People power overun the army camps လူအုပ်ကြီးကစစ်တပ်တွေကိုလူအင်အားနဲ့ဝင်သိမ်းကုန်ပြီ။

timothyMarch 1, 20111min650

ရွာသားတို့ရေ။

Quaddafi ကလူအုပ်ကြီးကိုလက်နက်အမျိုးမျိုး၊လေယဉ်ရဟတ်ယဉ်တွေနဲ့ပြစ်သတ်လိုက်တာရက်စက်မှုအပေါင်းသရဖူဆောင်းဘဲ။

သူ့ရဲ့မြို့တော်Tripoli မှာဘဲပိတ်မိနေတာ၊အဲဒီမှာပိပြားနေအောင်၊လူတွေအိမ်ကမထွက်ရဲအောင်၊

အိမ်တွေထဲယင်စီးနင်းပြီးမသင်ကာလူတွေလို့စိတ်ထင်တာနဲ့လမ်းပေါ်ဆွဲချပြီးစက်သေနတ်နဲ့ဆွဲတာဘဲ။

Tripoli မှာနဲနဲလူစု၊မူဆလင်ထုံးစံအသုဘချတာတောင်ချမ်းသာမပေး၊သေနတ်သမားလူမိုက်(Quaddafi ရဲ့လူဆိုးဂိုဏ်းများရောက်လာပြီး၊

ကိစ္စရှင်းတော့တာဘဲ။ အသေပြစ်သတ်တာကိုပြောတာပါ။

နိုင်ငံခြားသီတင်းသမားများကိုQuaddafi ကTripoli ကိုဖိတ်ခေါ်ပြီးပြတယ်။သူလူမသတ်ရပါဘူးတဲ့။

ဘာတော်လှန်ရေးဆူပူသူမှမရှိဘူးတဲ့ဗျာ။ ပြည်သူလူထုကသူ့ကိုသိပ်သိပ်ချစ်တာတဲ့ဗျား။

နိုင်ငံခြားသတင်းထောက်တွေကိုပြောနေတာများ၊ကြားရတဲ့လူတိုင်းမယုံနိုင်စရာပါးစပ်ဟောင်းလောင်းတွေဖြစ်ကုန်တယ်။

Quaddafi ဟာအမှန်တရားနဲ့ကင်းကွာနေတဲ့သူ၊စိတ်မနှံ့ရူးသွပ်နေသူ၊လို့အားလုံးကမှတ်ချက်ချကြတယ်။

နိုင်ငံကိုအုပ်ချုပ်ဘို့ထိုက်တန်တဲ့လူမဟုတ်ဘူးလို့ကုလသမဂ်ဂအမေရိကန်သံအမတ်ကမှတ်ချက်ပေးပါတယ်။

ဗိုလ်သန်းရွှေဆိုရင်ဒီနေရာမှာဆိုဒီလိုဘဲလူတွေကိုအမြှောက်၊ဒုံးကျည်၊လေယဉ်ပျံတွေနဲ့ပစ်သတ်နှိမ်နင်းမှာဘဲ။

ဒါပေမဲ့ဗိုလ်သန်းရွှေကိုသတိပေးပါရစေ။

လူတွေကိုသောက်သောက်လဲTripoliမှာပြစ်သတ်နေတာကိုအမေရိကန်၊အင်းဂလိပ်တို့ကလက်ပိုက်ကြည့်မနေဘူး။

အသေအပျောက်များလွန်း၊လူမဆံလွန်းတဲ့အတွက်ကတကြောင်း၊

လက်နက်မဲ့ပြည်သူလူထုကြီးကလက်နက်အစုံအလင်နဲ့ပြစ်ခတ်နေတဲ့ကြားကစစ်တပ်တွေကိုတတပ်ပြီးတတပ်၊

လူအင်အားနဲ့ဝင်သိမ်းနေတဲ့ပြည်သူလူထုရဲ့ဒေါသစွမ်းပကားကိုဘယ်လိုမှလျစ်လျူရှုလို့မရတော့တာကတကြောင်း၊

အခုအဲဒီနိုင်ငံကြီးတွေကရာဇဝင်မှာသတ္တိပြောင်မြောက်တဲ့လစ်ဗျားပြည်သူများကို၊

အာဏာရှင်ဖြုတ်ချရေးအတွက်လိုအပ်သောအကူအညီများကိုပေးမယ်လို့လူသိရှင်ကြားကျေငြာလိုက်ပြီ။

မိုးကောင်းကင်မှာလေယဉ်မဖြတ်သန်းရလို့Quaddifi ရဲ့လေယဉ်ရဟတ်ယာဉ်များမရွေ့လျှားနိုင်အောင်ပိတ်ဆို့ရေးများလုပ်ဘို့၊

မဟာဗျုဟာလက်နက်ကြီးများတပ်ဆင်ထားတဲ့စစ်သင်းဘောအုပ်စု လစ်ဗျားရေပိုင်နက်ထဲဝင်နေပြီ။

ဗိုလ်သန်းရွှေသေအောင်ကြောက်တဲ့အမေရိကန်၊အင်းဂလိပ်တို့ရဲ့ရေတပ်ဝင်လာပြီ။

ဗိုလ်သန်းရွှေအခုလောက်ဆိုကြောက်လို့တွင်းတူးနေလောက်ပြီ။

၁)လူအများကြီးသောက်သောက်လဲသေကြေကြတယ်။

၂)လူထုကလဲသတ္တိရှိရှိလက်နက်မဲ့နဲ့လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့စစ်တပ်များကို၊

လူအားသက်သက်နဲ့ဝင်သိမ်းကြတယ်။

ဒီအချက်၂ချက်ကိုရူးသွပ်ပြီးစိတ်မနှံ့တဲ့အာဏာရှင်ကိုပေါင်းလိုက်တဲ့အခါ၊

အာဏာရှင်Quaddafရော၊ဗိုလ်သန်းရွှေကိုပါ၊အမေရိကန်နဲ့အင်းဂလိပ်ရဲ့ရေတပ်အုပ်စုကဝင်ရောက်နှိမ်နင်းတာကို၊

လစ်ဗျားနဲ့မြန်မာပြည်သူလူထုကမ္ဘာ့ပြည်သူလူထုကြီးကအပြည့်အဝထောက်ခံနေကြကြောင်းသတင်းကောင်းပါးရင်း။

ပြည်တွင်းပြည်ပကမျိုးချစ်ပြည်သူလူထုကြီးနဲ့မျိုးချစ်စစ်သားများအားလုံးကိုပုန်ကန်ထကြွကြဘို့အသင့်ပြင်ကြပါလို့၊

တိုက်တွန်းလိုက်ပြန်ပါတယ်။

လစ်ဗျားရဲ့အာဏာရှင်ရဲ့ဇာတ်သိမ်းမလှပုံကိုရူးသွပ်နေသောဗိုလ်သန်းရွှေတယောက်ကြည့်ရဲရင်ကြည့်ဖြစ်အောင်ကြည့်ပါ။