ရန်ကုန်မြို့က အကြီးဆုံး ကားပြင်ထိန်း လုပ်ငန်း

susunosukiApril 24, 20101min923

အောက်မင်္ဂလာဒုံလမ်း အင်းစိန်မြို့နယ်မှာ ဘုရင်နောင်အော်တိုမိုဘိုင်း Bayint Naung Auto Mobile အမည်နဲ့ ကားစက်ပြင်လုပ်ငန်းတစ်ခု ကိုဖွင့်လှစ်လိုက်ပါတယ်။ မော်ဒယ်နိုမ့်မြင့် ကားပေါင်းစုံကို တစ်နေရာတည်းမှာ တစ်ထိုင်တည်း ပြင်ဆင်နိုင်တော့မှာ ဖြစ်ပါတယ်။
ကားပစ္စည်းက အစစအရာရာတစ်နေရာတည်းမှာ ရနိုင်တဲ့အတွက်ကြောင့် ကားပိုင်ရှင်တွေအတွက် ပိုပြီးအချိန်ကုန်ငွေကုန် သက်သာလာမယ်လို့ထင်ကြောင်းကားပိုင်ရှင်တစ်ယောက်ကပြောပါတယ်
ကားပြင်တဲ့ပစ္စည်းများကိုအီတလီ နိုင်ငံကမှာယူထားကြောင်းသိရပါတယ်
တည်နေရာကတော့ အောက်မင်္ဂလာဒုံလမ်းနဲ့ ဗဟိုလမ်းဆုံရာမှာတည်ရှိပါတယ်။

3 comments

  • သာမိညောင်

    April 24, 2010 at 5:24 pm

    မဖြစ်မနေပြင်ရမှာက ကိုယ်ကျင့်တရားတွေလို ့ထင်ပါတယ် လူပလေးတို ့ရယ်

  • loki

    August 5, 2010 at 4:37 pm

    အဲဒီဝပ်ရှော့က မှာသွားပြင်မယ်ဆိုရင်တော့ ကြိုတင်ဘိုကင်လုပ်ထားဖို့လိုပါတယ်။သူတို့တွေပဲဖွင့်ထားတာပါ။သူတို့ပိုင်တဲ့ကားတွေသူတို့အသိုင်းအဝိုင်း ကကားတွေနဲ့တင်အမြဲပြည့်နေတယ်လို့ကြားရပါတယ်။ပြင်ချင်ရင်တောင်သူတို့နဲ့ဆက်နွယ်မှုရှိမှရမယ်လို့ကြားပါတယ်။အဲဒါပါပဲ ရန်ကုန်မြို့က အကြီးဆုံး
    ကားဝပ်ရှော့ကြီးဆိုတာ…

  • Gong Zhu

    September 16, 2010 at 6:12 pm

    ဈေးကလည်းနည်းမှာမဟုတ်ဘုူးနော် . . .

Leave a Reply