မိုင်းပေါင်းများစွာ စက်ဘီးနင်း၍ ချစ်သက်သေပြ ( ၂ )

bigbirdFebruary 28, 20111min12014

ထိုင်းနိုင်ငံတောင်ပိုင်းမှ ထိုင်းနိုင်ငံမြောက်ပိုင်း ဆရာဝန်ဖြစ်သူ ချစ်သူရှိရာ သို ့ ၉၆၄ ကီလိုမီတာခရီးကို လက်ထပ်ခွင့်တောင်းရန်အတွက် စက်ဘီးနင်း၍ ချစ်သက်သေပြရန် ထွက်လာ
ခဲ့သော အင်ဂျင်နီယာ လူငယ်လေးသည် လမ်းခရီးတွင် မတော်တစ စက်ဘီးမှောက်၍ ဆေးရုံသို ့ပို ့ဆောင်
ခဲ့ရကြောင်းဖော်ပြခဲ့ပြီး ..ထိုသတင်းကိုကြားသောချစ်သူဖြစ်သူမှာဆေးရုံသို ့လိုက်လာ၍ထိုလူငယ်၏အချစ်ကိုယုံကြည်လက်ခံပြီး လက်ထပ်ကြရန်အတွက်သဘောတူကြောင်းနှင့် ဆက်လက်ပြီးစက်ဘီးနင်း၍ ခရီးမဆက်စေလိုတော့ကြောင်း happy ending နှင့်အဆုံးသက်ခဲ့သည်ဟု www.khaoaod.co.th သတင်း
ဝပ်ဆိုက်မှ ဆက်လက်ဖော်ပြပါသည်။

14 comments

  • kai

    February 28, 2011 at 6:19 pm

    သာဓုကွယ်..သာဓု…။
    တလောကလုံး သိကုန်ပြီဆိုတော့ … လက်ထပ်သင့်ပြီပေါ့နော..။ 🙂

  • bigcat

    March 1, 2011 at 4:05 am

    ချစ်သူရှိရာသို့ လက်ထပ်ခွင့်တောင်းရန်အတွက် လေကြောင်းခရီးဖြင့် ချစ်သက်သေပြရန် ထွက်လာ
    ခဲ့သော လူငယ်လေးသည် လမ်းခရီးတွင် လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့သည်။ ..ထိုသတင်းကိုကြားသော ချစ်သူဖြစ်သူမှာဆေးရုံသို့ ့လိုက်လာ၍ ထိုလူငယ်၏ချစ်သူဖြစ်ကြောင်း ဝန်ခံပြောကြားပြီး သူမနာမည်ဖြင့်ထားခဲ့သော အသက်အာမခံကြေးကို ထုတ်ယူသွားကြောင်းနှင့် ဆက်လက်ငိုကြွေးရန် မလိုတော့ကြောင်း happy ending နှင့်အဆုံးသတ်ခဲ့သည်ဟု http://www.khaoaod.co.th သတင်းဝပ်ဆိုက်မှ ဆက်လက်ဖော်ပြပါသည်။ 😀

  • ယောလေး

    March 1, 2011 at 5:57 am

    ကျတော်လဲ ချစ်သူရှိရာအရပ်ကို ကျွဲစီးပြီး ခရီးနှင်တော့မယ်…:)))

    • konyeinchan

      March 2, 2011 at 4:48 am

      သေသေချာချာပြန်ကြည့်ဦး… ကျွဲ မဟုတ်ဘဲ လား ဖြစ်နေမှဖြင့်……. 😀 😀 😀

  • Co2zenith

    March 1, 2011 at 9:18 am

    အားကျတရ်ကွာ ကီလို ၈ဝ လောက် လမ်းလျှောက်ပြန်ရတဲ့နေ့တွေက ဘယ်သူမှ မသိလိုက်တာ နာတရ်

  • ogre

    March 1, 2011 at 9:20 am

    အားကျတယ်…ကောင်းလေစွ

  • etone

    March 1, 2011 at 9:34 am

    မိုက်တယ်ကွာ … အဟီး 😀
    စက်ဘီးနဲ့ မလာပဲ ၊ လမ်းလျှောက်လာသင့်တာ … ဒါမှ ကောင်မလေးပို ကြွေသွားမှာ 😀

  • ဆူး

    March 1, 2011 at 2:04 pm

    အီးတုံးကို ချစ်ခွင့်ပန်ဖို့ လမ်းလျှောက်လာမယ် လမ်းထိပ်ကနေ.. ဟီးဟီး

  • intro

    March 1, 2011 at 2:13 pm

    မင်္ဂလာဆောင်ပြီးမှ တူတူ ကားစီးပြီး ကျန်တဲ့ခရီးကို သွားသင့်တာပေါ့နော်.. အမှတ်တရပေါ့

  • secret

    March 1, 2011 at 3:04 pm

    lan shout yin nae lan mar ta char main ka lay twe twar yin doke ka 😛

  • နီလေး

    March 2, 2011 at 10:32 am

    ” အီးတုံးကို ချစ်ခွင့်ပန်ဖို့ လမ်းလျှောက်လာမယ် လမ်းထိပ်ကနေ.. ဟီးဟီး” တော်တော်ပင်ပန်းသွားဦးမယ်နော်

  • manawphyulay

    March 2, 2011 at 12:41 pm

    ဦးငှက်ကြီးကော ဘယ်လိုသက်သေပြလည်းဆိုတာ ပြောပြပါဦးဗျို့……………..

  • Gong Zhu

    March 7, 2011 at 4:01 pm

    သူတို့ဖူးစာကလည်းတစ်မျိုးပဲနော် ထူးထူးဆန်းဆန်းလေး … ဂုဏ်ပြုပါတယ် အချစ်တွေကို …

  • Yin Nyine Nway

    March 7, 2011 at 4:41 pm

    ဟူးးးးးးးးးးးးး သူ့အစားမောလိုက်တာ

Leave a Reply