ရှုကြည့်စမ်းပါ သင့်ခန္တာ

bigbirdMarch 6, 20114min10712

……..မျက်ချက်။။။ကလေးသူငယ်နှင့် မကြည့်ရဲသူများ လုံးဝမဝင်ဖက်ပါနဲ့………….
တပ်မက်တွယ်တာစရာ ဘာမှမရှိသော လူသားတို ့၏ ခန္တာကိုယ်အား အပေါ်ယံမျှသာ
မကြည့်ပဲ အထဲသို့ဖေါက်ထွင်းကြည့်ပါက အောက်ပါအတိုင်းမြင်ကြရမည်ဖြစ်ပါသည်။

12 comments

  • naywoonni

    March 6, 2011 at 1:54 pm

    နောက်ဆုံးကျတော့လည်း မြေကြီးထဲရောက်သွားတာပဲလား။ ပြောသံကြားဖူးတယ်။ သေသွားတာချင်းအတူတူ ခွေးကိုက်ခံရတဲ့ ကြက်တစ်ကောင်လောက်တောင် တန်ကြေးမရှိဘူးတဲ့။ ကြက်ကမှ ဟင်းအိုးထဲ ရောက်လာသေးတယ်။ လူကတော့ သေသွားရင် မြေကြီးထဲရောက်သွားတာတဲ့လေ

  • mihninlay

    March 6, 2011 at 2:22 pm

    ဒါတွေကလှူထားတဲ့ခန္ဓာကိုယ်တွေကိုလေ့လာနေတာလားဟင်

  • ဆူး

    March 6, 2011 at 2:51 pm

    လူရဲ့ ခန္ဓာဆိုတာ ကြက်ဥ ငှက်ဥ လောက်တောင် မာကျောမှု မရှိဘူးတဲ့..
    လူရဲ့ အရေပြားက ခြင်ဆိုတဲ့ နုတ်သီးသေးသေး ထိုးဖောက်မခံရအောင်တောင် မကာကွယ်နိုင်ဘူးတဲ့။ ကျန်တာတော့ ကိုယ့်ဟာကိုတွေးတော့.. ကွန်နက်ရှင် မကောင်းလို့ တရား သိပ်ဝင်မဟော နိုင်ဘူး။

  • koyinmaung

    March 6, 2011 at 7:29 pm

    ဒီလိုမြင်ကွင်းမျိုးကိုခုမှဘဲမြင်ဘူးတော့တယ် ….တရာကျစရာတွေပါဘဲ။။

  • နေမင်း

    March 7, 2011 at 2:01 pm

    ဪသံဝေဂရစရာတွေပါပဲလား လူရဲခန္ဓာကိုယ်ဟာသေသွားရင် ဖိနပ်စုတ်လောက်တောင်တန်ဖိုးမရှိပါလား

  • ဆူး

    March 7, 2011 at 2:18 pm

    အကောင်ပလောင်တွေ သေသွားရင်မှ စားကြ သောက်ကြနဲ့ မီးဖိုချောင်ထဲ ရောက်သေးတယ်။ လူတယောက် သေရင် ဘယ်သူမှ အိမ်မှာ မထားဘူး။

  • Gong Zhu

    March 7, 2011 at 2:43 pm

    ဟုတ်ပ .. ဓါတ်ပုံတွေက ကြောက်စရာကြီးဟာလေ့ … နော် …. ကြောက်ကြောက်ပါ …

  • baby

    March 7, 2011 at 3:55 pm

    တရားရှာကိုယ်မှာတွေ့ဆိုတာဒါမျိူးလား ရိပ်သာသွားမယ် အသက်ကြီးရင်ပေါလေ ဟဲဟဲ

  • padonmar

    March 7, 2011 at 4:18 pm

    မြန်မာပြည်မှာဆိုရင်တော့ ဒီလို သေပြီးကာစလတ်လတ်ဆတ်ဆတ်ကို ခွဲတာ
    post- mortem ခေါ်ပါတယ်။သေရတဲ့ အကြောင်းရင်းရှာရတာပါ။
    များသောအားဖြင့် sudden death ,brought dead (ဆေးရုံကို ရောက်တော့ အသက်ပါမလာတာ)accident case တွေ က police case ခေါ်ပါတယ်၊
    ရောဂါကြောင့်လား သူများသတ်တာလား ကွဲပြားအောင် တကိုယ်လုံး ခွဲပြီးစစ်ဆေးပေးရတာပါ၊
    ဆေးကျောင်းသားတွေ 2nd MB မှာ ခွဲရတဲ့ အလောင်းက formalin စိမ်ထားတော့ ရုပ်လဲ မှန်းမရတော့ပါဘူး၊မဲနေပါတယ်၊
    ကိုယ်မသေခင် ကိုယ့်အလောင်းကိုယ်လှူသွားရင် အလဟဿ မဖြစ်တော့ဘူးပေါ့၊ ဆေးကျောင်းသားတွေလဲ လေ့လာရတယ်၊သဂြီင်္ုလ် စားရိတ်လဲသက်သာ ၊ကုသိုလ်လဲရပါတယ်၊

  • nigimi77

    March 7, 2011 at 7:17 pm

    ကျုပ်သေရင် လှုဖို ့ ဆုံးဖြတ်ထားတယ်။ ငယ်ငယ်တုန်းက အမနဲ ့လိုက်သွားပြီး အနီးကပ်ကြည့်ဖူးပါရဲ ့။
    အဲဒီနေ ့က စားလို ့လဲမရ အိပ်လို ့လဲ မပျော်ပေါ့။ အနံ ့ကလဲ ဘယ်တော့မှ မေ့လို ့ရမယ်မထင်။
    သူတို ့ကတော့ အဲဒါကြီး ဘေးချပြီး သုတေသနပေါ့။ အထဲလှန်တော့ ဝါဝါကြီး။
    ရွံစရာကြီးလို ့စဉ်းစားခဲ့ဖူးပေမဲ့ ဟိုနိုင်ငံမှာ ကိုယ် အလုပ်လုပ်လို ့ ကိုယ့်ပေါ့ဆမှုကြောင့် လက်ပြတ်တော့
    ဖြူဖြူကြီးကြားမှာ နီနီကြီးဗျ။ ငယ်စဉ်အခါ အရင် လိုင်းပေါက်မှတ်တိုင်ရှေ ့ ပြင်သစ်က ရေးနော့တွေ ပြေးစဉ်က
    အူခွေခေါက်ထွက် စုံတွဲ နှစ်ဖက်ကြားမှာ ပြေးပွေ ့ရင်း ဝက်သားတုတ်ထိုးကိုလဲ နှစ်အတော်ကြာကြာ ရှောင်ခဲ့ဖူးပါရဲ ့။

  • zaw min

    March 7, 2011 at 7:21 pm

    အင်း..နောက်ဘဝနဲ့မနက်ဖြန် ဘာဟာကပိုပြီးနီးပါသလဲ။
    ဘဝ ဆိုတာ ဒါပါပဲ မျက်စိမမှိတ်ခင်တော့ အကြာကြီးနေရအုံးမယ်လို့ ထင်ရတာပဲ။
    အပုတ်ကောင် ရုပ်ဆောင်ဆိုတာပါပဲ။ မနက် အိပ်ယာထတဲ့ အချိန်လေး ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ကြည့်လိုက်စမ်း။အမလေး တသွားရအောင်လှလိုက်တဲ့ရုပ်။အသေလေး ပဲရှိသေးတယ် ထွတ်လာလိုက်တဲ့ အပုတ်တွေ…ငါကဘုရင်ကြီး၊ဝန်ကြီး၊ဆရာဝန်ကြီး၊သူဌေးကြီး…..အားလုံးသေသွားရင် မိမိခန္တာပေါ်က မျက်တောင်မွှေးလေးတောင်ယူသွားလို့မရပါဘူး….မသေခင်မှာ မိမိအတွက်ရော မိမိ မိသားစုအတွက် တိုင်းပြည်အတွက် ကောင်းတာတွေဘာလုပ်ပေးနိုင်သလဲ၊ တန်ဖိုးရှိသော ဘဝမှာ တန်ဖိုးရှိစွာနဲ့ ကျင့်ကြံနေထိုင်နိုင်ကြပါစေ။

Leave a Reply