပ်ကိုင်ဖမ်းယူမည် ဦးဆောင်ရမည့်အစား ဂန္ဓီ ခန်းမ ညီလာခံတွင် တကယ်လုပ်သင့်သည့် ထိပ်တိုက်ရင်ဆိုင် ပြီး အစိုးရ အဖွဲ့ကို သတ္တိရှိရှိ ဖွဲ့စည်းပြီး ထောင်ထဲသို့ အစိုးရ အဖွဲ ့ဝင်များ တန်းစီဝင်ရ၊ ဝင်ရ ဝင်မည်ဆိုသည့် သတ္တိမမွေး နိုင်ခဲ့သဖြင့် ပြည်သူ ့အားဖြင့် အရှိန်ကောင်းကောင်း တိုက်ပွဲ ဝင်နိုင်သည့် အခွင့်အရေး ကောင်းကြီးကို လက်လွတ်ခဲ့ရပြန်သည်။

    ၁၉၉ဝ လွှတ်တော် အမတ်များ အစိုးရ ဖွဲ ့ရန် ကြံစည်မှုဖြင့် နောက်ပိုင်း အဖမ်းခံရပြီး ထောင်တွင်း သေသူသေ၊ နယ်ခြားပြေး၍ အဝေးရောက် အစိုးရ ဖွဲ ့သူဖွဲ ့ဖြင့် ၁၉၉ဝ ရွေးကောက်ပွဲ ရလာဒ်သည် ဇာတ်မြောကြီး ဖြစ်လာခဲ့ရသည်။ ပြည်ပရောက် ၁၉၉ဝ အမတ်များသည် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်ဖို့ ထက်ရွေးကောက် ပွဲရလာဒ်ကို အသုံးချပြီး လိုင်စင်ရ ရာသက်ပန် ဝန်ကြီးချုပ်များ၊ အမတ်များ ဖြစ်လာခဲ့ကြသည်။ `“အပြင်လူ မဝင်ရ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ၁၉၉ဝ လွှတ်တော်အမတ်များသည် ၎င်းတို့က သာ အစိုးရ ဖွဲ ့ပိုင်ခွင့် ရှိသည်။ အခြားသူများလာလျှင် ၁၉၉ဝ ရွေးကောက်ပွဲရလာဒ်ကို ဖျက်ဆီးရာ ရောက်သည်ဟု ခြံခတ် နိုင်ငံရေးဖြင့် အစိုးရ အမည်ခံ NGO တပိုင်း ဖြစ် လာ ကြသည်။
    လက်နက်ကိုင်တော်လှန်ရေး အကြောင်းပြောလျှင် တီကောင်ကို ဆားနှင့် ပက်သလို တွန့်သွား တတ်ကြသည်။ ထောက်ပန် ့ကြေး အဖြတ်ခံရမည်စိုးသဖြင့် တော်လှန်ရေး စကားကို မပြော ရဲကြ။ အမှန်စင်စစ် ၁၉၉ဝ ရွေးကောက်ပွဲ ရလာဒ်ကို အသုံးချပြီး တော်လှန်ရေး နယ်မြေရှိ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့်မပူးပေါင်းဘဲ ခြံခတ် နိုင်ငံရေး လုပ်နေ ခြင်း ကသာ ၁၉၉ဝ ရွေးကောက်ပွဲ ရလာဒ်ကို ဖျက်ဆီးနေခြင်း ဖြစ်သည်။

    (၈၈) မျိုးဆက်

    မင်းကိုနိုင် ၊ ကိုကိုကြီး၊ မင်းဇေယျာ၊ဌေးကြွယ်၊ ဂျင်မီ၊ မြအေး၊ စသော ၈၈-မျိုးဆက် ခေါင်ေးဆာင်များ နှစ်ပေါင်း ၁၆နှစ်- ၁၈ နှစ်ကြာ ထောင်နန်းစံ ဘဝ လွတ်မြောက်
    လာပြီးနောက် မျိုးဆက်ပြတ်တောက်မှုကို ဦးတည် လုပ်ဆောင်လာမှုထက် NLD နှင့် ပူးတွဲ လုပ်ဆောင်လာမှုကို လွဲမှားစွာ လုပ်ခဲ့ကြသဖြင့် နအဖ၏ သတ်ကွင်းထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။ NLD လုပ်ရပ်ကို ထောက်ခံသည်ကို မငြင်းလိုပါ။ သို့ရာတွင် ၈၈ -ခေါင်းဆောင်များသည် သမိုင်းရှိသည်။ မိမိကွန်ယက်ကို မိမိတည်ဆောက်ရမည့်အစား NGO များ အဖြစ် အထင်ခံရမည်ကို သေးသိမ် သည်ဟုု အယူအဆ မှားခဲ့ကြသည်။။စင်စစ် ၈၈ မျိုးဆက်များ၊ နောင်မျိုးဆက်သစ်တို့ နှင့် ကွင်းဆက်ချိတ်နိုင်ရန် ပေါ်လစီ မရှိခဲ့ခြင်းနှင့် လူမှုရေး လုပ်လျှင် နိုင်ငံရေး သိက္ခာ ကျသွားလေမလား ဆိုသည့် စိုးရိမ် မှုတို့က နောက်တကြိမ် ထောင်နန်းစံမှုကို ဖြစ်ပေါ်စေသည်ဟု သုံးသပ်သည်။ ယနေ ့ ဒေါ်အောင်ဆန်းစုကြည် လူမှုရေး ကိစ္စများကို ထဲထဲဝင်ဝင် ဝင်ရောက် ကူညီသည်ကို ကြည့်လျှင် ထိုစဉ်က ၈၈-မျိုးဆက်တို့ လူမှုရေးဝင်ရောက် လုပ်ကိုင်လျှင် ၂၀၁ဝ ခုနှစ်တွင် လူထု အခြေပြု ခေါင်ေးဆာင်များ ပြည်သူလူထုကြီးကိုစည်းရုံးပြီး သော လူများဖြစ်နိုင်သည်။

    ၈၈-မျိုးဆက်ကို ၈၈-လွန် ၉၆ မျိုးဆက်တို့ သိကောင်းသိမည်။ ၁၉၉၀- ခုနှစ်မွေးသော ယနေ ့ ၂၀၁ဝ မျိုးဆက် လူငယ်များ ကြားဖူးယု့သာ ကြားဖူး ကြမည်ဖြစ်သည်။
    ပြည်တွင်းရှိ လူငယ် တယောက်က `“မင်းကိုနိုင် ” အမည်ကြားသည့် အခါ စတီရီယို အဆိုကျော် မဟုတ်လားဟု မေးသည်ဟု ပြောသံကြားဖူးသည်။ ကိုကျော်သူနှင့်
    မဇီးကွက်တို့ နာရေး ကူညီမှု အသင်းသည် အလွန်အောင်မြင်သည်။ ပြည်သူ ့လေးစားမှုကို ရသည့် ၈၈-မျိုးဆက် အနေနှင့် လွတ်လာသည့် ၁၉၉၆ ခုနှစ်မှစ၍ လူမှုရေးကိုဇောက်ချ လုပ်လျှင် ၂၀၁ဝ သည်ပွဲကြီး ပွဲကောင်း နွှဲ နိုင်သည့် အနေအထားတွင် ရှိနိုင်သည်။
    ယနေ ့၈၈-မျိုးဆက်ခေါင်းဆောင်များ`“သူ ့စိတ် နှင့် ကုိုယ့်ကိုယ် ထောက်မင်းသား များဘဝ ” ရောက်ရသည်မှာအလွန်ဝမ်းနည်းစရာကောင်းသည်။”
    ၎င်းတို့၏ စွန့်စားမှုကို လေးစားပါသည်။ ၎င်းတို့ ယခုကဲ့သို့ ခံစားနေရခြင်းကို ကြားသိပြိး အမြဲ ယူကြုံးမရ ဖြစ်မိသည်။ အလွန် တန်ဘိုးရှိသော အနာဂါတ် ခေါင်းဆောင်များထောင်တွင် မဆုံး ပါးသွားကြပါစေရန်ဆန္ဒပြုပါသည်။

    ဒေါ်အောင်ဆန်းစုကြည်
    ဒေါ်အောင်ဆန်းစုကြည်ကို တချို့က ဘာမှ မလုပ်နိုင် လမ်းလွဲလိုက်နေသည်ဟုဝေဖန်ကြသည်။ တချိန်တွင် နတ်စင် အဖြစ် ကိုးကွယ်ရာ ဖြစ်သွားနိုင်သည်ဟု ဆိုကြသည်။
    ဒေါ်အောင်ဆန်းစုကြည် လုပ်ရပ်များကိုကြည့်ပါ။ သူမ လုပ်နိုင်သမျှလုပ်ခဲ့သည်။ ပြည်သူ လူထုနှင့် ထိတွေ ့ဘို ့ကြိုးစားတိုင်း သူမ ပါသော ရထားတွဲ ကိုဖြုတ်ချ ချန်ထားခြင်းခံခဲ့ရသည်။ သူမ ပါသောကား တံတားထိပ်တွင် ပိတ်၍ ထားသဖြင့် ကားထဲတွင် ၇-ရက်မျှနေခဲ့ရသည်။ ဒီပဲယင်း အရေး အခင်းတွင်သူမ အသက်ကိုပင် ရန်ရှာ လာခဲ့သည်။ သူမ လုပ်နိုင်သလောက် လုပ်သလို နအဖ ကလည်း အပြတ် လိုက်ပိတ်သည်။ နောက်ဆုံး အသေ သတ်ဖို့ ကြ။ိုးစားသည်မှာ အများ အသိပင် ဖြစ်သည်။
    ဒေါ်စုရှိလျှှင် ပြည်သူကို ဦးဆောင်ပြီး နအဖကို တွန်းလှန် နိုင်သည်ကို ဗိုလ်သန်းရွှေ ကောင်းကောင်းသိသည်။ ထို့ကြောင့်ဒေါ်စုကို နေအိမ် အကျယ်ချုပ်ဖြင့် ၁၅-နှစ်
    ခန် ့ထားခဲ့သည်။ အဓိက တရားခံမှာ အန်ကယ်ကြီးများ အုပ်စုသာ ဖြစ်သည်။ နအဖ အကြိုက်ခေါင်းငုံ ့လိုက်နေသော အန်ကယ်ကြီးများသည် NLD နှင့် ပြည်သူ ့ အင်
    အားစုတို့ကို ဖျက်ဆီးခဲ့သည့် ရွှေ ပြည်အေး သမားများသာ ဖြစ်သည်။ NLD ပါတီ တည်ရှိမှု မပျက်ရန် ဆိုသည့် အကြောင်း ပြချက်ဖြင့် တက်ကြွသည့် NLD လူငယ်များကို အဖွဲ ့မှ ထုတ်ပယ်ခြင်း၊ လူထု လှုပ်ရျားမှု များတွင် မပါဝင်ဘဲ မျက်စိမှိတ်နေခြင်းဖြင့် NLD ပါတီသည် အင်အား ယုတ်လျှော့ ခဲ့ရသည်။ နအဖ၏ပြင်းထန်သော ဖိနှိပ်မှု ညစ်ပတ်မှုများကလည်း တဖက်တွင်ရှိနေသည့် အတွက် ၎င်း အချက် ၂ ခုပေါင်းလိုက်သောအခါ NLD ပါတီနှင့် အဖွဲ ့ ဝင် သန်းဂဏန်းမှသောင်းဂဏန်း အဆင့်ကျရောက် လာခဲ့ရသည် ကို မည်သူမျှ မငြင်းနိုင်ပါ။

    NLDပါတီ
    NLD ပါတီ သည် တရားဝင် ပါတီအဖြစ် အသိအမှတ် ပြုမှု မရှိတော့ချေ။ သိန်းစိန် အစိုးရ တက်လာ သည့်အခါ NLD ပါတီ ကို တမျိုး လှည့်ပြီး မှတ်ပုံတင်လျှင် နိုင်ငံရေး ပါတီ အဖြစ် အသိအမှတ် ပြုမည်ဟု ချဉ်းကပ် လာနိုင်သည်။ သန်းရွှေ။ သိန်းစိန် တို့မှ မသိအမှတ် ပြုပြု- မပြုပြု ပြည်သူက NLD ပါတီ ကို အသိအမှတ် ပြုနေမည်သာ ဖြစ်သည်။ အထူးသဖြင့် ဒေါ်စုက ဦးဆောင်လျှင် ပြည်သူတို့က NLD ပါတီ ကို ပြည်သူ ့ပါတီ အဖြစ်လူထုက လက်ခံမည်မှာ မငြင်းနိုင်ပါ။

    NLD ပါတီ အနေဖြင့် ချဉ်းကပ်နည်း ၂ မျိုးဖြင့် ချဉ်းကပ်နို်င်သည်။
    အတွင်း အပြင် ချဉ်းကပ်နည်းဆိုလျှှင် မမှား နိုင်ပါ။ အတွင်းမှ ချဉ်းကပ်ခြင်း ဆိုသည်မှာ လွှတ်တော်တွင်း ရောက်ရှိနေသော ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အား စုများ၊ နှင့် ချစ်ကြည် ရင်းနှီးမှု ရယူပြီး လွှတ်တော်တွင်း တိုက်ပွဲများကို ပြင်ပမှ အားပေးခြင်း၊ ကူညီခြင်းတို့ဖြင့် မတရား ဥပေဒေများကို တိုက်ဖျက်၍ ဒီမိုကရေစီနည်းလမ်းကျ ဥပဒေတို့ကို ပြင်ဆင်ခြင်း ဆိုသည့် ဘောင်တွင်းက တိုက်ပွဲဖော်နည်းဖြင့် ချဉ်းကပ် ခြင်းကို အားပေး ကူညီခြင်းဖြင့်ခိုင်မာသောမဟာမိတ်ဖွဲ ့စည်းခြင်း။

    အပြင်စည်းမှ တိုက်ခြင်းသည် ကျယ်ပြန် ့သလောက် အန္တရာယ်လည်း များသည်။ လွတ်လပ်သော လူ ့ဘောင် အဖွဲ အစည်း၊ လူတန်းစား အဖွဲ ့အစည်းများကို တည် ထောင်ရာတွင် အားပေး ကူညီခြင်း၊ အောင်ခြေ လူတန်းစား အတွင်းသို ့ စိမ် ့ဝင်ပြီး လူထု၏ သာရေး၊ နာရေးများကို ကူညီခြင်း ၊ လူငယ်ကွန် ယက်များကို တူညီသော လမ်းကြောင်းများ ချပေးပြီး လက်တွေ ့ ဝင်ရောက် လုပ်ကိုင်စေခြင်းဖြင့် လူထု လူတန်းစားများကို ဦးဆောင် နိုင်သော၊ အောက်ခြေထု ထောက်ခံသော ခေါင်းဆောင်ကောင်းများကို မွေးမြူ ခြင်းတို့ဖြင့် တချိန်တွင် လူထု အားဖြင့် လူထု တိုက်ပွဲကို ဖော်ဆောင်ရာတွင် အတွေ ့အကြုံ ရှိပြီးသားသွေးသစ်များဖြင့်၊ လူထုအား ကိုသုံး၍တော်လှန်ရေးကို ဦးဆောင်သွားရန် အထိ ပိုင်းဖြတ်ပြင်ဆင်ထားရန် လိုသည်။

    သိန်းစိန်အစိုးရ
    သိန်းစိန် အစိုးရသည် ရုပ်သေး အစိုးရ ဖြစ်နိုင်သလို ၊ ဗိုလ်နေဝင်း၏ ဩဇာကို ဗိုလ်သန်းရွှေ အင်အား ပြည့်သည့်နေ ့တွင် ရုန်းထွက် သကဲ့သို့ ကိုယ့် ဩဇာ ကိုယ်တည်ဆောက်မည့် အစိုးရလည်း ဖြစ်နိုင်သည်။ သိန်းစိန်သည် သန်းရွှေ ၏ လူယုံဖြစ်သည်မှာ မငြင်းနိုင်ချေ။ လူယုံ ဖြစ်သည့် အတွက်ကြောင့်သာ သမ္မတ ရာထူးကို ပေးထားခြင်း ဖြစ်သည်။ သို့ရာတွင် သိန်းစိန် အစိုးရသည် အညစ်ပတ်ဆုံး၊ အရှက်တရား အကင်းမဲ့ ဆုံး လုပ်ရပ်ဖြင့် ရွေးကောက်ပွဲတွင် ဗြောင်မဲလိမ်၊ မဲခိုးသည့် စနစ်ဖြစ်သည့် ကြိုတင်မဲ ဆိုသည့် ဘယ်က ရောက်လာမှန်းမ သိ သည့်မဲများဖြင့်အတိုက်အခံများကိုတဖက်သတ်အနိုင်ယူခဲ့သည့်အပြင်ကျင်းပခဲ့သောရွေးကောက်ပွဲကိုလည်းအတိုက်အခံများက အသိအမှတ် ပြု ပေးရန်ကောက်ကျစ်စွာ ကြံ ဆောင် နိုင်ခဲ့ပေသည် မည်သို့ပင်ဖြစ်စေသိန်းစိန်အစိုးရသည်ဂုဏ်သိက္ခာမရှိသော လူထုထောက် ခံမှုမရှိသောအစိုးရဖြစ်သည်

    စနစ်တခု ပြောင်းလဲရာတွင် တရား ခံဖြစ်သွား သူများ

    အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်ပြောင်းလဲသွားသော နို်င်ငံများကို လေ့လာလျှင် ထိုနိုင်ငံများတွင် ဗိုလ်ကျ စိုးမိုးနေသော အာဏာရှင် ပါတီဝင်များ(သို့မဟုတ်)
    ပါတီဝင်ဟောင်းများနှင့် ဒီမိုကရက်တစ် အင်အားစုတို့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြရာ၌ ဒီမိုကရက်တစ်များက အနိုင်ရပြီး အစိုးရများ ဖြစ်လာကြသည်။
    သို့ရာတွင် အာဏာရှင် လက်အောက်တွင် ပျက်စီး ယိုယွင်းနေသောစီးပွါးရေး၊ လူမှုရေး၊ပညာရေး၊ ကျန်းမာရေး၊ တို့ကို ပထမ သက်တမ်း(၄)နှစ် အတွင်း

    မြှင့်တက်လာရန်မစွမ်းဆောင်နိုုင်ကြချေ။ အကြောင်းမှာ အုပ်ချုပ်ရေး အတွေ ့အကြုံ နည်းပါး ခြင်းကြောင့်၎င်း၊ ပြည်သူများ၏ နိုင်ငံရေး အတွေ းအခေါ်မှာ အာဏာရှင် လက်အောက်
    တွင် ဖိနှိပ်ခံ၊ အောက်တန်း နောက်တန်း ကျနေသည့် ဘဝမှ ဒီမိုကရေစီ စနစ် ဖြစ်ပေါ် လာသည်နှင့် တပြိုုင်နက် နေ ့ခြင်း၊ ညခြင်း၊ ၎င်းတို့ ဘဝ တိုးတက်ပြောင်းလဲ သွား လိမ့်မည်ဟု လွဲမှားစွာ တွေး ထင်ခြင်းကြောင့် ၎င်း တို့ ထင်သလို ဘဝ တိုးတက်မှု နှေးကွေးမြဲ နှေးကွေး နေသည်ကို တွေ ့ရသည့်အခါ ၊ နောက်တကြိမ် ရွေးကောက်ပွဲတွင် ယခင်အစိုးရ ပါတီဝင် ဟောင်းများကို မဲပေးခဲ့သဖြင့် ယခင် ကွန်မြူနစ် ပါတီ ဝင်ဟောင်းများ အစိုးရ တလှည့် ဖြစ်လာခဲ့ပြန်ပါသည်။
    သို့ရာတွင် ၎င်းတို့သည် ယခင်က အာဏာရှင် ဘဝ၌ တဖက်သတ် အာဏာဖြင့် အစိုးရ

    ဖွဲ ့စည်းပုံမျိုး မဟုတ်တော့ဘဲ ပြည်သူကရွေး လိုက်သည့် ဒီမိုကရေစီ နည်းအရ တက်လာ သည့် အစိုးရများ ဖြစ်လာခဲ့ကြပါသည်။ ၎င်းအချက်ကို ဆိုဗီယက်ရုရှားနိုင်ငံ၊ ပိုလန် နိုင်ငံတို့ တွင်တွေ့နိုင်သည်။

    ထို့ကြောင့် ဗိုလ်သန်းရွှေ တို့က ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ အမည်ခံ ကာကလိမ် ကကျစ် ရွေးကောက်ပွဲ လုပ်ပြီး သိန်းစိန် အစိုးရကို မွေးထုတ် ပေးလိုက်ခြင်းသည်
    NLD ပါတီ နှင့် ဒီမိုကရေစီ အင်အား စုတို့ အတွက် တမျိုး ကောင်းပါသည်။
    သိန်းစိန် အစိုးရသည် သူ ့သက်တမ်း ၅-နှစ်အတွင်း မြန်မာ နို်င်ငံ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ တို့ကို ဦးမော့ လာစေရန် မစွမ်းဆောင်နိုင်ပါ။ ထို ့ကြောင့် ပြည်သူ လူထုကြီး၏ မကျေနပ် ချက်ကို သည်လည်း တိုး၍ လာမည်သာ ဖြစ်သည်။ သိန်းစိန် အစိုးရ နောင် ၅-နှစ်အတွင်း ရွေးကောက်ပွဲ လုပ်သည့် အချိန် အခါ မရောက်ခင် မြန်မာ ပြည်သည်အုံကြွမှုကြီးနှင့်တိုးပါလိမ့်မည်။

    ထိုသို့ အုံကြွ လာသည့်အခါ NLD ပါတီ အနေနှင့် ရှေ မှ နောက်မတွန် ့ဘဲ ဦးဆောင်နိုင်ဖို့ ယနေ ့မှ စ၍ ပြင်ဆင်ရမည်ဖြစ်သည်။ သုံး လေးနှစ်အတွင်း အတွင်း မြန်မာ ပြည်
    သည် ပြောင်းလဲ လာတော့မည် ဖြစ်သည်။ ဦးဆောင်သူက ရဲရဲ ဦးဆောင်လျှင်ရွေ ့နိုင်ပါသည်။

    ထွန်းအောင်ကျော်

  • maungmoenyo

    February 28, 2011 at 3:22 am

    NDF ကအမတ်မင်းဒေါက်တာမြတ်ဉာဏစိုးဟာ စစ်အစိုးရအသိုင်းအဝိုင်းနဲ့ စနစ်အဆောက်အအုံ မိသားစုကြားထဲက ပေါက်ဖွားလာသူတဦးဖြစ်တာဖြစ်လို့လဲ ဒီလွှတ်တော်မှာလွတ်လွတ်လပ်လပ် ပါဝင်လာခွင့်ရှိပုံရပါတယ်။ ထင်ပေါ်ကျော်ကြားမှု နဲ့ အခွင့်ရေးအရိုးအရင်းမျာကို သူတို့တွေ ရသွားတာကလွဲရင် ဒီလိုပုဂ္ဂိုလ်များဆီက ပြည်သူတွေဘာအကျိုးအမြတ်မှထွက်လာစရာမရှိကြောင်းပါ။ ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်ရဲ့ပြောင်မြောက်တဲ့ ရဲရဲတွေး၊ ရဲရဲရေးယုံမက၊ သမိုင်းက ပျော့ကွက်ထောက်ပြသွားတာကိုကျေးဇူးအထူးတင်မိပါတယ်။ ဒိအားနည်းချက်တွေကြောင့်ဒီနေ့မြန်မာနိုင်ငံရဲ့ သမိုင်း Dark Age ကချားရဟတ် တပါတ်လည်ပြန်ပါပြီ။ လမ်းစဉ်ပါတီက ကန်ထုတ်ခံခဲ့ရတဲ့ ပေါလစ်ဗျူရိုပြုတ်များဟာ ပုဂ္ဂိုလ်ရေးမကျေမနပ်ရှိတာရယ်၊ အာဏာရှင်စနစ်ရဲ့ ကျင်လည်မှူစနစ်ကိုနားလည်အတွေ့အကြုံပေးနိုင်တာကလွဲရင်၊ ပြည်သူတွေရဲ့ဘဝ နဲ့ နိုင်ငံထူထောင်ရေးမှာ လိုအပ်တဲ့ အရေးကြီးပြင်ဆင်မှုတွေမှာအကြံကောင်းဉာဏ်ကောင်းပေးနိုင်တဲ့ အရည်အသွေးတစုံတရာမရှိကြပါဘူး။ ဒီအန်ကယ်ကြီးများဟာ၊ သူတို့အာဏာရှိစဉ်ကလက်ညှိုးထောင်ခေါင်းညှိမ့်လုပ်ရင်းနိုင်ငံရဲ့ အခွင့်ထူးကြီးတွေခံစားရင်းကြားက ရာထူးကကန်ထုတ်ခံခဲ့ကြရသူတွေမို့၊ အခွင့်အရေးကြီးတွေလက်လွှတ်ခံလိုက်ရလို့မကြေနိုင်မချမ်းနိုင်ဖြစ်ကြသူတွေသက်သက်သာဖြစ်ပါတယ်။ ဒေါ်စု ဟာသူ့ရဲ့အသက်အရွယ်၊ အခြေအနေနဲ့မလိုက်အောင်အသက်ဘေးနဲ့နီးတဲ့ အနစ်နာခံမှုတွေလုပ်ခဲ့ပါတယ်။ အခြားထောင်နန်းစံနဲ့ အနှိပ်စက်ခံ မျိုးဆက်သစ်များနဲ့ ၁၉၉ဝ အမတ်တွေဟာလည်းသူတို့အတိုင်းအတာနဲ့ ဒုက္ခတွေခဲစားခံကြခဲ့ရပေမဲ့ ခုချိန်အသက်အရွယ်ကြီးလာကြတာကတကြောင်း၊ သူတို့ အဆက်ပြတ်ခဲ့ရတဲ့ ဘဝပေးကိုအမှီပြန်လိုက်နေကြရတဲ့အတွက် “ရာသက်ပန်အမတ် (သို့) နိုင်ငံရေးအတိုက်အခံလိုင်စင်”ဘဝတွေနဲ့တင်းတိမ်နေကြရတဲ့အခြေအနေပါ။ တနည်းပြောရရင် celebrity “အခမ်းအနားပွဲတက်” နို်င်ငံရေးသမားတွေဖြစ်မှန်းမသိဖြစ်သွားကြရပါတယ်။ စိတ်မကောင်းစရာပါ။
    မောင်မိုးညိုလေ့လာရသလောက် ပြည်သူအားကြောင့်မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး အခွင့်အလန်ကြီးကနေ ပွတ်ခါသီကာလွတ်ခဲ့ရတဲ့အကြိမ် တကြိမ်ရှိခဲ့ဘူးပါတယ် – ၁၉၈၈ စက်တင်ဘာ၁၆ရက်စစ်ရုံးကြီးကိုလူထု သန်းနဲ့ချီပြီး ဝိုင်းချိန်မှာ၊ ဥိးဆောင်ကောင်းခဲ့ရင်၊ (ခုချိန်အီဂျစ်၊လစ်ဗျားမှာလူထုအုံကြွမှုဖြစ်တယ်ဆိုတာဘာရှိလို့လဲ)
    ကွန်မင့်ပေးတဲ့ ချစ်မျဉ်းစောင်းဆရာ ရဲ့ အပြုသဘောဆောင်”လွန်း”တဲ့ကွန်မင့် နဲ့ လွတ်လပ်စွာခံစားခွင့်ကိုကြိုဆိုပါတယ်။ းါပေမဲ့မောင်မိုးညို သာ ဆရာသမားရဲ့နေရာမှာဆိုရင်၊ ကိုယ့်ယူဆချက်ဟာ သန်း(၆၀)သော လူထုရဲ့ရင်ထဲကခံစားချက်ကိုရောင်ပြန်ဟပ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုမေးမိမှာအမှန်ပါ။
    မြန်မာသာမကကမ္ဘာကဩချရလောက်အောင် စံမဝင်ခွင်မကျတဲ့ ဖွဲ့စည်းပုံကနေပေါ်ပေါက်လာတဲ့ရုပ်သေးအစိုးရဟာလဲ နိုင်ငံဖွံ့ဖြိုးရေးကိုဘာမှလုပ်နိုင်မဲ့အခြေမရှိတာမို့၊ တချိန်၊တကွေ့၊တထောင့်မှာ ဘာမဟုတ်တဲ့ လဘက်ရေဆိုင်သီချင်းခွေလုတဲ့ရန်ပွဲလိုကိစ္စမျိုးကနေ နိုင်ငံအုံကြွမှုဖြစ်လာမှာကြိမ်းသေပါတယ်။ (၅)နှစ်အတွင်းလား၊ (၅)နှစ်ကျော်မှလားကြည့်ရမှာပါ။
    အဲ့ဒီအချိန်မှာခေါင်းဆောင်ဦးဆောင်သူရဲ့ အခန်းကဏ္ဍကသိပ်အရေးကြီးမှာဖြစ်ကြောင်းပါ။

  • winkyawaung

    February 28, 2011 at 3:50 pm

    ဘယ်သူတွေက ဘာပြောပြော လုပ်ချင်ရာကို လုပ်နေကြတာဘဲ။ ခံရသူတွေကတော့ ပြည်သူတွေပါ။ ကုန်ဈေးနှုန်းတွေကလဲ တက်တက်လာနေကြပြီ..။

  • Machitsu

    February 28, 2011 at 11:22 pm

    တစ်ချို ့ ပြည်သူတွေက စီးပွားရေးပိတ်ဆိုု ့မှုကိုု ရုုပ်သိမ်းပေးဖိုု ့ လိုုလားကြတယ်။ အဲသလိုု ရုုပ်သိမ်းသွားရင် ပြည်သူတွေ အသက်ရှုုချောင်ကြမယ်လိုု ့ ယုုံကြည်နေကြတယ်။ ဒါဟာ လွဲမှားနေပါတယ်။ ခုုလိုု ပြည်သူတွေ အကျပ်တွေ ့နေတဲ့ အချိန်မျိုးမှာတောင် ပြည်သူတွေအတွက် ဘာဆိုုဘာတစ်ခုုမှ စီစဉ်မပေးပဲ နေပြည်တော်ကိုု သိန်းသန်းချီပြီး တည်ဆောက်မွမ်းမံနေကြတယ်။ စီးပွားရေး ပိတ်ဆိုု ့မှုတွေ ရုုပ်သိမ်းပေးလိုုက်လိုု ့ကတော့ သန်းရွှေတိုု ့ စားပေါက်တိုုးတာပဲရှိမယ်၊ ပြည်သူတွေကတော့ ဒုုံရင်းက ဒုုံရင်းပဲ ဖြစ်နေပါလိမ့်ဦးမယ်။

  • တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား

    March 1, 2011 at 6:37 am

    မှန်တာပေါ့
    တပ်မတော်သာအမိ
    တပ်မတော်သာအဖပါ
    တပ်မတော်ရဲ ့ကဏ္ဍဟာသိပ်အရေးကြီးပါတယ်

  • maungmoenyo

    March 21, 2011 at 12:35 am

    ခုထိမြင်ရသလောက်တော့၊ အမတ်မင်းများတင်သမျှ၊ “ဟင့်အင်း” လုပ်ချင်းခံနေကြရကြောင်းပါ။ အမတ်မင်းများရဲ့ဆွေးနွေးချက်များဟာအကိုးအကားအထောက်အကူပြုကိန်းဂဏန်းအချက်အလက်မဲ့ယုံမက၊ ချက်ကျလက်ကျဆွေးနွေးနိုင်မှုအတော်အားနဲတယ်လို့…ပါတီတူအမတ်အချင်းချင်းကတောင်ပြစ်ပြစ်ခါခါဝေဖန်တာခံနေကြရပါတယ်။ ချင်းပြည်နယ်ကအမတ်များကတော့ အခွင့်အရေးတောင်းဆိုရာမှာပြိုင်စံရှားတဲ့သမိုင်းနောက်ကြောင်ခံရှိခဲ့ကြသူတွေမို့၊ ကျန်အမတ်မင်းများထက်တော့သာပါတယ်။ ကိုယ့်ပြည်နယ်ရဲ့အဓိကလိုအပ်ချက်ကိုပုံဖေါ်ဆွေးနွေးနိုင်တဲ့အရည်အသွေးရှီကြပုံရပါတယ်။ အနဲဆုံးပြန်ဖြေကြသူပြည်ထောင်စုဝန်ကြီးမင်းများကတောင်၊ ချင်းပြည်နယ်အစိုးရအဖွဲံ့ ကစတင်အကောင်အထည်ဖေါ်ဖို့တိုက်တွန်းအကြံပြုခဲ့တာတွေတွေ့ရတာမို့၊ မြေပြန့်ကအမတ်မင်းများကသူတို့ဆီကပညာသင်ဘို့တောင်လိုပါတယ်။
    NDF အပါအဝင်ကျန်အတိုက်အခံအမတ်မင်းများအပေါ်၊ လူထုရဲ့အားကိုးယုံကြည်လိုစိတ်တဟုန်ထိုးကျဆင်းနေချိန်မှာ ဒီအမတ်မင်းများအနေနဲ့ရပေါက်ရလမ်းအခွင့်အရေးတွေရရှိရေးဘက်ခြေဦးလှည့်လောက်နေကြပြီဆိုတာတွေးကြည့်ယုံနဲ့ထင်ရှားနေကြောင်းပါ။

  • ကျွန်တော်ဟာ သာမန်ပြည်သူတစ်ယောက်ပါပဲ.. ဘယ်တုန်းကမှလဲ နိုင်ငံရေးကို မလုပ်ခဲ့ဖူးပါဘူး.. တစ်ကယ်လို့များ (အကယ်ရွေ့များပေါ့) မြန်မာနိုင်ငံ တည်ဆဲအစိုးရ အဖွဲ့ဝင်ထဲက တာဝန်ရှိသူ၊ အာဏာရှိသူထဲက တစ်ယောက်ယောက်များ ဒီ Post တွေ၊ ဒီ Comment တွေ ဖတ်နေခဲ့တယ်ဆိုရင် ဆဲဆိုကြတဲ့ စကားလုံးတွေကို ဗွေမယူဘဲ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိတိုင်းပြည်ကောင်းစားရေးအတွက် အကောင်းဘက်ကနေမြင်ပြီး အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုများလုပ်ပေးကြမယ်ဆိုရင် မြန်မာလူမျိုးမှန်သမျှ ခွင့်လွှတ်သည်းခံတတ်ကြတာပဲမို့ အတိတ်က မှားခဲ့သမျှကို အပြစ်မဆိုကြပဲ မောင်မင်းကြီးသား ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုပြီး ကြီး/လတ်/ငယ် မရွေးရဲ့ ဆုတောင်း ကြသံတွေကိ်ုကြားရပြီး ကိုယ့်သမိုင်းကိုယ် လှပစွာ ရေးနိုင်ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်.. ကိုယ်ကျိုးအတွက် လုံလောက်ပြီထင်ပါတယ်… အများ အကျိုးကို ကျန်သေးတဲ့အသက်တာမှာ လုပ်သွားကြရင်တော့………..

  • char too lan

    March 21, 2011 at 5:37 am

    ငြိမ်နေတဲ့ သူတွေကိုစိတ်အဝင်စားဆုံးပဲ ဘယ်ချိန် ဘာထဖြစ်မလဲ ?????

  • လင်းဝေကျော်

    March 21, 2011 at 10:07 am

    ၁။ အမတ်များ လေ့လာမှု ဖတ်ရှုမှု ပြင်ဆင်မှု အားနည်းသည်ဟု ထင်မြင်ပါသည်။
    ၂။ အမတ်အချို့ ရပ်တည်ချက်မှန်သူများမဟုတ်ပါ။ ( ဥပမာ-မြတ်ဉာဏစိုး – တစည ကတောင် ဝင်ပြိုင်ဖို့ ပြင်ခဲ့တဲ့ကောင် )
    ၃။ အတွေ့အကြုံနည်းပါးလွန်းခြင်း။ လွှတ်တော်တွင်း တရားဝင် နိုင်ငံရေးဆိုသည်မှာ ဥပဒေပြုရေးနှင့် စီမံခန့်ခွဲရေးဖြစ်သည်။
    ၄။ အချို့မှာ လွှတ်တော်ထဲရောက်မှ ကြောက်နေ၊ ကြောင်နေကြသည်။

  • maungmoenyo

    March 22, 2011 at 1:39 am

    ပုဂ္ဂိုလ်ရေးအာဃာတထားတတ်သူတွေ တန်းစီလိုက်ရင် ထိပ်ဆုံးကသူတွေဟာ နိုင်ငံရေးသမား နဲ့ နိုင်ငံရေးအာဏာရ တွေဆိုတာယုံပါဗျာ။ “ကိုအနို်င်ရသူ (ရဲ့ဆန့်ကျင်ဘက်)” ဝေဖန်သလို သင်ပုံးချေတဲ့ အလေ့အထ နိုင်ငံရေးလောကမှာအလွန်ခေါင်းပါးပါတယ်။ အမေရိကန်လို နှစ်(၂၅၀) လွတ်လပ်ရေးသက်တမ်းရှိတဲ့နိုင်ငံတောင်၊ နိုင်ငံ့အရေးငြင်းကြခုံကြရင်းတယောက်မျက်နှာတယောက်မကြည့်နိုင်လောက်အောင် ခွာပြဲသွားတဲ့သူတေနဲမှမနဲဘဲကိုး။ ဒေါက်တာမောင်မောင်ရဲ့ရက်သတ္တပါတ် သမ္မတသက်တမ်းမှာပြောသွားတာလေး အမှတ်ရမိပါတယ်။ ဘာတဲ့ – ဖြစ်ခဲ့တဲ့ကိစ္စတွေသပ်ပုန်းချေပြီး၊ တက္ကသိုလ်အဆောက်အအုံကြီးကို တပျော်တပါးဆောက်ကြရအောင်…ဆိုတာလေ။ ဒေါက်တာမောင်မောင်သေပြီမို့ အဖြေရှာရခက်ပေမဲ့ သူ့သားဖြစ်တဲ့၊ ဗိုလ်ချုပ်ကျော်သူ (လက်ရှိ ဝန်ထမ်းရွေးကျင့် ဥက္ကဌ) ကိုမေးကြည့်ပါလား။ သူတို့ကပြည်သူလူထုတွေအပေါ် ဘယ်လောက်တောင် အပြစ်ဖို့နေတယ်ဆိုတာကို…..။

Leave a Reply