အာဠာဝကဘီလူးက မြတ်စွာဘုရားသခင်အား မေးလျှောက်သော ပုစာ္ဆ ၁၃ ချက်

notsyntheticsApril 24, 20101min1637

(၁) ဤကမာ္ဘလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာပစ္စည်းကား အဘယ်နည်း။
(၂) ကောင်းသော အလေ့အကျင့်တို့တွင် အဘယ်ကောင်းသော အလေ့အကျင့်သည်
ချမ်းသာကို ဆောင်နိုင်သနည်း။
(၃) အရသာတို့တွင် အဘယ်အရသာသည် အလွန့်အလွန် ချိုမြိန်သော အရသာ ဖြစ်သနည်း။
(၄) အသက်မွေးမှုတို့တွင် အဘယ်သို့သော အသက်မွေးမှုကို မြတ်သော အသက်မွေးမှုဟု ဆိုသနည်း။
(၅) အဘယ်ဖြင့် သံသရာဝဲဩဃကို ကူးမြောက်နိုင်သနည်း။
(၆) အဘယ်ဖြင့် သံသရာပင်လယ်ကို လွန်မြောက်နိုင်သနည်း။
(၇) အဘယ်ဖြင့် ဆင်းရဲခြင်းကိုလွန်မြောက်နိုင်သနည်း။
(၈) အဘယ်ဖြင့် ထက်ဝန်းကျင်ကို စင်ကြယ်နိုင်သနည်း။
(၉) အဘယ်အကြောင်းကြောင့် ပညာကို ရနိုင်သနည်း။
(၁၀) အဘယ်အကြောင်းကြောင့် ဥစ္စာပစ္စည်းကို ရနိုင်သနည်း။
(၁၁) အဘယ်အကြောင်းကြောင့် ကျော်စောထင်ရှားခြင်းသို့ ရောက်နိုင်သနည်း။
(၁၂) အဘယ်အကြောင်းဖြင့် မိတ်ဆွေကို ဖွဲ့နိုင်သနည်း။
(၁၃) အဘယ်အကြောင်းဖြင့် နောင်ဘဝ၌ မစိုးရိမ်ရသနည်း။

အဖြေ
ငါဘုရားအား သတ်ဖြတ်နိုင်သူ ဤလောက၌မရှိ၊ သို့သော် သင်သိလိုလျှင်
သင်၏ပုစာ္ဆများကို ဖြေဆိုပေအံ့။

(၁) ဤလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာပစ္စည်းကား ယုံကြည်မှု သဒ္ဓါတရားဖြစ်သည်။
(၂) ကောင်းသော အလေ့အကျင့်ဖြစ်သော ကုသိုလ် ကမ္မပထတရားသည် ချမ်းသာကိုဆောင်နိုင်၏။
(၃) အရသာတို့တွင် မှန်ကန်စွာ ပြောဆိုခြင်း သစ္စာတရားသည်
အလွန့်အလွန်ချိုမြိန်သော အရသာဖြစ်၏။
(၄) ပညာဖြင့်အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟု ဆိုကုန်၏။
(၅) ယုံကြည်မှုသဒ္ဓါဖြင့် သံသရာဝဲဩဃကို ကူးမြောက်နိုင်၏။
(၆) မမေ့မလျော့မှု အပမာဒတရားဖြင့် သံသရာပင်လယ်ကို ကူးမြောကနိုင်၏။
(၇) ထကြွလုံ့လဖြင့် ဆင်းရဲကိုလွန်မြောက်နိုင်၏။
(၈) ပညာဖြင့်စင်ကြယ်နိုင်၏။
(၉) ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ရောက်ကြောင်း တရားကို ယုံကြည်လျက်
မမေ့မလျော့ဆင်ခြင်သူ
ပညာရှိသည်ကောင်းစွာ နာကြားသော ကြောင့် ပညာကို ရယူနိုင်၏။
(၁၀) သင့်လျော်သည့်အလုပ်အကိုင်ကို လုပ်လျှက် တာဝန်ကို ကျေပွန်အောင်
ထမ်းဆောင်သူသည် ထကြွလုံ့လ
ကြောင့် ဥစ္စာပစ္စည်းကိုရနိုင်၏။
(၁၁) မှန်ကန်စွာ ပြောဆိုခြင်းကြောင့် ကျော်စော ထင်ရှားမှုကို ရနိုင်၏။
(၁၂) ပေးကမ်းခြင်းဖြင့် အဆွေခင်ပွန်းကို ဖွဲ့နိုင်၏။
(၁၃) ယုံကြည်မှုရှိသော အိမ်၏ အစီးအပွားကို ရှာတတ်သောသူအား မှန်ကန်ခြင်း
သစ္စာ၊ လိမ္မာခြင်း ဒမ၊ ကြိုးစားမှု
ဓိတိ၊ စွန့်လွှတ်မှု စာဂ၊ ဤတရားလေးပါးရှိသဖြင့် နောက်ဘဝ၌ မစိုးရိမ်ရချေ။

7 comments

  • susunosuki

    April 24, 2010 at 12:30 pm

    မြတ်ဗုဒ္ဓရဲ့ တရားတော် ကို ပြန်လည်ပြီးဖတ်ရှု့တဲ့အတွက်ကြောင့် ဝမ်းသာပါတယ်

  • သာမိညောင်

    April 24, 2010 at 4:36 pm

    သာဓု သာဓု သာဓု

  • သာမိညောင်

    April 24, 2010 at 4:44 pm

    သာဓု သာဓု သာဓု ငါ့သဘောနှင့်မတူ ငါ့ရန်သူ လို ့ သဘောမထားဘဲ
    မိမိ နှင့်ဘာသာခြင်း မတူသည့်တိုင်
    ကောင်းမြတ်တဲ့ အဆို အမိန် ့တွေကို နာခံသုံးစွဲသင့်ပါတယ်

  • etone

    June 29, 2010 at 4:36 am

    ဗဟုသုတရတယ် မဟုတ်ရင်ဖတ်ဖြစ်မှာမဟုတ်ဘူး ။

  • saddyangel.9

    August 31, 2010 at 12:40 pm

    ဖတ်ခွင့်ရလို ့ကျေးဇးတင်ပါတယ်…..နောင်လည်းများများတင်ပေးပါဦး။

  • winne

    August 31, 2010 at 12:47 pm

    မေ့လျော့နေတာလေးတွေ သတိတရား ရစေတာဘဲ ကျေးဇူးတင်ပါတယ်

  • Zaw Tun

    October 12, 2010 at 5:56 am

    အခုလို သိသင့်တာလေးတွေကို တင်ပေးတာ ကောင်းပါတယ်။

Leave a Reply