ပုတ်သင်လေးလို လိုအပ်ရင်အရောင်ပြောင်းကြရအောင်

သည်နှစ် 2010 ခုနှစ် သင်္ကြန်မှာ ကျနော်တို. လုပ်ငန်းကနေပြီး ကိုယ်စားလှယ်ရထားတဲ. စီးကရက်တံဆိပ်အသစ်တစ်ခုကို
ကြော်ငြာတဲ.သဘော ဒါမှမဟုတ် လူသိအောင်လုပ်တဲ.အနေနဲ.
သင်္ကြန်မဏ္ဍပ်ကတစ်ခုခုကနေပြီးရေပက်ခံထွက်တဲ.လူတွေကို ကြဲမယ်စီးကရက်တံဆိပ်ရို်က်ထားတဲ.တီရှပ်တွေကိုလဲကြဲမယ်
လို.လူကြီးတွေကတာဝန်ပေးတဲ.အတွက်
မဏ္ဍပ်တစ်ခုနဲ.ဆက်သွယ်ပြီးစပွန်စာပေးခွင်.ရဘို.လိုက်လုပ်ရပါတယ်။
စပွန်ဆာပေးရမဲ့ မဏ္ဍပ်ကိုရပြီဆိုတော. သည်မဏ္ဍပ်မှာပုံတွေတင်ချိတ်ဘို.အတွက်
ဒီဇို်င်းတွေလုပ်ဘို. ဓါတ်ပုံတွေရိုက် ပုံကြမ်းတွေကိုဆွဲ
် ဗွီနိင်းတွေ အပ်ဘို.ဗွီနိင်းလုပ်တဲ.ဆိုင်ကိုသွား ကွန်ပြူတာ ပညာသည်လေးတွေနဲ.တိုင်ပင်
လိုချင်တာလေးတွေ ဖြစ်ချင်တာလေးတွေကိုပြောနဲ.တော်တော်လေး အလုပ်ရှုပ်သွားပါတယ်။
နောက်တီရှပ်တွေကိုလည်းတံဆိပ်ရို်က်ဘို. စီစဉ် တစ်ရက်ထဲနဲ.သည်အလုပ်ကပြီးသွားပါတယ်။
သည်အလုပ်တွေပြီးလို.လက်ဖက်ရည်ဆိုင်ဝင်ထိုင်နေတုန်းလမ်းပေါ်မှာ စက်ဘီး စီးသွားတဲ.အသိတစ်ယောက်ကိုတွေ.လိုက်ရပါတယ်။
သူကတော. ကျနော်.ကိုမမြင်ပါဘူး ။
သူကတော.ဟိုအရင်တုံးက သင်္ကြန်ရောက်ပြီဆိုရင် သူ.ကိုလမ်းပေါ်တွေ.ဘို.ဝေလာဝေးပါ။
မဏ္ဍပ်ရှင်တွေချော.နေခနေရတဲ. ပန်းချီဆရာလေးပါ။
အရင်တုန်းကသည်လိုသင်္ကြန်အချိန်ရောက်လို.မဏ္ဍပ်ကိုအလှဆင်မယ်ဆိုရင်ပန်းချီဆရာတွေကိုလို်က်လို. ငှားရပါတယ်။
မရောက်ခင်တစ်လလောက်က ကြိုလို.စီစဉ်ရပါတယ်။
သူတို.ကိုကို်ယ်လိုချင်တာလေးတွေပြောပြရပါတယ်။
ဒါပေမဲ.ကိုယ်ကသာလောနေတာ သူတို.ကတော.အေးဆေးပါ။
ကျနော်ကသိပ်လောရင် သူပြန်ဖြေတာ ကတော.
” ငါ.ကောင် ငါတို.ကစက်မဟုတ်ဘူး အနုပညာဆိုတာခံစားလို.ရမှာ ရေးလို.ကောင်းတာ ကောင်းတာလိုချင်ရင် လာမလောနဲ.”
ကျနော်လဲမပြောရဲတော.ပါဘူး။
ဒါပေမဲ.နက်ဖြန်အကြိုနေ.ရောက်တာတောင် မပြီးသေးတော. ရင်တမမနဲ. ညအိပ်တောင်မပျော်ပါဘူး။
ဒါ1990ပါတ်ဝန်းကျင်ကကြုံခဲ.ရတဲ.အဖြစ်အပျက်လေးပါ။
အခု2000ခုနှစ်နောက်ပိုင်းမှာ ခေတ်ကြီးက ကွန်ပြူတာ ဒီဇို်င်းတွေဗွီနို်င်းတွေ ပေါ်လာတဲ.အခါမှာ ပန်းချီဆရာတွေခေတ်မှိန်သွားပါတယ်။
အခုတော.ပျောက်သလောက်ကိုဖြစ်သွားပါတယ်။
ပန်းချီဆရာနဲ.ခေါ်ပြီးမဏ္ဍပ်ကိုအလှဆင်ဘို.ထက် ဗွီနို်င်းကိုဘဲအားကိုးလာပါတယ်။
အနုပညာမြောက်တာ မမြောက်တာ နောက်ထား အချိန်လုလုပ်ရတဲ.ခေတ်ကြီးမှာ အမြန်ဆုံးပြီးမှ ကိုယ်.ကို်ခိုင်းထားတဲ.ဆရာတို.ပိုင်ရှင်တို.အပြစ်တင်ခံရတာကလွတ်မှာပါ။
နောက်တစ်ခါတုံးက ကြုံရတာလေးကိုလည်းပြောပြချင်ပါသေးတယ်။
ကျနော်တို. ထုတ်လုပ်တဲ.ကုန်ပစ္စည်းအသစ်ကလေးကို ပက်ကင်ကောင်းကောင်းလေး ဒီဇိုင်းအသစ်ကလေးနဲ.ထုပ်ပိုးချင်တယ်ဆိုတာနဲ.
ကျနော်ကဘဲတာဝန်ယူလို.အသိပန်းချီဆရာတစ်ယောက်ကို ပုံကြမ်းလေးဆွဲပေးပြီး အလုပ်အပ်လိုက်ပါတယ်။
“ညီရေ တစ်ပါတ်လောက်ဆိုလာယူလှဲ.ပါ “ဆိုလို.အဟုတ်မှတ်ပြီး ထားလိုက်မိပါတယ် တစ်ပါတ်လဲမရ နှစ်ပါတ်လဲမရနဲ.နောက်ဆုံးတစ်လပြည်.လဲမရပြန်ပါဘူး။
မေးလိုက်ရင်သည်နေ.ရမှာလိုလို ဟိုနေ.ရမှာလိုလို နေ.ပေါင်းများစွာသာကုန်သွားတယ်မရပါဘူး။
ဒီအလုပ်မပြီးတော. ကုန်အသစ်ကိုဖြန်.ချင်လို.လဲဖြန်.မရတော.ကျနော်.မှာနေ.တိုင်းအဆူခံရပါတယ်။
နောက်ဆုံးဒီပန်းချီဆရာလေး အိပ်ယာမထခင် သူ.အိမ်သွား လက်ဖက်ရည်ဆိုင်ကိုခေါ်ပြီးဧည်.ခံ ပြီးရင်ကိုယ်ရှေ.မှာတင်ထိုင်ရေးခိုင်းဆွဲခို်င်းတာတောင် တစ်ခါတစ်လေ ဖီးမလာဘူးဆိုပြီးဝေ.ဝိုက်နေလိုက်တာ နေ.တိုင်းသွားလို.တစ်ပါတ်ပြည်.တဲ.နေမှာမှ လိုချင်တာကိုရပါတော.တယ်တယ်။
ခုခေတ်မှာ ကွန်ပြူတာနဲ.အလုပ်လုပ်တဲ.ခေတ်ကိုပြောင်းသွားပါတယ်။
ကွန်ပြူတာ အကူအညီယူလုပ်တဲ.အခါ နဂိုရ်ကတည်းက ဒီဇိုင်းအမြင်ရှိသူ ပန်းချီမျက်စေ.ရှိသူဆိုရင် ခဏလေးနဲ.ပိုပိုကောင်းအောင်လုပ်နိုင်ပါတယ်။
ဒါပေမဲ.အမြင်ကျဉ်းသော အနုပညာသည်ပန်းချီဆရာတစ်ချို.က ပညာမပါဘူး အနှပညာတန်ဘိုးမရှိဘူးဆိုပြီး ပစ်ပယ်ခဲ.ကြပါတယ်။
ဒါနဲ.ဘဲ အလုပ်တော်တော်များများ ကိုအမြန်ဆုံးပြီးအောင် စက်အကူအညီနဲ.လုပ်ကြတဲ.ခေတ်ကြီးမှာ အဲဒီလိုလူမျုးိတွေကို အမြန်လိုချင်သူတွေက အလုပ်အပ်ဘို.မစဉ်းစားတော.တဲ.အတွက်စီးပွားရေးဈေးကွက်မှာ နောက်အကျကြီးကျလို.ကျန်နေခဲ.ပြီး လမ်းမှာတွေ.လိုက်ရတဲ.ပန်းချီဆရာလို
သူများတွေ အလုပ်တွေအရမ်းလုပ်ရတဲ.အချိန်မှာ လမ်းပေါ်ရောက်နေပါတော.တယ်။

ကျနော်တို.ငယ်ငယ်က အရုပ်ပုံပါတဲ.ကားချပ်တွေကိုသိပ်မက်ပါတယ်။
အိမ်ကပေးတဲ.မုန်.ဘိုးနဲ.ဝယ်ရုံတင်ကိုမကျေနပ်နိုင် မလောက်နိုင်ပါဘူး။
အိမ်နားလေးက ပုံနှိပ်စက်က ဆေးပေလို.ဘဲဖြစ်ဖြစ် ပုံထွက်မကောင်းလို.ဘဲ.ဖြစ်ဖြစ်ပယ်ထားလွှင်.ပစ်ထားတဲ. ကားချပ်လေးတွေကို တောင်းယူကြ မက်မက်မောမော ကောက်ယူ ပါတယ်။
သည်လိုနဲ.ကျနော်တို. အသက်တွေကြီးလာသလို ပုံနှိပ်တဲ.ခေတ်တွေလည်းပြောင်းလို.လာပါတယ်။
ငယ်ငယ်တုန်းက မက်မက်မောမော ကောက်ယူခဲ.တဲ.ပုံနှိပ်စက် ကထွက်လာတဲ.စာရွက်တွေမှာရေနံဆီစော်ဘဲနံတာလိုလို ပုံထွက်ဘဲမကောင်းတာလိုလို ထင်လို.လာပါတယ်။
ပုံနှိပ်စက်ပိုင်ရှင်ဦးလေးကြီးကို စက်အသစ်ပုံစံပြောင်းဘို.တိုက်တွန်းပါသေးတယ်။
ဒါပေမဲ.သူတို.က ခေတ်ပေါ်စက်ကရိယာကို သူ.ရဲ.တဂျောင်းဂျောင်းမြည်နေ.တဲ.စက်လောက်ကောင်းတယ်မထင်သလို ပြောင်းလဲ မပြောင်းဘဲ
အဟောင်းကိုသာဖက်တွယ်လို.နေပါတယ်။
ဒီလိုနဲ.ဘဲအသစ်တွေပြောင်းလို. အော.ဖ်ဆက် ဆိုတာတွေပေါ်လာလဲ ကျနော်တို.ရဲ.လေးလေးကြီးကတော.်ပါတယ်။
သည်လိုနဲ.ကျနော်တို. အသက်တွေကြီးလာသလို ပုံနှိပ်တဲ.ခေတ်တွေလည်းပြောင်းလို.လာပါတယ်။
ငယ်ငယ်တုန်းက မက်မက်မောမော ကောက်ယူခဲ.တဲ.ပုံနှိပ်စက် ကထွက်လာတဲ.စာရွက်တွေမှာရေနံဆီစော်ဘဲနံတာလိုလို ပုံထွက်ဘဲမကောင်းတာလိုလို ကာလာကဘဲမစိုတာလိုလို ထင်လို.လာပါတယ်။
ပုံနှိပ်စက်ပိုင်ရှင်ဦးလေးကြီးကို စက်အသစ်ပုံစံပြောင်းဘို.တိုက်တွန်းပါသေးတယ်။
ဒါပေမဲ.သူက ခေတ်ပေါ်စက်ကရိယာကို သူ.ရဲ.လက်ထိုးစက်လောက်မက်ပါဘူး။
သူများတွေကသာ အလိုက်သင်.ပြောင်းသွားကြတတယ် သူကတော.သူ.ရဲ.တဂျောင်းဂျောင်းမြည်လို.ကောင်းတုန်းပါဘဲ။
သူကမပြောင်းပေမဲ.အလုပ်အပ်တဲ.လူတွေက တော.ပြောင်းကုန်ပါတယ်။
အရင်ကဘာလုပ်လုပ်လေးလေးကြီးဆီအပ်မှဆိုတဲ.သူတွေက ခုများမှာတော.နာရေးဖိတ်စာကိုတောင်ကွန်ပြူတာအောဖ်.ဆက်ကိုမှအပ်တဲ.ခေတ်ကိုရောက်လာပါတယ်။
ခုလား လေးလေးကြီးရဲ.ပုံနှိပ်စက်ကလေးက ဖုံအလိမ်းလိမ်းနဲ.စိတ်မကောင်းစရာပါ။

ကျနော်ငယ်ငယ်က ကျနော်.ဘကြီးအောင် ဓါတ်ပုံရိုက်တဲ.အိမ်ကိုရောက်တယ်ဆိုရင် ငေးလို.မော.လိုကို မဆုံးနိုင်အောင်ပါဘဲ။
ဓါတ်ပုံရိုက်ခါနီးမီးလုံးကြီးတွေဖွင်.လို.သူကလဲ အမဲရောင်အဝတ်ကြီးအောက်ကနေဝင်လို.ကင်မရာပေါက်ကနေချောင်းပြီး ဓါတ်ပုံရိုက်ဘို.ပြင်ဆင်နေတယ်ဆိုရင် သူ.လိုငါလဲ တစ်နေ.လုပ်မှာလို. အရမ်းကိုအားကျခဲ.ပါတယ်။
ဓါတ်ပုံကူးတဲ.အမှောင်ခန်းမှာဆိုရင်လဲကလေး မဝင်ရဘူးဆိုလို.အပေါက်ကနေချောင်းကြည်.ရတာ အမောပါဘဲ။
ဒါပေမဲ.ဓါတ်ပုံပညာကိုကျနော်မတတ်ခဲ. မသင်ဖြစ်ခဲ.ပါဘူး။
ကုန်ကျစရိတ်အရမ်းကိုကြီးလို.မတတ်နိုင်လို.ပါ။
အဲဒီခေတ်ကဓါတ်ပုံလေးများရိုက်ပြီးလို.ကတော. စောင်.ပေတော.တစ်ပါတ်ဆယ်ရယ်။
ကိုယ်ပုံလေးကိုကြည်.ချင်ပေမဲ.လည်း ကင်မရာထဲက ဖလင်တစ်လိပ်လုံးမကုန်မချင်းစောင်.ပေတော.။
အစောင်.ကြီးစောင်.ပြီးမှဖလင်ပျက်သွားတယ်ဆိုပြန်ရင်လဲ သေပြီဆရာလို. အော်ရုံကလွဲလို.ဘာမှ မတတ်နိုင်ပါဘူး။
သည်လိုနဲ.ခေတ်တွေပြောင်း အဟောင်းတွေသွားနည်းပညာအသစ်တွေ ပစ္စည်းအသစ်တွေဝင်လာတော.လုပ်ရတာလွယ်လာ မြန်လာပါတယ်။
ဘကြီးအောင်ကိုခေတ်နဲအမှီလိုက်ပြောင်းရအောင် ဘယ်လိုဘဲတောင်းပန်တောင်းပန် ဘယ်လိုဘဲနားချနားချ သူကတော. ပညာမပါတဲ.အလုပ်ကိုစိတ်မဝင်စားပါတဲ.ခင်ဗျား။
အော်အခုလား သူ.ဓါတ်ပုံဆိုင်ပိတ်တာကြာရုံတင်မကဘူး ဘကြီးအောင်ဓါတ်ပုံဆရာကြီးဆိုတာကိုသိသူမရှိတော.ပါဘူး။
ကျနော်တို.အိမ်ရဲ.တောင်ဘက်မှနေတဲ. ကိုခင်စန်းတို.မိသားစုမှာ ဆိုက်ကားနင်းသူနှစ်ယောက် မြင်းလှည်းမောင်းသူက နှစ်ယောက်ပါ။
မနက်လေးနာရီမထိုးခင်းမြင်းလှည်းဆရာနှစ်ယောက် မြင်းလှည်းဘီးထဲကို နှင်တံလေးထည်.လို.တတောက်တောက်မြည်အောင်အသံပေးလို.ဈေးကိုသွားပါတယ်။
နောက်ငါးနာရီလောက်ဆို ဆိုက်ကားဆရာနှစ်ယောက်ကလည်း ဘဲသံလေးကလင်ကလင်ပေးလို. ဆိုက်ကားအနင်းထွက်ကြပါတယ်။
ဒါလေးက နေ.စဉ်မပျက်သော သာယာသော နံက်ခင်းဂီတလေးပါ.
သည်လိုနဲ.တနှစ်မှာ ရန်ကုန်မှာ သုံးဘီးကားတွေကိုနယ်နှင်မယ်ဆိုတဲ.သတင်းတွေထွက်လာပါတယ်။
ဒီအခါမှာ မြင်းလှည်းမောင်းတဲ.နှစ်ယောက်က သုံးဘီးစပ်ဝယ်ရအောင်လို. ဆိုက်ကားဆရာနှစ်ယောက်ကို တိုင်ပင်ပါတယ်။
ဆိုက်ကားဆရာနှစ်ယောက်က လုံးဝပါဘဲ။
“မင်းတို.ရဲ.မြင်းလှည်းကလည်း မြင်းစာကိုနေ.တိုင်းကျွေးမှ အလုပ်လုပ်နိုင်တာ။
ကားဆိုတာလဲ ဆီထည်.မှမောင်းရတာ ငါတို.ဆို်က်ကားက လူရှိရင်ပြီးပြီ”
ဆိုပြီး နေမြဲအတို်င်းနေပါတယ်။
မြင်းလှည်းဆရာနှစ်ယောက်ကတော. မြင်းလှည်းတွေကိုရောင်းနှစ်ယောက်ပေါင်းလို.သုံးဘီးကားလေးတစ်စီးကိုညမနက်နှစ်ယောက်ခွဲလို.မောင်းကြပါတယ်။
အခုတော. လူရှိရင်ပြီးတဲ.ဆိုက်ကားဆရာနှစ်ယောက်ခမျာ ဟိုလမ်းမဝင်ရ သည်လမ်းမဝင်ရ ကန်.သတ်ချက်တွေနဲ.အတူ ဈေးဦးပေါက်အောင်
မနည်းကိုဟဲနေရတဲ.အချိန်မှာ မြင်းလှည်းဆရာနှစ်ယောက်က တစ်ယောက်ကိုလေးဘီးတစ်စီး စီနဲ.ဟန်ကိုကျလို.ပါဗျာ။

တစ်ခါက ကျနော်တေးသံသွင်းဆိုင်ကို သီချင်းခွေသွားဝယ်ပါတယ်။
ကျနော်.လိုဘဲခွေလာဝယ်သူတစ်ယောက်နဲ. ဆိုင်ကအရောင်းကောင်လေး အချီအချပြောနေကြပါတယ်။
ဝယ်သူက ဟစ်တာချီတိတ်ခွေ အဖြူရောင်အပိတ် နဲ.သွင်းထားတဲ.ခွေကိုလိုချင်တာ။
ဆိုင်ကကောင်လေးက ပြောတာက ဒါမျုးိက မလာတော.ဘူး အကြည်ခွေဘဲလာတယ် ဒါကပိုကောင်းတယ်ပေါ.။
ဟိုလူကလည်းလက်ဟောင်းကမှပိုကောင်းလို.လိုချင်တာဆိုတာနဲ.ဇာတ်လမ်းက ပေရှည်လို.လာပါတယ်။
အဲဒီအခါမှာ ဆိုင်အတွင်းထဲက ဆံပင်ရှည်ရှည်နဲ.လူလတ်ပိုင်း တစ်ယောက်ကထွက်လာပြီးမေးပါတယ်။
သူ.ကောင်လေးက အကျုးိအကြောင်းပြောပြတာနားထောင်ပြီး လက်ဟောင်းလိုချင်တယ်ဆိုတဲ.သူကိုကောင်းကောင်းမွန်မွန်ရှင်းပြပေမဲ.မရပါဘူး။
လက်ဟောင်းမှလက်ဟောင်းပါဘဲ။
ကြာတော.ဆံရှည်ကိုယ်တော်လည်းပြောရတာစိတ်ပျက်လာပါတယ်။
ဆံရှည်ကို်ယ်တော် က အဟောင်းကြိုက်ကိုလေးလေး ဆိုင်ကိုဘာနဲ.လာတာလဲလို.မေးတော.
” ငါ.ကားနဲ.ငါလာတာပေါ.”လို.ပြန်ဖြေလိုက်တဲ.အခါ ဆံရှည်ကိုယ်တော်က
” လေးလေး သည်လောက်အဟောင်းကြိုက်တာ ကားနဲ.မလာရဘူး နွားလှည်းစီးလာရမှာလို. “ပြောလိုက်ရော ဘေးကလူတွေလဲ မရီရဲတော.ပြုံးစေ.စေ.ဖြစ်ကုန်ပါတယ်။
ခုခေတ်ပေါ်နေ လူငယ်တွေအပြောများနေတဲ.” ငါ.ဒိန်ခဲကိုဘယ်သူရွေ.တာလဲ”တို.ဘာတို.ကို ဖတ်ပြီး သိပ်ဦးနှောက်အစားခံမနေပါနဲ.
ကျနော်ရေးတာလေးကိုဖတ်ပြီး ကျနော်ဘာကို ပြောချင်နေတယ်ဆိုတာကို စဥ်းစားရင်းဦးစားလိုက်ကြစမ်းပါနော်။

2 comments

  • moethiha

    May 26, 2010 at 3:22 am

    ခေတ်ပြောင်းတော့လူတွေပါပြောင်းသွားကုန်တာပေါ့ဗျာ။နောက်လဲဘယ်လိုထပ်ပြီးပြောင်းဦးမလဲမသိဘူးနော်

  • ဒီပိုစ်ကတော့ 2011ခုနှစ်မှာ မန်းလေးတိုင်းဂျာနယ်မှာပုံနှိပ်ပြီးသားပိုစ်ပါ၊
    ဒီမန်းလေးဂေဇက်မှာ ကော်မင်းပေးသူ တစ်ယောက်ထဲဘဲရှိပါတယ်။
    အခြားဆိုက်မှာတော့ ပန်းချီဆရာတွေရဲ့ အနုပညာကိုစော်ကားတယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။
    တကယ်ဆိုလိုရင်းက အနုပညာကို ခုတုံးလုပ်ပြီး အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်သူတွေ
    ရယ် ခေါင်းမာမာနဲ့မပြောင်းပါဆိုတဲ့လူတွေကို ရည်ရွယ်တာပါ။
    ို ကွန်ဆာဗေးတစ်လူစားမျုးိတွေပေါ့

Leave a Reply