အဲ့ဒါဘာတွေဖြစ်နေတာလည်း……………

mGMarch 6, 20111min995

မြန်မာနိုင်ငံစည်ပင်သာယာရေးအဖွဲ့မှပြည်သူတွေအပေါ် ထားတဲ့ကျန်းမာရေးစေတနာ…..။လည်းကောင်းမြင်ကွင်းအားလုံးသည်
ရန်ကုန်မြို့၏ မြို့လည်ကောင်အတွင်း တွေ့မြင်လိုက်ရသော…ခြင်ဆေးဖြန်းနေသော စေတနာ့ဝန်ထမ်းများ၏ ကူညီပေးမှုကိုအထပ်ဖော်ပြပါပုံစံ
အတိုင်းမြင်တွေ့လိုက်ရပါသည်။
ကျန်းမာရေးရှု့ထောင့် > > > ယခုကဲ့သို့ ခြင်ဆေးများကို ဖြန်းခြင်းဖြင့်..ပြည်သူလူထုများနှင့်ယာဉ်သွားလာမှုများကို
ကြီးမားသော အန္တရယ်များကို အချိန်မရွေးဖြစ်စေနိုင်ပါသည်။ခြင်ဆေးဖြန်းနည်းအမျိုးမျိုးသော နည်းများကို…စနစ်တကျဖြန်းခြင်းဖြစ်…
ရန်ကုန်မြို့တော်ကြီး၏ စနစ်ကျကျ…..သာယာလှပတဲ့မြို့တော်တခုအဖြစ် ပြုနိုင်မဲ့မြို့တော်စည်ပင်အုပ်ချုပ်ရေးမှူးများကို ရန်ကုန်မြို့တော် သာယာရေးအတွက် လိုအပ်နေပါတယ်…။
လမ်းဘေးဈေးသည်၏ ရင်တွင်းစကား > > > ၁၈လမ်းဈေး၊၁ရလမ်းဈေး နှင့် သံဈေး အစရှိသော ဈေးများမှသည် အထပ်ဖော်ပြပါပုံအတိုင်းခြင်နှိမ်နင်းမှုများဆက်လက် လုပ်ဆောင်နေမည်ဆိုပါက ပြည်သူတွေအနေနဲ့ကျန်းမာရေးဆိုးရွားစွာ
ထိခိုင်နေနိုင်ပါကြောင်းကိုလည်း…လက်ရွက်ဈေးသည်များ၏ သည်းထွားသံများမှတဆင့်ကြားသိရပါသည်။တိုက်ခန်းနေ ပြည်သူအချို့မှာလည်း
လည်းကောင်းအထပ်ပါ ကိစ္စရပ်နှင့်ပတ်သက်ပြီးနောက်ပိုင်းဆောက်လုပ်ထားသော တိုက်ခန်းများမှာအလွန်ကျဉ်းပြီးအချို့အခန်းများမှာအလုံပိတ်
ပုံစံတည်ရှိနေပါသောကြောင့် လည်းကောင်းအခိုးအငွေ့မှာ…အိမ်အတွင်းသို့ ဝင်ရောက်လာပါက တိုက်ခန်းနေပြည်သူများအနေဖြင့် အသက်ရှူလမ်း
ကြောင်းနှင့်အခြားသော လေပြွန်ရောဂါများ အလွယ်တကူခံစားရရှိနိုင်ကြောင်းသိရှိရသည်။

5 comments

  • ဆူး

    March 6, 2011 at 4:03 pm

    ခြင်ဆေးဖြန်းနေတဲ့ ပုံတွေကိုတော့ မမြင်ရဘူး လိုင်းမကောင်းလို့.. ဒါပေမဲ့ ခြင်ဆေး ဖြန်းတဲ့ ကိစ္စကတော့ တော်တော်ဆိုးပါတယ်။
    ခြင်ဆေးဖြန်းလိုက်ရင် မဖြန်းတဲ့ နေရာမှာ ပိုပြီး ခြင်ကိုက်ခံရပါတယ်။
    ခြင်ဆေး အနံအလွန်ပြင်းတဲ့ အပြင် မီးခိုးလုံးတွေက မွှန်ထူနေပါတယ်။
    ခြင်ဆေးဖြန်းလို့ ခြင်တွေ သေနေတာတော့ မတွေ့ဘူး ခြင်ဆေးဖြန်းလို့ အသက်ရှူကျပ်လို့ လူတွေ ထွက်ပြေးရတဲ့ အထဲမှာတော့ ဆူး ပါဘူးတယ်။
    ရပ်ကွက်ထဲမှာ ခြင်ဆေးဖြန်းမယ်ဆိုရ်င အိမ်တောင် မပြန်ရဲဘူး။ အနံတွေ မခံနိုင်လို့ အိမ်မှာ မနေဘူးဆိုမှတော့ အိမ်ထဲ မဖြန်းရတော့ အိမ်ထဲကို ခြင်တွေ ဘယ်အပေါက်က ဝင်ပြီး ခိုနေကြလဲ မသိဘူး အဲဒီနေ့ ခြင်တွေ အရမ်းပေါပါတယ်။
    ခြင်ဆေးဖြန်းရင် သိပ်စိတ်ညစ်တယ်။

  • ဆူး

    March 6, 2011 at 4:06 pm

    ခြင်ဆေး ဖျန်းနေတာ အစားအစာတွေလည်း ဖုံးထားတာ မရှိဘူး။ အားလုံး အဆိပ်သင့်ကုန်တော့မှာဘဲ။

    • ဆူး

      March 7, 2011 at 1:50 pm

      ဆေးဖျန်း အစားအစာ အဆိပ်သင့်တွေ စားချက် သောက်ချင်တဲ့ လူ ၃ယောက် ရှိတယ်နော်။ ဒါမှ မဟုတ်.. အဆိပ်သင့်တွေ လူတွေ လက်ထဲ စားစေချင်ကြတယ် ထင်ပါရဲ့။
      လူတတ်ကြီးတွေ လူတော်ကြီးတွေ စိတ်ကောင်း မမွေးနိုင်ကြဘူး ထင်တယ်။

  • manawphyulay

    March 7, 2011 at 12:57 pm

    သူတို့ ခြင်ဆေးဖျန်းတာလား ရောဂါပြန့်ပွားအောင် လုပ်နေတာလား စဉ်းစားစရာပါပဲ။ ဒီလိုသာဆို တစ်မြို့လုံး လေပြွန်ရောဂါတွေ များလာမှာအမှန်ပဲ။ မနောတောင် ခုလေပြွန်ရောင်နေလို့ စိတ်ညစ်နေတာ။

  • Ah T

    March 7, 2011 at 4:56 pm

    ခြင်ဆေးဖျန်းတဲ့အကြောင်းဆိုလို့ ကျွန်တော်တို့နယ်မှာ ဖျန်းတဲ့နည်းနဲ့ တူလားသိချင်လို့ ဖတ်လိုက်မိပါတယ်ဗျာ……ဟားဟား…ဒီပုတ်ထဲကဒီပဲပါပဲဗျာ…။ ကျွန်တော်တို့မြစ်ကြီးနားမြို့မှာလည်းအတူတူပါပဲ.. လူကြီးမင်းတွေက စေတနာနဲ့ ခြင်ဆေးလာဖျန်းပေးရှာပါတယ်…ဖလားကိုင်ပြီးပေါ့ဗျာ… အလှူငွေထည့်မှ ခြင်ဆေးဖျန်းပေးကြတာပေါ့နော်… အလှူငွေကတော့ စေတနာရှိသလောက် အကန့်အသတ်မရှိ ထည့်နိုင်တယ်တဲ့.. ၅၀ဝ ပဲထည့်နိုင်ကြတဲ့အိမ်ကိုတော့ အီးတစ်ပေါက်စာလေးဖျန်းပေးတာပေါ့.. အဲ များများထည့်ကြတဲ့အိမ်ကိုတော့ မသေမချင်းဖြန်းပေးကြတာဗျ (ခြင်ကိုတော့မဟုတ်ဘူး လူကိုဗျို့ လူကို လူကိုု) ။နောက်ဆုံးပေါ် ခေတ်မှီခြင်နိုင်လက်နက် ဖြစ်ပုံရတယ်ဗျ…. အိုး…ဘယ်ပြောကောင်းမလဲဗျာ…တလောကလုံးကိုဆူညံပွက်လောရိုက်သွားတာပဲ… တခါကဆို ကျွန်တော်တို့အိမ်နဲ့ တစ်လှမ်းကျော်အိမ်တစ်အိမ်က ချင်ဆေးဖြန်းပြီးရင် နာရီဝက်လောက်တံခါးပိတ်ထားရတယ်ဆိုလို့ လှမ်းခဏလျှောက်ထွက်လိုက်ပါတယ်တဲ့ .. ပြန်ရောက်တော့ လာကြပါဦးဆိုပြီးအော်လို့ စိတ်ဝင်တစားအပြေးအလွှား သွားကြည့်လိုက်ပါတယ်… ပြူတင်းမှန်ကိုခွဲပြီး ဝင်ခိုးသွားတယ်နဲ့တူတယ်… တစ်နှစ်လောက် ငရုပ်သီးထောင်းနဲ့ထမင်းစားပြီး စုဆောင်းထားတာလေးတွေပါသွားတယ်တဲ့ဗျာ….. သူတို့ခုလိုခြင်ဆေးလာဖျန်းတော့ကော ကျွန်တော်တို့နယ်က ခြင်တုံးပါ့မလား? ဟိုးရေလက်ကြားတွေကိုသန့်ရှင်းရေးမလုပ်၊ ချုံမရှင်းရင်တော့ ဖျန်းရင်လည်းအလကား အပိုအလုပ်တွေပဲလေ… အိမ်ရှေ့မှာအင်္ဂတေ ခင်းထားတာတောင် မချန်ဘဲ သံတိုင်းနဲ့လာတူးဆွပြီးတော့ သူတို့ဘိုးအေတွေ တူးတူပုံးတန်း ကစားလို့ရအောင်ဆိုပြီး ကြက်ဆူပင်တွေလာစိုက်ပေးလိုက်ကြတာ … ကြာတော့ မြစ်ကြီးနားမြို့လည်း ကြက်ဆူတောကိုဖြစ်လို့ (ကြက်ဆူပင်ကိုသေအောင်မပြောနဲ့ ကလေးတွေအရွက်ခူးပြီး ကစားလို့ဆိုပြီး ဒဏ်ငွေတောင်လာရိုက်လိုက်သေးတယ်)…..အဲလိုစိုက်တော့သူတို့ဘိုးအေတွေ မိထွေးတွေက ပျော်ပျော်ကြီးကိုအောင်းလိုက်ဦးမယ်… အဲမှာသူတို့မိထွေးတွေ ဘို်းအေတွေက နေ့ရော ညရောမရှောင် သွေးတွေစုပ်ကြ…အင်းတွေးကြည့်လိုက်ရင် ရယ်ဖို့တောင်ကောင်းသေးတယ်… ဘာတဲ့ ‘‘ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးတည်ဆောက်အံ့” တဲ့…ဟင်းဟင်း…ကြက်ဆူတောမှာပဲနေလိုက်ကြဦးပေါ့ကွယ်…. စိတ်ကူးပေါက်ရင်ဖလားလေးကိုင်ပြီး ခြင်ဆေးလာဖျန်းပေးလိုက်… ဘောင်းဘီချွတ်ပြီး အီးပေါက်နေကြတာဗျို့ …… အပိုအလုပ်တွေ……..။

Leave a Reply