῝တောက်တဲ့῞ တစ်ကောင် ဘတ်ငွေ ၃ သိန်းပေးမည်ဟုဆို..

bigbirdFebruary 27, 20111min18115

ကိုးရီးယား ၊စင်ကာပူ ၊တရုတ် နိုင်ငံများသို ့တင်ပို ့ရောင်းချရန်အတွက် ထိုင်းနိုင်ငံတွင် ῝တောက်တဲ့῞ များအားလိုက်လံဝယ်ယူလျှက်ရှိပါသည်။ အကောင်ငယ်လျှင် ဘတ်ငွေ ၃ဝ မှ ၄ဝ အတွင်းရရှိပြီး
အကောင်ကြီးလေ ဈေးကြီးလေဖြစ်ပါသည်။ အကယ်၍ အလေးချိန် 320g ရှိပြီး ဒဏ်ရာဒဏ်ချက်မရှိ
ပါက တစ်ကောင်လျှင် ဘတ်ငွေ ၃ သိန်းအထိ ပေးဝယ်မည်ဖြစ်ကြောင်း။ သို ့သော် လူအများသည်
တောက်တဲ့ များအားရောင်းချရန်အတွက် လိုက်လံဖမ်းဆီးကြရာတွင် အလေးချိန်အများဆုံး 200gထိသာ
ရရှိကြပြီး အထက်ဖော်ပြပါ အလေးချိန်အထိမည်သူမှ မရရှိသေးကြောင်း www.khaosod.co.th သတင်း
ဝပ်ဆိုက်တွင် ဖော်ပြပါရှိပါသည်။

15 comments

  • bigbird

    February 27, 2011 at 1:54 pm

    တောက်တဲ့သား စားဖူးကြလားဟင်.. အနော်တော့အားရဲပါဘူး.စ ပြီးမေးကြည့်တာ….အခုဝယ်တာက စားသောက်ဆိုင်တွေအတွက်ပြောလို ့

  • intro

    February 27, 2011 at 2:49 pm

    ဘာအတွက် ကောင်းလို့လဲ? ဆေးဖော်ဖို့အတွက်လား? အခြားတစ်ခုခု ကောင်းလို့ နေမှာပေါ့၊

  • ဆူး

    February 27, 2011 at 3:32 pm

    တောက်တဲ့ အာနီ အဆိပ်ပြင်းတယ် ပြောကြတယ်။
    တောက်တဲ့ ကို ဆေးဖော်ကြတယ်။ ကြားဖူးတဲ့ ဆေးနည်း တခုတော့ ရှိတယ်.. တောက်တဲ့ကို ဆီပူနဲ့ တူးခြစ်အောင် ကြော်ထားပြီး အဲဒီ ကြော်ထားတဲ့ အဆီ ကို လူးပေးရင် အကြောတွေ ပိတ်နေတာ ပွင့်တယ် ပြောကြတယ်။

  • kai

    February 27, 2011 at 11:49 pm

    ဒီသတင်းအမှန်ဆို….
    တိရိစ္ဆာန်ဆရာဝန်တယောက်ရယ်..။ မျိုးရိုးဗီဇနဲ့ ပါတ်သက်ပြီး ဘွဲ့ရထားတဲ့ တယောက်ယောက်ရယ်… ငှားပြီး တောက်တဲ့ မွေးမြူရေးလုပ်သင့်တယ်..။

    သဘာဝအကောင်တွေ လိုက်ဖမ်းနေတာထင်စာရင်… စံနစ်တကျ မွေးသင့်တာပေါ့.။

  • naywoonni

    February 28, 2011 at 10:28 am

    တစ်ကယ်ပေးဝယ်မှာလားဟင်…..။ ဘယ်လောက်အထိ ဝယ်မှာလဲ?

  • bigbird

    February 28, 2011 at 2:49 pm

    တကယ်ဝယ်မယ်လို ့ထင်တာပဲ။သတင်းစာဆရာတွေက မွေးမြူရေးလုပ်တဲ့သူတွေဆီကို အိမ်တိုင်ရာရောက် သွားရောက်မေးမြန်းပြီးမှ
    သတင်းထဲထည့်လိုက်တာ။မွေးမြူရေးလုပ်တဲ့သူတွေ ဘယ်လိုမွေးမွေး လိုအပ်
    တဲ့အလေးချိန်ထိ မရကြဘူးလို ့ဆိုတာပဲ။နောက်တစ်ခုက မရနိုင်လောက်တဲ့
    အလေးချိန်ကို ငွေများများပေးမယ်လို ့ မက်လုံးပေးပြီး မွေးမြူတဲ့သူတွေများလာအောင် တဖက်လှည့်ဆွဲဆောင်မှု လို ့လဲဆိုကြပါတယ်။

  • winkyawaung

    February 28, 2011 at 4:02 pm

    မိုးလေဝသ မမှန်ဘဲနေကြတော့မယ်။ ရွာတွေမှာလည်း တောက်တဲ့တွေ မျိုးတုံးနေပါပြီ..။

  • လင်းငယ်

    February 28, 2011 at 5:21 pm

    လူတွေကလည်း စားလို့ရတယ်ဆိုရင် ကိုယ့်အသားကလွဲလို့ စားကြနေတာနော်။ ဘာလို့များ ကိုယ့်အသားကို မစားကြတာပါလိမ့်။

  • bigcat

    March 1, 2011 at 3:38 am

    သဂျီးသာ မေးကြည့်တော့ ကိုလင်းငယ်ရေ။
    တောက်တဲ့နဲ့ဖွတ်နဲ့က ဆင်တူတယ်။ ဒီတော့ ဖွတ်ကြီးကိုဖမ်းပြီး 320gစီးတဲ့တောက်တဲ့လို့ လိမ်ရောင်းရင်ရမယ်ထင်တယ်။ ကာလာပြောင်းလိုက်ပေါ့။

    • kai

      March 1, 2011 at 9:16 am

      လူက.. အစားအသောက်စားရင်.. အစာတွေက အစာအိမ်ထဲရောက်ပါတယ်..။
      အစာအိမ်ကနေ… မစင်စွန့်တဲ့ အူလမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်းရွေ ့ရာမှာ .. အဲဒီအစာတွေထဲက အဟာရတွေကို အူနံရံတွေက ဖြည်းဖြည်းချင်းစုပ်ယူပြီး .. လူအသက်ဆက်ရှင်ဖို့အတွက် အားဖြည့်တာပါ..။

      လူလုှုပ်ရှားသလောက် ကယ်လိုရီတွေကို .. လောင်ကြွမ်းစေလိုက်ပြီး … ပိုတာတွေကတော့ ..လူမှာ အဆီတွေအဖြစ်..အသားတုံးတွေအဖြစ်… ကျန်တယ်ပေါ့နော.။
      အဲဒီနောက်တော့ … အလုပ်အကိုင်ခပ်ကြမ်းကြမ်းလုပ်ရင်ဖြစ်ဖြစ်.. လှုပ်ရှားတာများရင်ဖြစ်ဖြစ်.. … အစာအဟာရလိုရင် …လူဟာ..သူ့အသား..။သူ့အဆီဆီက… ပြန်စုပ်ယူပြီး ထပ်လောင်ကြွမ်းဖို့ဖြည့်ရတာပါပဲ..။

      ဆိုတေ့ာ..
      လူ့အသက်ရှင်နေထိုင်တဲ့သဘောကို အဆင့်ဆင့် အဘိဓမ္မာလို စိတ်ဖြာကြည့်လိုက်ရင်… လူက ..သူ့အသား..သူ့အဆီ ပြန်စားမြိုဆို့ နေတာပေါ့..။
      ကဲ..
      သူကြီးက ဒီလိုဖြေတယ်..။ 🙂

  • etone

    March 1, 2011 at 7:57 am

    စစ်တောင်းရွာလေးကို 2006ခုနှစ်လောက်က ရောက်ခဲ့တုန်းက ခဏတည်းတဲ့အိမ်မှာ တောက်တဲ့ တကောင်ရှိတယ်… သူက ညဘက်မှ လှုပ်ရှားတာ မနက်ဆို ငြိမ်နေတယ်… ။ အရှည် တစ်ဒေါင်လောက်ရှိပြီး လုံးပတ်ကတော့ ရှစ်လက်မလောက်ရှိတယ်.. ။ မျက်လုံးကြီးပြူးပြီး အော်တာများ ကြောက်စရာကြီး ။ ညဘက်ဆို ဘယ်တော့ ကိုယ့်လာကပ်မလဲ စိတ်ပူနေရတယ်…။ တောက်တဲ့ ကောင်သေးတွေလည်း အများကြီးပဲ … အိမ်မြောင်နဲ့တူပေမဲ့ သူက ကျောမှာ အစက်တွေပါတယ် အဖြူစပ်တွေ နဲ့ အရစ်တွေ …

  • naywoonni

    March 1, 2011 at 9:03 am

    320g ဆိုတော့ကာ 20ကျပ်သားလောက်ပဲရှိမှာနော်… ။ အဲဒိကတောက်တဲ့ မျိုးကိုက သေးလို့နဲ့တူတယ်။ ပြီးတော့ ဘာတောက်တဲ့မျိုးဆိုတာလဲမပါဘူး။ ကျွန်တော်တွေ့ဖူးတာကတော့ 40ကျပ်သားကောင်လောက်အထိတွေ့ဖူးတယ်။
    1000g= 61.111 ကျပ်သားရှိတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 1, 2011 at 12:46 pm

    ဒေါ်အီးတုံး
    တစ်တောင်ကို
    တစ်ထွာလောက်လျှော့ပေးဘို ့
    တောင်ဆိုပါတယ်
    တစ်တောင်လောက်ရှိတဲ့အကောင်ဆိုတာက
    ကိုကိုကြောင်ပြောတဲ့
    ဖွတ်သားသားလေးအရွယ်လောက်ရှိတယ်
    ဖွတ်ဆိုတာကလည်းအမျိုးမျိုးရှိတယ်
    ဘာဖွတ် ညာဖွတ်တို ့ပေါ့
    ဥပမာ ဖွတ်ကျား တို ့ဖွတ်ချက်တို ့ဆိုတာလေ
    ဒါပေမယ့်အဲ့သည်တောက်တေဲ့တွေကိုဝယ်တာကတော့
    ဘာတွက်လည်းမသိဘူး
    အသည်းအသန်ကိုဝယ်တာ
    ဘုန်းကြီးကျောင်းတွေမှာတောင်မကျန်တော့ဘူး
    ဪ….
    သတ္တဝါတွေ..သတ္တဝါတွေ
    နီဝရဏတရားတွေပိတ်ပင်နေကြတယ်
    သေတတ်သူအသားကိုစားပြီး
    ကျမ္မာကန်စွမ်းစေတဲ့ဆေးဖော်ကြမတဲ့လေ
    အောင်ပုတို ့ရွာမှာလည်း
    ဘကြီးတောက်တဲ့ဆိုတာရှိတယ်
    ဝတုတ်တုတ်ကြီး
    ထန်းရည်တော့ဘာကြိုက်သလဲမပြောနဲ ့
    ဈေးကောင်းပေးရင်တော့ ချိတ်ပေးမယ်လေ

  • မြတ်သူရဇော်

    March 6, 2011 at 10:17 am

    အဲဒီသတင်းက အတည်ပါ………ကျွန်တော့မျက်မြင် ၈ရကျပ်သားရှိတဲ့တောက်တဲ့
    တစ်ကောင်ရှိပါတယ် လောလောလတ်လတ်ကို ဘေးအိမ်ကဦးလေးကြီးတစ်
    ယောက်ဝယ်လာလို ့ ကြည့်ထားတာပါ…….သူ ကအကောင်ကြီးလေလှုပ်ရှားမူ
    နှေးကွေးလေပဲ……………..ပီးတော့အဆိပ်က အရမ်းပြင်းတယ်
    ကိုက်တဲ့နေရာရောက်လာမယ် ကိုက်ပီး ၁နာရီကြာ အဲဒီနေ ့ဘာမှမဖြစ်ဘူး
    နောက်နေ ့ နဲနဲခေါင်းမူးမယ် သုံးရက်ကြာတဲ့နောက် ခေါက်ကနဲ သေပါတယ်
    တစ်တောင်ကိုနဲနဲလျှော့ မပြောနဲ ့………….ထပ်တောင်တိုးလို ့ရသေးတယ်
    LOL

  • ဆူး

    March 6, 2011 at 2:43 pm

    တောက်တဲ့ အဲလောက် ကြီးတာတွေ တော့ မမြင်ဘူးပါဘူး။

Leave a Reply