ဗောက်၊ဒက် ပျောက်စေတဲ့ အိမ်တွင်းဖြစ်ဆေး

ဦးရေပြားဟာ Malassezie လို.ခေါ်တဲ့ မှိုအမျိုးအစားများတွယ်ကပ်လေ့ရှိပါတယ်။ ၎င်းတို.အစာ သည် ဦးရေပြားမှ ထုတ်လုပ်သော အဆီများဖြစ်ပါသည်။ ဗောက်၊ ဒက် ဖြစ်ပွားသော ကြောင့် ဦးရေပြားနာကျင်ခြင်း အရေခွံလဲလှယ်မှုမြန်ဆန်လာခြင်းတို. ဖြစ်ပွားတတ်ပါသည်။ ဦးရေပြား အရေခွံအသစ်လဲလှယ်မှုသည် တစ်လမှ နှစ်ပတ်သို.ကျဆင်းသွားပြီး ဦးရေပြားမှထွက်သောအဆီနှင့် ထိုပျက်စီးသွားသော အရေပြားများ ပေါင်းစပ်စည်းကပ်ပြီး ဗောက် ၊ ဒက် တို.ဖြစ်ပွားတတ်ပါသည်။
ဗောက်၊ ဒက်များပျောက်ကင်းစေရန်အတွက် အကောင်းဆုံးပြုလုပ်ရန်မှာ ဆံပင်နှင်ဦးရေပြားကို သန်.ရှင်းစင်ကြယ်အောင် ထားပြီး ဗောက်ပျောက်စေသော ခေါင်းလျှော်ရည်ဖြင့်လျှော်ပေးရပေမည်။ ထိုခေါင်းလျှော်ရည်များထဲတွင် pyrithione, selenium, salicylic acid တို.ပါဝင်သော ခေါင်းလျှော်ရည်များသည် ဦးရေပြားကြံခိုင် လာစေရန် အထောက်အကူဖြစ်ပါသည်။
အိမ်တွင်းဖြစ်ဆေးဝါးဖြင့်လည်း ဗောက် ၊ ဒက်များကို ဆေးကြောရှင်းလင်းနိုင်ပါသည်။
ရှာလကာရည်ဖြင့် ခေါင်းလျှော်ခြင်းဖြစ်ပါသည်။ ရှာလကာရည်တစ်ဇွန်းကို ရေခြောက်ဇွန်းဖြင့် ရောမွှေပါ။ ပြီးတော့ အိပ်ရာမဝင်ခင် ဦးရေပြားကိုလိမ်းပြီး မျက်နှာသုတ်ပုဝါဖြင့်ပတ်ထားပါ။ ထိုနည်းအတိုင်း နံနက်အိပ်ရာ ထချိန်တွင် ထပ်မံပြုလုပ်ပါ။ ပြီးတော့မှ ရေဆေးလျှော်ချလိုက်ပါ။
ကဲ ဗောက်ပျောက်ပြီပေါ့
ကျွန်တော်သိတာပေါ့ ရွာသူအချောအလှလေးတွေ ဗောက်ပျောက်ပြီးပေါ့
ကျွန်တော်သိတာပေါ့

Internet website ကနေတွေ.လို.ပြန်လည်မျှဝေလိုက်ပါတယ်။

One comment

  • Gong Zhu

    March 9, 2011 at 4:31 pm

    ဆံပင်ဖြူနေရင်ရောဘယ်လိုလုပ်ရမလဲ …

Leave a Reply