၂၀၁ဝ ခုနှစ် ပြည်သူ့ဂုဏ်ရည်

kaiApril 25, 20101min901

“ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင် နှင့် နာရေးကူညီမှုအသင်း၏ ဦးဆောင်သူ”

မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၅၄ နိုင်ငံ

စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၈၅, ဝ၀၈ မဲ

ပထမ မဲအများဆုံး ရရှိသူ – စုစုပေါင်းမဲ၏ ၃၇.၃ရ %

ဒုတိယ မဲအများဆုံး ရရှိသူ – ၂၂.၁၆ %

တတိယ မဲအများဆုံး – ၁၆.၉၉ %

စတုတ္ထ မဲအများဆုံး – ၁၃.၁၉ %

ပဉ္စမ မဲအများဆုံး – ၁၀.၂၉ % ဖြစ်ပါသည်။

မဲအများဆုံး ရသူ ကိုကျော်သူကို ဂုဏ်ပြုအလှူငွေအဖြစ် ဒေါ်လာ ရ ထောင် သတ်မှတ်ပြီး၊ ကျန်ရှိသူ စေတနာဝန်ထမ်းစွမ်းဆောင်သူ ၄ ဦး (ဆရာတော်ဦးဉာဏိသရ၊ ဦးအေးမြင့်၊ မဖြူဖြူသင်းနှင့် ကိုဇာဂနာ)အား ဒေါ်လာ ၁ ထောင် စီ လှူဒါန်းပါသည်။

အပေါ်က စာတွေက အချက်အလက်တွေပါ။ မြန်မာပြည်တွင်းကနေ အင်တာနက်ကတဆင့် မဲပေးတဲ့သူ ၆၀၀ဝ လောက်ရှိတယ်တဲ့။
ဓါတ်ပုံကတော့ ကိုကျော်သူကိုယ်စား ဆုလက်ခံပေးတဲ့သူကို အယ်လ်အေမြို ့ခံလူကြီးတဦးဖြစ်တဲ့ တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်းဥက်ကဌက ဆုချီးမြှင့်နေတဲ့ပုံဖြစ်ပါတယ်။
အခန်းအနားကျင်းပတဲ့ အယ်လ်အေ ဝပ်တီးယားကောလိပ်ရဲ့ ခန်းမတွင်းက ထိုင်ခုံတွေအကုန်လူပြည့်ပါတယ်။ လူ၂၀ဝလောက်လာတယ် ဆိုပါစို့။

ထုးထူးခြားခြားကတော့ ဒီဗွီဘီက ကင်မရာကြိးထောင်ပြီးရိုက်နေတာပါပဲ။ ဒီတော့ အခမ်းအနားကို မြန်မာပြည်တွင်းက ဂြိုလ်တုကတဆင့် ကြည့်နိုင်ကြမှာပေါ့နော။
နယူးယောက်။ ဝါရှင်တန်၊ ဆန်ဖရန်၊ အော်ရီဂွန် စသဖြင့် လူတော်တော်စုံစုံလာကြပါတယ်။ နောက်နှစ်တော့ ဆုပေးပွဲလုပ်မဲ့ မြို ့က ဆန်ဖရန်အလှည့်ဖြစ်ပါသတဲ့။

ဆုကြေးငွေ ပိုတက်လာတော့မှာ သေခြာပါတယ်။ ကိုကျော်သူကလွဲလို ့ကျန်သူတွေ ယှဉ်ပြိုင်ပြီး ရခွင့်ရှိဦးမှာပါ။
ကိုကျော်သူဆုရတာ အားလုံးဝမ်းသာကြည်နူးကြတာ သတိထားမိပါတယ်။ သူက ဆုတခုမှ မရဖူးဘူး သိထားကြလို့ပါ။ သူဦးဆောင်ပြီး သဂြိုလ်ပေးတဲ့ ရုပ်ကလပ်ပေါင်း ၈သောင်းခွဲကျော်တာမို ့..
အင်း… ဆုကြေးငွေကတော်တော်နည်းသေးတယ်ထင်မိပါကြောင်းနဲ့.. ဒီအဆင့်ကနေ တက်လို့..
စီအန်င်အန်င်ရဲ ့ဟီးရိုးဆုကို (CNN – Heroes http://www.cnn.com/SPECIALS/cnn.heroes/index.html)သူဝင်ရောက်ဝင်ပြိုင်ရရှိနိုင်ဖို ့ အမိမြန်မာပြည် ပြင်ပနေသူတွေ ဝိုင်းဝန်းလုပ်ဆောင်ကြဦးမယ် ထင်ပါကြောင်း သတင်းပေးရင်းနဲ့..။

One comment

  • kai

    April 26, 2010 at 8:16 am

    Burma : အရင်တုန်းကလည်း ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုကို ဦးကျော်သူ ရခဲ့သေးတယ်နော်။ အဲဒိဆုကို ဘယ်ခုနှစ်က၊ ဘယ်ဌာနကနေ ပေးတယ်ဆိုတာကို မှတ်မိပါသေးလား။
    ကျော် : ပြည်သူ့ဘက်သား အနုပညာသမားက ၂၀၀၉ ခုနှစ်က ပေးတာပါ။ အင်္ဂလန်ရောက် မြန်မာပြည်သူတွေ ပြည်သားတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေပြီးတော့ ချီးမြှင့်တာပါ။ အဲဒါ သူတို့ သင်္ကြန်ပွဲလုပ်ရင်းနဲ့ အဲမှာ ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုရွေးချယ်မယ်ဆိုပြီးတော့ ကျွန်တော်ကို ချီးမြှင့်လိုက်တာပါ။

    ဘားမားပါပါရာဇီ တွေ့ဆုံမေးမြန်းခြင်းမှ ကောက်နှုတ်ချက်….
    အဲဒီအင်တာဗျူးအရ..ကိုကျော်သူ ဆုရဖူးပါတယ်..မှတ်ကြပါရန်။

Leave a Reply