ပျော်စရာ ဂိမ်း ကမာ္ဘ

ဆူးMarch 5, 20111min565121

ပျော်စရာ ကစားနည်းလေး တခု စဉ်းစားထားပါတယ်။
အက္ခရာ စာလုံးတွေ ဆက်ပြီး ဝါကျဖွဲ့တဲ့ ကစားနည်း ဖြစ်ပါတယ်။
ဥပမာ အားဖြင့် လက် ဆိုပြီး ကစားနည်းကို စဖွင့်လိုက်ပါမယ်။
အဖြေ။
လက်။
သွယ်လျ လှပသော လက်ချောင်းပိုင်ရှင်များ အတွက် လက်ချောင်းပုံ မော်ဒယ် အလိုရှိသည်။

နောက်လူ အတွက် ချောင်း ဆိုတဲ့ စာလုံး ချန်ထားခဲ့မယ်။

ချောင်း။
ချောင်းသာ မှာ သာယာလှပတဲ့ ရှုခင်းများ နဲ့ ပင်လယ်ကမ်းစပ် အလှကို ခံစားနိုင်သည်။

နောက်ထပ် စာလုံးကတော့ သာ ဖြစ်ပါတယ်။

သာ။
သာကေတ မှ ခွေးလေခွေးလွင့်များ စည်ပင်သာယာမှ အမဲလုံးပြစ် ရှင်းလင်းသည်။

နောက်ထပ် စာလုံးမှာ ဖြစ်ပါသည်။

ဒီလောက် ဆိုရင်တော့ ဂိမ်းရဲ့ သဘောတရားကို နားလည်လောက်ပြီ ထင်ပါတယ်။

ဂိမ်းမှာ ပါမယ် ဆိုရင်တော့ စည်းကမ်းချက် တွေကို လိုက်နာရပါမယ်။
၁။စာလုံးရေ ဆက်တဲ့ ဝါကျဖွဲ့တဲ့ အခါ ညစ်ညမ်းသော အဓိပ္ပါယ်ရောက်သည့် စာမျိုး မသုံးနှုန်းရပါ။
၂။ စာလုံး တလုံးကို တယောက်ထက် မက တပြိုင်တည်း ဖြေခဲ့ရင်တော့ နောက်ဆုံး ဖြစ်တဲ့ စာလုံးကို အတည်ယူပြီး ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။
၃။ စာလုံးဆက်ရာမှာ ဝါကျ တခုသာ ၁ကြိမ်တွင်သာ ဖြေခွင့်ရှိသည်။ နောက်ထပ် ဖြေဆိုသူ ရှိပါက အကြိမ် ကြိမ် ဝင် ကစားနိုင်သည်။
၄။ မိမိ ဖြေဆိုပြီး နောက်ထပ် မည်သူမှ ဖြေဆိုခြင်း မရှိပါက နောက်ဆုံး ဖြေဆို သူသည် စကားစု ဆက်တဲ့ ပြိုင်ပွဲ မှာ အနိုင်ရမှာ ဖြစ်ပါတယ်။
၅။ ရွာထဲမှ မည်သူမဆို ဝင်ပြိုင် နိုင်သည် မဖိတ်ခေါ်တဲ့ လူမှ လွဲ၍.. ((ဝင်ပါလာပါက ထို ကွန်မန်းကို ဖျက်သိမ်းမည်။))

121 comments

  • unclegyi1974

    March 8, 2011 at 4:17 pm

    သွေးကစကားပြောတဲ့အခါ
    သမိုင်းကသက်သေတည်ပါလိမ့်မည်
    စား ကိုဆက်ပါ

    • etone

      March 10, 2011 at 10:18 am

      အန်ကယ်ကြီး စားက ဘယ်နယ့် ပါလာတာလဲ အန်ကယ်ကြီးစာလုံးထဲမှာ စားလည်း မပါပဲ

  • ဆူး

    March 8, 2011 at 4:21 pm

    စားလိုက် အိပ်လိုက် လူ့ငမိုက်။
    လိုက် ကို ဆက်ပါ။

  • zoe

    March 9, 2011 at 2:45 am

    လိုက်လေ ဝေးလေ ။ အိပ်မက်သံသရာ ဘယ်ခါ ဆုံးမ လဲ ။ “ဆုံး ” ကိုဆက် ပါ ။

  • meelay

    March 9, 2011 at 3:35 am

    ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခံနိုင်ရည်ရှိအောင် ကြိုးစားပါ ….
    (ရှုံး) ကိုဆက်ပါ ….

  • kopauk mandalay

    March 9, 2011 at 11:55 am

    ရှုံးတယ်ဆိုတဲ့ စကားလေးတစ်လုံး
    ဒဿဂီရိလဲ ရာမကို ရှုံးခဲ့တာဘဲ
    ဂျာမန်လဲ ရှရှားကို ရှုံးခဲ့တာဘဲ။
    အေး ကိုယ်မရှုံးသေးသမျှတော့ ရှုံးတယ်ဆိုတဲ့စကားလုံး
    သိပ်အသုံးမဝင်ဘူးထင်တာဘဲ။
    ထင်ကိုဆက်ပါ

  • ဆူး

    March 9, 2011 at 3:26 pm

    ထင်တိုင်း မှန်တာ အဘယ်မှာ ရှိအံ့နည်း။

    နည်း ကို ဆက်ပါ။

  • MaMa

    March 9, 2011 at 3:46 pm

    နည်းပညာသည် တိုးတက်မှုအတွက် သော့ချက်ဖြစ်သည်။
    သော့ ကို ဆက်ပါ။

  • kopauk mandalay

    March 9, 2011 at 4:00 pm

    သော့ခပ်လို့သိမ်းထားတဲ့နှလုံးသားတစ်စုံ
    မြင်ရင်ကြည့်မိတဲ့ မျက်ဝန်းအစုံက ပုန်ကန်တော့
    ရင်ခုန်သံကို မရပ်တန့်နိုင်ဘူးကွယ်။
    (တန့်)ကို်ဆက်ပါ။

  • ဆူး

    March 9, 2011 at 4:00 pm

    သော့တံ တစ်ချောင့် ပေစာ တစ်ထုတ် အရုပ်တစ်ရုပ် ကောင်ရထားသည်။

    တံ ကို ဆက်ပါ။

  • MaMa

    March 9, 2011 at 4:20 pm

    ဩ ဝေမာ ဝေမာ ကိုယ့်ကိုကိုယ် မထိန်းသိမ်းနိုင်လို့ ခုတော့ သူများတံတွေးခွက် ပက်လက်မျောတဲ့ဘဝ ရောက်ရပါရောလား။
    မျော ကို ဆက်ရေးပါ။

  • ဆူး

    March 9, 2011 at 4:34 pm

    မျောခဲ့လေသမျှ ပြောရရင် မလှ.. ကံအဟုန် စုန်ချည် ဆန်ချည် ကူးပါလို့ လှေကြုံရယ်ပါ့ ကမ်းမမြင်။
    မြင် ကို ဆက်ပါ။

  • MaMa

    March 10, 2011 at 12:18 am

    မြင်မြင်သမျှ ဘဝင်မကျ ဘဝ ဘဝ။ (၀)ကို ဆက်ရေးပါ။

  • zoe

    March 10, 2011 at 4:07 am

    ဝလုံးလေး ဝိုင်းဝိုင်း ရေး ချစ်စရာ ကလေးငယ် ဘ ဝ ။ “ငယ်”ကိုဆက် ပါ ။

  • white

    March 10, 2011 at 7:32 am

    ငယ်တာလေးကို ချစ်မိလို့ ခု ကိုယ့်ဘဝက ဆူးပေါ်ဖက်ကျလဲ ဆူးကြိုး ဖက်ပေါ်ဆူးကျလဲ ဆူးကြိုး ဆိုတဲ့ အဖြစ်မျိုးကို ရောက်နေရပြီ

    ”လေး” ကိုဆက်ပါ

  • white

    March 10, 2011 at 7:33 am

    ဆူးကျိုးလို့ ဖတ်ပေးပါ

  • အာဖျံ ကွီး

    March 10, 2011 at 8:37 am

    လေးလေးစားစားသိပ်ချစ်ခဲ့တာ ဒါကိုနင်လဲအသိ .. ငါအသည်းကို ရက်ရက်စက်စက် နင်းချေသွားခဲ့တာ .. နင်ကျေနပ်သေးရဲ.လား … (သီချင်းဆိုရင်လဲ ရတရ်မလား မဆူး။)
    “လား” ကိုဆက်ပါ။

  • etone

    March 10, 2011 at 10:22 am

    လားဆိုတဲ့ သတ္တဝါ မြင်ဖူးကြရဲ့လား ။
    ဆိုကိုဆက်ပါ

  • ဆူး

    March 10, 2011 at 2:07 pm

    ဆို သာ ဆိုသည် အပိုတွေ ပါသည်။ မလိုတာ ချန်ထား အကုန်သာ ကပ်ကြွား။
    ကြွား ကိုဆက်ပါ။

  • zoe

    March 10, 2011 at 3:48 pm

    ကွားကြွားဝင့်ဝင့် ငွါးငွါးစွင့်စွင့် ပန်းမြတ် သဇင် ။ “ဇင်” ကို ဆက် ပါ ။

  • zoe

    March 10, 2011 at 3:49 pm

    ကြွားကြွားဝင့်ဝင့် ငွါးငွါးစွင့်စွင့် ပန်းမြတ် သဇင် ။ “ဇင်” ကို ဆက် ပါ ။

  • kopauk mandalay

    March 10, 2011 at 4:05 pm

    ဇင်အပြာဝတ်တွေခေတ်စားခဲ့ဘူးတဲ့တစ်ခေတ်။
    ပြန်တွက်ကြည့်တော့ ကျန်ခဲ့သောနှစ်လေးဆယ်။
    အသိမကြွယ်ခင်ကတော့ ကိုယ်လဲရောပါခဲ့။
    ပြန်လှည့်ကြည့်မိမှ ကိုယ့်နောက်မှာဘယ်သူမှ မရှိ။
    ရူးမိခဲ့ပုံများ ပြန်တွေးရင်ပြုံးစရာ………………………………..
    (ရာ)ကိုဆဆက်ပါ။

  • MaMa

    March 10, 2011 at 11:53 pm

    သက်တော်ရာကျော်ရှည်ပါစေ။ (ကိုယ့်ကိုကိုယ် ဆုတောင်းတာ နော်။ အလကား နောက်တာပါ။ သဂျီးအစ ရွာသားအဆုံး တစ်ရွာလုံး အတွက်ပါ။) ကျော် ကို ဆက်ပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 11, 2011 at 5:01 am

    ကျော်မကောင်းကြားမကောင်းဟယ်
    ဆူးမမ ရယ် အီးတုန်းရယ် မနောဖြူလေးရယ်
    သုံးယောက်လေ
    မိုက်ကယ်ဂျော်နီအောင်ပု ကို ရင်ထုပြီး ဝိုင်းလုနေကြသတဲ့။
    တဲ့ ကိုဆက်ပါ။

  • အာဖျံ ကွီး

    March 11, 2011 at 5:15 am

    တဲ့တဲ့တိုးမှတော့ .. မငြင်းပါနဲ.တော့ … (အမတို.ရယ် .. ဟီးး)

    “တော့” ကိုဆက်ပါ။

  • bigcat

    March 11, 2011 at 5:15 am

    တဲ့တဲ့ပြောလိုက်မယ်.. မိုက်ကယ်အောင်ပုကိုများ ဝိုင်းလုရတယ်လို့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 11, 2011 at 9:57 am

    တော့ ကို များတို ့သုံးယောက်လုံးက ကြိုက်လိုလွန်းလို ့ဝိုင်းလုနေရတာ
    လို ့ ထိုသုံးယောက်က ပြောတယ်တဲ့
    ” တဲ့ ” ကိုဆက်ပါ

  • meelay

    March 11, 2011 at 11:00 am

    တဲ့တဲ့ပြောတော့ မမတွေ ရှက်ကုန်မှာပေါ့ ဦးလေးပုရယ် ….. 🙂
    (ရယ်) ကိုဆက်ပါ …

  • ဆူး

    March 11, 2011 at 3:31 pm

    ရယ်ရွင် ဖန်တီး အောင်ပုကြီး
    ပေါက်က ရ လေးဆယ် လျှောက်ပြောတယ်။
    အောင်ပု ဝိုင်းလု (ဆူး အီးတုံး မနော)
    ထို ထို ၃ယောက် နာမည် တူငြား….
    စင်စစ်မှာအားဖြင့် အခြောက် ၃ယောက် ပုပု တစ်ယောက် ထွေလီကာလီ စိတ်တွေဖောက်။

    ဖောက် ကို ဆက်ပါ

  • အာဖျံ ကွီး

    March 12, 2011 at 4:53 am

    ဖောက်ဖောက်ထန် ဆိုတာ ပီကေ ကို တရုတ်လိုပြောတာ …

    “တာ” ကိုဆက်ပါ ။

  • zoe

    March 12, 2011 at 5:03 am

    ကြယ်တာရာ ကို ဆွတ်ခူး ပေး ပါ့ မယ် ။ မယ် ကိုဆက် ပါ ။

  • တညင်သား

    March 12, 2011 at 5:20 am

    မယ်တော် ဆေးခန်း က မဲဆောက်မှာ ရှိတာဆို..
    ဆို..ကိုဆက်ပါ………

  • အာဖျံ ကွီး

    March 12, 2011 at 5:53 am

    “ဆို” မနေနဲ. .. သီချင်း … နင့်ငှက်ဆိုးထိုးသံကြီးနဲ. …

    “နဲ.” ကိုဆက်ပါ။

  • cobra

    March 12, 2011 at 8:40 am

    နဲ့….တဲ့…တဲ့..နဲ့သွားနှုတ်ပလိုက်မှဖြင့်…
    ဖြင့် ကိုဆက်ပါ

  • kopauk mandalay

    March 12, 2011 at 8:43 am

    အစကမှနဲ့နေတဲ့ ငါတို့ရဲ့နှလုံးသားကို ပုပုရယ် လာလာ မနှဲ့ပါနဲ့လို
    ဟိုသုံးယောက်က တောင်းပန်တယ်ကြားတာဘဲ၊
    သူများပြောတာကိုပြန်ပြောတာနော်။
    နော်ကိုဆက်ပါ

  • kai

    March 12, 2011 at 8:54 am

    နော်ကိုကိုနော်… လို့.. ။တနော်ထဲနော်နေတတ်တဲ့..။
    ပျိုပျိုမေ အပျိုချောရယ်လို့..။ချော်တောငေါ့တွေးမနေနဲ့။

    နော်တတ်သူတွေက … မောင်ဝဏ္ဏရဲ့ကာတွန်းထဲက..
    အာတာလွတ်မြို ့စားကြီးသမီးတော်.. အစဉ်အရမ်းမိတဲ့.. ရှင်ဂွမ်းဂွိ..။ ။

    ဂွိ ကိုဆက်ပါ..။

  • meelay

    March 12, 2011 at 10:57 am

    ဂွိ ဂွိ … ဂွီ ..ဂွီ…ဂွီ … ဆိုတဲ့အသံက ရွာသူ၊ ရွာသားများရဲ့ ဗိုက်ဆာနေတဲ့ အသံပါ … 🙂
    အဲဒီတော့ သူကြီးက အားလုံးကို စားချင်တာ ကျွေးမယ်တဲ့ …. ကဲ … စာရင်း အမြန်ပေးထားကြနော် …. 😛
    (နော်) ကို ဆက်ပါ …..

  • ဆူး

    March 12, 2011 at 12:48 pm

    နော်နော် ဆိုတာ အဆိုတော် နာမည်
    မည် ကိုဆက်ပါ

  • windtalker

    October 2, 2011 at 11:30 am

    မည်သည့်ခေတ်မဆို အဆန်းအသစ်တော့ရှိမှာ…။
    “ မှာ ”ကို ဆက်ပါ

  • မွန်မွန်

    October 2, 2011 at 11:54 am

    မှာတော့လည်း မလာ…
    လာတော့လည်း ကြာ…
    ဆာနေတာငါ…
    “ငါ” ကိုဆက်ပါ။

    • swam

      October 2, 2011 at 1:08 pm

      ငါသည် ငါ ့ပြိုင်ဘက် ဟုစီးရီးနာမည်နဲ့ထွက်ထားသော ..
      ဂျောက်ဂျက်..
      ှဂျက် ကိုဆက်ပါခင်ဗျ ။

Leave a Reply