16 comments

  • weiwei

    March 2, 2011 at 4:55 pm

    ကြက်ပေါက်စလေးကတော့ ချစ်စရာလေး …
    ကြက်ကို လှလွန်းလို့ချစ်လို့ဆိုပြီး ကြက်သားလုံးဝမစားတဲ့ ဆရာတစ်ပါးတွေ့ဖူးတယ် ..

  • ဆူး

    March 2, 2011 at 5:00 pm

    ဘာ အကောင် ဖြစ်ဖြစ် ပေါက်ခါစ တွေကသိပ်ချစ်စရာ ကောင်းကြတယ်။
    ခွေး ကြောင် စသဖြင့်ပေါ့.. ကြက်ကလေးတွေ ဘဲကလေးတွေ ချစ်စရာ ကောင်းကြတယ်။ ကြီးလာရင်တော့ ပုံတွေက မလှတော့ဘူး။ ချစ်စရာ ကောင်းတဲ့ ရုပ်တွေ ပျောက်သွားကြတာဘဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 3, 2011 at 2:04 am

    ဟုတ်ပ
    အောင်ပုဆို မွေးကင်းစ ပုကျု ့နောက်ကလေးတုန်းကဆို
    ပျိုပျိုတွေ ဝိုင်းပြီးအာဘွားပေးတာ
    အဖျားတောင်တက်တယ်
    အခုလည်းထိုနည်း၎င်းဘဲ
    မနည်းကြီးပုန်းနေရတယ်

  • etone

    March 3, 2011 at 2:27 am

    ကြက်မှာ ဥစားကြက်နဲ့ အသားစား ကြက်ဆိုပြီး နှစ်မျိုး ရှိတယ်လို့ ကြားဖူးတယ် ..။ဥစားကြက်ကတော့ လေဥ ဥတာဖြစ်ပြီး သူ့ဥဟာ စားဖို့ အတွက်သာဖြစ်ပါတယ်တဲ့ မစားပဲ ကြာကြာထားရင် အကောင်မပေါက်ပဲ ပုပ်သာပုပ်သွားတတ်ပါတယ် ။ မပုပ်ခင် ကြော်ဖို့ ခွဲမိရင်တော့ အနှစ်ကို အဆန်ချောင် အနေထားနဲ့ မြင်ရမှာပါ ။ ဥစားကြက်ကိုတော့ သူ့ဥကို စားဖို့ အတွက်အဓိက မွေးမြူတာပါ ။

    အသားစားကြက်ကတော့ ကြက်ထီးရှိမှ ဥဥတာဖြစ်ပြီး သူ့ဥက ဥချပြီး မကြာခင် စားလို့ရပါတယ်… ။နည်းနည်းကြာသွားရင်တော့ အထဲမှာ အကောင်ဖြစ်ဖို့ သွေးခဲလေးတွေ စုနေပါပြီ… ။ အကောင်မပေါက်ခင် ဥကိုခွဲမိရင်တော့ အထဲက အကောင်လေး ဘဝပျက်ရပြီပေါ့ … ။ တစ်ခါတစ်လေ etone တို့ ကြက်ဥ ကြော်မလို့ ခွဲလိုက်ရင် သွေးခဲလေးတွေပါနေတတ်တာမျိုးတွေ့တတ်တယ် .. ဒီအခါ မှတ်သားမိတာက အသားစားကြက်ရဲ့ ဥဖြစ်တယ် ဆိုတာပါပဲ… ။ အသားစားကြက်တွေကိုတော့ ကြက်သားအတွက် အထိက မွေးတာပါ … သူ့ဥကိုလည်း အကောင်ပေါက်ဖို့ အတွက်ပဲ ထားတယ်လို့ မှတ်သားဖူးပါတယ် ။

  • yawhan

    March 3, 2011 at 5:23 am

    တချို့တွေ ကြက်ဥဝယ်ရင် အအက်အကွဲဘဲဝယ်ကြတာ ဒါ့ကြောင့်ပါ
    ကြက်ဥဘဲဥကောင်းတွေကို ခွဲစားတာ ကြက်သားပေါက်ကလေးကို သတ်တာနဲ့အတူူတူ ဆိုဘဲ

  • phantom

    March 3, 2011 at 5:55 am

    ငယ်ငယ်တုန်းကတော့ ဒီလို ကြက်ဥထဲက သွေးစလေးတွေပါလာတာတင်မကဘူး ကြက်ကလေးဖြစ်ကာစ ဒုတိယပုံလောက်အထိ ပါဖူးတယ် အခုက ဥစားကြက်တွေကို ဆေးထိုးဥတဲ့ လေဥတွေဖြစ်နေလို့ အခုတော့ တစ်ခါမှ မပါတော့ဘူး

  • soungthazin

    March 3, 2011 at 10:57 am

    ကြက်ဥမွှေကြော်ကြိုက်ပါတယ်အခုမစားချင်တော့ဘူးသနားလို့ ကြက်တကောင်ရဲ့ဖြစ်စဉ်ကိုမြင်သွားပြီသနားသွားတယ်

  • naywoonni

    March 3, 2011 at 11:00 am

    ကြက်ဥတိုင်း ကြက် အကောင်မပေါက်တော့ပါဘူးနော်။ ဥစားကြက်ခြံတွေက ကြက်ဖမှ မရှိတာကိုး။ ဥစားကြက်ဥတွေကို လေဥလို့တောင်ခေါ်တယ်လေ။ ကြက်ဖနဲ့ မွေးတဲ့ မြန်မာကြက်လို့ခေါ်တဲ့ ကြက်မတွေက ဥမှ အကောင်ပေါက်ပါတယ်။ ဥစားကြက်တွေကို အကောင်ဖောက်ချင်ရင် ကြက်ဖနဲ့ရောပြီး သီးသန့်မွေးရပါတယ်။ အဲဒိကြက်ဥက ဈေးကြီးတယ်။ သက်သတ်လွတ်သမားစားလို့မရဘူး။ ရိုးရိုးဥစားကြက်ဥကတော့ အသက်ဓါတ် မပါဘူးဆိုပြီး တစ်ချို့ သက်သတ်လွတ်သမားတွေ စားတာတွေ့ဖူးတယ်။ ကြက်ဖလိုက်တဲ့ ကြက်ဥလောက်လဲ အရသာမရှိဘူးတဲ့ ။ အဟာရ မဖြစ်ဖူးတဲ့။ ပြောကြတာပဲ။ လူတွေများ ပြောပါတယ် ။ ကြက်ဥတောင် အကောင်ပေါက်တဲ့ ကြက်ဥကမှ ပိုကောင်းသတဲ့………..။ခက်ဖူးလား? သူတို့ပြောကြသလို ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ

  • kopauk mandalay

    March 3, 2011 at 3:21 pm

    ဆူးမမရေ
    ကြက်ဥကနေကြက်ကလေးအကောင်ပေါက်တာပြချင်ပြလုံးဝကိစ္စနမရှိဘူး။
    ဝက်မကနေဝက်ကလေး အကောင်ပေါက်တာပြချင်ပြ ဒါလဲကိစ္စနမရှိဘူး။
    သစ်စေ့ကနေအပင်ပေါက်လာတာ ပြချင်ရင်ပြဒါလေးရသေးတယ်။
    အင်း ဒါပေမဲ့…………………………………………………………..

  • unclegyi1974

    March 3, 2011 at 3:49 pm

    အကောင်ပေါက်ဆိုလို့လူလည်းမွေးပြီးတော့ချစ်စရာ
    ကောင်းပါတယ် စကားပြောတတ်တဲ့အချိန်ကစပြိီး
    သိပ်မဟုတ်တော့ဖူး ကြောမာလာပြီ
    ဆုူးမကရှာဖွေတာတယ်တော်ပါလား
    custom ကလာတာနဲ့တူတယ်

    • ဆူး

      March 3, 2011 at 4:20 pm

      ငယ်ငယ်က လူကြီးတွေ က ပြောကြတယ် ကြီးလေ ချဉ်လေ သံပုရာသီး မျိုးတဲ့.. ဟီးဟီး..
      အကောက်ခွန်တော့ မသိဘူး အခွန်ကောက်တာတော့ သိတယ်… နို့ဆီဘူးခွံ ရေသန့်ဘူးခွံ အဲဒါတွေ ကောက်တဲ့ ကလေးတွေ မြင်ဘူးတယ်။

  • ယောလေး

    March 3, 2011 at 4:05 pm

    ကြည့်သွားပါတယ်ဗျာ….
    ကြက်နီနီလေးမြင်ပြီး ကြက်သားစားချင်စိတ်ပျောက်သွားတယ်…
    အိမ်က ကြက်သားဟင်းမချက်သေးသရွေ့ပေါ့..:P

  • bigcat

    March 4, 2011 at 4:29 am

    ကြက်နဲ့ငုံး အရွယ်ခြင်းသိပ်မကွာပေမဲ့ ဥကြတော့ အကြီးအသေး ကွာလွန်းတယ်နော်။ ဘာကြောင့်လဲ…

  • ဆူး

    March 4, 2011 at 2:01 pm

    ဦးကြောင်ကြီး ကတော့ တော်တော် ပေါက်ပေါက်ရှာရှာ သိပ်တွေးတာဘဲ။

  • Gong Zhu

    March 7, 2011 at 3:30 pm

    ကြက်ဥကို ရေထဲစိမ်ကြည့်လို့ ရေပေါ်ပေါ်နေရင် ဘာကြက်ဥဆိုလား … ရေအောက်မြုပ်နေရင် ဘာကြ်ဥဆိုလားပဲကြားဖူးတယ် … အဲ့ဒါဘာလဲ … ဥ ပေါက်တဲ့ကြက်ဥနဲ့ ဥ မပေါက်တဲ့ကြက်ဥခွဲတာလား …

  • ဆူး

    March 7, 2011 at 3:55 pm

    ကြက်ဥ တွေကို ရေထဲ ထည့်ရင် အကောင် ဖြစ်နိုင်တဲ့ ဥက ရေထဲမှာ လှုပ်တယ် ရေအပေါ်တက်တယ်လို့ ပြောပါတယ်။ ရေကူးသလိုမျိုး ဖြစ်တယ်လို့ ပြောတာဘဲ ကိုယ်တိုင်တော့ မမြင်ဘူးဘူး။

Leave a Reply