ကျွန်တော်ကြောက်သောမိန်းမများ

naywoon niMarch 1, 20111min27922

တစ်ချို့က ပြောကြတယ်။ “ဘာလို့ဒီအရွယ်ထိ နေနေတာလဲ” တဲ့။ တစ်ချို့ကလည်း ပြောကြတယ်။ “သီတင်းကျွတ်တော့မယ်” တဲ့။ တစ်ချို့က လည်းအားပေးကြပါတယ်။ “ယောက်ျား မောင်ပဉ္ဇင်း မိန်းမ ပုခက်တွင်း”တဲ့ ။ “ဒွေးချိုး လေးတိုး”တဲ့။ ဘာတွေ မှန်းလည်းမသိ။ ဒါနဲ့ အနားက သူငယ်ချင်းကို ပြန်ပြန်ပြီးမေးနေရသေးတယ်။ သူငယ်ချင်းကလည်း သိပ်ပြီး ကျောက်ပြင်မကပ်ရှာဘူး( မြင်ပြင်းကပ်တာကို ပြောတာပါ- ကျွန်တော်တို့က ဆဲတာကိုလူကြားကောင်းအောင်ဆဲတတ်ကြပါတယ်။ တစ်ချို့က ပြောသေးတယ်။ မင်းတို့ဆဲတာကချစိစရာကောင်းတယ်တဲ့။ ဆဲပါတယ်ဆိုမှ ချစ်စရာကောင်းတယ်ဆိုသူကရှိသေး။ အင်းလေ ကလေးလို မပီ့တစ်ပီဆဲတာကိုးနော့)။ မင်းကို သေခါနီးကျမှလည်း မိန်းမယူလို့ရတယ်လို့ပြောနေကြတာတဲ့။ ညီလေးကောင်းစားစေ့ချင်ယူလိုက်ပေါ့တဲ့။ သဘောကတော့ ကျွန်တော့်ကို မိန်းမယူဖို့ အသက်လွန်နေပြီ ဆိုပြီး မင်းမိန်းမယူပြီးသေရင် ဟိုက မင်းထားခဲ့တာတွေ့နဲ့ နောက်တစ်ယောက်ထပ်ယူမှာ အဲဒိသဘော နဲ့ အားပေးရှာပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပဲ။ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက တွေးပြိး ပူနေ ကြောက်နေတာရှိတယ်ဗျ။ အဲဒါက ကျွန်တော်ယူမဲ့ မိန်းမက —–
၁။ နေ့ည ဟောက်တတ်မှာ ကြောက်ပါတယ်။
နေ့လည် နေ့ခင်း ဟောက်တာက ရှောင်နေလို့ရသေးတယ်။ ညအိပ်ရင်း ဟောက်ရင်ပြီးရောပဲ နော့..။
၂။ ညအိပ်နေရင်း သွားရည် စီးကြောင်းနဲ့ ကျွန်တော့လာဖက်မှာကြောက်ပါတယ်။
ဒါကလည်း ပြောလို့မရဘူးနော့။ အိပ်ရင် ဘယ်သူ သွားရည်ကျတတ်မှန်းမသိဘူးလေ…။လိုက်ပြီး မေးကြည့်လို့ကလည်းမကောင်း။
၃။ ဒီကိစ္စကတော့ နဲနဲ စိတ်ကူးယဉ်ဆန်လွန်သွားမလားမသိဘူး။
ခြေမကြီးပြီး ရှည်တဲ့ မိန်းမ ကိုလည်းကြောက်ပါတယ်။ အင်း ကြားဖူးတာ သူက အတ္တ ကြီးပြီး တပ်မက်မှုလည်း အားကြီးပါသတဲ့။ တစ်ချို့များ ဘယ်လောက်ကြီးသလဲ? ခြေမရှည်သလဲဆို ကားလမ်းဘေး မိုင်တိုင်တောင်စိုက်လို့ရလောက်တယ်။ ကျွန်တော်လည်း အဲဂလိုကြားပြီး ကတည်းက သေချာလိုက်ကြည့်ထားတာ။ ဟုတ်တယ်။ မျက်နှာမလှတာအကြောင်းမဟုတ်ဘူးဗျ။ ခြေချောင်းလေးတွေလှတာ သဘောကျတယ်။ ခြေချောင်းလှတဲ့ မိန်းကလေးတွေဟာ မျက်နှာ လှတာလည်းများပါတယ်လေ။
၄။ ခြေချောင်းတွေ ကထန်းလက်လို ကားထွက်နေရင်လည်း ကြောက်ပါတယ်။ အဆိုးဆုံးက ခြေသန်းလေး တစ်ခုထဲ ကားထွက်နေတာမျိုး ။။ပြီးတော့ အဲဒိခြေသန်းလေးက ဖိနပ်ပေါ်မှာ မနေပဲ မြောက်တက်နေတာမျိုး ကိုပါ။ ဘာလို့လဲဆိုတော့ … သူတို့ဟာ ရှက်ရမဲ့ နေရာမှာ မရှက်တတ်ကြပဲ မရှက်ရမဲ့နေရာ ကျမှရှက်ချင်ယောင်ဆောင်တတ်ပါသတဲ့။ ကြောက်ရမဲ့နေရာမှာမကြောက်တတ်ပဲ မကြောက်ရမဲ့နေရာမှာ ကြောက်ချင်ယောင်ဆောင်တတ်ပါသတဲ့။
၅။ ခြေညိုးနဲ့ ခြေမ ကြားကွာဟနေရင်လည်းကြောက်ပါတယ်။ ပြီးတော့ ခြေမထက် ခြေညိုးက ရှည်နေတာမျိုးကိုပေါ့။
တစ်ချို့များဆို ခြေမနဲ့ ခြေညိုး ဂွဖြစ်နေတာက မျှှော့တတ်ပြီး လောက်လေး လုပ်ပစ်လို့ရလောက်ပါတယ်။
၆။ ကွမ်းစားတဲ့ မိန်းမတွေကိုလည်းကြောက်ပါတယ်။
ဘာလို့လည်းဆိုတော့ မိန်းကလေးတစ်ယောက်ဟာ မျက်နှာတစ်ပြင်လုံးမှ ပါးစပ်လေးတစ်ပေါက်ရှိတာ ။ ကွမ်းတစ်ပျစ်ပျစ်နဲ့။ ကွမ်းသွေး နဲ့ရဲနေတဲ့ နှုတ်ခမ်းနဲ့ သွား ကြောက်စရာကောင်းပါတယ်။ ကျွန်တော့ စိတ်ထဲမှာ ပြောတာပါ။
ရ။ သွားခေါရင်လည်း ကြောက်ပါတယ်။
ဘာလို့လဲဆိုတော့ ရန်ဖြစ်ရင် သွားနဲ့ လှမ်းခြစ်မှာ ကြောက်ရပါတယ်။ ဆရာတော် တစ်ပါး တရားတစ်ပုဒ်မှာဟောဖူးပါတယ်။ သွားခေါတာလိမ်ပြောလို့တဲ့။ အဲဒိတရားနာ ပြီးကတည်းက သွားခေါသူတွေပြောတဲ့စကား သိပ်မယုံတတ်တော့ပါ။
နောက်ကြောက်တာတွေ ဆက်ပြောနေရင် အချိန်ကုန်သွားမှာစိုးလို့။ ခုတော့ ကြောက်စရာ မကောင်းပဲ ချစ်စရာကောင်မလေးနဲ့တွေ့တော့လည်း အသက်တွေက အရမ်းကွာနေတော့ ဟီးးးးး
ဘယ်လို ပြောလိုက်ရမှန်းမသိ ဘူးဖြစ်ဖြစ်သွားတယ်။ ဟင်းးးး တစ်ခုတော့ တော်ပါသေးရဲ့ အကြောက်လွန်ခဲ့လို့သာ ခုကောင်မလေးတွေ ချစ်စရာကောင်းတယ်လို့ပြောခွင့်ရှိနေတာ။ နို့မို့ဆို ကိုအောင်ပုတို့ ကိုဖက်တီးတို့လို ကိုကြောင်ကြီးတို့လို့ မဟေသီက အွန်လိုင်းပေါ်တက်တာတောင် အနားက မခွာလိုက်လိုက်နေရင် မလွတ်မလပ်နဲ့………….:P

နေဝန်းနီ

22 comments

  • kai

    March 1, 2011 at 9:37 am

    ၁။ နေ့ည ဟောက်တတ်မှာ ကြောက်ပါတယ်။
    ၂။ ညအိပ်နေရင်း သွားရည် စီးကြောင်းနဲ့ ကျွန်တော့လာဖက်မှာကြောက်ပါတယ်။
    ၃။ ခြေမကြီးပြီး ရှည်တဲ့ မိန်းမ ကိုလည်းကြောက်ပါတယ်။
    ၄။ ခြေချောင်းတွေ ကထန်းလက်လို ကားထွက်နေရင်လည်း ကြောက်ပါတယ်။
    ၅။ ခြေညိုးနဲ့ ခြေမ ကြားကွာဟနေရင်လည်းကြောက်ပါတယ်။

    အပေါ်က ၁၊၂ က ခွဲအိပ်လိုက်ရင် ပြသနာမရှိပါဘူး..။ မတော် တကယ်လို့ အဲဒီလိုဖြစ်နေရင်ပေါ့လေ..။
    ကောင်းတာကတော့ ..မယူခင်ထဲက ..ခရီးလေးဘာလေးထွက်.. တလတန်သည် တူတူနေကြည့်ပေါ့..။
    ယူပြီးမှဆို .. နည်းနည်းရှင်းရခက်နေမှာကိုး..။
    ၃၊၄၊၅ ကတော့ ဒီခေတ်မှာ .. ခွဲစိတ်ပြုပြင်လိုက်လို့ရပါတယ်..။ မကြိုက်ရင်ပေါ့လေ..။
    ၃ကတော့ နည်းနည်းခက်နိုင်ပေမဲ့… ၄၊၅က ..ခြေချောင်းတွေ ချုုပ်ထားတဲ့ ရှုးဖိနပ်နဲ့ ကြာရင်ပြောင်းသွားတာပါပဲ..။
    ယ.ူပြီးမှ … မျက်စိထဲတော်တော်အနှောက်အယှက်ဖြစ်နေရင်တော့ … လေဒီရှုးစီးခိုင်းထားလိုက်ပေါ့နော..။ ကြိုက်တာလေးက … အဲဒီလိုဖြစ်နေရင်ပြောပါတယ်..။

    ၆။ ကွမ်းစားတဲ့ မိန်းမတွေကိုလည်းကြောက်ပါတယ်။
    မောင့်ကိုဖြတ်မလား..ကွမ်းကို ဖြတ်မလား ပြောပေါ့ကွယ်..။ ဒါမှမဟုတ်..ကွမ်းထဲ..ငပိ မသိမသာလေး ထည့်ပေးလိုက်ပေါ့..။ ကွမ်းနဲ့ငပိ ..ကမ္ဘာ့ရန်ပဲ..။ 🙂
    ရ။ သွားခေါရင်လည်း ကြောက်ပါတယ်။
    ဒါလည်း … အခုခေတ်တော်တော်ပြင်ရလွယ်တယ်..။ ရိုက်ချိုးပြန်စိုက်တောင်မလိုတော့ဘူး..။
    မမြင်ရတဲ့ သံကြိုးတွေနဲ့…ချည်ထားပေးပြီး တနှစ်လောက်နေ ပြန်ဖယ်လိုက်ရင် .. လှလို့..ပလို ့..ဖြစ်သွားရော..။

  • antimoe

    March 1, 2011 at 11:20 am

    အားလုံးကြိုက်နေပြီ…ခြေချောင်းလေးတွေမှာပြသနာဖြစ်နေရင်…
    ၁) လေဒီရှူးတွေ ရှိပါတယ်။
    ၂) အိမ်မှာနေရင်တော့ ခြေအိတ်အပါးလေးတွေ ရှိပါတယ်။ အမြဲဝတ်ထားပေါ့။
    မမြင်စေချင်တဲ့ ခြေချောင်းလေးတွေ မမြင်နိုင်အောင်။
    ၃) ကလေးတွေ မွေးလာရင်တော့ အိုတိုးစံ လည်း ဘာမှကြည့်ဖို့အချိန်ရမှာမဟုတ်တော့ဘူး။

  • naywoonni

    March 1, 2011 at 12:01 pm

    ကိုခိုင်ရေ… ကျွန်တော်က မျက်နှာအလှထက် ခြေချောင်းလေးတွေရဲ့ သဘဝအလှကိုတန်းဘိုးထားတာဗျ ။ ဖြစ်နိုင်ရင် ကျွန်တော်က ခြေချောင်းလှလှလေးတွေ ပေါ်က ခြေသည်းလေးတွေကိုဆေးဆိုးပေးချင်သေးတာ။ ပြုပြင်ထားတာကြီးမှန်းသိနေမှ ဘယ်လိုတန်းဘိုးထားရမလဲ မသိပါဘူးဗျာ။ ဒီတစ်ယောက်ထဲရှိတာမှမဟုတ်တာ ဒီကမ္ဘာဆုံးစေစေတော့ ခင်ဖုန်းကိုတော့ တွေ့အောင်ရှာဦးမယ်။ ဟီးးးးး

    • kai

      March 2, 2011 at 11:03 am

      မြန်မာအမျိုးသမီးတွေ ခြေထောက်လှဖို့ နည်းနည်းခက်တယ်..။
      အပူပိုင်းနိုင်ငံသဘာဝအရ.. ခြေညှပ်ဖိနပ်စီးရတာဆိုတော့ … ရှုးဖိနပ်စီးတဲ့တိုင်းပြည်က သူတွေထက်… ခြေဖဝါးအရွယ်တွေက ကြီးတယ်..။
      ခြေချောင်းတွေကျဲတယ်..။ ဖိနပ်ကြိုးကို ညှပ်ထားရလို့..ခြေမနဲ့ ခြေညိုးကြား ကျဲနိုင်တယ်..။
      ဖုံတွေနဲ့ထိနေလို့..ညစ်ပါတ်နိုင်တယ်.။ အသားအရေ ကြမ်းနိုင်တယ်.။

      ဆိုတော့…
      အအေးပိုင်းက .. တယောက်ယောက်ရှာရတော့မယ်..။
      တိုင်းရင်းသားတွေထဲက ရှာလိုက်လေ..။ 🙂

  • weiwei

    March 1, 2011 at 12:52 pm

    အဘနီက အလိုရှိသည်ဆိုတဲ့ ကြော်ငြာကို တဖက်လှည့်နဲ့ လာရေးထားတာပဲ … ဒီအတိုင်းဆိုရင်တော့ ခက်လိမ့်မယ် …
    လှတာမက်ရင် ညစာခက်တယ်တဲ့ … စကားပုံက အလကားထားခဲ့တာ မဟုတ်ဘူး … 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 1, 2011 at 1:00 pm

    ကဗျာဆရကြီး
    မိန်းမတွေကို အထင်မကြီးနဲ ့
    ဝယ်စီးပလိုက်
    ဆိုင်ကယ်ခပ်ကြီးကြီးတစ်စီး

  • ဆူး

    March 1, 2011 at 2:27 pm

    အချစ်မှာ ညက်ချိ မရှိဘူးတဲ့.. အချစ်မရှိဘဲ လူရှာမှတော့ အဆင်မပြေနိုင်ဘူး။
    လူတိုင်းမှာ အားနည်းချက် ကိုယ်စီ ရှိကြတာဘဲ။
    သူများ မျက်ချီး ကြည့်ပြီး ရွန်နေပေမဲ့ ကိုယ့်ဟာကို မှန်ကြည့်မိမှ မျက်စိပိတ်မှန်း သိနေမယ်နော် အဘနီ.. တရားနဲ့ ဖြေ…
    အဝိဇ္ဇာ လျော့ဖို့ အချိန်ရောက်ပြီ။

  • kopauk mandalay

    March 1, 2011 at 2:59 pm

    မပူနဲ့တော့ ကိုနေရေ
    လူနဲ့တူတဲ့စက်ရုပ်တွေပေါ်နေပြီ.။
    ကိုနေ အကြိုက်တွေရေးပြီးဒေတာထဲ့ခိုင်းရင် စိတ်ချမ်းသာမှာအမှန်ဘဲ။
    အဲဒါသာအောင်မြင်ရင် မိန်းမအစစ် ယူဘို့မလိုတော့ဘူးနော်။

  • nigimi77

    March 1, 2011 at 7:55 pm

    ကိုနေရေ။ ခင်ဗျားပြောတာတွေ ကျုပ်လဲ ကြောက်လို ့ ဟိုမှာတုန်းက အရုပ်မကိုပဲ ချစ်ခဲ့တာ။ ဟီးးးးး။

  • unclegyi1974

    March 2, 2011 at 3:36 pm

    ကျွန်တော်လူပျိုကြီးပါဗျာ့
    လူပျိုစစ်စစ်ရေမရောဖူး
    မယုံဖူးလားလူပဲလေနွားနို့မှမဟုတ်ပဲ
    ဘယ်ရေရောလို့ရမလဲ နော်
    အချိန်မနှောင်းခင်စာရင်းပေးထားမှစဉ်းစားမယ်နော်

  • ဒီလောကတွင် အကျွန်ုပ် အကြောက်ဆုံးမိန်းမစားတစ်မျိုးသာရှိပါ၏။ ထိုသူမှာကား မိမိအား မချစ်၊ မကြင်၊ မနှစ်သက်ဘဲ ပေါင်းဖက်နေသော မိန်းမသားသာ ဖြစ်ပေသည်တကား….။ အကြင်မိန်းမစားမျိုးသည်ကား ခင်ပွန်းတိုင်းတပါးတွင် မည်မျှအသက်ကိုရင်းပြီး အသပြာရှာဖွေနေရသည်ကို မသိကျိုးကျွံပြုကာ ခင်ပွန်းပိုင် အိမ်တွင်နေထိုင်ပြီးသကာလ အမြှောင် လင်ယောကျာ်းတစ်ယောက်အား ဘုရားတစ်ဆူတစ်ဖွယ်ပြုစုလုပ်ကြွေးနေသော်ငြား ကာမပိုင်လင်ယောကျာ်းတစ်ယောက်အား စာသဝဏ်လွှာတစ်စောင်ခန့်မျှပါးရန် လက်တစ်ဖက်ပင် မအားမလပ်နိုင်အောင် အလုပ်များနေသော အနှီမိန်းမမျိုးသာ ဖြစ်ချေသည်တမုန့်။

    ပုံ/ ရှင်မဟာ ကပေါက်တိ ကပေါက်ချာ.. လူ
    (ရင်တွင်းဖျက်များ အသင် နေဝန်းနီ သိစေအံ့)
    😀

    • antimoe

      March 3, 2011 at 8:18 am

      Looser ရေ……
      ကိုယ်တွေ့ မဟုတ်ပါစေနဲ့ လို့….ဆုတောင်းပေးမိပါတယ်။
      အသုံးလွန်သွားလို့…
      ချွေတာစုဆောင်းထားတဲ့ ရွှေထုပ် ယောက်ျားပြန်လာခါနီးမှ သူခိုးနောက်ပါသွားတယ်လို့ပြောတတ်ကြတာ တွေ့ဖူးတယ်။
      တကယ်ပါသွားတာလည်း တွေ့ဖူးတယ်။
      ဆိုတော့ကာ…ကံပေးသလောက်ပဲရတယ်လို့ တွေးရင်…
      နည်းနည်းတော့ ဖြေသာမယ်…ထင်ပါတယ်။

  • san

    March 3, 2011 at 5:50 am

    လူဆိုတာ ကိုယ်နဲ ့တန်ရာကိုပဲ ရတတ်ကြတယ်တဲ့။ ကိုယ်လိုချင်တဲ့သူမျိုးကို ပိုင်ဆိုင်ခွင့်ရဖို ့အတွက်ဆိုရင် ကိုယ်ကလည်း သူလိုလားမယ့်သူဖြစ်ဖို ့လိုတာပေါ့။

  • white

    March 3, 2011 at 8:20 am

    မိန်းမကြောက်တာနဲ့ပတ်သတ်လို့ ကျွန်တော့်ဆရာတစ်ယောက်
    ကြုံးဝါးနေကြ စကားလေးတစ်ခုသတိရမိပါတယ်…

    ငါတို့က မိန်းမလုံးဝမကြောက်ဘူး၊သူပြောတဲ့အတိုင်းဘဲ လိုက်လုပ်လိုက်တာ….တဲ့

  • char too lan

    March 3, 2011 at 8:30 am

    ဆြာနီ ဂျီးများရချီရား 🙁

    • bigcat

      March 4, 2011 at 3:59 am

      ချာတူး တယ်ပျောက်နေပါကလား။ ဘယ်ရောက်နေလဲ။ အာဖျံကွီးရောပဲ။

  • naywoonni

    March 3, 2011 at 11:13 am

    စောစောက နာ့ကွန်မန်းပျောက်သွားပြန်ပြီ ။ ဘယ်သူလာယူသွားလဲမတိဘူး။ သူဂျီး ဝှက်ထားတာလား?

  • ယောလေး

    March 3, 2011 at 4:27 pm

    အဲ့လိုသာ ကြောက်နေရင်တော့…ဝေးပီ ဝေးပီ…

  • အိမ်ကလေဒီရဲ့ လက်သုံးစကားအရ မြန်မာပြည်မှာ မိန်းမတွေကပိုတော်သတဲ့။ ဒီတော့ မြန်မာပြည်မှာ ယောက်ျားလာဖြစ်တာ ကိုယ့်ကံပါပဲ။ ကံကိုက မကောင်းတာ။ ပြောလို့ပြောတာမဟုတ်ဘူး။ မြန်မာမတွေက အမျိုးသမီးဘဝရဲ့ ရနိုင်ခွင့်တွေကို (what womanhood can achieve) အရယူတဲ့နေရာမှာ အရမ်းတော်တာဗျ။ ဒါကြောင့် ခြေထောက်လေးကြည့်မနေပါနဲ့ဗျာ။ သူတို့ရဲ့ ဦးနှောက်ကြီးကသာ တကယ် ကြောက်စရာကောင်းတာ။

  • Gong Zhu

    March 7, 2011 at 3:46 pm

    မြေထက်ခြေညှိုးပိုရျည်ရင် ဘာဖြစ်လို့လဲ … သိချင်တယ် …

  • Gong Zhu

    March 7, 2011 at 3:47 pm

    မြေမထက်ခြေညှိုးပိုရျည်ရင် ဘာဖြစ်လို့လဲ … သိချင်တယ် …

  • ကောင်းမြတ်သူ

    January 5, 2012 at 3:22 pm

    ဟဲ ဟဲ ကိုယ်အလှည့်ကျမှ ကောင်မလေးဘယ်သွားသွား လိုက်ကပ်နေရအုံးမယ်

Leave a Reply